Subscribe to our RSS Feed

ဒေါ်လာစား အငြိမ့်

ချီးလေးချီး (အဲ မှားလို့) သီးလေးသီး အဖွဲ့လည်း အခြေနေ ကောင်းမလားလို့ ဘာနိုင်ငံရေး တစ်စက်မှာ မလုပ်ဖူးပေမယ့်၊ ဘာပြည်သူ့အကျိုးပြု လုပ်ငန်း တစ်ခုမှ မလုပ်ဖူးပေမယ့် အစိုးရမကောင်းကြောင်း ပေါတောတော ပြက်လုံးတွေ ထုတ်တတ်ရုံနဲ့ အခြေနေကောင်းပြီထင်ပြီး နိုင်ငံခြားကို ထွက်ပြေးလိုက်တာ ခုဆိုရင် တော်တော် ရောင်မှိန်နေပါပြီ။ စပြေးကာစ တုန်းက ဟိုက လက်မခံလို့ ပြန်ပို့၊ ဒီက လက်မခံလို့ ပြန်ပို့နဲ့ နောက်ဆုံး လုံးဝ စားစရာမရှိတော့လို့ သနားကြပါ ဆိုပြီး ဗွီဒီယိုဖိုင်တွေနဲ့ တောင်းစားခဲ့ရပါသေးတယ်။ ခုဆိုရင်တော့ နောင်တ လှလှရနေကြပြီပေါ့။ ကိုယ်မွေးခဲ့တဲ့ နိုင်ငံကို ခြေစုံကန်တာကိုး။ ကန်တဲ့အပြင် မကောင်းကြောင်းတွေက ပြောသေးတယ်လေ။ ဟိုဖက်ကလည်း ဘာသမိုင်းမှ မရှိတဲ့လူကို ဘာမှ မထောက်ပံ့ချင်ဘူးလေ။ နောက်ဆုံးတော့ အမည်းစက်ကြီးပဲ ကျန်တော့တာပါပဲ။ ခုဆို သီချင်းတောင် မညီးနိုင်တဲ့ ဘဝဆိုး ကို ရောက်နေရှာပြီပေါ့။

ဒီနေ့ဆိုရင် ဆုပေါင်းများစွာ ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်က လွတ်မြောက်မှု ၂ လပြည့်တဲ့နေ့ပါ။ ပြည်သူတွေကောင်းဖို့ လုပ်ခဲ့တဲ့ရလဒ် တစ်ခုမှ မပြနိုင်ပေမယ့် ဆုတွေကတော့ အိမ် အပေါ်ထပ် တစ်ထပ်လုံး ခြေချစရာတောင်နေရာမရှိပါဘူး။ အကျယ်ချုပ်က လွတ်တုန်းကရော တစ်လ ပြည့်တုန်းကရော သီးလေးသီးက ဂုဏ်မပြုခဲ့ပါဘူး။ ဘူး သီး တစ်လုံးပေးလိုက်တုန်းက တော့ ဘူးလှုပ်ရှားမှု ခေါ် အလွန် ကြောက်စရာကောင်းတဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီး ကို ပြင်းပြင်းထန်ထန် လုပ်ပြီး သံချပ်ပြိုင်ပွဲတွေ လုပ်ခဲ့ပေမယ့် ခုတော့ ဘယ်သူမှ ဘာမှ လုပ်မပေးကြတော့ပဲ ဒေါ်အောင်ဆန်းစုကြည် ဈေးရောင်းနေတာကိုပဲ ထိုင်ကြည့်နေခဲ့ကြပါတယ်။ အရင်ကတည်းက ဈေးလေးရောင်းဖို့ အတွက်ကို ကိုယ်တိုင်မရောင်းပဲ ဒေါ်အောင်ဆန်းစုကြည် မလွတ်မချင်း အချိန်အတော်ကြာ ထိုင်စောင့်နေတဲ့ NLD ကလည်း ခုတော့ အလုပ်တွေကို စပြီး အကောင်ထည်ဖော်နေပါပြီ။ ဈေးရောင်းပြီး အမြတ်တွေကို လူမှုရေးလုပ်ငန်းတွေကို ကူညီမယ် လို့ ကြွေးကြော်နေပါပြီ။ ဈေးရောင်းမယ်၊ ဈေးရောင်းလို့ ရတဲ့အမြတ်ကို လူမှုရေးလုပ်ငန်းတွေမှာ ကူညီမယ် ဆိုတဲ့ အလုပ်က ပညာ တစ်လုံးမှ မတတ်တဲ့ လမ်းဘေးက လူတွေတောင် လုပ်နိုင်သေးတာ မှန်ပါတယ်။ ခုလုပ်နေတဲ့ လူတွေကရော ဘာတွေထင်လို့တုန်း။

ကဲ ပြောနေတာနဲ့ လိုရင်းမရောက်တော့ဘူး။ ဘယ်သူ ဂုဏ်ပြုပြုမပြုပြု ကျနော်တို့ ဒေါ်လာစား ညီကို မောင်နှမ များကတော့ ဂုဏ်ပြုရမှာပဲ အန်တီညုရေ။ အောက်မှာ ဆောင်းပါးရှင် နေနက် ရဲ့ သရော်စာ လေးကို ကြည့်ကြပါစို့ဗျာ...။

***********

ပြည်သူများ စိတ်နှလုံး ဒုံးဒုံးကျဖို့အတွက် ကျွန်တော်တို့ရဲ့ ဒေါ်လာစား အငြိမ့်သဘင်ကြီး စတင်ဖျော်ဖြေတော့မှာ ဖြစ်ပါတယ်ခင်ဗျာ…..

ကြေငြာသံအဆုံးမှာပဲ မောင်းကွဲ နှဲကျိုး ပတ်ပျိုး သံနှင့်အတူ ဖျင်ကြမ်းအ၀တ်စုတ်လိုက်ကာစကြီးမှာ တစ်အိအိဖြင့် ပွင့်လာလေသည် ….

စင်ပေါ်မှာတော့ လူ ၃ ယောက်က ပရိတ်သတ်ကို နောက်ပြဂါရ၀ပြုပြီးနောက် အသားမဲ သွားကျဲ ဗိုက်ရွဲလူရွှင်တော် တစ်ယောက်က ခွန်းထောက်ဖြင့် စတင် ဖွင့်လှစ်လေသည်…

“တိုင်းတစ်ခွင် မရွှင်စေချင်တာမို့ ….. အော်…တိုင်းတစ်ခွင်မရွှင်စေချင်တာမို့" …
(တိန် တိန် တိန်….. နောက်မှ ဆိုင်းသံ)

"ပြည်သူကိုရန်တိုက် သိပ်မိုက်တဲ့ တို့အကြံ… နားမလည်တဲ့ ဒီပြည်သူ ဆူပူအောင် တို့မြှောက်ပေးလို့…
ဒီတစ်ခါအရေးပေါ်ခဲ့ရင်ဖြင့် …. မီဒီယာ တို့များမှာတော့ ပလီပလာ လှည့်ကာပြောရင်း ရသမျှဒေါ်လာ ကြုံးကာထည့်မယ့် … ကဲ…. ဒို့များရဲ့ ဒေါ်လာစားအငြိမ့်ကို …စ”

နောက်မှ မောင်းကွဲ နှဲကျိုး ပက်မစုံ တီးဝိုင်းကြီးမှလဲ တစ်ခြိမ့်ခြိမ့်သဲ တီးခတ်ပြီးနောက် လူရွှင်တော်များ အချင်းချင်းမိတ်ဆက်ကြလေသည်….

“အော် … ဟိုဘက်က ဒေါ်လာစား ညီနောင်များလားဗျ…”

“အော် ဟုတ်ပါ့ ကိုမိုးချီး ရေ…”

“ကျွန်တော်တို့ အငြိမ့်သဘင်ကြီးက ဘာလဲဗျ”

“အော်… ကိုမိုးချီးရယ် ကျွန်တော်တို့ရဲ့ အငြိမ့်သဘက်ကြီးက ဒေါ်လာစားအငြိမ်သဘင်ကြီးလေဗျ”

ဒေါ်လာစားညီနောင်များမှတစ်ယောက်က နောက်မှ ဒေါ်လာစားဟုရေးထားသော စာတမ်းနှင့် အမှီးကုတ်လည်လိမ်နေသော ဒေါင်းပုံကြီးကို လက်ညွန်ပြလေသည်…

“အခုလို ဒို့ညီအစ်ကိုတွေစုံရတာ ၀မ်းသာစရာပဲ”

“ဟုတ်ပဗျာ ၀မ်းသာစရာပေါ့…”

“ဒါနဲ့ မင်းသမီးလေးကရော ဘယ်သူလဲဗျ”

“ကျွန်တော်တို့ရဲ့ မင်းသမီးချောလေးက နိုင်ငံတစ်ကာက ဆုတံဆိပ်များရှင် ညုကြည် ဆိုလားပဲဗျ”

“ကဲကဲ … လေပေါတာ အသာထား အဖြေပြောကာပြဖို့ မင်းသမီးချောလေး ခေါ်ထုပ်ကြရအောင်လားဗျ”

“ကိုမိုးချီး ပဲခေါ်လိုက်ပါတော့ဗျ”

“ခင်ဗျားတို့ ခေါ်ခိုင်းတော့လဲ ခေါ်ရတာပေါ့ဗျာ ကဲခေါ်မယ်ဗျ”

“အင်္ဂလန်မှာ အဖြေထုပ် လင်လုပ်တာက မိုက်ကယ်အဲရစ်… ဟုတ်မဟုတ်တာ အပထား အပုတ်ကာ မတရားပြောရင်း ရခဲ့တဲ့ ဆုတွေက ကုဋေကတာ … အသေချာအောင်ပြဖို့ … ကဲ မင်းသမီးလေး … လင်တရာ ညုကြည်ရေ”

ဗိန်တောင် ဗိန်တောင် ဗြောင်… တီးလုံးနဲ့အတူ မင်းသမီးလေးမှာ တင်ပစ်လိုက် ရင်ပစ်လိုက် ခန့်ခန့်ကြီးပြုံးလိုက် စန့်စန့်ကြီးပြုံးလိုက် မခန့်တစ်ခန့်ပြုံးလိုက်နဲ့ အတင်းလှိမ့်ကတော့သည်….

“ဒီအရွယ် ညုညုတို့ အရွယ် ကျမကျမတို့ အရွယ် မသေခင် သမ္မတလုပ်မယ် ရသလောက်လုပ်မယ် ကျမသားဆိုလား ထိန်လင်းကိုများ ၀န်ကြီးချုပ်လို့ ထင်စေ့ချင်တယ်…..”

သီချင်းကလဲ ဆိုချင်ရာဆို ဆိုင်းကလဲတီးချင်တာတီးဖြင့် အရူးဘုံမြှောက် လှိမ့်နေအောင်ကတော့သည်

“ဒီအရွယ် ကျွန်မ ကျွန်မ တို့အရွယ် ညုညု တို့အရွယ် အင်္ဂလန်မှာ လင်ရခဲ့တယ် အမျိုးပျက်ပေါ့ကွယ်…. အဖိုးဘေးများတွေ့ရင်ကွယ် နပင်းပဲကျံမလား အတင်းပဲ ကန်မလား ပြုံးစစနဲ့ခံလိုက်မယ်ကွယ်…”

မင်းသမီးလေး ညုကြည်မှာ အားရပါးက ခုန်ပေါက် ပြုံးဖြီးကခုန်ပြီနောက် ဒေါ်လာစားလူပျက်များမှ ပျက်လုံးများထုပ်ရင် ထွက်လာပြီး

“ငါးအာရုံကြင်စု ဒေါ်ညုနှင့်နေ့ကုန်….”

“ဟဟ ကိုမိုးချီးရ ခင်ဗျားစာချိုးမှားနေတယ်ဗျ…. ငါးအာရုံကြင်စု ခင်မှုနှင့်နေကုန်လေဗျာ ခင်ဗျားကလဲ… စာမတတ်ပေမတ် လူပျက်ဆိုပေမယ့် ဒါလောက်တော့သိသင့်တာပေါ့ဗျ ..”

“အအာ ငါ့ညီတို့ကလဲ ဘာမှ မသိပဲနဲ့ လျှောက်ပြောနေပြန်ပြီ အခုက ခင်မှုနဲ့နေ့ကုန်နေလို့ဘာမှ မဖြစ်ဘူးဗျ

ဒေါ်ညုနဲ့နေ့ကုန်မှ အစားအသောက်အဆင်ပြေမှာပေါ့ ဟို အကျီတစ်ထည်တည်းဝတ်တဲ့ ဒုတ်ကောက်နဲ့ လူကြီးကိုတို့ အဖွဲကိုကြည့်ပါလား လက်တစ်စုပ်စာ ပါတီရုံးမှာ နေ့တိုင်းလာပြီးထမင်းစားစားသွားတာ ငါတို့လဲ သူတို့လို ထမင်းမစားရပေမယ့် ဒေါ်ညုနဲ့နေပြီး သူ့အကြောင်းလေးတွေရေးမှ ဒေါ်လာလေးတွေစားရမှာပေါ့ဟ….”

“၀ါး … ဟား ဟား ဗြဲ….. ( ပျက်လုံးဖြစ်သောကြောင့် အားနာပြီး လိုက်ရယ်ပေးခြင်းဖြစ်ပါသည်…)”

ထို့နောက် ဒေါ်လာစားလူပျက်များမှ နိုင်ငံမကောင်းကြောင်းနှင့် ရတနာဝင်းထိန်ပျက်လုံးများ အားရပါးရထုပ်ပြီးနောက် … မင်းသမီး ညုကြည်လေးပြန်ထွက်လာပြီး…..

လူရွှင်တော်များနှင့်မိတ်ဆက်ပြီး…. အောက်ပါသီချင်းနှင် တွန့်လိမ်နေအောင် ကပြန်သည်…

“ဒီကမာမြေပြင်တစ်လွားဝယ် ဒေါ်လာစားတို့ရယ် …. စစ်အစိုးရလုပ်တာကိုကွယ် အကုန်သာမကောင်းပြောကွယ်…. တစ်ကယ်မဟုတ်တမ်းတွေကိုကွယ် ရေးကာပြောတော့ကွယ် တို့အမျိုးနဲ့ တို့သမီးကိုကွယ် နိဂတိုးနဲ့စပ်မယ် … ဒေါ်လာသာရမယ်ဆိုရင် အကုန်သာလုပ်တော့ကွယ်….

ဒီတစ်ခါကွယ် ထိုင်ကာပြောမယ် ထော်လှော်ကန့်လန့်ကွယ် ဘာလုပ်လုပ်ဆန့်ကျင်မယ်ကွယ် ငါတို့ အကျိုးအတွက်ကွယ် တစ်ကယ်မောပြီး သေချင်သေကွယ် ဆက်ကာပြောအုံးမယ် တို့ဘ၀က ရေစုန်မှာကွယ် ဒေါ်လာနဲ့မျှောမယ်…..”

မင်းသမီးကလဲ အားရပါးရ ဆိုချင်တာဆို ကချင်သလိုက အောက်မှ ဆိုင်မှလဲ မျောက်ပြဆန်တောင်း တီးလုံးများဖြစ် အားရပါးရ တီးခတ်နေတုံး…. အောက်ခြေမခိုင် တစ်ပွဲတိုးဒေါ်လာစားဇတ်စင်ကြီးမှာ ပြိုကျသောကြောင့် ဒေါ်လာစား အငြိမ့်သဘင်ကြီးမှာ တစ်ခန်းရပ်လေသတည်း…….။ ။

(နေနက်)

16 comments:

များတို့ကလွဲလို့ စစ်မှုမထမ်းမနေရ

ဦးရုက္ခစိုး၊ ဖိုးရှုပ်၊ ကြွက်စုတ်တို့ နေပြည်တော် ရောက်သွားချိန်တွင် ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရသည်။ ချိုကုပ်ဒူးကြီးက ဝတ်ဖြူစင်ကြယ်နှင့် စိတ်ပုတီးတကုံးကို လက်တွင် ပတ်ထားသည်။ ချိုကုပ်ဒူးကြီးကတော် ဒေါ်ကွိုင်ကွိုင်က ငိုနေသည်။ ဒု ချိုကုပ်ဒူးကြီး မောင်ကွေးကတော့ ခါးကြားတွင် အရက်ပုလင်းတပုလင်းထိုးကာ အိမ်ထဲမှ အထုပ်များကို သယ်ချ နေသည်။ မောင်ကွေး ကတော်ကလည်း အိုး၊ ခွက်၊ ပန်းကန်များကို အသင့်စောင့်နေသည့် ကားပေါ် ဝိုင်းတင် ပေးနေသည်။

ရုက္ခစိုး။ ။ ဘာတွေ ဖြစ်နေတာလဲဟ။ ငါ့ မျက်စိများ မှားရော့သလား။ ချိုကုပ်ဒူးကြီးကလည်း ဝတ်ဖြူစင်ကြယ် ကြီးနဲ့။

ဖိုးရှုပ်။ ။ ဟုတ်ပါ့ ဦးရုက္ခစိုးရေ။ ဘာတွေ ဖြစ်ကုန်ပြီလဲ မသိဘူး။ ဒေါ်ကွိုင်ကွိုင်ကလည်း ငိုလို့။

ကြွက်စုတ်။ ။ ဒါ အကွက်သစ် ထွင်တာဖြစ်မယ်။ နည်းနည်းလောက် စောင့်ကြည့်ပါဦး။

သူတို့ စကားပြောနေစဉ် ဦးရုက္ခစိုးတို့ကို ချိုကုပ်ဒူးကြီး မြင်သွားသည်။

ချိုကုပ်။ ။ ဦးရုက္ခစိုးပြန်ရင် လိုက်မယ်ဗျာ။ ချင်းမိုင်က ဒွိုင်ဆူထေ့ တောင်ပေါ်မှာ တရားလိုက်ကျင့်မယ်။

ဖိုးရှုပ်။ ။ ဘုရား ဘုရား … တခုခုတော့ လွဲနေတာ အမှန်ပဲ။ အားလားလား။

ဖိုးရှုပ်က အိပ်မက် မက်နေသည်ဟု ထင်သဖြင့် သူ့လက်သူ ဆွဲဆိတ်ကာ နာသွားခြင်းဖြစ်သည်။

ကွိုင်ကွိုင်။ ။ မသွားရဘူး၊ မသွားရဘူး … မောင်တော် သွားရင် နှမတော်လည်း မနေဘူး လိုက်မှာပဲ။

ကွက်စုတ်။ ။ သူတို့ကိုယ် သူတို့ ဝေဿန္တရာမင်းကြီးနဲ့ မဒီဒေဝီများ မှတ်နေလားမသိဘူး။

အံ့သြစရာ မြင်ကွင်းကို ငေးမောနေမိကြသော သူတို့နားသို့ ချိုကုပ်မောင်ကွေး ရောက်လာသည်။

မောင်ကွေး။ ။ (ခါးကြားထဲမှ ပုလင်းကို ထုတ်ကာ တကျိုက် ကျိုက်ရင်း) အင်း … အခုမှပဲ ရေငတ်ပြေသွားတော့တယ်။ မောလိုက်တာ။

ရုက္ခစိုး။ ။ ဘာတွေဖြစ်နေကြတာလဲဗျ။ ဟိုကလည်း ဝတ်ဖြူစင်ကြယ်နဲ့ တောထွက်တော့မယ်တဲ့။ ခင်ဗျားကလည်း အိမ်ပြောင်းတော့မယ့် ပုံနဲ့။ ဘယ်သူက မောင်းချလို့လဲ။

မောင်ကွေး။ ။ ၃ မိနစ်ပဲ စောင့် … ပြောပြမယ်။

ချိုကုပ်ဒူးကြီး။ ။ လောကီရေးရာ ကိစ္စတွေကို စိတ်ကုန်ပါပြီကွယ်။ ချိုကုပ်ဒူးကြီးဆိုတဲ့ ရာထူး ဂုဏ် ဓနတွေ စည်းစိမ်တွေ ကိုလည်း မမက်မောတော့ဘူး။ အင်း သံယောဇဉ် … သံယောဇဉ်။

ကြွက်စုတ်။ ။ ကြားလား ဖိုးရှုပ်။ ချိုကုပ်ဒူးကြီးက လေးဖြူသီချင်း ဆိုနေပြီ။

မောင်ကွေး။ ။ လေးဖြူသီချင်း ဆိုတာမဟုတ်ပါဘူး။ ဇနီး၊ သား၊ သမီး၊ မြေး သံယောဇဉ်တွေကို ဖြတ်ပြီး လောကုတ္တရာ ကိစ္စ ကောင်းရာကောင်းကျိုးတွေပဲ လုပ်တော့မယ်လို့ ပြောနေတာ။

ကွိုင်ကွိုင်။ ။ (မျက်ရည်နှင့် နှပ်ချေးများကို တစ်ရှူးဖြင့်သုတ်ရင်း) မောင်တော်ရယ် … အဲဒီလို မလုပ်ပါနဲ့ မောင်တော်ရဲ့။ အောင်မလေး … သူတော်ကောင်းကြီးရဲ့။ နှမတော် ပါရမီဖြည့်ပါရစေလား … အဟား … အဟား … အဟား။

မောင်ကွေး။ ။ ကဲ … ကဲ … မိန်းမရေ … အားလုံး အဆင်သင့်ဖြစ်ရင် ငါတို့လည်း သွားရအောင်။ ဒီစည်းစိမ်တွေ၊ ရာထူးတွေ ဆိုတာ အလကားပါကွာ။ လောကကောင်းရာ ကောင်းကျိုးတွေပဲ သယ်ပိုးကြတာပေါ့။ လူတွေအတွက် ပေးဆပ်ရမယ့် အချိန် ရောက်ပြီကွဲ့ …။ ချိုကုပ်ဒူးကြီးတောင် ရာထူး စည်းစိမ်တွေ၊ သံယောဇဉ်တွေ စွန့်နိုင်ရင် တို့က ဘာလို့ မစွန့်နိုင်ရမှာလဲကွာ ...။

မောင်ကွေး ကားစုတ်ကလေးပေါ်တက်၍ စက်နှိုးပြီး ၁၀ စက္ကန့်ခန့်အကြာတွင် ….

ကွိုင်ကွိုင်။ ။ ရပြီ … ရပြီ။ အားလုံး …....... ကတ် ...။ အဲ ယောင်လို့ … အားလုံး နားလို့ရပြီလို့ ပြောတာ။

ချိုကုပ်။ ။ (ခြေပစ်လက်ပစ် ထိုင်ချကာ လက်ထဲမှ စိတ်ပုတီးကိုလွှင့်ပစ်ရင်း) မောလိုက်တာကွာ … ။ ရွှေဖလားတော်နဲ့ ရေခဲရည်ကြည်တော် ဆက်တော်မူကြစမ်း။

တယောက်က ချိုကုပ်ဒူးကြီးကို ရေတခွက်လာပေးသည်။ ဝတ်ထားသည့် ဝတ်ဖြူစင်ကြယ်များကို ဆွဲချွတ်လိုက်ရာ ပြောင်ပြောင် လက်လက်များ ချိတ်ဆွဲထားသည့် စစ်ဝတ်စုံဖြင့် ဖြစ်သွားသည်။

ဖိုးရှုပ်။ ။ ဘာတွေလဲဗျာ ...။ နားကို မလည်တော့ဘူး။

ကွိုင်ကွိုင်။ ။ ယတြာခြေတာလေ … ယတြာခြေတာ။ ရာထူးက ပြုတ်ဖို့ ရှိတယ်ကြားလို့ ဒီရာထူး၊ ဒီစည်းစိမ်တွေ မမက်ဘဲ တောထွက်ပါတော့မယ်လို့ ဒီအချိန် ဒီနာရီမှာ ပြော၊ ကျုပ်က ငိုပြီးတားရမယ်လို့ ဗေဒင်က ဟောတယ်လေ။

ကြွက်စုတ်။ ။ ဒါဆို ဟို ချိုကုပ် မောင်ကွေးကကော။ အရူးထပြီး အိမ်ပြောင်းချင်ယောင် ဆောင်တာလား။

မောင်ကွေး။ ။ ဒါလည်း မကွိုင်ရဲ့ ယတြာပဲလေ။ ချိုကုပ်ဒူးကြီး ဂန့်ရင် ကျုပ်ပါ ဂန့်မယ်ဆိုလို့ ရာထူးက ဆင်းပေးပြီး လောကကောင်းကျိုး သယ်ပိုးမယ်ဆိုတဲ့ စတိုင်လုပ်ရမယ်တဲ့။ ကျုပ်ဒီဇိုင်းက မိုက်တယ်မဟုတ်လား။

ပြောပြောဆိုဆို ချိုကုပ်မောင်ကွေးက အရက်ပုလင်းကို မော့လိုက်ပြန်သည်။

ရုက္ခစိုး။ ။ ထင်တော့ ထင်သား။ ဒါက အိပ်မက်မဟုတ်ဘူးဆိုရင် တကယ်တော့ မဖြစ်နိုင်ပါဘူးလို့။

ကွိုင်ကွိုင်။ ။ ကဲ မောင်တော် … သိပ်ဇိမ်ယူမနေနဲ့။ အမိန့်ကြေညာစာ တရပ် ထုတ်ဦး။

ချိုကုပ်။ ။ ဘာထပ်ထုတ်ရဦးမှာလဲကွာ။ မင်းပြောလို့ လွှတ်တော်ကို ၁ လပိုင်း ၃၁ ရက် ၈ နာရီ ၅၅ မိနစ်မှာ ခေါ်မယ်လို့ ကြေညာပြီးပြီလေ။

ကွိုင်ကွိုင်။ ။ ဒါက သပ်သပ်။ ဂဏန်းအားလုံးပေါင်းရင် ၉ ရအောင် မနည်းရှာကြံလုပ်ထားရတာ။ ကိုးနဝင်း ကျေအောင်ပေါ့။ နောက်တခု ကြေညာရမှာက … အရာရှိတွေအားလုံး အိမ်ရှေ့မှာ တပွင့်ကြာပင် စိုက်ရမယ်လို့ စာထုတ်။

ချိုကုပ်။ ။ အဲဒါကကော ဘာအတွက်လဲ။

ကွိုင်ကွိုင်။ ။ အဲဒါက … တပွင့်တည်းကြာမယ်။ တယောက်တည်း ရာထူးမှာ ကြာမယ် မြဲမယ် ဆိုတဲ့ သဘောပေါ့။ ကဲ ချိုကုပ်မောင်ကွေးလည်း အိမ်ပြန်ပြီး ကြာပင်စိုက်။ ကျမလည်း အိမ်ရှေ့မှာ စိုက်ထားပြီးပြီ။

ချိုကုပ်မောင်ကွေးတို့ လင်မယား အထုပ်များပြန်သိမ်းပြီး အိမ်ပြန်သွားကြသည်။

ချိုကုပ်။ ။ ဟုတ်ပါပြီကွာ ...။ ထုတ်လိုက်ပါမယ်။ ဒါပဲလား။ လွှတ်တော်အတွက် ငါ ပြင်စရာလေးတွေ ရှိသေးတယ်။

ဖိုးရှုပ်။ ။ လွှတ်တော်မှာ တင်သွင်းမယ့် ကိစ္စတွေ၊ သမ္မတ ရွေးဖို့ ကိစ္စတွေ ပြင်ဆင်မှာပေါ့ ဟုတ်လား ချိုကုပ်ဒူးကြီး။

ကြွက်စုတ်။ ။ ဒီလိုတော့လည်း ချိုကုပ်ဒူးကြီးက တကယ်လုပ်တော့မယ် ဆိုတဲ့သဘောပေါ့နော်။ အရပ်သား အစိုးရကို တကယ် လွှဲပေးပြီး ဒီမိုကရေစီစနစ်ကို တကယ်သွားတော့မှာပေါ့ ဟုတ်လား။

ချိုကုပ်။ ။ ဘာတွေ လာပြောနေတာလဲ။ လွှတ်တော်အတွက် ပြင်မယ်ဆိုတာက ရန်ကုန် အမျိုးသားပြတိုက်က သီဟာသန ပလ္လင်ကြီးကို ရွှေ့ခိုင်းမလို့။

ရုက္ခစိုး။ ။ ဟာ … အဲဒီလိုလုပ်ရင် ရှေးဟောင်းသုတေသနတွေ၊ သမိုင်းသမားတွေနဲ့ ကွိုင်မယ်ထင်တယ်နော်။

ချိုကုပ်။ ။ ဒါဆိုလည်း လွယ်ပါတယ်။ အဲဒီပလ္လင်နဲ့ တပုံစံတည်းတူတဲ့ ပလ္လင်တခုကို ပုံတူမျိုးပွားလိုက်၊ ပြီးရင် အဲဒီပလ္လင်တော်က ဓာတ်ကူးသလို ဖြစ်အောင် ၉ ရက်တိတိ အတူတူထား ပြီးမှ သယ်ခိုင်းလိုက်မှာပေါ့။

ဖိုးရှုပ်။ ။ အဲဒီပလ္လင်ကြီးက ဘာလုပ်ဖို့လဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်ဒူးကြီးက ဇာတ်ထဲမှ ဘုရင်လေသံဖြင့် “ငါကိုယ်တော်မြတ် လွှတ်တော်ဝင်တဲ့အခါ ထိုင်တော်မူဖို့ပေါ့ကွဲ့” ဟု ပြန်ဖြေလိုက်သည်။

ကြွက်စုတ်။ ။ (ဦးရုက္ခစိုးနှင့် ဖိုးရှုပ်ဘက်လှည့်၍) ပြန်ကြရင်ကောင်းမယ်နဲ့ တူတယ်နော်။ တော်ကြာ ကျနော်တို့ကိုပါ ဝန်ကြီးတွေ၊ မူးမတ်တွေလို ဝတ်ခိုင်းပြီး ခစားခိုင်းနေမှဖြင့်။

ချိုကုပ်။ ။ ဘယ်ရမလဲ … ဒီတိုင်းတော့ မောင်မင်းတို့ ပြန်လို့မဖြစ်သေးဘူးကွဲ့။ တိုင်းပြည်အတွက် စစ်မှုထမ်းပြီးမှ ပြန်ကြရမယ်။

ရုက္ခစိုး။ ။ ကျုပ်နဲ့မဆိုင်ဘူးနော်။ ကျုပ်က နတ်။ ဖိုးရှုပ်နဲ့ ကြွက်စုတ်ကိုပြော။

ဖိုးရှုပ်။ ။ ဟာ … မလုပ်နဲ့လေ ဦးရုက္ခစိုး … ကျနော် စစ်ထဲ မဝင်ချင်ဘူးဗျ။

ကြွက်စုတ်။ ။ ကျနော်က ကြွက်စုတ်ဆိုတော့ … ဥပဒေထဲမှာ ကြွက်တွေအတွက် မပါဘူး မဟုတ်လား။ ကျနော် မှတ်ပုံ မတင်တော့ဘူးနော်။

ဖိုးရှုပ်။ ။ ကျနော်ကလည်း … ကျနော်ကလည်း … သက်ကြီးရွယ်အိုကို စောင့်ရှောက်နေရလို့ ပို့စ်ပွန်း လုပ်ပါရစေ။

ချိုကုပ်။ ။ မောင်မင်းက ဘယ် သက်ကြီးရွယ်အိုကို စောင့်ရှောက်နေရလို့လဲ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးလေ … ။ ဦးရုက္ခစိုးက နတ်ဆိုတော့ အသက်က အနည်းဆုံး ထောင်ချီနေပြီ … ဟုတ်တယ်နော် ဦးရုက္ခစိုး။

ချိုကုပ်။ ။ ဒါဆို မောင်မင်းတို့ ၂ ယောက်က စစ်မှုမထမ်းရအောင် ကြံဖန် ရှောင်လွှဲတဲ့အတွက် ထောင်ဒဏ် ၅ နှစ်။

ကြွက်စုတ်။ ။ ဟာ အဲဒီလိုကြီးလား။ ရတယ်လေ (ဖိုးရှုပ်ကို လက်တို့ကာ) ဒါဆို … များတို့ အခုပဲ ခြောက်သွားပြီ။ များတို့အတွက် ဥပဒေ မပါဘူး မဟုတ်လား။

ချိုကုပ်ဒူးကြီးက ကြွက်စုတ်ကိုကြည့်လိုက် … သူ့ဥပဒေ မူကြမ်းကို ကြည့်လိုက်ဖြင့် ကြောင်တက်တက် ဖြစ်နေစဉ် ဖိုးရှုပ်ကလည်း မျက်စကိုချီ၍ “ဟုတ်တယ် … လူကြီးနော် … ကလိန်ကကျစ်မလုပ်နဲ့ … သွပ်ပြားတို့အတွက် ဥပဒေ ထုတ်ပြီးမှပြော” ဟု ပြောလိုက်သည်။

ချိုကုပ်။ ။ ဟုတ်တော့ ဟုတ်တယ် … အဲဒါတွေအတွက်တော့ ဥပဒေထဲမှာ မပါသေးဘူး။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ပုဆိုးများကို ထဘီကဲ့သို့ ပြင်ဝတ်၍ ချိုကုပ်ဒူးကြီးရှေ့တွင် ခေါက်တုန့် ခေါက်ပြန် မော်ဒယ်ဂဲလ် များစတိုင် ၂ ခေါက်ခန့် လျှောက်ပြလိုက်ကြသည်။

ထို့စဉ် ဦးရုက္ခစိုးက “ပြေးနိုင်မှ လွတ်မယ်ဟေ့” ဟု အချက်ပေးလိုက်သည်နှင့် တပြိုင်နက်တည်း ၎င်းတို့ ထုံးစံအတိုင်း ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ထိုနေရာမှ ထွက်ပြေးကြရလေတော့သတည်း။

ချီးလေးချီး (အဲ မှားလို့) သီးလေးသီး အဖွဲ့လည်း အခြေနေ ကောင်းမလားလို့ ဘာနိုင်ငံရေး တစ်စက်မှာ မလုပ်ဖူးပေမယ့်၊ ဘာပြည်သူ့အကျိုးပြု လုပ်ငန်း တစ်ခုမှ မလုပ်ဖူးပေမယ့် အစိုးရမကောင်းကြောင်း ပေါတောတော ပြက်လုံးတွေ ထုတ်တတ်ရုံနဲ့ အခြေနေကောင်းပြီထင်ပြီး နိုင်ငံခြားကို ထွက်ပြေးလိုက်တာ ခုဆိုရင် တော်တော် ရောင်မှိန်နေပါပြီ။ စပြေးကာစ တုန်းက ဟိုက လက်မခံလို့ ပြန်ပို့၊ ဒီက လက်မခံလို့ ပြန်ပို့နဲ့ နောက်ဆုံး လုံးဝ စားစရာမရှိတော့လို့ သနားကြပါ ဆိုပြီး ဗွီဒီယိုဖိုင်တွေနဲ့ တောင်းစားခဲ့ရပါသေးတယ်။ ခုဆိုရင်တော့ နောင်တ လှလှရနေကြပြီပေါ့။ ကိုယ်မွေးခဲ့တဲ့ နိုင်ငံကို ခြေစုံကန်တာကိုး။ ကန်တဲ့အပြင် မကောင်းကြောင်းတွေက ပြောသေးတယ်လေ။ ဟိုဖက်ကလည်း ဘာသမိုင်းမှ မရှိတဲ့လူကို ဘာမှ မထောက်ပံ့ချင်ဘူးလေ။ နောက်ဆုံးတော့ အမည်းစက်ကြီးပဲ ကျန်တော့တာပါပဲ။ ခုဆို သီချင်းတောင် မညီးနိုင်တဲ့ ဘဝဆိုး ကို ရောက်နေရှာပြီပေါ့။

ဒီနေ့ဆိုရင် ဆုပေါင်းများစွာ ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်က လွတ်မြောက်မှု ၂ လပြည့်တဲ့နေ့ပါ။ ပြည်သူတွေကောင်းဖို့ လုပ်ခဲ့တဲ့ရလဒ် တစ်ခုမှ မပြနိုင်ပေမယ့် ဆုတွေကတော့ အိမ် အပေါ်ထပ် တစ်ထပ်လုံး ခြေချစရာတောင်နေရာမရှိပါဘူး။ အကျယ်ချုပ်က လွတ်တုန်းကရော တစ်လ ပြည့်တုန်းကရော သီးလေးသီးက ဂုဏ်မပြုခဲ့ပါဘူး။ ဘူး သီး တစ်လုံးပေးလိုက်တုန်းက တော့ ဘူးလှုပ်ရှားမှု ခေါ် အလွန် ကြောက်စရာကောင်းတဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီး ကို ပြင်းပြင်းထန်ထန် လုပ်ပြီး သံချပ်ပြိုင်ပွဲတွေ လုပ်ခဲ့ပေမယ့် ခုတော့ ဘယ်သူမှ ဘာမှ လုပ်မပေးကြတော့ပဲ ဒေါ်အောင်ဆန်းစုကြည် ဈေးရောင်းနေတာကိုပဲ ထိုင်ကြည့်နေခဲ့ကြပါတယ်။ အရင်ကတည်းက ဈေးလေးရောင်းဖို့ အတွက်ကို ကိုယ်တိုင်မရောင်းပဲ ဒေါ်အောင်ဆန်းစုကြည် မလွတ်မချင်း အချိန်အတော်ကြာ ထိုင်စောင့်နေတဲ့ NLD ကလည်း ခုတော့ အလုပ်တွေကို စပြီး အကောင်ထည်ဖော်နေပါပြီ။ ဈေးရောင်းပြီး အမြတ်တွေကို လူမှုရေးလုပ်ငန်းတွေကို ကူညီမယ် လို့ ကြွေးကြော်နေပါပြီ။ ဈေးရောင်းမယ်၊ ဈေးရောင်းလို့ ရတဲ့အမြတ်ကို လူမှုရေးလုပ်ငန်းတွေမှာ ကူညီမယ် ဆိုတဲ့ အလုပ်က ပညာ တစ်လုံးမှ မတတ်တဲ့ လမ်းဘေးက လူတွေတောင် လုပ်နိုင်သေးတာ မှန်ပါတယ်။ ခုလုပ်နေတဲ့ လူတွေကရော ဘာတွေထင်လို့တုန်း။

ချီးလေးချီး (အဲ မှားလို့) သီးလေးသီး အဖွဲ့လည်း အခြေနေ ကောင်းမလားလို့ ဘာနိုင်ငံရေး တစ်စက်မှာ မလုပ်ဖူးပေမယ့်၊ ဘာပြည်သူ့အကျိုးပြု လုပ်ငန်း တစ်ခုမှ မလုပ်ဖူးပေမယ့် အစိုးရမကောင်းကြောင်း ပေါတောတော ပြက်လုံးတွေ ထုတ်တတ်ရုံနဲ့ အခြေနေကောင်းပြီထင်ပြီး နိုင်ငံခြားကို ထွက်ပြေးလိုက်တာ ခုဆိုရင် တော်တော် ရောင်မှိန်နေပါပြီ။ စပြေးကာစ တုန်းက ဟိုက လက်မခံလို့ ပြန်ပို့၊ ဒီက လက်မခံလို့ ပြန်ပို့နဲ့ နောက်ဆုံး လုံးဝ စားစရာမရှိတော့လို့ သနားကြပါ ဆိုပြီး ဗွီဒီယိုဖိုင်တွေနဲ့ တောင်းစားခဲ့ရပါသေးတယ်။ ခုဆိုရင်တော့ နောင်တ လှလှရနေကြပြီပေါ့။ ကိုယ်မွေးခဲ့တဲ့ နိုင်ငံကို ခြေစုံကန်တာကိုး။ ကန်တဲ့အပြင် မကောင်းကြောင်းတွေက ပြောသေးတယ်လေ။ ဟိုဖက်ကလည်း ဘာသမိုင်းမှ မရှိတဲ့လူကို ဘာမှ မထောက်ပံ့ချင်ဘူးလေ။ နောက်ဆုံးတော့ အမည်းစက်ကြီးပဲ ကျန်တော့တာပါပဲ။ ခုဆို သီချင်းတောင် မညီးနိုင်တဲ့ ဘဝဆိုး ကို ရောက်နေရှာပြီပေါ့။

ဒီနေ့ဆိုရင် ဆုပေါင်းများစွာ ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်က လွတ်မြောက်မှု ၂ လပြည့်တဲ့နေ့ပါ။ ပြည်သူတွေကောင်းဖို့ လုပ်ခဲ့တဲ့ရလဒ် တစ်ခုမှ မပြနိုင်ပေမယ့် ဆုတွေကတော့ အိမ် အပေါ်ထပ် တစ်ထပ်လုံး ခြေချစရာတောင်နေရာမရှိပါဘူး။ အကျယ်ချုပ်က လွတ်တုန်းကရော တစ်လ ပြည့်တုန်းကရော သီးလေးသီးက ဂုဏ်မပြုခဲ့ပါဘူး။ ဘူး သီး တစ်လုံးပေးလိုက်တုန်းက တော့ ဘူးလှုပ်ရှားမှု ခေါ် အလွန် ကြောက်စရာကောင်းတဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီး ကို ပြင်းပြင်းထန်ထန် လုပ်ပြီး သံချပ်ပြိုင်ပွဲတွေ လုပ်ခဲ့ပေမယ့် ခုတော့ ဘယ်သူမှ ဘာမှ လုပ်မပေးကြတော့ပဲ ဒေါ်အောင်ဆန်းစုကြည် ဈေးရောင်းနေတာကိုပဲ ထိုင်ကြည့်နေခဲ့ကြပါတယ်။ အရင်ကတည်းက ဈေးလေးရောင်းဖို့ အတွက်ကို ကိုယ်တိုင်မရောင်းပဲ ဒေါ်အောင်ဆန်းစုကြည် မလွတ်မချင်း အချိန်အတော်ကြာ ထိုင်စောင့်နေတဲ့ NLD ကလည်း ခုတော့ အလုပ်တွေကို စပြီး အကောင်ထည်ဖော်နေပါပြီ။ ဈေးရောင်းပြီး အမြတ်တွေကို လူမှုရေးလုပ်ငန်းတွေကို ကူညီမယ် လို့ ကြွေးကြော်နေပါပြီ။ ဈေးရောင်းမယ်၊ ဈေးရောင်းလို့ ရတဲ့အမြတ်ကို လူမှုရေးလုပ်ငန်းတွေမှာ ကူညီမယ် ဆိုတဲ့ အလုပ်က ပညာ တစ်လုံးမှ မတတ်တဲ့ လမ်းဘေးက လူတွေတောင် လုပ်နိုင်သေးတာ မှန်ပါတယ်။ ခုလုပ်နေတဲ့ လူတွေကရော ဘာတွေထင်လို့တုန်း။

မီဒီယာတိုက်ခိုက်မှု မှာ ကျွန်တော်အရင်က ဟိုးးအပေါ်က သူတောင်းစားတစ်ယောက်တင်ထားတဲ့ ဦးရုက္ခစိုး ဆိုတဲ့ ပြဇတ်လေးတွေလဲ သွားသွားဖတ်ဖူးပါတယ် ...ဆယ်တန်းမအောင်တဲ့ လမ်းဘေး က ပြက်လုံးမျိုးတွေ ၊ ကာရန်မမိ နဘေ မထိတဲ့ စကားလုံးအစုတ်အပြတ်တွေနဲ့ ဦးသန်းရွှေပါရင်ပြီးရော အစဉ်အမြဲပြက်ထားတဲ့ ချီးပေ အရေးအသားကိုပဲ တွေ့ နေရပါတယ်..အခုလို ဒေါ်လာစားအငြိမ့်နဲ့ မိုးနဲ့ မြေ နံ့သာနဲ့ အီး လိုကို ကွာပါတယ် ..ကျွန်တော် ဘေးအမြင် တွေနဲ့ မကြည့်ပါဘူး ..နိုင်ငံရေး မီဒီယာ တိုက်ခိုက်မှု အငြိမ့်တစ်ခုကို ကြည့်တဲ့ ပရိတ်သတ်မျက်လုံးနဲ့ ပဲကြည့်တာပါ..ရယ်ရဖို့ ဝေးစွ ..စိတ်ထဲကနေတံတွေးတွေပဲ အကြိမ်ကြိမ်ထွေးမိပါရောလားဗျာ(ကျုပ် ရှေ့ ကဖလက်ရှ်ကြီးတောင် တစ်ခါ တံတွေးစင်သွားလို့ နောက်ပိုင်း သတိနဲ့ ပဲ စိတ်ထဲက ထွေးရတယ် ..ဖြစ်ပုံများ) ဆိုတော့ကာ ..ကျေးဇူးပြုပြီး ကိုနေနတ်ရေ ..အဲဒီ ရုက္ခစိုး အငြိမ့်ရေးတဲ့ ဆရာသမားကို ကိုယ့်ထမင်းကိုယ်စားပြီး နဘန်ဆယ့်ခုနှစ်ချက်လောက်ကျွေးပြီး တစ်လလောက်ခေါ်သင်ပေးလိုက်ပါလားဗျာ..ပရိသတ်တစ်ယောက်အနေနဲ့ ကြားထဲက တောင်းပန်တာပါ..တံတွေးတွေလဲ ကုန်လွန်းလို့ ပါ..ကလောင်အမည် ရန်ကုန်သားတာတေ (တကယ်လဲ ညစ်စုတ်တာတေလန်ပြတ်နေတဲ့ သူတောင်းစားတစ်ယောက်ဖြစ်ပါလိမ့်မယ်)က ဧရာဝတီ ဘလော့ဂ်မှာ အားဖြည့်နေကျ ပါ ..စာမူခ နှစ်ပဲနဲ့ တစ်ပြားတော့ရမယ်ထင်တယ်...အိုကေ..ဒါပါပဲ

Account ရေ မင်းက နေနက်ရဲ့ မယားပါသား ဟုတ်ရင်ဟုတ် မဟုတ်ရင် စစ်အစိုးရ အသိုင်းအ၀ိုင်းမှာ ဖင်ခံစားနေတဲ့ကောာင်ပဲဖြစ်ရမယ်။
ဘာအနှစ်သာရမှမရှိပဲ တမင်သက်သက်ပုတ်ခတ်ရေးထားတဲ့ ဆောက်သုံးမကျတဲ့ အငြိမ့်ဖက်က လိုက်ပြောပေးနေရအောင် မင်းမှာ စဉ်းစားတတ်တဲ့ဦးနှောက်မရှိဘူးလား ? ဖင်ပဲခံတတ်တာလား ?
ကိုတာတေရေးထားတာက အခုဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံက အကြောင်းအရာတွေကို သရော်စာအနေနဲ့ ပြောက်မြောက်စွာရေးထားတာ၊ အဲဒါကိုမှ မင်းကမကောင်းဘူးဆိုတော့ မင်းမှာစဉ်းစားတတ်တဲ့ ဥာဏ်မရှိဘဲ ဖင်ပဲခံတတ်လို့ဖြစ်ရမယ်။

အရင်ဆုံးဖင်ခံတဲ့သူ ဟုတ်မဟုတ်ဆိုတာထက် ဂျီမေးလ်အကောင့်လေးတစ်ခုနဲ့ တောင် ကွန့်မန့် မပေးနိုင်တဲ့ ကိုယ့်ကိုယ်ကို ငါ ဖင်ခံတဲ့ ကောင်လား ဆိုတာ ပြန်တွေးပါဦး အမည်မသိကြီးရယ် )))ခင်ဗျားဘိုးအေ မောင်တာတေ က မြန်မာနိုင်ငံက အကြောင်းအရာတွေကို သရော်စာအနေနဲ့ ပြောင်မြောက်စွာရေးတယ်ဆိုပဲ ..ရွှေညဏ်တော်စူးလှပါလား ကွယ်ရို့ ...တပ်ချုပ်ပါရင်ပြီးရော အရေးအသားအစုတ်အပြတ်တွေနဲ့ ရေးထားတဲ့ ထပ်တစ်ရာ စကားလုံးတွေနဲ့ ပေါတောတော ပျက်လုံးတွေကိုမမြင်မိလို့လား ..ဖင်လာပိတ်ငြင်းနေတာလား..တစ်ခုခုပါပဲ..ဖင်တော့ ပိတ်မငြင်းနဲ့ မိတ်ဆွေ ..အခုရေးနေတာ ဖင်ဖွင့်ပေးမယ့် သူရေးနေတာပါ))))

အော်ဒါဆို account ဆိုတဲ့လူက gmail account နဲ့ ဖင်ခံစားနေတဲ့သူပေါ့၊ စစ်အစုးရက မင်းကိုဖင်ချချင်ရင် မင်း gmail account ကို email လှမ်းပို့လိုက်ရုံပဲပေါ့ !!!

နအဖ ဗိုလ်ချုပ်များ အနေဖြင့် အောက်ပါအချက်များကို ယနေ့မှစ၍ မပျက်မကွက် လုပ်ဆောင်ရန်အထူးလိုအပ်ပါသည်။

(၁) အနောက်နိုင်ငံများမှ မိုးလေ၀သ ခန့်မှန်းရေး ဂြိုလ်တု တီထွင်သူများအား နေ့စဉ်ပူဇော်ပသကြ။

(၂) နာဂစ်မုန်တိုင်း လားရာလမ်းကြောင်းကို ကြိုတင်ခန့်မှန်း တွက်ချက်ပေးသော အနောက်နိုင်ငံကြီးတစ်ခု၏ ရေတပ်နှင့် ပြည်ပအဖွဲ့အ စည်းအချို့အား နေ့တိုင်း ဖင်ကုန်းကုန်းပြီး ရှိခိုးဦးချကြ။

(၃) မုန်တိုင်းပြီးဆုံး၍ ဖြစ်ပေါ်လာသော ပြန်လည်တည်ဆောက်ရေး ပရောဂျက်များ အသီးသီး ဆောင်ရွက်လုပ်ကိုင်ခွင့်ရသောအခါ ထုံးစံ အတိုင်း မည်ကဲ့သို့ မျိုဆို့ကြမည်ကို ကြိုတင်စဉ်းစားကြ။

အထူးလုပ်ငန်းလမ်းညွှန်ချက် (၂) ရပ်

(၁) ယခုအခါ သရဏဂုံသုံးပါး ယိုယွင်းပျက်စီးပြီးဖြစ်သော နအဖ အဖွဲ့ဝင်များအနေဖြင့် မကြာမီအချိန်အတွင်း မြန်မာပြည်သူများ၏ ကျိန် စာ သင့်တော့မည်ဖြစ်ရာ လွတ်ရာကျွတ်ရာ၊ မိမိတို့နှင့်ထိုက်တန်ရာ ငရဲကြီးရှစ်ထပ်သို့ မည်သို့မည်ပုံ သွားသင့်သည်ကို စည်းလုံးညီညွတ်စွာ ကြိုတင် ညှိနှိုင်းတိုင်ပင်ကြ။

(၂) လိုအပ်ပါက ယခင်ရောက်နှင့်ပြီးသော အကုသိုလ်ဂိုဏ်းချုပ်ကြီး နေ၀င်းထံသို့ ဆက်သွယ်၍ လုပ်ငန်းလမ်းညွှန်များ ကြိုတင်၍ တောင်းခံကြ။

ကိုယ်အလုပ်ကိုလုပ်တယ် ။
ကိုယ့်ယုံကြည်၇ာ ကိုယ်လုပ်တယ် ။
ကိုယ်အနုပညာကိုယ်လုပ်တယ် ။
ဘယ်သူမှဂရုမစိုက်ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်