Subscribe to our RSS Feed

စစ်ရာဇ၀တ်မှုကျူးလွန်နေသော KIA ခေါင်းဆောင်ကြီးများသို့ အိတ်ဖွင့်ပေးစာ အပိုင်း(၁)

၂၀၁၁ခုနှစ်ဒီဇင်ဘာလ၂၄ရက် စခုန်ယိန်းဘောလ်
ကချင်မှာမွေး ကချင်မှာကြီးပြင်းခဲ့တဲ့ ကချင်လူမျိုးတစ်ယောက်အနေနဲ့ မနောမြေလို့ တင်စားခေါ်ဝေါ်တဲ့ ဘိုးဘွားပိုင်နယ်မြေကို ကျွန်တော်အလွန်အင်မတန် ချစ်မြတ်နိုးလှပါတယ်။ သဘာဝ သယံဇာတကြွယ်ဝတဲ့ ဒီမြေ၊ ဒီရေ၊ ဒီတောင်တန်းတွေကို အေးချမ်းသာယာစေချင်တာကတော့ ကျွန်တော်တို့ ကချင်မျိုးနွယ်စုများသာမက ကချင် ပြည်နယ်အတွင်းမှာ နေထိုင်တဲ့လူမျိုးပေါင်းစုံရဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်။ ယမ်းခိုးယမ်းနံ့တွေပျောက်ကွယ်ပြီး လွတ်လွတ် လပ်လပ် သွားလာလှုပ်ရှား၊ အေးချမ်းစွာ တောင်ယာလုပ်ကိုင်ပြီး နှစ်စဉ်မနောပွဲကြီးကို စည်ကားသိုက်မြိုက်စွာ မြင်တွေ့ ချင်ကြပါတယ်။ ဘာအကြောင်းပြချက်နဲ့ဘဲဖြစ်ဖြစ် စစ်ပွဲတွေမဖြစ်စေချင်ပါဘူး။ စစ်ပွဲကြောင့် ကြားက မြေဇာပင် ကျွန်တော်တို့ပြည်သူများ ဆိုးကျိုးဘဲခံစားနေရပါတယ်။
ဒါ့ကြောင့်လည်း အစိုးရဘက်က ငြိမ်းချမ်းရေးတွေ့ဆုံမှုတွေလုပ်လာတဲ့အပေါ် အေးချမ်းစွာနေထိုင်လိုတဲ့ ကျွန်တော်တို့ကချင်ပြည်နယ်သားအားလုံးက စစ်ပွဲတွေရပ်ဆိုင်းဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့လည်း ကချင်လူမျိုး များ တန်းတူရည်တူ အခွင့်အရေးရရှိရေးနဲ့ ၀မ်ပေါင်နိုင်ငံတော်သစ်ထူထောင် နိုင်ရေးရည်မှန်းချက်နဲ့ ကြွေးကြော်နေတဲ့ ကချင်ခေါင်းဆောင်ကြီးများကြောင့် စစ်ပွဲတွေရပ်ဆိုင်းခြင်းမရှိဘဲ ကျွန်တော်တို့ ကချင်မျိုးနွယ်စုတွေ တည်ငြိမ်မှုကင်းမဲ့ နေရပါတယ်။ အထူးသဖြင့် အစိုးရတပ်ကို တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)ရဲ့ ခုခံရေးစစ်နည်းဗျူဟာအရ အရပ်ဘက်ပစ်မှတ် တွေဖြစ်တဲ့ ရထားလမ်း၊ ကားလမ်း၊ နယ်ဘက် အုပ်ချုပ်ရေးရုံးဌာနများနှင့် မြို့ပေါ်ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်မှုများဟာ ပြည်သူလူထုအပေါ် တိုက်ရိုက်ဆိုးကျိုးသက်ရောက်လျက်ရှိပါတယ်။
ဒီလိုလုပ်ရပ်တွေကြောင့်လည်း ကျွန်တော်တို့ကချင်မျိုးနွယ်စုတွေအပါအ၀င် ကချင်ပြည်နယ်သူ၊ ပြည်နယ်သား အားလုံးက KIA အဖွဲ့အစည်းကို ကြောက်လန့်၊ ရွှံရှာ၊ မုန်းတီးမှုတွေ တဖြည်းဖြည်း ကြီးထွားလာနေပါတယ်။ ကချင် လူမျိုးတစ်ယောက်အနေနဲ့ KI0 အဖွဲ့ကို ပြည်သူတွေက ရွံ့ရှာမုန်းတီးမှု မဖြစ်စေချင်ပါဘူး။ ကချင်တိုင်းရင်းသားတိုင်း လူမျိုးကို ကိုယ်စားပြုပြီး တန်းတူညီမျှတဲ့ အခွင့်အရေးရရှိဖို့ အမျိုးသားရေး စိတ်ဓာတ်နဲ့ ကိုယ့်ပြည်နယ်အကျိုးအတွက် လုပ်ဆောင်ရမယ် ဆိုတာမှန်ပေမဲ့ လူမျိုးရေးအမြင်ကျဉ်းပြီး အစွန်းရောက်အကြမ်းဖက်မှုလုပ်ရပ်တွေကိုတော့ နိုင်ငံ တကာကလည်း လက်ခံမှာမဟုတ်ဘူးဆိုတာ ခေါင်းဆောင်ကြီးများ သတိပြုစေချင်ပါတယ်။




ဒီနေ့ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ ဘယ်သူ့ကြောင့်လဲ ? စစ်ပွဲတွေကြောင့် ဖြစ်နေရတဲ့ အကျိုးဆက် တွေဟာ ဘယ်သူတွေ အပေါ်ကို သက်ရောက် နေပါသလဲ? ဆိုတဲ့ အချက်တွေကို တိုက်ပွဲဝင်ဖို့ အမိန့်ပေးနေတဲ့ KIA ခေါင်းဆောင်ကြီးများ စဉ်စားသင့်ပါတယ်။ ယောကျာင်္း၊ မိန်းမ မခွဲခြားဘဲ တစ်အိမ်တစ်ယောက် လူသစ်စုပြီး ကျန်တဲ့မိသားစုတွေကို ပြည်သူ့စစ်တပ်ဖွဲ့ဝင် အဖြစ် လုပ်ခိုင်းခြင်း၊ ကလေးလူကြီး မခွဲခြားဘဲ ဖမ်းလို့ရမျှ အတင်းအဓမ္မ စစ်သားလုပ်ခိုင်းခြင်း၊ တိုက်ပွဲ မ၀င်နိုင်သူ တွေကို ဒုက္ခသည်အဖြစ်ဖန်တီးပြီး လူသားတံတိုင်းအဖြစ် အသုံးချခြင်း စတဲ့လုပ်ငန်းစဉ်တွေမှာ အပြစ်မဲ့ပြည်သူများစွာ သေကျေပျက်ဆီး ထိခိုက်ဆုံးရှုံးနေရတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့နေရပါတယ်။


အထူးသဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကချင်လူမျိုးစုများရဲ့ဘ၀ တည်ငြိမ်အေးချမ်းဖို့ စစ်ပွဲတွေကို ရှောင်ရှားပြီး အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေလို မှန်ကန်တဲ့လမ်းကြောင်းမှာ ရပ်တည်သင့်ကြောင်း ကချင်ပြည်နယ်ရှိ ဘာသာရေးအသင်းတော်များ အပါအ၀င် လူမှုရေးအကျိုးဆောင်အဖွဲ့များက တိုက်တွန်းလျက် ရှိပါတယ်။ စစ်ပွဲတွေရပ်စဲဖို့ အခြေအနေအခွင့်အလမ်း ကောင်းတွေရှိနေတာကို မျက်ကွယ်ပြုပြီး စစ်သွေးကြွအကြမ်းဖက် လုပ်နေတာတွေကို ပြည်သူ အများက လက်မခံကြပါဘူး။ ယနေ့ KIA အဖွဲ့လုပ်ဆောင်ချက်များကြောင့် KIO/KIA အဖွဲ့အစည်းဟာ ကျွန်တော်တို့ ကချင်လူမျိုးစုတွေ ကိုယ်စားပြု နိုင်မှာမဟုတ်ဘဲ အစ္စလာမ္မစ်အစွန်းရောက် အဖွဲ့အစည်းတွေလို ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သာ နိုင်ငံတကာနဲ့ ပြည်သူများက သတ်မှတ်ကြပါမှာကိုလည်းစိုးရိမ်မိပါတယ်။

ဇွန်လ(၂၄)ရက်နေ့တွင် KIA မှ တုတ်ဖြင့်ရိုက်သတ်ခဲ့သဖြင့် သေဆုံးသူ ကာမိုင်း မြို့နယ် မအူပင်ကျေးရွာမှ ရာအိမ်မှူး ဦးစိုးမြင့် (ဝဲ)
ဒီဇင်ဘာလလ(၁၃) ရက်နေ့တွင်အသတ်ခံရသော မူဆယ်မြို့နယ် မန်ကောင်းကျေးရွာမှ မုံးပေါ်ပြည်သူ့စစ်အဖွဲ့ဝင် ဦးမရမ်လွယ်(ခ)တူးလုံ (ယာ)

ဒီလိုအဖွဲ့အစည်းတစ်ခု လမ်းကြောင်းလွဲမှားနေရတာလည်း ဒီအဖွဲ့အစည်းကို ဦးဆောင်မှုပေးနေတဲ့ ခေါင်းဆောင်ကြီးများရဲ့ စိတ်သဘောထား၊ ပညာအရည် အချင်းနဲ့ ခံယူချက်၊ ယုံကြည်ချက်များ ကြောင့် ဖြစ်မယ် ထင်ပါတယ်။ လက်ရှိ KIO/KIA မှာ တာဝန်အရှိဆုံး ဖြစ်တဲ့ ကချင်ခေါင်းဆောင်ကြီးတွေကို KIA အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် စစ်ရာဇ၀တ်မှု ကျူးလွန်သူများ အဖြစ် နိုင်ငံတကာက စောင့်ကြည့် လေ့လာမှတ်တမ်းပြုစု နေတာကို သတိပြုသင့်ပါတယ်။

ဒီဇင်ဘာလ(၁၃)ရက်နေ့တွင်မန်မြိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဆိုင်း(ဘ)ဦးဇော်တူး အား KIA မှသတ်ဖြတ်ထားပုံ (ဝဲ)
အင်ဘာပါဈေးတွင် KIA ရဲ့ ဖမ်းဆီးမှုခံရသူ ပဲခူးတိုင်းကျောက်တံခါးမြို့ မရမ်းကျေးရွာနေ ဦးမောင်မြင့်(ယာ)

အလားတူကျွန်တော်တို့ ပြည်နယ်သူ၊ ပြည်နယ်သား တွေကလည်း KIA အဖွဲ့ရဲ့ လက်နက်အားကိုး အနိုင်ကျင့် နှိပ်စက်ရမ်းကားမှုတွေကို ခါးသီးစွာခံစားနေကြရလို့ ရွံ့ကြောက်ကြီးတွေ ဖြစ်လာနေပါတယ်။
များပြားလှစွာသော လုပ်ရပ်များထဲက ထင်ရှားလှတဲ့သာဓကတွေကတော့ အပြစ်မဲ့ပြည်သူတွေကို လက်နက် အားကိုးနဲ့ သတ်ဖြတ်နေတာ၊ တရားစီရင်ခြင်းမရှိဘဲ လက်အောက်ငယ်သားများကို အပြစ်ပေးတာ၊ အတင်းအဓမ္မ လူသစ်စုဆောင်းတာ၊ လူသားတံတိုင်းအဖြစ် တပ်စခန်းကိုကာကွယ်ဖို့ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသူရွာသား တွေကိုအတင်းအဓမ္မ ရွှေ့ပြောင်းစေတာ၊ KIA ထိပ်ပိုင်းခေါင်းဆောင်ကြီးများ ကိုယ်တိုင်မူးယစ်ဆေး၊ မုဒိန်းမှုနဲ့ လောင်းကစားအပါအ၀င် ဒုစရိုက်မျိုးစုံပါဝင်ပတ်သက်တာတွေဟာ ဘယ်လိုမှ ငြင်းမရတဲ့သက်သေ များဖြစ်ပါတယ်။


စပေါ့ချောင်းဖျားလူသတ်ပွဲမှတ်တမ်း

အဆိုးတတာ့ အဆိုးဆုံး ကတော့ အပြစ်မဲ့ ပြည်သူ တွေကို လက်နက် အားကိုးနဲ့ သတ်ဖြတ်ရာမှာ လူမျိုးရေး ခွဲခြားပြီး မူးယစ်ဆေးဝါး အကြောင်း ပြချက်နဲ့ မတရား ဖမ်းဆီး သတ်ဖြတ်တာတွေကို လုပ်ခဲ့တာ၊ လုပ်နေတာ ပါပဲ။ တိတိကျကျ ပြောရရင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ရင်း(၆) ရင်းမှူးဘ၀ ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက် နေ့က စပေါ့ချောင်းဖျားလူသတ်မှုဟာ KIA သမိုင်းမှာ လူမျိုရေးခွဲခြားပြီး မူးယစ်ဆေးဝါး အကြောင်းပြ၊ လက်နက် အားကိုးနဲ့ လူဘုံ အလယ်မှာ ရက်ရက်စက်စက်ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှု ဖြစ်ပါတယ်။ ဖြစ်စဉ် မှာ အသက်မသေဘဲ လွတ်မြောက်ခဲ့တဲ့ သူတွေ ယနေ့အထိရှိနေသလို မျက်မြင်သက်သေများနဲ့ ဗွီဒီယိုမှတ်တမ်း ခွေများဟာလည်း အထောက်အထား ခိုင်ခိုင်မာမာရှိနေဆဲပါ။ မူးယစ်ဆေးဝါးလုပ်သူတွေကို အပြစ်ပေးတယ်လို့ အကြောင်းပြပေမဲ့ အမှန်တကယ် အဲ့ဒီအချိန်က လုံးခင်း ဖားကန့် ဒေသမှာရှိတဲ့ ရှမ်းနီလူမျိုးစုတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ မူးယစ်လုပ်သူတွေထဲက ရှမ်းနီ အများစုကိုဖမ်းပြီး သတ်ဖြတ်ခဲ့တာပါ။
ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ဘယ်လူမျိုးကိုမဆို သံသယစိတ်နဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းဟာ မဖြစ်သင့် သလိုသမိုင်းမှာ အကျည်းတန်ကျန်ရစ်လေ့ရှိပါတယ်။ KIA ရဲ့သမိုင်းဝင်ရက်စက်မှုဖြစ်တဲ့ ၁၉၆၄ ခုနှစ်က ရ၀မ်လူမျိုးများ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ယနေ့အထိ ရ၀မ်မျိုးနွယ်စုတွေက ဆုတောင်းပွဲလုပ်နေတာ အထင်အရှား သာဓကပါဘဲ။ ဒါကို လက်ရှိ KIA ခေါင်းဆောင်ကြီးများက သင်ခန်းစာမယူဘဲ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှာ ပူတာအိုခရိုင်က ရ၀မ်လူမျိုးများနေထိုင်တဲ့ ခရမ်ချီဒမ်းရွာကို ရွာလုံးကျွတ်မီးရှို့ပြီး အစိုးရကို သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွာသားတွေကို တန်းစီသတ်ဖြတ်ခဲ့တာလည်း စစ်ရာဇ၀တ်မှုတစ်ခု ဖြစ်ပါတယ်။



ခရမ်ချီဒမ်းရွာမှကျန်ရစ်ခဲ့သော ရ၀မ်လူမျိုးကလေးငယ် (ဝဲ)
KIA မီးရှို့ခဲ့တဲ့ခရမ်ချီဒမ်းရွာ (လယ်)
KIA သတ်ဖြတ်ခဲ့သော ရ၀မ်လူမျိုးများ (ယာ)




Myanmar Express

3 comments:

အင်း ဒီလိုဖြစ်လာတာဘာကြောင့်လည်းလို့ အရငိးစစ်တော့ နိုင်ငံတော် အဆက်ဆက်ကတာဝန်ယူခဲ့တဲ့ ခေါင်းဆောင်တေပါပဲ. န၈ိုက ကတည်းက ဒီအဖွဲလို လက်နှက်ကိုင်တေ အားကြီးလာအောင် စောင့်နေခဲ့လိုပါ. အခလည်းဒီလိုသာ ဆက်ထားလျှင် နောက်ဘယ်တော့မှ တိုင်းပြည် အငြိမ်းအေးနိုင်ဘူးလေ။ တပ်မတော်က မတိုက်နိုင်ဘူးလား ဒီကောင်တေကို။

ဒီကောင်တွေကို အပြုတ်မတိုက်ဘူး သူတို.နယ်စပ်တွေမှာရှိတာ သူတို.ကိုငြိမ်းချမ်းရေးယူပြီး နယ်စပ်မှာ ကြားခံမွေးထားမှာ နိုင်ငံနဲချိစစ်ဖြစ်လာခဲ.ရင် ဒီကောင်တွေကို ရှေ.ကထားတိုက်ခိုင်းပြီး နောက်က စစ်တပ်က ပစ်ကူမယ်

တပ်မတော်က မတိုက်နိုင်တာ မဟုတ်လောက်ဘူး... သူတို့တွေ KNU လို ဖြစ်သွားရင် ပြည်နယ် လည်းတိုးတက်လာမှာမဟုတ်သလို ဘယ်တော့မှလည်း အေးချမ်းနိုင်မှာမဟုတ်လို့ စေ့စပ်ညှိနှိုင်းနေတာဖြစ်မှာပါ...ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံသားထဲ သေနတ်ကိုင်ပြီး တိုက်ပွဲဝင်နေရတာဟာ တွေးကြည့်ရင် ရင်နာစရာ ကောင်းပဗျာ.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်