Subscribe to our RSS Feed

ပါတီ (၄) ခု ပြည်ခိုင်ဖြိုး နှင့် မဟာမိတ်ဖွဲ့

မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီလေးခုမှ ရွေးကောက်ပွဲ အနိုင်ရပါတီတစ်ခုဖြစ် သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မပာာမိတ်ဖွဲ့လိုက်ကြောင်း ပြည်ခိုင်ဖြိုးပါတီ မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီနှင့် မပာာမိတ်ဖွဲ့လိုက်သော ရွေးကောက်ပွဲဝင် ပါတီလေးခုမှာ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံရေး မပာာမိတ်များ အဖွဲ့ချုပ်၊ ခေတ်သစ်ပြည်သူ့ပါတီနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့ ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ၎င်း ပါတီလေးခုသည် ပြည်ခိုင်ဖြိုးပါတီနှင့် မပာာမိတ်အဖြစ် ပူးပေါင်းခြင်းမျိုး သာဖြစ်သော်လည်း နောက်ပိုင်းကာလများတွင် တံဆိပ် တစ်ခုတည်းဖြစ်သွားနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင်လည်း ပြည်ခိုင်ဖြိုးပါတီနှင့် မပာာမိတ်ဖွဲ့လိုက်သည့် ၎င်းပါတီလေးခု သည် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် မဲဆွယ်စည်းရုံးမှုများ၊ ဒီမို ကရေစီလမ်းစဉ်များ ပောာပြောခြင်းတို့တွင် အတူလက်တွဲ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားနိုင်ငံရေးမပာာမိတ်များအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီနှင့် ရွေးကောက်ပွဲတွင် ပါတီလေးခုတို့ မပာာမိတ်ဖွဲ့လိုက်ခြင်းမှာ NLD ပါတီမှတ်ပုံတင် ရွေးကောက်ပွဲဝင်ရန် အကြောင်း ကိစ္စရပ်နှင့် ပတ်သက်မှုမရှိကြောင်း ၊ ခေတ်သစ်သိပ္ပံနိုင်ငံရေး ကျောင်းသားစုများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီကပင် ပြည်ခိုင်ဖြိုးပါတီနှင့် ၎င်းပါတီ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီသည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီနှင့် တွေ့ဆုံ၍ တူညီသောကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် နိုင်ရန် မိတ်ဆွေဖွဲ့ခဲ့ပြီး မပာာမိတ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပာုတ်ဘဲ သဘောထားတူညီသော အချို့ကိစ္စရပ်များတွင်သာ ပူးပေါင်းဆောင်ရွက် ရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း The Voice ဂျာနယ် မှာ ဖော်ပြထားသည်။

2 comments:

ကျွန်တော်ကတော့ ပါတီတွေ ရှုပ်ပွမနေပဲ
အားလုံးတစ်စုတစ်စည်းထဲ ပူးပေါင်းပြီး တက်ညီလက်ညီ အလုပ်လုပ်ကြစေချင်တာပဲ ဗျာ....
မြန်မာပြည်လောက် ပါတီပေါတာ မြန်မာပြည်ပဲ ရှိတယ်
ဟိုပါတီ ဒီပါတီ သူ.အမြင်ကိုယ့်အမြင် ငြင်းနေကြရင်းအချိန်ကုန်မဲ့အစား အားလုံးပူးပေါင်းပြီး
အတူတူစဉ်းစားအဖြေထုတ်မယ်ဆိုပိုပြီးအကျိုးရှိစေမယ်မဟုတ်လားဗျာ

သတင်းကောင်းတခုပါ.. နောက်ထပ်ပါတီတွေနဲ့လဲ ညီညွတ်ကြပါစေ..။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်