ရွှေညဝါ ဆရာတော်ကို လူချွတ်လိုက်ပြီ၊ လုံခြုံရေးတွေကနေပြီးတော့ ကျောင်းတိုက်ကို ၀ိုင်းဝန်းထားတယ်၊ ထောင်ချလိုက်ပြီ ဘာ..ညာ ဆိုတဲ့ အင်တာနက်ပေါ်တက်နေတဲ့ သတင်းမှားတွနဲ့ ကောလာဟလ တွေ ကြောင့် ကိုယ်ရောစိတ်ပါ နွမ်းနယ်နေရပါကြောင်း ရွှေညဝါ ဆရာတော် ဦးပညာသီဟ က မိန့်ကြားလိုက်ပါတယ်။
ရွှေညဝါဆရာတော်ဟာ သူ့အနေနဲ့ လူဝတ်လည်း မလဲသေးကြောင်း၊ လုံခြုံရေးယူတယ်ဆိုတာလည်း မဟုတ်ကြောင်း ဖြေရှင်းနေရသဖြင့် စိတ်ရောကိုယ်ပါ တကယ်နွမ်းနယ်နေဟန်ရှိပါတယ်။ ဒီသတင်းကို အရင်ဆုံး ကောလဟာလ လွင့်ခဲ့တာကတော့ The Voice Weekly က ဖြစ်ပြီး "ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ" ဆိုပြီး လုပ်ကြံ လွင့်ခဲ့ပါတယ်။ အဲဒီနောက် အတိုက်အခံ ဘလော့တွေနဲ့ facebook တွေဆီကို ပြန့်သွားခဲ့ပါတယ်။
ဘုန်းကြီးတစ်ပါးဖြစ်နေပါလျှက် အထက်ဝါတော်ကြီးသော ဘုန်းတော်ကြီးများရဲ့ မိန့်ကြားမှုကို နားမထောင်ပဲ ကိုယ်ထင်ရာကိုယ် လျှောက်လုပ်နေမှုကြောင့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ၄၇ ပါးစုံညီ အစည်းအဝေးမှာ ရွှေည၀ါဆရာတော် ကို အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အရေးယူစာ ထွက်လာပြီးချိန်မှာ အင်တာနက်ပေါ်က အတိုက်အခံ မီဒီယာများနဲ့ နားမလည်ပါးမလည် မီဒီယာများက လုံခြုံရေးတွေ ဝိုင်းထားကြောင်း၊ လူချွတ်လိုက်ရကြောင်း ကောလဟာလတွေ လိုက်ပြီး ဖြန့်ခဲ့ကြပါတယ်။ ဒါ့အပြင် ဗန်းမော်ဆရာတော်ကြီး၊ ပြည်ဆရာတော်ကြီး တို့ ဦးစီးပြီး ဓမ္မကျမ်းဂန်များကို တဖက်ကမ်းခပ်ကျွမ်းကျင်ကာ သာသနာရေး ပြဿနာများကို ကျွမ်းကျွမ်းကျင်ပိုင်နိုင်စွာ ဖြေရှင်းနိုင်သော ဆရာတော်ကြီးများနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်သံဃမဟာနယက အဖွဲ့ကြီးကိုတောင် ရိုင်းစိုင်းစွာနဲ့ အပြစ်တင် ပုပ်ခတ် ရေးသားမှုတွေ လုပ်ခဲ့ကြပါတယ်။
သာသနာရေးလောကက ပြဿနာများဖြစ်ချိန်မှာ ဘယ်လူတစ်ယောက်မှ ဝင်မရှင်းနိုင်သလို ရွှေညဝါ ဆရာတော်ကဲ့သလို့ သာမန် ဘုန်းကြီးလောက်နဲ့တော် ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။ အတုမရှီဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေဟာ နက်ရှိုင်းဆန်းကျယ်လွန်းကြီး အလွန်ခက်ခဲလှပါတယ်။
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ပြီးနောက်မှာ သာသနာတော်မှာ အလွန်အဖိုးတန်တဲ့ ရလဒ်တွေ အများကြီး ထွက်ပေါ်လာခဲ့ရပါတယ်။ တရားသိ၊ တရားရှိနေတဲ့ မြင့်မြတ်လှတဲ့ ကိုယ်တော်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ သံဃာ့မဟာနာယက အဖွဲ့ကြီးကြောင့် သာသနာသန့်ရှင်းအောင် အများကြီးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ သံဃာ့မဟာနာယက အဖွဲ့ဝင်တွေဟာ သာသနာပြဿနာကို တဖက်ကမ်းခက်ကျွမ်းကျင်အောင် ဖြေရှင်းနိုင်သည့် အရည်အချင်းများ ပြည့်စုံနေကြသည့်အပြင် နိုင်ငံရေးပြဿနာ၊ နဲ့ အခြားပြဿနာတွေကိုတော့ လုံးဝ ဝင်မပါပဲ သင်္ဃန်းဝတ်ဖြစ်သောကြောင့် တရားအလုပ်ကိုသာ အမြင့်ဆုံးထိ အောင်မြင်အောင် ကြိုးစားကြပါတယ်။
ဒါကြောင့် သင်္ဃာန်းဝတ် တရားမကျင့်၊ ဓမ္မ မလိုက်စားတဲ့ ရွှေညဝါဆရာတော်ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက တရားမဟောဖို့ တစ်နှစ် အပြစ်ပေးခဲ့ပါတယ်။ ရွှေညဝါ ဆရာတော်ဟာ အပြစ်ခြင်း ပြည့်ဖို့အချိန် တစ်လ အလိုမှာ လက်တလုံးခြားလုပ်ပြီး မြန်မာ့သံဃာလောကရဲ့ အမြင့်ဆုံးဖြစ်တဲ့ သံဃမဟာနာယက အဖွဲ့ကြီးကို မထီလေးစားလုပ်ခဲ့တာကြောင့် ဒုဗ္ဗစ္စ ပုဂ္ဂိုလ်အဖြစ် သတ်မှတ် ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
သာသနာကို ညစ်ပတ်အောင် သာသန ဘောင်ဝင်များကသာ လုပ်နိုင်သလို၊ သာသနာကို သန့်ရှင်းအောင် သာသန ဘောင်ဝင်များကသာ လုပ်နိုင်ပါတယ်။ ဘုန်းကြီးတစ်ပါးဖြစ်နေတာတောင်မှာ အပြစ်ရှိလို့ အပြစ်ပေးထားတာကို လိုက်ပါလုပ်ဆောင်ခြင်းမရှိပါက ထိုဘုန်းကြီးကို ဘုန်းကြီးလောကမှ ထုတ်ပယ်ခြင်းဟာ မျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
"မင်းလည်း ဘုန်းကြီး၊ ငါလည်းဘုန်းကြီး.. ဘာမှ ဂရုစိုက်စရာမလိုဘူး.. ငါလုပ်ချင်တာလုပ်မယ် .." ဆိုတဲ့ စိတ်နဲ့ NLD နဲ့ပေါင်းကာ ထင်ရာစိုင်းခဲ့တဲ့ ရွှေညဝါဆရာတော်ဟာ သံဃမဟာနာယက အဖွဲ့ကို အကဲစမ်းခြင်းဖြစ်ကြောင်း ဘာသာရေး လေ့လာသုံးသပ်သူတစ်ဦးက အခုလိုပြောပါတယ်။
"တကယ်တော့ ရွှေညဝါဆရာတော်က ဘုန်းကြီးစိတ်ပျောက်ပြီး မဝင်သင့်တဲ့ စိတ်တွေ ဝင်သွားတာပါ... မင်းလည်း ဘုန်းကြီး၊ ငါလည်းဘုန်းကြီး.. ဘာမှ ဂရုစိုက်စရာမလိုဘူး.. ငါလုပ်ချင်တာလုပ်မယ် .. ဆိုတဲ့ စိတ်မျိုး ဝင်သွားတာပေါ့... အဲဒါကလည်း ဟီလာရီကလင်တန်နဲ့ တွေ့လိုက်တာတွေ၊ NLD က မြှောက်ပေးတာတွေကြောင့်လည်း ပါတယ်... ဘုန်းကြီးကို လူရာသွင်းသလို ဖြစ်သွားတော့ ဘုန်းကြီးက ဘုန်းကြီးစိတ်ပျေက်ပြီး လူစိတ်ဝင်သွားတာပါ... ဘုန်းကြီးတစ်ပါးက အဲ့လို ငါလုပ်ချင်တာ လုပ်မယ် ဆိုတဲ့ စိတ်ဝင်သွားရင် အဲဒီဘုန်းကြီးကို ဘယ်လူမှ ထိန်းလို့မရဘူးလေ... အခုလို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဆိုတာကြီး မြန်မာနိုင်ငံမှာ ရှိနေတာ ဗုဒ္ဓဘာသာဝင်တွေအတွက် ကံကောင်းသွားတာပါ... တရားအားမထုတ်ချင်ပဲ လူစိတ်ဝင်သွားတဲ့ ဘုန်းကြီးကို တရားအားမထုတ်ခိုင်းပဲ လူဝတ်လဲခိုင်းလိုက်တာကလည်း မျှတတဲ့ ဆုံးဖြတ်ချက်ပါ..." လို့ ပြောပါတယ်။
ဒါပေမယ့် အခုတော့ ရွှေညဝါ ဆရာတော်ဟာ အမှားတွေအတွက် နောင်တအကြီးအကျယ်ရနေပြီး နိုင်ငံတော်သံဃမဟာနာယက ဘုန်းကြီးတွေဆီကို အသနားခံစာ တင်ပြီးကြောင်း သိရပါတယ်။ အသနားခံစာမှာ ထရ၀ါရ သာသနာတော်မှာ သက်ကြီး ၀ါကြီး ဆရာတော်ကြီးတွေရဲ့ အဆုံးအမကို ဘုန်းကြီးတို့က ခံယူလိုက်နာပြီးတော့ ဆောင်ရွက်သွားပါ့မည်ဖြစ်ကြောင်း ၊ မလိမ္မာတခါမိုက် တပည့်သားကဲ့သလို့ ဆိုဆုံးမမှု ပေးပါရန်၊ သာသနာ အခွင့်အလမ်းများ ပြန်လည် ဖွင့်ပေးပါရန် ဦးခိုက်လျှောက်ထားပါကြောင်း စသည်ဖြင့် ရေးသားခဲ့ပါတယ်။
သတင်းထွက်ပြီးနောက်နေ့မှ NLD ဦးတင်ဦး နဲ့ ဒေါ်မေဝင်းမြင့်တို့ အပါအဝင် အခြား အတိုက်အခံပေါင်းများစွာ ရွှေညဝါ ဆရာတော်ကျောင်းတိုက်ကို သွားရောက်ခဲ့ကြပြီး သတင်းယူက ကောလဟာလတွေ လူထုကြား ဖြန့်ခဲ့ကြပါတယ်။ ဗုဒ္ဓ စွယ်တော်မြတ်ကို သွားမဖူးပဲ ခရစ်ယန်ဘုရားရှိခိုးကျောင်းကို သွားတက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုမှ နိုင်ငံတော်သံဃမဟာနာယက ဆီကို စာပို့မယ်လို့လည်း နီးစပ်သူများက ပြောနေပါတယ်။

Myanmar Express
3 comments:
Mrs.Aris will send a letter to Mahasanga Nayaka? what for and who she think she is? Just because of some Thinganwut holding her picture and keeping her picture in their places she thinks she is above the real MONKs who follow and maintain Buddha Vinaya? this kind of information and news should be displayed with " a touch of reasoning" by the true media which have a true intention for moving our country in progressive path while maintaining our identity and core value and Buddhism the way Buddha taught.
ဆုံးမ ရမှာ ဆရာတော်ရဲ့တာဝန်လေ --
အသုံးချခံနေရ ပါ့လား ----
မြောက်ပေးတာ အဟုတ်မထင်ပါနဲ့  -
မြောက်ပေးပြီး နာမည်ယူ ။ အတိုက်အခံဆိုလာတွေ့  ဓါတ်ပုံရိုက်တင် လူအထင်ကြီးအောင်လုပ်နေတာ တွေတော်တော့ ဟ
မိမိဘာသာတရားအားထုတ် ပြီး နေပါ ။ ရဟန္တာ မဟုတ်လို့ ကယ်ချွတ်မယ် ဆိုပြီး မာန်တက်မနေပါနဲ့ မဖြစ်နိုင်ပါ --
မာတု ကာမ သာ ဝေါင်းဝေါင်းရှေးပြီး ကုသိုလ်ရအောင်တရားအားထုတ်ပါ---
ဘာကြောင့်အရေးယူရတယ်ဆိုတာကို လူတွေသေသေချာချာ သိအောင်လုပ်သင့်တယ်။ အဲဒါမှ ၀ါဒဖြန့်နေတဲ့လူတွေ ထင်ရာမစိုင်းကြတော့မှာ... လူတွေကသူတို့ပြောတာရေးတာတွေပဲသိပြီး အသေးစိတ်ကိုမသိတော့ ဆရာတော်ကြီးတွေကိုပြစ်မှားနေကြတာ အင်မတန် ငရဲကြီးတယ်။ ရှင်းရှင်းလင်းလင်းကြေငြာသင့်တယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်