Subscribe to our RSS Feed

29 comments:

အမေညုက ပြည်သူတွေကို ချစ်လွန်းလို့ စီးပွါးရေး ပိတ်ဆို့ခိုင်းတာပါ နော် အဟွန့်

ဒီစာရွက်လေး ကျေးဇူးပြုပြီး ကိုင်ပေးပါဦး ဓါတ်ပုံရိုက်ချင်လို့ပါ ဆိုပြီး လုပ်ထားလေသလား မှတ်ရတယ်..ဖြစ်လည်းဖြစ်နိုင်ပါတယ်...။

မြန်မာနိုင်ငံတွင် မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်သန်းရွှေမှ သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ခပ်တည်တည်ပြောကြားသွားခဲ့သည်။

စက်မှုလယ်ယာ။ ။ လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်နေကြပြီဖြစ်သည်။

လက်မှုလယ်ယာ။ ။ စာရွက်စာတမ်း နှင့် စာရင်းဇယားပေါ်တွင် လျာထားချက်ထက် ကျော်လွန်၍ ထွက်ရှိနေလျက်ရှိသည်။

စိုက်ပျိုးရေး ။ ။ UNODC မှပင် အသိအမှတ်ပြုရသည်အထိ ဘိန်းစိုက်ပျိုးရေးတွင် အထူးဖွံ့ဖြိုးတိုးတက် နေသည်။ နောင်အနာဂတ်တွင် ကမ္ဘာ့နံပါတ်တစ် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသအဖြစ်ရောက်ရှိအောင်
အစွမ်းကုန်ဆောင်ရွက်သွားမည်ဟုလည်း သက်ဆိုင်သူများမှ ကတိပြုပြောကြားထားသည်။

စွမ်းအင် ။ ။ နောက်ချေး မှ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲခြင်း။ ကြက်ဆူဆီမှ လောင်စာဆီထုတ်ယူသုံးစွဲခြင်းဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများကပင် လက်ဖျားခါသွားရသည်အထိ တိုးတက်လျက်ရှိသည်။ သို့သော် သနားကြင်နာတတ်သော မြန်မာနိုင်ငံသားများသည် တိရိစ္ဆာန်များကို
မနှိပ်စက်လိုသဖြင့် အစိုးရမှ ဖြန့်ဖြူးပေးသော ဓါတ်အားကို သာ သုံးစွဲကြသော်လည်း နိုင်ငံနှင့်အ၀ှမ်း မီးလာချိန်တွင် ထိန်ထိန်လင်း နေသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသဖြင့်လည်း ကြက်ဆူအစားထိုး ဒီဇယ် ဓါတ်ဆီများကိုသာ အများဆုံးသုံးစွဲနေကြလျက်ရှိသည်။

ကာကွယ်ရေး ။ ။ ဂျီသရီး မီးကျိုးမောင်းပျက် သေနတ်မှသည် အဏုမြူလက်နက် တပ်ဆင်ရန်ကြိုးပမ်းသည်အထိ ကြောက်ခမန်းလိလိ တိုးတက်လျက်ရှိသည်။ နှစ်စဉ် တပ်မတော်အရာရှိများ အများအပြားမွေးထုတ်နိုင်နေသဖြင့် နောင်အနာဂတ် တပ်မတော်တွင် စစ်ဆင်ရေးဆင်နွဲရာ ၌ ဗိုလ် အဆင့်ကို အနိမ့်ဆုံးအဖြစ် သတ်မှတ်နိုင်လာတော့မည်ဖြစ်သည်။ ပြည်တွင်းရေးတည်ငြိမ်မှုကို
ဖျက်ဆီးနိုင်သော အေးချမ်းစွာဆန္နပြမှုများကို ဖြိုခွင်းရန် ဖွင့်လှစ်သော တိတ်တိတ်ပုန်း တုတ်သိုင်း သင်တန်းများတွင်လည်း နေ့စားလပေး စွမ်းအားရှင်များ တက်တက်ကြွကြွ တက်ရောက်လျက် မခံမရပ်နိုင်သောပြည်သူများ အမည်ကိုခံယူရန် အဆင်သင့်ဖြစ်နေကြလျက်ရှိသည်။

ပညာရေး ။ ။ ဗိုလ်ချုပ်ကြီးများနှင့် စူပါ စီးပွါးရေးသမားများ၏ သားသမီးများအားလုံးနီးပါး နိုင်ငံခြားကျောင်းများတွင် ပညာသင်ယူနေနိုင် ကြပြီဖြစ်သည်။ ပြည်ပတွင် မတက်ရောက်နိုင်သူများကိုလည်း အေးချမ်းစွာပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ် များကို မြို့ပြင်ရွာနီးချုပ်စပ်များသို့ ပို့ဆောင်ပေးထားပြီးဖြစ်သည်။ ပြည်တွင်းတွင်လည်း ၀ိဇ္ဖာ သိပ္ပံ နေ့တက် / အဝေးသင်၊ အင်ဂျင်နီယာ ၊ ရှေ့နေ ၊ဆရာဝန် ၊မဟာဘွဲ့၊ ပါရဂူဘွဲ့ စသည့် ပညာတတ်များ စက်နှင့်လှည့်ထုတ်သကဲ့သို့ အရေအတွက်များစွာ နှစ်စဉ်ပေါ်ထွန်းနေပေသည်။ အထူးတိုးတက်သည့်အချက်မှာ ဘွဲ့ရ ပညာတတ်အားလုံးနီးပါး အမိမြန်မာစာကို ကောင်းစွာ ရေးတတ် ဖတ်တတ် ပြောဆိုတတ်ကြခြင်းဖြစ်သည်။ နိုင်ငံတ၀န်းလုံးအတိုင်းအတာ အရဆိုလျှင် စာမသင်နိုင်သူများမှလွဲ၍ အားလံုး စာတတ်မြောက်နေပြီဖြစ်ကြောင်း ၀မ်းမြောက်ဖွယ်တွေ့၇ှိရပေသည်။

အလုပ်အကိုင်အခွင့်အလမ်း ။ ။ သိသာထင်ရှားစွာပင် တိုးတက်နေပြီဖြစ်သည်။
ဘွဲ့ရလူငယ်များအနေဖြင့် ဆိုက်ကားသမား ၊ ကွမ်းယာသည် ၊ဂျာနယ်လက်ပွေ့ရောင်းသူ အစရှိသဖြင့် တပိုင်တနိင် ကိုယ်ပိုင်လုပ်ငန်းကို လွတ်လွတ်လပ်လပ် ထူထောင်နိုင်သကဲ့သို့ အရောင်းစာရေး ။ စားပွဲထိုး ။ စပယ်ရာ စသည့် လခစားအလုပ်များတွင်လည်း ထိုက်ထိုက်တန်တန် လစာများဖြင့်
ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီ ဖြစ်သည်။ အစိုးရ၀န်ထမ်း အပိုင်းတွင်လည်း အသိပညာ အတတ်ပညာများ လွန်စွာပြည့်စုံသည်ဟု ထင်ရသော အရပ်ဝတ်လဲ ပုဂ္ဂိုလ်များကို ထိပ်ပိုင်းရာထူးများတွင် တာဝန်ယူစေပြီးဖြစ်သည်။ ပညာမတတ်သူများပင်လျှင် အနှိပ်ခန်း။ ကာရာအိုကေ။ အလှပြင်ဆိုင်။
နိုက်ကလပ်များတွင် လွယ်လင့်တကူ လုပ်ကိုင်နီုင်ရန် လမ်းဖွင့်ပေးထားလျက်ရှိသည်။ ကလေးသူငယ်များမှအစ လ္ဘက်ရည်ဆိုင်တွင် စားပွဲထိုးနေပြီဖြစ်သဖြင့် မကြာမတင်ကာလတွင် ကမ္ဘာ့အလယ်
အလုပ်လက်မဲ့အနည်းဆုံးနိုင်ငံအဖြစ် ၀င့်ထည်နိုင်တော့ မည်ဖြစ်သည်။

ဆန်၊ ဆီ၊ သားငါးရေထွက်ပစ္စည်း ။ ။ အခြေခံစားကုန်များအားလုံး ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးနိုင်မှုကြောင့် ငွေကြေးတတ်နိုင်သူအားလုံး အလွယ်တကူ ၀ယ်ယူစားသုံးနိုင်နေပြီဖြစ်သည်။ စားသုံးရန် မသင့်တော်သော ပုစွန်ထုပ်ကြီးများ ၊ ငါးသလောက်အကောင်ကြီးများ ၊ စံမီ ငါးရှဥ့်များကို
နိုင်ငံတော်မှ အနစ်နာခံကာ အခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချပေးလျက်ရှိသည်။
ကုန်ဈေးနှုန်းများလည်း တည်ငြီမ်၍ ငွေကြေးဖောင်းပွမှုနှုန်း အလွန်နည်း သဖြင့် ပြည်သူအများစုမှာ ကန်စွန်းရွက်နှင့် ငါးပိကဲ့သို့သော ဗီတာမင်ပြည့်ဝသည့်အစာများကို နေ့စဉ် စားသုံးနိုင်လျက်ရှိကြသည်။

ဆက်သွယ်ရေး ။ ။ ပြည်သူများ ကွန်ပြူတာ အင်တာနက်နှင့် ထိတွေ့ချိန်ပိုမိုများပြားစေရန် ရည်ရွယ်၍ အင်တာနက်လိုင်းများ နှေးကွေးစေခြင်းဖြင့်လည်းကောင်း ။ အကျော်အခွ ဗဟုသုတတိုးပွါးစေရန် ရည်သန်၍
နိုင်ငံရေး ဆိုဒ်များကို ဘန်းထားခြင်းဖြင့် လည်းကောင်း အဘက်ဘက်မှ စနစ်တကျမြှင့်တင်လျက်ရှိသည်။ အခြေခံဆက်သွယ်ရေးဖြစ်သည့် တယ်လီဖုန်းဆိုလျှင်လည်း အနှစ်နှစ်ဆယ်အတွင်း တဖြေးဖြေး
ကြိုးပမ်းလာမှုကြောင့် အနိမ့်ဆုံးဈေးမှာ နိုင်ငံတကာနှင့်ယှဉ်လျှင် အဆတစ်ရာကျော်ကျော်လေးသာ မြင့်တက်နေတော့သည်။ ယခု နှုန်းအတိုင်းဆိုလျှင် နောက်ထပ်အနှစ်လေးဆယ်မှ ခြောက်ဆယ်အတွင်း နိင်ငံတကာနှင့် တန်းတူပြည်သူတိုင်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း အားတက်စဖွယ် တွေ့ရှိရသည်။
ဖုန်းလိုင်းများ များပြားလာသကဲ့သို့ ခေါ်မရခြင်း။ စကားသံမကြားရခြင်း။ မတ်ဆေ့ခ်ျ မှားယွင်းရောက်ရှိခြင်း ကဲ့သို့သော အသေးအဖွဲပြဿနာလေးများမှလွဲ၍ ပြည်သူအများစုမှာ စတိုင်ကျကျ ဖုန်းကို ပါးစပ်နားကပ်ပြီး ပြောတတ်နေပြီဖြစ်သည်။

လမ်း/ တံတား ။ ။ လမ်းများ တံတားများကို ငွေအား လူအားမြောက်များစွာ အကုန်အကျခံ၍ တည်ဆောက်ပေးခဲ့သဖြင့် ပြည်သူများမှာ စိတ်အေးချမ်းသာစွာ ထိုက်ထိုက်တန်တန် အခွန်အခပေးပြီး ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။ တံတားများမှာလည်း မဟာဗျူဟာကျကျ တည်ဆောက်ထားသဖြင့် ဆူပူမှုရှိလာပါက ဖြတ်တောက်ပိတ်ဆို့လိုက်ခြင်းဖြင့် ပြည်သူများ အေးချမ်းစွာဘာမျှမသိရှိဘဲ
နေနိုင်မည် ဖြစ်သည်။

သတင်းမီဒီယာ ။ ။ မီဒီယာများအနေဖြင့် သတင်းမှန်များကို ကြေးမုံနှင့်မြန်မာ့အလင်းကဲ့သို့ စောင်ေ၇အများဆုံးရိုက်နှိပ်ထုတ်ဝေသော သတင်းစာများတွင် ဖော်ပြခွင့်ရရှိနေကြပြီဖြစ်သည်။ အခြားသော ဂျာနယ်များတွင် ဖော်ပြသောသတင်းများကိုလည်း စာပေစိစစ်ရေးနှင့် သဘောမတွေ့သော
စာမူများမှအပ ကျန်သည့်ကြော်ငြာကဲ့သို့သော အရာများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိနေပြီ ဖြစ်ရာ မကြုံစဖူး ထူးကဲသော မီဒီယာလွတ်လပ်ခွင့်ကို ရရှိနေကြပြီဖြစ်သည်။အနုပညာရှင်များကိုလည်း မသီဆိုရ။ မရိုက်ကူးရ။
မထုတ်လုပ်ရ ဟု ပိတ်ပင်သည်မှ လွဲ၍ အသက်ကိုရန်မရှာဘဲ လွတ်လပ်စွာဖျော်ဖြေနိုင်သည် ဖြစ်ပေသည်။

နိုင်ငံခြားရေး ။ ။ ၁၈ နှစ်ပြည့်ပြီးသူတိုင်း ပြည်ပထွက် အလုပ်လုပ်နိုင်ရေးအတွက် ပတ်စ်ပို့ရုံးတွင် နိုင်ငံသားတိုင်း ထုတ်ယူကိုင်ဆောင်နိုင်ရန် သိန်းဂဏန်းမျှသော ငွေကြေးဖြင့် စေတနာကြီးမားစွာ
ထုတ်ပေးနေလျက်ရှိသည်။ နိုင်ငံတကာဆက်ဆံေ၇းတွင်လည်း တရုတ်နိုင်ငံနှင့်သားအဖ ၊ မြောက်ကိုရီးယားနှင့် သမီးယောက်ဖ သဖွယ်ရင်းနှီးခင်မင်စွာဆက်ဆံလျက်၇ှိရာ ကမ္ဘာ့တလွှားတွင် ရောက်ရှိနေကြသော ရွှေမြန်မာများမှာ မိမိတို့၏ ပတ်စ်ပို့အနီရောင်လေးများကို ပြသလိုက်သည်နှင့် တလေးတစား အရေးပေး ဆက်ဆံခံနေရလျက်ရှိပေသည်။

တွင်းထွက် နှင့် သယံဇာတ ။ ။ကျွန်းသစ်၊ ရေနံ ၊ သဘာဝဓါတ်ငွေ့၊ ပတ္တမြား ၊ကျောက်စိမ်း ၊ သစ်မွှေး ၊ရာဘာ ၊ ကြိမ် အစရှိသည့် ငွေရပေါက်ရလမ်းရှိသည့် အရာအားလုံးကို စီမံကိန်းလျာထားချက်ထက် ကျော်လွန်အောင် တင်ပို့ရောင်းချလျက်ရှိသည်။ ရရှိလာသော ဘဏ္ဏာငွေများမှာ လွန်စွာများပြားသော်လည်း တိုင်းတပါးမှ မျက်စိကျကျူးကျော်မည်စိုးသောကြောင့် စာရင်းမပြဘဲ တာဝန်ရှိသူများက အနစ်နာခံ ထိန်းသိမ်းပေးထားလျက်ရှိသည်။

ကျန်းမာရေး ။ ။ မိမိပိုင်ဆိုင်မှုနှင့် ညီမျှသည့် ကျန်းမာရေးဝန်ဆောင်မှုကို ပြည်သူများ လွယ်ကူစွာ ရရှိနိုင်ကြနေပြီဖြစ်သည်။ ခုတင် ၁၀၀ဆန့်ဆေးရုံ ။ ခုတင် ၃၀၀ ဆန့်ဆေးရုံ စသဖြင့် တိုင်းပြည်အနံ့
တည်ဆောက်ပေးပြီးဖြစ်သဖြင့် ဆေးနှင့် ဆရာဝန်လုံလောက်စွာ မရှိသော်လည်း ပြည်သူများမှာ ထိုခုတင်များပေါ်တွင် အေးချမ်းစွာ ဝေဒနာခံစားရင်း သေရက်ကို စောင့်မျှော်နိုင်နေပြီဖြစ်သည်။ ကျန်းမာေ၇း အတွက် လွန်စွာ အန္တရာယ်ကြီးသော စားအုန်းဆီကို ရောနှောေ၇ာင်းချခြင်းကို စီးပွါးရေး လိုအပ်ချက်အရ မသိချင်ယောင်ဆောင်နေရသော်လည်း ဓါတုဆိုးဆေးများသုံးသော အစားအသောက်နှင့်ဆေးဝါးများကို လုံလောက်သောငွေကြေး မရရှိမချင်း ထုတ်ဝေခွင့်ပိတ်ပင်ထားခြင်းဖြင့် ပြည်သူများ၏ ကျန်းမာေ၇းကို ကာကွယ်ပေးလျက်ရှိသည်။

လူမှုရေး ။ ။ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဖြစ်သဖြင့် လူကုန်ကူးမှုကို တင်းကျပ်သော ဥပဒေများ ထုတ်ကာ တားဆီးနှိမ်နင်းခဲ့သဖြင့် အာဏာပိုင်အဖွဲ့အစည်းမှလွဲပြီး မည်သူမျှ
မလုပ်ကိုင်ရဲကြသည်ကို လည်း စိတ်ချမ်းမြေ့ဖွယ် တွေ့ရှိနေရသည်။ နိင်ငံလူဦးရေ တိုးတက်မှုနှုန်းနှေးကွေး သဖြင့် တရုတ်နိုင်ငံမှ ဆွေမျိုးပေါက်ဖော်များကို တိုးတိုးတိတ်တိတ် နိင်ငံသားလက်မှတ်ထုတ်ပေးကာ
အမြော်အမြင်ရှိရှိ ဆောင်၇ွက်နေသဖြင့်လည်း မန္တလေး လားရှိုး မြို့များတွင် မြန်မာစစ်စစ်ပြည်သူများမှာ မျက်စိရှုပ်နားရှုပ်သော မြို့တွင်း နေရာများကို စွန့်ခွါ၍ မြို့သစ်များကို ပြောင်းေ၇ွ့နေထိုင်ကာ မျက်စိအေး နားအေး နေထိုင်နိုင်လျက်ရှိပေသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ။ ။ မုန်တိုင်းဒဏ်ခံပြည်သူများအတွက်
အလှုငွေများကို တက်တက်ကြွကြွ ထိန်းသိမ်းပေးထားခြင်း။ စေတနာ၇ှင်များမှ လှုဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများတွင် နာမည်တပ်၍ လှုဒါန်းခြင်း စသည်များကြောင့် နိုင်ငံတော်၏ စေတနာကို သေချာစွာ နားလည်သဘောပေါက်လာလျက်ရှိကြသည်။ အလှည့်ကျမီးလောင်သော ဈေးများကိုလည်း
အမြန်ဆုံးကန်ထရိုက်ပေး၍ အဆင့်မြှင့်ဈေးသစ်တည်ဆောက်နိင်ခြင်းကြောင့်လည်း “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူသော မေတ္တာပို့သံများကိုလည်း ဝေေ၀စည်စည် တိုင်းပြည်အနှံ့ ကြားသိနိုင်နေပြီ ဖြစ်သည်။

အားကစား ။ ။ ဤကဏ္ဍတွင်လည်း အထူးတလည် ရှင်းပြစရာမလိုအောင်ပင် တိုးတက်နေသည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ မြန်မာနေရှင်နယ်အာဖရိကန်လိဂ် ကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပကာ
အရည်အသွေးထက်မြက်သော နိုင်ငံကိုယ်စားပြုဘောလုံးသမားများ မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်ပွဲ အလီလီဆင်နိုင်လုနီးနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
နိုင်ငံတော်၏ ထောက်ပံ့အားပေးမှုများကြောင့် အားကစားသမားများမှာလည်း တက်တက်ကြွကြွ ယှဉ်ပြိုင်ကြသည်မှာ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရန် လက်တကမ်းအလို သို့ရောက်ရှိနေပြီဖြစ်ကြောင်းထင်ရှားနေပေသည်။

ဘာသာရေး ။ ။ မကြုံစဖူးထူးကဲလှစွာသော ချီးမြှောက်မှုများကြောင့် ထောင်ကျ အကျဉ်းသားများပင် သံဃာတော်များကို အားရပါးရ ဖူးမြော်ခွင့်ရရှိနေသော အချိန်အခါဖြစ်သည်။ “လက်ညိုးညွှန်ရာ ဘုရားဖြစ်စေ” ဟုဆိုရမတတ် တည်ထားသော ဘုရားပုထိုးများကြောင့် ပြည်သူပြည်သားတို့မှာ ဘာသာရေးကို ပိုမိုကိုင်းရှိုင်းလာကြသည်မှာ ညဘက် တံခါးခေါက်သံကြားသည်နှင့် ဘုရားတပြီး
ဖြစ်နေသည်အထိပင်။

စီးပွါးရေး ။ ။ သူတောင်းစားကြီးများ ပင် တိုက်ဆောက်ကားစီးနေနိုင်သဖြင့် လွန်စွာ ဂုဏ်ယူဖွယ် ကောင်းလှပေသည်။ တစ်ဦးချင်း ၀င်ငွေတွင်လည်း မြန်မာကျပ်ငွေဖြင့် တွက်ချက်လျှင်သော်လည်းကောင်း ၊အစိုးရငွေလဲလှယ်နှုန်းဖြင့် တွက်ချက်လျှင်သော်လည်းကောင်း လုံးဝနိမ့်ကျနေခြင်းမရှိပေ။ ပြည်သူများမှာလည်း စီးပွါးရေး ချောင်လည်ကြသဖြင့် အိမ်ထောင်စုတခုတွင် အိမ်ဦးနတ်က ဘောပွဲလောင်း၊
အိမ်ရှင်မက နှစ်လုံးထီထိုး ၊ သားကြိးက ကျူတံကိုင် ၊ သမီးငယ်က ချိုင်းဖတ် ချဲတွက် စသဖြင့် အေးအေးလူလူ လုပ်ကိုင်စားသောက်နိုင်ကြပေသည်။ နိုင်ငံတ၀န်း လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် တရားဝင်၊ တရားမ၀င် လုပ်ဆောင်နိုင်ခြင်းကိုလည်း အိမ်နီးချင်းနိုင်ငံများကပင် အားကျအတုယူလျက်ရှိနေပေသည်။

ထိုသို့ အဖက်ဖက် ကဏ္ဍစုံမှ လွန်မတန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ရွှေမြန်မာနိုင်ငံကြီးကို မည်သူက “မတိုးတက်ပါ ဖွံ့ဖြိုးမှုအနှေးကွေးဆုံးပါ” ဟု သတ်မှတ်ချင်ပါသလဲ။

အတော် သနားဖို့ ကောင်းတဲ့ အတိုက်အခံတွေ... ကိုယ့်နိုင်ငံအကြောင်း အဆိုးတွေ ထုတ်ပြောနေရရင် ဂုဏ်ယူနေကြတာ.. ဆိုးနေတာကို ကောင်းအောင် ကြတော့ ဘာတစ်ခု မှ လုပ်ဖို့ စိတ်ကူးမရှိကြဘူး။ မလုပ်ခဲ့ကြဖူးဘူး။ လုပ်ဖို့ အရည်အချင်းမရှိကြဘူး။

အပေါ်ကကောင် ကိုယ်ပြောတဲ့စကား ကိုယ်ပြန်သေချာစဉ်းစားဦး .... မင်းပြောတယ် ( အတော်သနားဖို့ကောင်းတဲ့ အတိုက်အခံတွေ ကိုယ့်နိုင်ငံအကြောင်း အဆိုးတွေ ထုတ်ပြောနေရရင် ဂုဏ်ယူနေကြတာ ... ဆိုးနေတာကို ကောင်းအောင် ကြတော့ ဘာတစ်ခုမှ လုပ်ဖို့ စိတ်ကူးမရှိကြဘူး၊ လုပ်ဖို့ အရည်အချင်းမရှိကြဘူး ) ..... ငါပြောချင်တယ်ကွာ၊ ဆိုးနေတာကို ကောင်းအောင်လုပ်ဖို့ ကြိုးစားနေတဲ့လူတွေကြတော့ မင်းတို့ ဘာလို့ အပြစ်ပြောတာလဲ ...... ဆိုးနေတာကို ကောင်းအောင်လုပ်ကြဖို့ မင်းပြောရင် ဒီဆိုဒ်ကိုထောင်ထားတဲ့ ဒေါ်လာစားတို့ကိုလည်း ပြောလေ ...... ဒေါ်လာစားတွေက ဒေါ်စုနဲ့ NLD ဒီမိုလူတွေကို တိုက်ခိုက်နေတာလေ ၊ နိုင်ငံအတွက် လက်တွေ့အကျိုးရှိတာ ဘာလုပ်နေလဲ .... အချိန်ရှိရင် ပို့အသစ်တွေရှာ ဒီမိုကောင်တွေကို ဘယ်လိုတိုက်ခိုက်ရေးသားရမလဲ ရှာတယ်ကြံတယ် ရေးတယ် ....... ဒီဆိုဒ်ကပို့စ်တွေကို တင်ဖို့ရေးဖို့ ကအချိန်တွေ အနည်းနဲ့ အများကုန်မှာပဲ ၊ ဒီဆိုဒ်က နိုင်ငံအတွက် တစ်ကယ်လက်တွေ့အကျိုးရှိရင်တော့ ကောင်းတာပေါ့ ...... အခုဒီဆိုဒ်က သူများတွေကို တိုက်ခိုက်နေတာကလွဲပြိး ပြည်သူတွေအတွက် ဘာလက်တွေ့အကျိုးရှိတာ လုပ်ပေးနိုင်လို့လဲ ........


ဒီမိုတွေ အတွက်လုပ်နေတဲ့လူတိုင်း ကောင်းတယ်လို့ ငါမပြောချင်ဘူး ၊ အေး ဒါပေမဲ့ တစ်ကယ်နိုင်ငံအတွက် ကောင်းဖို့ တစ်ကယ်အနစ်နာခံနေတဲ့လူတွေ ရှိတယ်ကွ ..... အဲဒီလူတွေကို မင်းတို့ ဘယ်လိုပြောမလဲကွာ ..... ဒီအစိုးရ မကောင်းတာ လူတိုင်းသိတာပဲ၊ ဒီဆိုဒ်က ဒေါ်လာစားတွေလည်း သိတာပဲ၊ မသိချင်ဟန်ဆောင်နေကြတာပဲရှိတယ် ....... ဒီအစိုးရ ပြောင်းလဲဖို့အရေး အနစ်နာခံပြိး လုပ်နေတဲ့လူတွေ အများကြီးရှိတယ် .... အဲဒီလူတွေကို ကျတော့ မင်းတို့ ဘာလို့ အပြစ်ပြောနေတာလဲ .............. ကိုယ့်လုပ်ရပ် ကိုယ် သေချာပြန်စဉ်းစားကြကွာ ...... နိုင်ငံကို တစ်ကယ်ချစ်ရင် သူများအတင်းပြောနေတာတွေရပ် ဒီမိုအတွက် တစ်ကယ်အနစ်နာခံလုပ်နေတဲ့လူတွေကို တိုက်ခိုက်တာရပ်ပြီး နိုင်ငံနဲ့ ပြည်သူတွေ အတွက် တစ်ကယ်လက်တွေ့အကျိုးဖြစ်ထွန်းမယ့်ဟာတွေပဲ လုပ်ကြကွာ .........

ဒီဆိုဒ်လေးလည်း သွားလည်ကြပါဦးး) lightofmyanmar.blogspot.com

ရဟန်းရှင်လူ ပြည်သူကို သတ်နေတဲ့ နအဖ သန်းရွေက သူ့ ရဲ့  မြေးမကို ဘုရားစေတီတော်ကြီးထဲမှာ ဖိနပ်ပေးစီးထားလေရဲ့ ။

တစ်နေ့ က နအဖ သန်းရွှေတို့  မိသားစုလိုက် စစ်ကိုင်းမြို့ က ရာဇမဏိစူဌာ ကောင်းမှုတော် မဟာစေတီတော်ကြီးကို သွားရောက် ဖူးမြော်ကြတုန်းက သန်းရွှေတို့  မိသားစုတွေ အလှူငွေ လှူဒါန်းတယ်ဆိုပြီး နအဖ သတင်းဝါဒဖြန့် ချီရေးစာစောင်ဖြစ်တဲ့ ကြေးမုံသတင်းစာပါ ဓါတ်ပုံကြီးကြီးနဲ့  ထည့်သွင်းထားပါလေရဲ့ ။ နအဖသန်းရွှေရယ် ကြိုင်ကြိုင်နဲ့  သမီးများတင်မက မြေးမလေးက သန်းရွှေနဲ့ အတူ အလှူဒါနကို လက်ကနေ ကိုင်ထားတဲ့ ပုံပါ။ ဘေးကတော့ ဘုရားလူကြီး ဂေါပကကြီးနှစ်ဦးက မတ်တပ်ရပ်နေပြီး တစ်ယောက်ကတော့ သန်းရွှေတို့ မိသားစုကို လက်အုပ်လေးချီ ကန်တော့နေလေရဲ့ ။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေ မြန်မာပြည်သူပြည်သားတွေ ဘာသာရေး ကိုင်းရှိုင်းတဲ့ အရိုအသေ အလေးအမြတ်ထားတဲ့ ဦးခိုက်ရှိခိုးတဲ့ ရှင်တော်မြတ်စွာဘုရားရှေ့  ဘုရားစေတီပုထိုးဝန်းအတွင်း ဘုန်ကြီးကျောင်း ပရ၀ုဏ်ဝန်းအတွင်းတွေမှာ ဖိနပ်မစီးရဖူး သံဃာတော်တွေ ဆွမ်းဆန်ပစ္စည်းလောင်းလှူတဲ့နေရာကအစ ဖိနပ်မစီးကြဖူးဆိုတာကို မြန်မာပြည်သူပြည်သားတွေ ရှေးအစဉ်အဆက်ကတည်းက လိုက်နာကြတယ်ဆိုတာ အထူးပြောနေစရာ မလိုပါဖူး။

တိုင်းတစ်ပါးသားတွေတောင် ဘုရားစေတီပုထိုးတွေ ဘုန်းကြီးကျောင်းဝန်းအတွင်းတွေမှာ ဖိနပ်စီနင်းဝင်ရောက်မှုပြုလုပ်မိခဲ့လို့  ပဋိပက္ခဖြစ်ကြရတဲ့အထိ သမိုင်းတွင်ခဲ့တယ်ဆိုတာ သိကြပါတယ်။

ယခုအခါမှာတော့ မြန်မာပြည်မှာ မိစ္ဆာဒိဌိတွေ မတရားလွှမ်းမိုးနေတဲ့ လက်ထက်ရောက်မှ ဘုရားစေတီပုထိုးတွေမှာ စစ်ဖိနပ်စီး တက်ရောက်ကြတာ၊ လူသတ်လက်နက်တကိုင်ကိုင်နဲ့  သွေးဆာနေကြတာ၊ ဘုန်ကြီးကျောင်းဝန်းအတွင်း ယမ်းသေနတ်သံတွေ ယမ်းငွေ့ တွေ ပျံ့ လွှင့်နေအောင် လုပ်နေကြတာ၊ သံဃာတော်တွေကို ရိုက်ပုတ်သတ်ဖြတ်ကြတာတွေဟာ အေးချမ်းသာယာခဲ့တဲ့ မြန်မာပြည်ကြီးမှာ တကယ့်ကို အဓမ္မ၀ါဒီတွေ ကြီးစိုးနေကြတာပါ။

ဒီလို အဓမ္မ၀ါဒီ မိစ္ဆာဒိဌိတွေကတော့ နအဖ သန်းရွှေ ဦးဆောင်တဲ့ နအဖအာဏာရူးအုပ်စုပါဘဲ။ နအဖ သန်းရွှေက ဘုရားတရားရိုသေကိုင်းရှိုင်းသလို လုပ်ပြနေပေမယ့် အထက်က ပြောခဲ့တဲ့ အဓမ္မလုပ်ရပ်တွေက မူလဇာတိရုပ်ကို သက်သေပြနေပါတယ်။ ယခုလည်း ကြည့်ပါ။ နအဖ သန်းရွေက သူ့ ရဲ့  မြေးမကို ဘုရားစေတီတော်ကြီးထဲမှာ ဖိနပ်ပေးစီးထားပါလေရဲ့ ။

ဒါဟာ အနာဂတ်မြန်မာပြည်အတွက် မြန်မာပြည်သူပြည်သားတွေအတွက် ဘာသာတရားထွန်ကားတဲ့ ဘာသာတရားကိုင်းရှိုင်းရိုသေကြတဲ့သူတွေအတွက် သန်းရွှေတို့ မိသားစုတွေရဲ့  လုပ်ရပ်တွေက အင်မတန်ကို မိုက်ရိုင်းစော်ကားပြလိုက်ခြင်းဘဲ ဖြစ်ပါတော့တယ်။

can check in this link :
http://www.niknayman-niknayman.co.cc/search?updated-max=2010-12-24T04%3A34%3A00%2B06%3A30&max-results=10

To Minn Latt
ဒီဆိုဒ်က လက်တွေ့အကျိုးရှိတာတွေမလုပ်လို့လုပ်ဖို့ တိုက်တွန်းတယ်ပေါ့။
ဘာလဲ ဒေါ်စုလို့ ပြည်သူတွေကောင်းစားဖို့အတွက်ပါ၊ပြည်သူတွေကိုချစ်ပါတယ်ဆိုပြီး "စီးပွါးရေးပိတ်ဆို့ကြပါ" လို့
ပြောသလိုမျိုး လုပ်ရမှာလား။
သေချာစဉ်းစားပါဦး။
အခုချိန်ထိ မင်းသဘောကျတဲ့ ဒေါ်စု
အမျိုးကိုဖျက်ခဲ့တာက လွဲလို့ ဘာမှ မလုပ်ပြသေးပါဘူး။
"စီးပွါးရေးပိတ်ဆို့ကြပါ" ဆိုတဲ့ စကားတစ်ခွန်းပဲပြောတတ်တယ်ထင်တယ်။

စီးပွားရေး ကြပ်တည်းဆင်းရဲမှုတွေ၊ ပြည်သူလူထုတွေ ဒုက္ခရောက်နေရာတာက

လက်ရှိ စီးပွားရေး မူဝါဒတွေ၊ လုပ်ပုံလုပ်နည်းတွေ၊ စီမံခန့်ခွဲမှုတွေ လွဲမှားနေလို့၊

ချို့ယွင်းချက်တွေ အားနည်းချက်တွေ ရှိနေလို့...

စီးပွားရေးမူဝါဒတွေမှာ လွဲမှားနေတဲ့အတွက် Sanctionsကို ဖျက်သိမ်းလိုက်လို့ရှိရင်လည်း တိုင်းပြည်နဲ့ လူမျိုးတွေ၊ တိုင်းရင်းသားတွေအားလုံး အကျိုးရှိစေမယ့်၊ ကောင်းကျိုးဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုတွေ၊ လုပ်နည်းကိုင်နည်းတွေ ၀င်ရောက်လာမှာ မဟုတ်ဘူး။

စီးပွားရေးမူဝါဒအနေနဲ့ ဆိုရင်...

---ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူနေမှုဘ၀တွေကို မထိခိုက်ရဘူး။

သစ်တောတွေ တွင်းထွက်တွေ မြစ်ချောင်း အင်းအိုင်တွေ မပျက်စီးစေရဘူး၊

လူတွေ လူ့အဖွဲအစည်းတွေ ပျက်စီးရတာ၊ အဓမ္မရွေ့ပြောင်းရတာတွေ မဖြစ်စေရဘူး။

--- အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်မှုကို ဦးစားပေးကြရမယ်။

သဘောကတော့ တိုင်းတပါးကနေပြီးတော့ သူတို့ ရောင်းချင်တာတွေ ရောင်းမယ်၊ ထုတ်ချင်တာတွေ ထုတ်ယူ သွားမယ် ဆိုရင်

တိုင်းပြည်မှာ ဘာအလုပ်အကိုင်မှ ဖန်တီးပေးနိုင်ခြင်း မရှိတဲ့အတွက် ပြည်သူတွေရဲ့ စီးပွားရေးဘ၀ တိုးတက်ဖို့ မရှိဘူး။
ဒါတွေကို ကာကွယ် စောင့်ရှောက်နိုင်ရမယ်။

--- သာမန်အခြေခံအလုပ်အကိုင်တွေ ဖန်တီးနေရုံတင်မဟုတ်ဘူး၊ စီးပွားရေးရင်းနှီးမြုပ်နှံမှုနဲ့အတူ နည်းပညာတွေ တပါတည်း

လွှဲပြောင်းရယူနိုင်တဲ့ အဆင့်မြင့်လုပ်ငန်းတွေကိုလည်း ဦးစားပေးနိုင်မှသာ တိုင်းသူပြည်သားတွေရဲ့ အသိပညာ အဆင့်အတန်းကို
မြှင့်တင်ရာရောက်မယ်။

တိုင်းပြည်ကြီး အထွေထွေ ဆင်းရဲဒုက္ခရောက်နေတာ ဘာကြောင့်လဲဆိုတာ ဝေဖန်သုံးသပ် ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲနဲ့...

ဘယ်နေရာတွေမှာ ဘာတွေ လိုအပ်နေတယ်။ ဘာတွေ လုပ်သင့်တယ်ဆိုတာ ထောက်ပြပြောဆိုကြခြင်းမရှိဘဲနဲ့၊ တကယ့်အမှန်တကယ် လိုအပ်ချက်တွေနဲ့ ဖြေရှင်းကြမှာမျိုးကို မလုပ်ကြဘဲနဲ့...

“ဘာပဲဖြစ်ဖြစ် Sanctionsကြောင့် ပြည်သူတွေ ဆင်းရဲတယ် နစ်နာတယ်။

ဒါကြောင့် Sanctionsကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဖွင့်ပေးလိုက်ပါ။
ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ရင်းနှီးမြုပ်နှံကြပါ”
ဆိုတဲ့ ပြောဆိုနေမှုမျိုးတွေဟာ...
Sanctionsကို ဆန့်ကျင်တဲ့အကြောင်းကို စစ်အစိုးရဘက်က လိုက်ပြီးတော့ ပြောလာကြတာ သက်သက်ထက် မပိုဘူး။

Sanctionsတွေကြောင့် ပြည်သူတွေ တကယ်နစ်နာမှုရှိနေသလားဆိုတာကိုလည်း လေ့လာသုံးသပ်မှုတွေ ရှိကြဖို့ လိုအပ်သလို၊ Sanctionsတွေ မရှိတော့လို့ ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာကြမယ်ဆိုရင်တောင် အထက်ကအချက်တွေနဲ့ တိုင်းတာတဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုသာ လိုလားတယ်။

တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခုခု (သို့) အဖွဲ့အစည်းတချို့ကိုသာ အထူးအခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေ ပေးနေတာမျိုးတွေကို အပြင်းအထန် ကန့်ကွက်ကြရမယ်။ စီးပွားရေး မညီမျှမှုတွေကို လျော့နည်းစေရမယ်။

အုပ်ချုပ်သူ အာဏာပိုင် စစ်တပ်အသိုင်းအဝိုင်းတွေ၊ ဆိုင်ရာပိုင်ရာ လူကြီးတွေဆီက အခွင့်အရေးနဲ့သာ လုံခြုံစိတ်ချရတဲ့ စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်တဲ့ စနစ်ကြီးအောက်မှာ မြန်မာပြည်မှာ စီးပွားရေးကို ဥပဒေဘောင်အတွင်းက လုပ်ကြည့်ကြပါအုံး...

ကိုယ့်အလုပ်ကိုယ် မလုပ်ရဘူး၊ ဟိုကြေး ဒီကြေး၊ ဟိုလူ့မျက်နှာလုပ် ဒီလူ့မျက်နှာလုပ်နဲ့ လုပ်ငန်း၁ခုလုပ်ရဖို့ ဘယ်လို အရှုပ်ထုပ်တွေကို ဖြေရှင်းနေရမယ်ဆိုတာ သိကြမှာပါ...

စစ်အစိုးရနဲ့ အုပ်ချုပ်သူတွေက အလိုမကျတိုင်း၊ သူတို့နဲ့ သဟဇာတမဖြစ်တိုင်း မတရားသဖြင့် သိမ်းပိုက်ခံလိုက်ရတဲ့ လုပ်ငန်းတွေ၊ ရပ်တန့်လိုက်ရတဲ့ လုပ်ငန်းတွေ၊

လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေဖြစ်တဲ့ ရေ၊ မီး မလုံလောက်လို့ လုပ်ငန်းလည်ပတ်မှုလျော့ကျသွားလို့ ထွက်ကုန်တွေကျ၊

အလုပ်သမားတွေလျော့ချရတဲ့ မြန်မာပြည်စက်မှုဇုံက ပြည်တွင်းလုပ်ငန်းရှင်တွေကိုသာ မြင်အောင်ကြည့်ကြပါ...

စီးပွားရေးတိုးတက်ချင်ကြတာ တကယ်အမှန်ပဲလား...

အုပ်ချုပ်သူအစိုးရမပါဘဲ နိုင်ငံစီးပွားရေးနဲ့ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါပေါများများ ပေါ်ပေါက်အောင် လုပ်နိုင်ကြမှာ မို့လား...

လုပ်ငန်းတွေအတွက် စီးပွားရေးအရ လုံခြုံမှု ဥပဒေတွေအတွက် အစိုးရ ကိုယ်တိုင် ပါဝင်မှရမှာ...

သူတို့က မပြောင်းလဲဘဲ မတရားဥပဒေတွေနဲ့ ကလိမ်ကျနေမြဲဆိုရင် ဘယ်လုပ်ငန်းကြီးမှ လာမြုပ်နှံမှာ မဟုတ်ဘူး...

ပိုပြီးတော့အရေးကြီးတာက စစ်အစိုးရကိုယ်တိုင်က တိုင်းပြည်ရဲ့ အနာဂတ်အတွက် နိုင်ငံရဲ့  ပြည်နယ်၊ တိုင်းဒေသ အသီးသီးမှာရှိတဲ့ မျိုးဆက်သစ်တွေနဲ့ လက်ရှိပြည်သူတိုအတွက် နိုင်ငံတော်ရဲ့ ငွေကြေးအလုံးအရင်းနဲ့ ပညာရေးနဲ့  ကျန်းမာရေးကို မြှင့်တင်လုပ်ဆောင်ရင်းနှီးမှုဆိုတာ မရှိသလောက်ပဲ။

ဒီလိုပညာရေးနဲ့ ကျန်းမာရေးတွေမှာ မမြုန်နှံသလို အခြားသော စက်မှုနဲ့ စိုက်ပျိုးရေး ၊ ကုန်ထုတ် လုပ်ငန်းတွေနဲ့ ရေရှည် ၊ ရေတို စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေတဲ့ လုပ်ငန်းတွေမှာလည်း တစ်ခုမှကြီးမားသော ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိဘူး။

စီးပွားရေးမူဝါဒတွေမှာ လွဲမှားနေတဲ့အတွက် Sanctionsကို ဖျက်သိမ်းလိုက်ရုံနဲ့ တိုင်းပြည်နဲ့ လူမျိုးတွေ၊ တိုင်းရင်းသားတွေအားလုံး အကျိုးရှိစေမယ့်၊ ကောင်းကျိုးဖြစ်စေမယ့် အလုပ်အကိုင် အခြေအနေတွေ ပေါ်ပေါက်လာမှာလားဆိုတာကို သေချာဝေဖန်သုံးသပ်ကြပါ။

မိမိရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးကို တော့မပြင်ဘဲ၊ ၀န်ခံခြင်း မလုပ်ဘဲ၊ မြန်မာနို်င်ငံရဲ့ စီးပွားရေး ကျဆင်းမှုနဲ့  ထွက်ပေါက်မရှိခြင်းသည် နိုင်ငံတကာက ပိတ်ဆို့ ထားသော စီးပွားရေး အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့်ဟု တွင်တွင်ပြောနေခြင်းက အမှန်တကယ်တော့ အဓိပ္ဗါယ်မရှိသော နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာ VILLIANSတွေသာဖြစ်တယ်။

နိုင်ငံရေးနဲ့ စီးပွားရေးဟာ ခွဲခြားလို့ မရဘူး။ မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ်ရှိမှ စီးပွားရေးတိုးတက်မယ်။ စီးပွားရေးလုပ်ငန်းစဉ်တွေ မှန်ကန်မှသာလျင် အများပြည်သူနဲ့ တိုင်းပြည်သာယာမယ်...

မိမိရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးကို တော့မပြင်ဘဲ၊ ၀န်ခံခြင်း မလုပ်ဘဲ၊ မြန်မာနို်င်ငံရဲ့ စီးပွားရေး ကျဆင်းမှုနဲ့  ထွက်ပေါက်မရှိခြင်းသည် နိုင်ငံတကာက ပိတ်ဆို့ ထားသော စီးပွားရေး အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့်ဟု တွင်တွင်ပြောနေခြင်းက အသုံးမကျတဲ့စစ်အစိုးရနဲ့ သူတို့ရဲ့အပေါင်းအပါတွေရဲ့ ပညာမဲ့ခြင်း၊ အသိဥာဏ် ဗဟုသုတနဲ့ ဆင်ခြင်ဥာဏ်မရှိကြခြင်း သက်သက်သာ ဖြစ်တယ်...

Anonymous
Your opinion is correct
If we want to solve this problem,must be change the government's management.Government will be think for our future generation.

ပထမဆုံး အကြိမ်ရောက်လာပါတယ်... အပေါ်က မင်းလတ်ပြောသွားတာကို ထောက်ခံပါတယ်... ကိုယ်ကျိုးရှာနေတဲ့ ကိုယ်ကျိုးသမားတွေကို ကြည့်ပြီး အတိုက်အခံ အစိုးရ ဆန်.ကျင်သူတွေကို တဖက်သတ်ပြောတာ ဆင်ခြင်သင့်ပါတယ်... ဒီလိုပါပဲ အစိုးရမကောင်းတာကို လက်ခံပေးဖို.လဲ လိုပါလိမ့်မယ်...

ကျေးဇူးတင်ပါသည်...
simple views

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်