Subscribe to our RSS Feed

မန်းတွင် စွယ်တော် ဖူးမြော်သူ များသဖြင့် တည်းခို နေရာများ လူပြည့်လျှံ

p_3_49_6

မန္တလေးမြို့ မဟာ အတုလ ဝေယံ ကျောင်း တော်ကြီး တွင် ယာယီ ကိန်းဝပ် စံပယ်တော် မူလျက် ရှိ သော ဗုဒ္ဓ မြတ်စွယ်တော် အား မန္တလေး မြို့ခံများ အပြင် မြို့ အနီး တစ်ဝိုက်ရှိ ဒေသများမှ လာရောက် ဖူးမြော် သူများဖြင့် စည်ကားလျက် ရှိရာ မြို့တွင်း တည်းခိုစရာ နေရာများတွင် လူပြည့်လျှံ မှုများ ရှိခဲ့ကြောင်း သိရသည်။ အမေက အသက် ၈၂ နှစ် ရှိပြီ။

ကျန်းမာရေးလေး ကောင်းတုန်း စွယ်တော် မြတ် ကြွလာ တာနဲ့ ကြုံလို့ လာဖူး တာပါ။ သွားလို့ လာလို့ ကောင်းကောင်း မကောင်းတော့ ဘူးဆိုပေမယ့် စွယ်တော်မြတ်ကို ဖူးရတော့ ပင်ပန်းတာတွေ ပျောက် ပြီး ရင်ထဲမှာ ငြိမ်းအေးပြီးတော့ ဝမ်း သာတယ်။ ဒီလိုမှ မဖူးရရင် ဒီတစ် သက် ဖူးခွင့်ရမှာ မဟုတ်တော့ဘူး ဟု စဥ့်ကိုင်မြို့မှ မန္တလေးသို့ စွယ် တော်လာရောက် ဖူးမြော်သည့် အဘွားအိုတစ်ဦးက ပြောသည်။

မန္တလေးမြို့ မဟာအတုလ ဝေယံကျောင်း၌ ဒီဇင်ဘာလ ၈ ရက်မှ ၂၃ ရက်အထိ ကိန်းဝပ်စံပယ် တော်မူမည့် ဗုဒ္ဓမြတ်စွယ်တော်ကို ပြင်ဦး လွင်၊ နောင်ချို၊ ကျောက်မဲ၊ စဥ့်ကိုင်၊ ကျောက်ဆည်၊ မတ္တရာ၊ လက်ပံလှ၊ စစ်ကိုင်းစသည့်မြို့များမှ နေ့ချင်းပြန်လာရောက် ဖူးမြော်ကြ သူများ၊ ငါန်းဇွန်၊ ငါန်းမြာ၊ တွင်းငယ်၊ မြတောင်စသည့်ဒေသများမှ ညအိပ် တည်းခိုလာရောက် ဖူးမြော်ကြသူ များကြောင့် မြို့တွင်းတည်းခိုဆောင် များ၊ ဘုန်းကြီးကျောင်းများ လူပြည့် လျှံမှု ရှိခဲ့ကြောင်း မြို့ခံတည်းခို ဆောင်များနှင့် ဘုန်းကြီးကျောင်း များမှ သိရသည်။ စွယ်တော်ဖူးဖို့ နယ်က လာ ကြတဲ့ သူတွေ တော်တော်များ တယ်။ ဟိုနေ့က ၁၆ ယောက် အဖွဲ့ကြီး လာတည်းကြတာ အခန်း တွေ ပြည့်နေလို့ တခြား တည်းခို ခန်းကို ညွှန်ပေးလိုက်ရတယ် ဟု စိန်မြင့်မိုရ် တည်းခိုခန်းမှ ကိုဟိန်းဇော် က ပြောသည်။

ယင်းနှင့်ပတ်သက်၍ မတ္တရာ မြို့မှ မန္တလေးသို့ စွယ်တော် လာ ရောက်ဖူးမြော်သူတစ်ဦးကလည်း စွယ်တော်မန္တလေးကို ၈ ရက်နေ့ ရောက်မယ်ဆိုလို့ ၇ ရက်နေ့က တည်းက ကြိုလာထားတာတောင် တည်းခိုစရာ မရဘူး။ အဲဒါ အခု အသိ ဘုန်းကြီးကျောင်းမှာ တည်း ရတယ်။ ဒါတောင် တည်းစရာ မရ လို့ ကျောင်းမှာ လာတည်းကြသူ တွေ အများကြီးပဲ ဟု ဆိုသည်။ အရင်တစ်ခေါက်တုန်းက မဖူးလိုက်ရဘူး။ အခုတစ်ခေါက် တော့ ဖူးဖြစ်အောင် ဖူးမယ်ဆိုပြီး လာတာ။ အေးအေးဆေးဆေးနေပြီး ဖူးမလို့ပါပဲ။ တည်းခိုစရာ အဆင် မပြေတာနဲ့ နေ့ချင်းပြန်ပဲ ဖူးပြီးပြန် တော့မယ် ဟု ဆားလင်းကြီးမြို့မှ လာရောက်ဖူးမြော်သူ အသက် ၇၂ နှစ်အရွယ် အမေတစ်ဦးက ပြော သည်။

ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်နိုင်ငံမှ နိုဝင်ဘာလ ၇ ရက်က မြန်မာနိုင်ငံသို့ ပင့်ဆောင် လာခဲ့ခြင်းဖြစ်ပြီး နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ ရက်သတ္တနှစ်ပတ် ကြာစီ ယာယီကိန်းဝပ်စံ ပယ်တော်မူ ခဲ့ပြီးနောက် မန္တလေးမြို့သို့ ကြွချီ လာခဲ့ခြင်းဖြစ်ကာ မန္တလေးမြို့၌ ၁၆ ရက်ကြာ ယာယီစံမြန်းပြီး တရုတ် နိုင်ငံသို့ ပြန်လည်ြွကချီမူမည် ဖြစ် ကြောင်း သိရသည်။

ဥာဏ်လင်းအောင်၊ မောင်တာ

Myanmar Daily Mail မှ ကူးယူဖော်ပြပါကြောင်း

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်