Subscribe to our RSS Feed

၂၀၁၀ ပြည့်နှစ် ကမ္ဘာတစ်ဝန်း ထူးခြားဖြစ်စဉ်များ



အိန္ဒိယနိုင်ငံ မန်ဂလောမြို့အနီးပျက်ကျ ခဲ့သည့် အဲအိန္ဒိယ လေယာဉ်ကို တွေ့ရ စဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အီးလ်နှင့် အမွေဆက်ခံ မည့်သားဖြစ်သူ ကင်ဂျုံအွန် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ



ဇန်န၀ါရီ ၁ ရက်

- အီးယူ၏ ဥက္ကဋ္ဌရာထူးကို ဆွီဒင်မှ စပိန်လွှဲယူ။


ဇန်န၀ါရီ ၄ ရက်

- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် လူလုပ်အမြင့်ဆုံးအဆောက်အအုံဖြစ် သည့် Burjkhalifa ကို ဖွင့်လှစ်ပေးခဲ့။


ဇန်န၀ါရီ ၅ ရက်

- တရုတ်(တိုင်ပေ) ကမ်းလွန်ပင်လယ် တွင် ပြင်းအား ၅ ဒသမ ၅ ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့။


ဇန်န၀ါရီ ၁၂ ရက်

- ဟေတီနိုင်ငံတွင် လူ ၂၃၀,၀၀၀ သေဆုံးခဲ့သည့် ပြင်းအား ၇ ဒသမ သုညရှိ မြေငလျင်လှုပ်ခဲ့ပြီး မြို့တော် ပို့အောပရင့်စ် လုံးဝပျက်စီးခဲ့သည်။ လူ ၂၁၂,၀၀၀ သေဆုံး။


ဇန်န၀ါရီ ၁၅ ရက်

- တတိယ နှစ်သုံးထောင်အတွင်း အကြာရှည်ဆုံး နေကြတ်ခြင်းဖြစ်ခဲ့။


ဇန်န၀ါရီ ၂၅ ရက်

- Beirut Rafic Hariri နိုင်ငံတကာလေဆိပ်မှထွက်ခွာခဲ့သည့် အီသီယိုပီး ယား လေကြောင်း လိုင်း ၄၀၉ က မြေထဲ ပင်လယ်ထဲ ထိုးကျပြီး ပါလာ သည့် လူ ၉၀ စလုံး သေဆုံးခဲ့။


ဇန်န၀ါရီ ၂၈ ရက်

- သီရိလင်္ကာနိုင်ငံရှိ သမ္မတ မဟိန္ဒြာ ရာဂျာပတ်ဆီ ဒုတိယအကြိမ် ပြန် လည် အရွေးခံရ။


ဖေဖော်ဝါရီ ၂ ရက်

- ပါပူးဝါး နယူးဂီနီကမ်းလွန်တွင် ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်သွား။


ဖေဖော်ဝါရီ ၁၂-၂၈ ရက်

- ကနေဒါနိုင်ငံ ဗန်ကူးဗားနှင့် ၀ှစ္စလာ မြို့တို့တွင် ဆောင်းရာသီ အိုလံပစ်ပွဲ ကျင်းပခဲ့။


ဖေဖော်ဝါရီ ၁၅ ရက်

- ဘရပ်ဆဲလ်မြို့အပြင်တွင် မြို့ပတ် ရထားနှစ်စင်းခေါင်းချင်းဆိုင် တိုက်မိပြီး လူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၁၀၀ နီးပါးဒဏ်ရာရခဲ့သည်။


ဖေဖော်ဝါရီ ၂၇ ရက်

- ချီလီနိုင်ငံတွင် ပြင်းအား ၈ ဒသမ ၈ ရှိ မြေငလျင်လှုပ်ခတ်၊ ပစိဖိတ်သမုဒ္ဒရာ တွင် ဆူနာမီဖြစ်ပြီး လူ ၄၉၇ ဦးသေဆုံး။ သမိုင်းတွင် အကြီးမားဆုံး မှတ်တမ်းဝင် ဆူနာမီဖြစ်။


ဖေဖော်ဝါရီ ၂၀ ရက်

- ၅၉ ယောက်မြောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒြား ဟေ့ဂ်ျ သေဆုံး။


ဖေဖော်ဝါရီ ၂၂ ရက်

- လွန်ခဲ့သည့်ရှစ်နှစ်ကျော်ကစတင်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ ၂၀၁၀ ပြည့်နှစ် အာဖဂန်စစ်ပွဲတွင် 'ကန်'စစ်သားပေါင်း ၁,၀၀၀ အထိ သေဆုံးခဲ့။


မတ်လ ၈ ရက်

- အစ္စရေးက ဂါဇာဒေသကို ၀င်ရောက် တိုက်ခိုက်စဉ်ကတည်းက ရပ်ဆိုင်းသွား သည့် အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲကို သွယ်ဝိုက်၍ ပြန်လည် ဆွေးနွေးခဲ့။


မတ်လ ၁၁ ရက်

- ဒုတိယမြောက် ဂျော်ဒန်ဘုရင် အဗ္ဗ ဒူလာသည် ရုရှားသမ္မတ ဒီမီထရီ မက် ဗီဒက်ဗ်နှင့် အရှေ့အလယ်ပိုင်းငြိမ်းချမ်း ရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့။


မတ်လ ၁၅ ရက်

- အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နှစ်ဖက်တပ်များ နှစ်နာရီကြာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ ရွာသား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည် ဟု ဒါကာဘက်မှ ကြေညာ။


မတ်လ ၁၆ ရက်

- တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် ရှန်ဟိုင်းမြို့သည် ၂၀၁၀ ပြည့်နှစ် ကုန်စည်ပြပွဲလာရန် ဧည့်သည် များအား ကြိုဆိုရန် ပြင်တွင်းလေဆိပ် တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က အဆောက်အအုံသစ်တစ်ခုဖွင့်လှစ်။


မတ်လ ၁၉ ရက်

- ပြင်းအားအဆင့်(၄)ရှိ ဆိုင်ကလုန်း တိုမက်စ် ဆက်လက်တိုက်ခတ်သဖြင့် ဖီဂျီနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများ ကပ်ဘေးဆိုက်ရောက်ခဲ့။


မတ်လ ၂၃ ရက်

- ဩစတြေးလျအနောက်ပိုင်း ပါ့သ်မြို့ ကို ကြောက်စရာမုန်တိုင်းကြီးနှင့်အတူ ဂေါက်သီးလုံးခန့်ရှိ မိုးသီးများကျပြီး လူ ၁၀၀,၀၀၀ ခန့် လျှပ်စစ်မီးပြတ်ခဲ့။


ဧပြီလ ၇ ရက်

- ကာဂျစ်သမ္မတ ကွမ်မန်ဘက်သည် Bishkek တွင် ဆိုးဆိုးဝါးဝါး ပဋိပက္ခ များဖြစ်ပြီး ထွက်ပြေးရ။ ယခင်နိုင်ငံခြား ရေးဝန်ကြီးဟောင်း ရိုဇာ အိုသွန်ဘရေ ဘာကို ကြားဖြတ်အစိုးရအကြီးအကဲခန့်။


ဧပြီလ ၁၀ ရက်

- ရုရှားအနောက်ဘက်ပိုင်းတွင်ပျက်ကျ ခဲ့သည့် လေယာဉ်၌ သေဆုံးခဲ့သူ ၉၆ ဦးတွင် ပိုလန်သမ္မတ Lech Kaczynski လည်း ပါသွား သည်။


ဧပြီလ ၁၃ ရက်

- တရုတ်နိုင်ငံQinghai မြို့တွင် ၆ ဒသမ ၉ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ ရာ အနည်းဆုံးလူ ၂,၁၈၉ ဦး သေဆုံး ပြီး ၁၀,၀၀၀ ကျော် ဒဏ်ရာရခဲ့ကာ ၈၄ ဦး ပျောက်ဆုံးခဲ့။


ဧပြီလ ၁၄ ရက်

- အိုက်စလန်နိုင်ငံရှိ Eyjafjalla-Jokull မီးတောင်ပေါက်ကွဲမှုကြောင့် မြောက်နှင့် အနောက်ဥရောပတို့တွင် လေယာဉ်ပျံ သန်းမှုကို ဒုက္ခရောက်စေခဲ့သည်။


ဧပြီလ ၂၀ ရက်
- မက္ကဆီကိုပင်လယ်ကွေ့ရှိ Deepwater Horizon ရေနံ ပလက်ဖောင်းပေါက်ကွဲ မှုဖြစ်ပြီး အလုပ်သမား ၁၁ ဦးသေဆုံးခဲ့။ သမိုင်းတွင် အကြီးဆုံး ရေနံယိုဖိတ်မှု တစ်ရပ်ဖြစ်ခဲ့ပြီး 'ကန်'နိုင်ငံကမ်းရိုးတန်း နှင့် ရေများ ညစ်ညမ်းစေခဲ့သည်။


ဧပြီလ ၂၅ ရက်

- အီရန် အစောင့်တပ်က ကမ်းခြေမှ နေ၍ ပင်လယ်ပြင်သို့လည်းကောင်း၊ ပင်လယ်ပြင်မှ ပင်လယ်သို့လည်းကောင်း ဒုံးကျည်ငါးစင်း ပစ်လွှတ်ခဲ့သည်။


မေလ ၃ ရက်

- မွမ်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်ခဲ့ ပြီး တစ်ဦးတည်းကျန်ရစ်ခဲ့သူ ကာဆာ့ဘ် ကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှုနှင့် အိန္ဒိယနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်မှု နှင့် အရေးယူ။


မေလ ၅ ရက်

- ချီလီနယ်စပ်နှင့် ပီရူးနိုင်ငံတောင်ပိုင်း ၌ ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်လှုပ် ခတ်သွားခဲ့။


မေလ ၆ ရက်

- တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမြို့ ဖြစ်သည့် ချုံကင်းတွင် လေဆင်နှာ မောင်း တိုက်ခတ်ကာ လူ ၂၃ ဦး သေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရခဲ့။


မေလ ၁၀ ရက်

- ဆိုက်ဘီးရီးယားသတ္တုတွင်း၌ မီသိန်း ဓာတ်ငွေ့ပေါက်ပြီး လူ ၃၀ သေဆုံးခဲ့။


မေလ ၁၁ ရက်

- ပါကစ္စတန် အနောက်မြောက်ဒေသ တွင် 'ကန်'မောင်းသူမဲ့လေယာဉ်ဖြင့် ဒုံးကျည် ၁၀ စင်း ပစ်ခတ်သည့်အတွက် စစ်သွေးကြွလေးဦး သေဆုံးခဲ့။


မေလ ၁၂ ရက်

- လစ်ဗျားနိုင်ငံ ထရီပိုလီ နိုင်ငံတကာ လေဆိပ်တွင် Afriqiyah လေကြောင်း လိုင်းအမှတ် ၇၇၁ ပျက်ကျပြီး လေယာဉ် ပေါ်တွင်ပါ လာသည့် လူ ၁၀၄ ဦးအနက် ၁၀၃ ဦး သေဆုံးခဲ့သည်။


မေလ ၁၄ ရက်

- ရှပ်နီဝတ်ဆန္ဒပြသမား ထောင်ပေါင်း များစွာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် အစိုးရပြုတ်ကျရေးအတွက် ဆန္ဒပြ။


မေလ ၂၀ ရက်

- တစ်ကမ္ဘာလုံးရှိ လူသန်း ၂၅၀ ကို ကူးစက်ပြီး တစ်နှစ်လျှင် လူ ၈၅၀,၀၀၀ သေစေသည့် ငှက်ဖျားရောဂါအတွက် တိုက်ဖျက်ရန်၊ ဆေးသစ်များရှာဖွေရန် ကွန်ပေါင်းများထောင်နှင့်ချီပြီး တွေ့ထား ကြောင်း နေးချားဂျာနယ်တွင်ဖော်ပြခဲ့။


မေလ ၂၂ ရက်

- အိန္ဒိယနိုင်ငံရှိ Mangalore နိုင်ငံတကာ လေဆိပ်တွင် Air India Express လေကြောင်းလိုင်း ၈၁၂ သည် လေယာဉ်ပြေးလမ်းလွန်ပြီး လေယာဉ် ပျက်ခဲ့သည့်အတွက် လူ ၁၅၈ ဦးသေ ဆုံးပြီး ရှစ်ဦးမသေဘဲကျန်ရစ်ခဲ့သည်။


မေလ ၃၁ ရက်

- ဂါဇာသွားမည့် ရေယာဉ်တစ်စုကို အစ္စရေးကွန်မန်ဒိုများ ၀င်ရောက်စီးနင်း ခဲ့။


ဇွန်လ ၁ ရက်

- အယ်လ်ကေဒါကို တည်ထောင်ခဲ့သူ တစ်ဦးနှင့် အာဖဂန်ရှိ အယ်လ်ကေဒါ အဖွဲ့အကြီးအကဲ အီဂျစ်နိုင်ငံသား မူစတာဖာ သေဆုံး။


ဇွန်လ ၂ ရက်

- ဂျပန်ဝန်ကြီးချုပ် ယူကီယို ဟာတိုယာ မာ ရာထူးမှ နုတ်ထွက်။


ဇွန်လ ၃ ရက်

- အာဖဂန်နစ္စတန်နိုင်ငံတွင် ရာနှင့် ချီသည့် အာဖဂန်နစ္စတန်နိုင်ငံ ခေါင်း ဆောင်များနှင့် ၎င်းတို့တိုင်းပြည်ရှေ့ရေး ဆွေးနွေးညှိနှိုင်း နေစဉ် တာလီဘန် စစ်သွေးကြွများ တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတင်းကျပ်ထားခဲ့။


ဇွန်လ ၇ ရက်

- မက္ကဆီကိုနိုင်ငံ သတ္တုတွင်းဟောင်း တစ်ခုတွင် မူးယစ်ဆေးဝါးနှင့်ဆက်နွှယ် သည့် အကြမ်းဖက်တိုက်ခိုက်မှုမှလူသေ အလောင်း ၅၅ လောင်းစွန့်ပစ်ထား သည်ကို တွေ့ရှိခဲ့။


ဇွန်လ ၉ ရက်

- ကာဂျစ္စတန်နိုင်ငံတွင် ကာဂျစ်နှင့် ဥဇဘက်လူမျိုးစု အဓိကရုဏ်းများဖြစ် ကြပြီး လူရာနှင့်ချီသေဆုံး။


ဇွန်လ ၁၁ မှ ဇူလိုင် ၁၁ အထိ

- ၂၀၁၀ ပြည့်နှစ် ဖီဖာ ကမ္ဘာ့ဖလားကို တောင်အာဖရိကနိုင်ငံတွင်ကျင်းပခဲ့။စပိန်နိုင်ငံမှ အနိုင်ရရှိသွား။


ဇွန်လ ၂၂ ရက်

- တရုတ် ဗဟိုဘဏ်ကတိအတိုင်း ၎င်း၏ ယွမ်ငွေကို အမေရိကန်တစ် ဒေါ်လာ လျှင် ၆ ဒသမ ၇၉၈၀ အဖြစ် ပြင်ဆင် သတ်မှတ်လိုက် သည်။


ဇူလိုင်လ ၁ ရက်

- အီးယူကောင်စီသမ္မတရာထူးကို ဘယ်လ်ဂျီယံ စပိန်မှလွှဲယူခဲ့။


ဇူလိုင်လ ၇ ရက်

- ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိ ငလျင် တစ်ခု လော့ဆန်းဂျလိစ်၊ ဆန်တီ ယေဂိုနှင့် ကယ်လီဖိုးနီးယားတောင်ပိုင်း ဒေသအချို့တွင် လှုပ်ခတ်သွားခဲ့။


ဇူလိုင်လ ၁၂ ရက်

- ကျူးဘားခေါင်းဆောင် ဖီဒယ်ကက် စထရို၏ရုပ်ပုံများ တစ်နှစ်နီးပါး ပထမ ဆုံးအကြိမ်အဖြစ် အစိုးရရုပ်မြင်သံကြား တွင် တွေ့မြင်ရ။


ဇူလိုင်လ ၁၄ ရက်

- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ပုံစံမကျဘဲ ပြန့်ကျဲရှုပ်ပွနေသည့် စက်မှုဇုန်ဒေသ တွင် ကလိုရင်းဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အနည်းဆုံး လူ ၆၀ ဆေးရုံသို့ပို့ခဲ့ရသည်။


ဇူလိုင်လ ၁၅ ရက်

- တစ်နာရီ ၇၄ မိုင်နှုန်းဖြင့် တိုက်ခတ် ခဲ့သည့် ကွန်ဆွန် တိုင်ဖွန်းမုန်တိုင်း ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အပျက် အစီးများပြီး လူ ၂၃ ဦးအထိ သေဆုံးခဲ့။


ဇူလိုင်လ ၂၅ ရက်

- ၀ီကီလိခ် ၀က်ဘ်ဆိုက်မှ အာဖဂန် စစ်ပွဲ (၂၀၀၄ မှ ၂၀၁၀ အထိ) မှ လျှို့ဝှက်မှတ်တမ်း ၉၀,၀၀၀ ကျော်ကို အများကြည့်ရှုနိုင်ရန် ၎င်းဝက်ဘ် ဆိုက်ပေါ်တွင် တင်ပြခဲ့။


ဇူလိုင်လ ၂၉ ရက်

- ပါကစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁,၆၀၀ သေဆုံး ခဲ့ပြီး လူ တစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။


ဩဂုတ်လ ၂ ရက်

- ဂျော်ဒန်နိုင်ငံ အက္ကဘာဆိပ်ကမ်းမြို့ Intercontinental ဟိုတယ်ကြီးအနီးရှိ လမ်းမပေါ် Grad ဒုံးပျံ တစ်စင်းကျ ရောက်ခဲ့၍ လူလေး ဦး ဒဏ်ရာရခဲ့။


ဩဂုတ်လ ၄ ရက်

- မက္ကဆီကိုသမ္မတက အင်အားကြီးမားသည့် မူးယစ်ဒုစရိုက်ဂိုဏ်းများကို ၂၀၀၆ ခုနှစ်တွင် စစ်တပ်ဖြင့် စတင်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၂၈,၀၀၀ သေဆုံးခဲ့ကြောင်းကြေညာ။


ဩဂုတ်လ ၁၀ ရက်

- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က H1N1 တုပ်ကွေးရောဂါ ကမ္ဘာတစ်ဝန်း ပုံမှန်ဖြစ်သွားကြောင်း ကြေညာ။


ဩဂုတ်လ ၁၁ ရက်

- ရုပ်ပြင်ခွဲစိတ်ကုသမှုခံယူသူတို့မှ ရရှိ နိုင်သည့် ပဋိဇီဝဆေး လုံးဝမတိုးသည့် စူပါဘာ့ဂ် ရောဂါပိုးသစ်များ ၀င်ရောက် နေကြောင်း သုတေသီများက ကြေညာ


ဩဂုတ်လ ၁၆ ရက်

- ပစိဖိတ်သမုဒ္ဒရာနိုင်ငံတစ်နိုင်ငံဖြစ်သည့် ပါပူးဝါးနယူးဂီနီကို ပြင်းအား ၆ ဒသမ ၃ ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့။


ဩဂုတ်လ ၁၇ ရက်

- လန်ဒန်မြို့တွင် ရထားတစ်စင်းသည် လမ်းဆုံ၌ မိလ္လာကားနှင့်တိုက်မိပြီး လမ်းချော်ရာ လူ ၂၁ ဦးဒဏ်ရာရခဲ့။


စက်တင်ဘာ ၃ ရက်

- အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအစီ အစဉ် ပြန်လည်စတင်ရေးညှိနှိုင်းပွဲအစီ အစဉ် အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင်ပြုလုပ်။


စက်တင်ဘာ ၁၃ ရက်

- ဗင်နီဇွဲလားနိုင်ငံတွင် လေယာဉ် တစ်စင်းပျက်ကျခဲ့ပြီး လူ ၁၅ ဦးသေ ဆုံးခဲ့သော်လည်း ၃၆ ဦး အံ့ဩလောက် အောင် အသက်ရှင် ကျန်ခဲ့သည်။


စက်တင်ဘာ ၁၄ ရက်

- အတ္တလန္တိတ်သမုဒ္ဒရာအလယ်ပိုင်း တွင် တိုက်ခတ်နေသည့် မုန်တိုင်း အီဂေါသည် တစ်နာရီ ၁၄၅ မိုင်နှုန်းဖြင့် ဆက်လက်အရှိန်ယူ ကြီးထွားခဲ့သည်။


စက်တင်ဘာ ၁၉ ရက်

- ကုန်ကျစရိတ်အများဆုံးနှင့် အကြီး မားဆုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အဖြစ်ဆိုးကြီးဖြစ်သည့် မက္ကဆီ ကိုပင်လယ်ကွေ့ ဘီပီကုမ္ပဏီ၏ ရေနံ တွင်းယိုဖိတ်မှုကို ငါးလအကြာတွင် အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့သည်။


အောက်တိုဘာ ၁၃ ရက်

- ချီလီနိုင်ငံ၊ ကိုပီရာပိုမြို့ရှိ ဆန်ဟိုဆေး မိုင်းတွင်းပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့ပြီး အလုပ်သမား ၃၃ ဦး ၆၅ ရက် ပိတ်မိ နေပြီး အားလုံးကို ကယ်ဆယ်နိုင်ခဲ့။


အောက်တိုဘာ ၂၂ ရက်

- ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက် နေ့ကစပြီး ယခုထိ ရက်ပေါင်း ၃,၆၄၁ ရက်ကြာမြင့်စွာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း တွင် ဆက်တိုက်နေခဲ့ သည့်အတွက် စံချိန်ကိုချိုးခဲ့သည်။


အောက်တိုဘာ ၂၅ ရက်

- အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်း၏ ကမ်းရိုးတန်းတွင် မြေငလျင်လှုပ်ခတ်ပြီး ဆူနာမီဖြစ်ခဲ့သည့်အတွက် လူ ၄၀၀ ကျော် သေဆုံးပြီး ရာနှင့်ချီ၍ ပျောက် ဆုံးခဲ့သည်။


အောက်တိုဘာ ၂၆ ရက်

- အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းလယ် ရှိ မီရာပီမီးတောင် ဆက်တိုက်ပေါက်ကွဲ သည့်အတွက် လူ ၂၄၀ သေဆုံးပြီး ထောင်နှင့်ချီသည့် လူများ ဘေးလွတ် ရာသို့ ပြောင်းရွှေ့ကြရသည်။


အောက်တိုဘာ ၂၈ ရက်

- မြောက်ကိုရီးယားခေါင်းဆောင် ကင် ဂျုံအီးလ်၏ အငယ်ဆုံးသား ကင်ဂျုံအွန် ကို ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး ခန့်အပ်ကြေညာခဲ့သည်။


နိုဝင်ဘာ ၄ ရက်

- ကျူးဘားနိုင်ငံ အလယ်ပိုင်းတွင် Aero Carribbean လေကြောင်းလိုင်းအမှတ် ၈၈၃ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါရှိ လာသည့်လူ ၆၈ ဦးစလုံးသေဆုံး။


နိုဝင်ဘာ ၁၂ ရက်

- တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပခဲ့သည့် ဂျီ-၂၀ ထိပ်သီးအစည်း အဝေးကို ဂျီ-၈ နိုင်ငံအဖွဲ့ဝင်တစ်ဦး မဟုတ်သည့် ကိုရီးယားနိုင်ငံနှင့် ပထမ ဦးဆုံး ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ကျင်းပခွင့်ရခဲ့ခြင်းဖြစ်သည်။


နိုဝင်ဘာ ၂၂ ရက်

- ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော် တွင် နှစ်စဉ်ပြုလုပ်နေကျ ခမာ ရေကစားပွဲတော်တွင် လူအုပ်ကြီးပြုံတိုး သည့်အတွက် လူ ၃၅၀ ဦးသေဆုံး ခဲ့သည်။


နိုဝင်ဘာ ၂၃ ရက်

- မြောက်ကိုရီးယားက ယွန်ပြောင်ကျွန်း ကို ဒုံးကျည်များနှင့်ပစ်ခတ်ခဲ့သည့် အတွက် တောင်ကိုရီးယားက ပြန်လည် ပစ်ခတ်ခဲ့သည်။ ကုလသမဂ္ဂက ၎င်း ကိစ္စသည် ကိုရီးယားစစ်ပြီးကတည်းက အပြင်းထန်ဆုံးပစ်ခတ်မှုဟု သတ်မှတ် လိုက်သည်။


နိုဝင်ဘာ ၂၈ ရက်

- ၀ီကီလိခ်က 'ကန်'သံတမန် ထိပ်တန်း လျှို့ဝှက်စာတမ်း ၂၅၀,၀၀၀ ကျော်ကို ထုတ်လွှင့်လိုက်သည်။


နိုဝင်ဘာ ၂၉ ရက်

- မက္ကဆီကိုနိုင်ငံ ကန်ချွန်မြို့တွင် ၂၀၁၀ ပြည့်နှစ်၊ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲရေးအစည်းအဝေးကို ကျင်းပ ခဲ့သည်။


ဒီဇင်ဘာ ၆ ရက်

- ပါကစ္စတန်နိုင်ငံလူမျိုးစုဒေသတွင် တာလီဘန်စစ်သွေးကြွများကိုဆန့်ကျင် ရေးပြသနေသည့်အဖွဲ့နှင့် အစိုးရ ထောက်ခံသည့် အဖွဲ့ ကို ရဲဝတ်စုံဝတ် အသေခံဗုံးခွဲသူနှစ်ဦးက ဗုံးခွဲခဲ့သည့် အတွက် လူ ၄၃ ဦး သေဆုံးခဲ့သည်။


ဒီဇင်ဘာ ၇ ရက်

- ဆွီဒင်နိုင်ငံ ဗော်ဗိုကားကုမ္ပဏီ၏ ပိုင်ရှင်အသစ်ဖြစ်သည့် တရုတ်နိုင်ငံ Geely Automobile Holdings က ဒီဇင်ဘာ ၂၂ ရက်ကစပြီး အွန်လိုင်း ပေါ်တွင် ၎င်း၏ကားများရောင်းချ မည်ဟု ကြေညာသွားသည်။


ဒီဇင်ဘာ ၈ ရက်

- ကမ္ဘာကျော် ဘီးတဲလ်တီးဝိုင်းအဖွဲ့မှ အဆိုတော် ဂျွန်လင်နွန်ကွယ်လွန်ခဲ့ သည့် နှစ် ၃၀ ပြည့်အထိမ်းအမှတ် ကမ္ဘာတစ်ဝန်းပြုလုပ်ခဲ့ သည်။


ဒီဇင်ဘာ ၁၂ ရက်

- အဖွဲ့ဝင် ၄၂ ဦးပါဝင်သည့် တောင်ကို ရီးယားငါးဖမ်းသင်္ဘောတစ်စင်းသည် အတ္တလန္တိတ်သမုဒ္ဒရာတွင် နစ်မြုပ်ခဲ့ပြီး ငါးဖမ်းသမား လေးဦးသေဆုံးပြီး ၁၈ ဦး ပျောက်ဆုံးခဲ့။


ဒီဇင်ဘာ ၁၃ ရက်

- ငြိမ်းချမ်းရေးစစ်သည်ကြီး အမေရိ ကန် သံတမန် ရစ်ချတ် ဟိုးလ်ဘရုတ်ခ် ကွယ်လွန်ခဲ့။



(အေအက်ဖ်ပီ)
ရဲလင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၉)

မြန်မာတိုင်း(မ်)


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်