Subscribe to our RSS Feed

မြန်မာ့ပထမဆုံး နိုင်ငံတကာ ကားပြပွဲကြီး လာမည်


ကမ္ဘာကျော် နာမည်ကြီး အမှတ်တံဆိပ်များ ပါဝင်မည့် ကားပြပွဲကြီးကို မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘဏ်များနှင့် ချိတ်ဆက်ကာ အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ကမ္ဘာကျော် ကားမျိုးစုံ အပါအဝင် ဆက်စပ်အပိုပစ္စည်းများကို တစ်နေရာတည်းတွင် စုံလင်စွာ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ MCC ဝင်းတွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပမည့် အဆိုပါ ပြပွဲကြီးတွင် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ရရှိသူများ၊ မော်တော်ယာဉ် အကျိုးဆောင်ကုမ္ပဏီများနှင့် လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူများနှင့် ကိုယ်စားလှယ်များ၊ ကားအရောင်းပြခန်းများ၊ အကြီးစားနှင့် အလတ်စား လုပ်ငန်းသုံးယာဉ်များ၊ ကားအလှဆင်ပစ္စည်းများ၊ ကားကက်ဆတ်/ အော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကားအပိုပစ္စည်းများ၊ ကား CNG ပြောင်းလဲခြင်းလုပ်ငန်းများ၊ ကားတာယာကွန်ပေါင်း ပန်းတင်လုပ်ငန်းများ၊ ကားပြုပြင်ရေးလုပ်ငန်းများ၊ ကားအငှားလုပ်ငန်းများ၊ ကားအင်ဂျင်ရောင်းဝယ်ရေး လုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းနှင့် ပစ္စည်းများကို နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသရောင်းချသွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်