Subscribe to our RSS Feed

ဖားကန့်ဒေသမှ ကြက်ခြေနီ အရာရှိဦးကြည်ဝင်းအား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၂) တပ်ရင်း(၆)မှ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းသတင်း


ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖားကန့်မြို့နယ် ၊ မှော်ဝမ်းကလေးရပ်ကွက်က ကြက်ခြေနီအရာရှိတစ်ဦး ဖြစ်တဲ့ ဦးကြည်ဝင်း နှင့် အဖော် (၃)ဦးတို့သည် ဖားကန့်မှ မြစ်ကြီးနားမြို့သို့ ဆိုင်ကယ်များဖြင့် ထွက်ခွာလာခဲ့ပြီး တံတားညီနောင် အရောက်မှာ KIA တပ်မဟာ(၂)၊ တပ်ရင်း(၆) မှ ဗိုလ်ကြီး တူးမိုင်ဆိုသူက ရပ်တန့်ခိုင်းပြီး ဖမ်းစီး ချုပ်နှောင်ခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။ထိုသို့ရပ်တန့် ဖမ်းဆီးရာတွင် အဖွဲ့ဝင် (၂)ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ၊ ဦးကြည်ဝင်း နှင့် (၁)ဦးအား၎င်းတို့စခန်းသို့ခေါ်ဆောင်သွားကြောင်း ပြန်လည် လွတ်မြောက် လာသူတို့၏ပြောဆိုချက်များအရ သိရှိရပါတယ်။
မိသားစုများမှ ဦးကြည်ဝင်း၏ အခြေအနေအား အမျိုးမျိုးစုံစမ်းသော်လည်း သတင်းရရှိခြင်းမရှိဘဲ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် ဦးကြည်ဝင်းအားသတ်ပစ်လိုက်ပြီဖြစ်ကြောင်း ကေအိုင်အေနှင့် နီးစပ်သူအချို့မှ ပြောဆိုလာကြောင်း ဒေသခံများမှ ပြောကြားခဲ့ပါသည်။
“ဦးကြည်ဝင်း ကကြက်ခြေနီတပ်ဖွဲ့က အရာရှိတစ်ယောက်ပါ။ တစ်ခြားသူတွေအပေါ်လည်း စေတနာ ကောင်းပါတယ်။အလုပ်ကိုလဲကျေပွန်စွာလုပ်ဆောင်တဲ့လူတစ်ယောက်ပါ။ကျွန်တော်တို့ဆိုသိသိချင်း တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ အိမ်ကိုသွားမေးတော့လည်း အလုပ်ကိစ္စနဲ့မြစ်ကြီးနားသွားမယ်ဆိုပြီး ထွက်သွား တယ်လို့ပြောတယ်။ဒါပေမယ့်ဗျာ ပြည်သူလူထုကို တတ်နိုင်တဲ့ ဘက်ကအကူအညီစောင့်ရှောက်မှုတွေ ပေးနေတဲ့သူကိုတော့ အဲ့လိုမလုပ်သင့်ဘူးပေါ့။သူတို့လိုအပ်တဲ့ ကိစ္စအတွက် ခေါ်သွားတယ်ဆိုရင်လည်း ပြီးသွားရင် ပြန်လွှတ်ပေးရမှာပေါ့”လို့ ပြောခဲ့ပါတယ်။
သူ့မိသားစုနဲ့ပက်သက်တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ပြောပြချက်အရကတော့ “အေးဗျာ ကိုကြည်ဝင်းကြီး အသတ် ခံရတယ်ဆိုတာယုံကိုမယုံနိုင်ဘူးဖြစ်နေတယ်။သူ့မိသားစုကလည်း သူ့ကိုပဲအားကိုးနေရတာဗျ။ တော်တော် သဘောကောင်းတဲ့လူကြီးပါဗျာ။ စိတ်ရင်းကောင်းတဲ့သူကိုမှ ဒီလိုမျိုးဖြစ်ရတယ်ဆိုတော့ လုံးဝကို စိတ်မကောင်းဘူး။ ကျွန်တော်တို့တောင်ဒီလောက်ဖြစ်နေရင် သူ့မိသားစုဆိုရင်တော့ ပြောမနေပါနဲ့ တော့ဗျာ။ယူကြုံးမရပါဘဲ။ အခုဘဲသတင်းသွားမေးပြီးပြန်လာတာပါ။ပြည်သူကိုစောင့်ရှောက်မယ့် သားကောင်းတစ်ယောက်ဆုံးရှုံးသွားရသလို ခံစားရတယ်” လို့ပြောပါတယ်။
“လူသားချင်းစာနာမှုမရှိတာပေါ့ဗျာ။ ပြည်သူကိုသတ်လိုက်တယ်ဆိုတာမဖြစ်သင့်တဲ့ကိစ္စပါ။ သူကလက်နက်ကိုင်အဖွဲ့ အစည်းကလည်းမဟုတ်ပါဘူး။ကျန်တဲ့လူတွေအနေနဲ့ကလည်း လက်နက်ကိုင်ပြီး လုပ်ချင်ရာလုပ်နေတဲ့KIAကို ကြောက်ရ တာပေါ့။မထင်ရင်မထင်သလိုလုပ်တာဗျ။ တစ်ချို့ဆိုအကြောင်းပြချက်လဲမရှိဘူး။ ကြောက်လို့သာမပြောရဲတာ ဒီကလူတွေ အားလုံးကတော့ KIA ကိုလုံးဝမကျေနပ်ကြဘူးဗျ ။ ဘယ်အချိန် KIAက လာဖမ်းပြီး ငွေနဲ့ရွေးခိုင်းမလဲ၊ သတ်ပစ်မလဲ ဆိုတာ မသိကြဘူးလေ။ ပြည်သူတွေလဲတော်တော် ဒုက္ခ ရောက်ပါတယ်ဗျာ။ အခုဆို လုပ်ကိုင်စားသောက်ဖို့အရေး အိမ်ကထွက်ဖို့ကိုတော်တော်လေး ၀န်လေးနေကြပြီ။ ဒါပေမယ့်လည်း ၀မ်းရေးကရှိနေတော့ကြောက်လည်း သွားရ အုံးမှာပဲဗျို့။ ကချင်ပြည်နယ်ကြီးအတွက်ပါပြောပြီး ကချင်လူမျိုးတင်မကဘဲ ဒေသခံပြည်သူတွေကိုပါ အနိုင်ကျင့်တာ ကတော့ ရာဇ၀တ်မှုတွေကျူးလွန်နေတာလို့ပဲမြင်တယ်ဗျာ။လုံးဝကိုမဖြစ်သင့်တဲ့ကိစ္စပါ။” လို့ဒေသခံတစ်ဦး ကပြောပါ တယ်။


Myanmar Express

6 comments:

KIA ကိုအမြစ်ပြုတ်အောင် တိုက်ခိုက်ခြေမှုန်းကြပါ....။

စဉ်းစားဥာဏ်မရှိတဲ့သူတွေပေါ့ဗျာ...နှစ်သစ်မှာ စောက်ပေါတွေလို့ပြောပါရစေ....

MEG ka sar tway phat ya dal>> nit tit mar paw nai kya par say!!!!

ဒူတမ္ကာ ဆိုတဲ့ အာဏရူး ကြီး တူးမိုင် ဖာကန့် ဒေသ မှာ အတင်းခြိမ်းခြောက် ငွေတောင်း လူသတ် တာတွေ စောက်ရမ်း များနေပြီ မကြာခင် ဒင်းအလှည့် ရောက်တော့လာတော့ မည်။

kioမှ တူးမိုင် လူသတ် အတင်းငွေတောငိးဒင်း လုပ်တာတွေ စောက်ရမ်းမျာနေပြီ

kioမှ တူးမိုင် လူသတ် အတင်းငွေတောငိးဒင်း လုပ်တာတွေ စောက်ရမ်းမျာနေပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်