Subscribe to our RSS Feed

သား ဆဲတက်နေပြီ အဖေ



ဆဲဆိုခြင်း ဆိုတာက ဘယ်ရှုထောင့်ကနေ ကြည့်ကြည့် မကောင်းတဲ့ အရာတစ်ခုပါ။ ကလေးတစ်ယောက် ဆဲတက်နေတာက သူကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်ကျင်အနေအထား၊ မျိုးရိုးဗီဇ တို့နဲ့လည်း သက်ဆိုင်မယ်ထင်တာပဲ။ ပျားသကာ လိုချိုလှစေ ဆိုပြီး သင်ကြားခဲ့ရဖူးတယ်။ ပီယ၀ါစာ ချစ်ခင်ဖွယ် စကားကို ဆိုပါ။ ဖရုဿဝါစာ ရုန့်ရင်းကြမ်းတမ်းသော စကားကို မဆိုပါနဲ့ဆိုပြီးလည်း သင်ကြားခဲ့ရဖူးတယ်။ ချိုချိုသာသာ ပြုံးပြုံး ရွှင်ရွှင်နဲ့ ပြောရင် လူတိုင်း ကြိုက်ကြတယ်။ အခု ကျွန်တော် ဆဲ တက်နေပြီ။ အောင်မင်း တစ်ယောက် တစ်ယောက်တည်း ထိုင်ပြီး အတွေးနယ်ချဲ့နေတယ်။

"ငါ့ကိုများ နင်ကပြောတယ်ပေါ့လေ။ ဟုတ်လား။ ငါဘယ်သူလဲဆိုတာ နင်.... နားမလည်ဘူးလား.. ဟဲ.. ကောင်မရဲ့။"

"နင်ဘာသာ ဘာကောင်မဖြစ်ဖြစ်ပေါ့။ xxx မရဲ့။ ငါ့ညီမကို ပြောတာ နင့်ဘာသာ ထင်ချင်ရာထင်။ မိပွေးတဲ့နော်။ တစ်ပွေးတည်းရှိတယ်။ လာမစမ်းနဲ့။ ကိုယ်နဲ့မဆိုင် ဘာမှကို ၀င်မပြောနဲ့ သတ္တိရှိရင် ထွက်လာခဲ့"

ကြားနေကျ ရန်ပွဲတွေထဲ အောင်မင်း တစ်ယောက် သက်ပြင်းချမိတယ်။ အမြဲတမ်းလိုလို ဒီရပ်ကွက်မှာ ဒီလို ဆဲသံ၊ ဆိုသံ တွေနဲ့မ မိုးမလင်းရင် ပုံမှန်ကို မဟုတ်တော့ဘူး။ အသက်က ငယ်သေးတော့ ဘာကြောင့် ဒီလို ရန်တွေဖြစ်နေမှန်း မသိပေမယ့် ဆဲသံ ဆိုသံ ကတော့ အမြဲတမ်းကြားနေရတက်တယ်။

သူငယ်ချင်းတွေနဲ့ အချင်းချင်းလည်း ဆဲလိုက်ဆိုလိုက် စ နောက်နေပေမယ့် အချင်းချင်းတွေ စိတ်မဆိုးကြ။ ဒါပေမယ့် နှုတ်က ၀သီလို ပါသွားတော့ အိမ်မှာ တစ်ချက် သူငယ်ချင်းကို နှုတ်က ထွက်ပြီးပြောမိတယ်။

"xxxမသား။ မင်း ဘယ်သွားမလို့လဲ"

"ဒီနားပါကွာ"

ဖေါင်း

လူကို ပူထူသွားတယ်။ မျက်လုံးကလည်း ကြယ်တွေ၊လတွေ အကုန်မြင်လိုက်ရတယ်။ နှုတ်ခမ်းကလည်း သွေးအတောင့်လိုက် ထွက်ကြသွားတယ်။ အဖေက နောက်ကနေ ဇတ်ပိုးကို ရိုက်လိုက်ခြင်းပင်။ အကြောင်းအရင်းကတော့ "ဆဲ" တဲ့ အတွက်ကြောင့်ပင်။လူကြီးလူကောင်းတွေဆိုရင် မဆဲဘူး။ သားဆရာမ ဦးလေးဆိုကြည့် အဖေတို့လို့ စာမတက်၊ပေမတက်လူတွေကို ဆက်ဆံတာတောင်မှ ကျွန်တော်၊ ကျွန်တော်နဲ့ ယဉ်ယဉ်ကျေးကျေးပြောတယ်။ ဆဲ တယ်ဆိုတာက အရိုင်းအစိုင်းတွေ အလုပ်ပါသားရယ် ဆိုပြီး ဆုံးမတယ်။

အဲဒီအချိန်ကတည်းက အောင်မင်း မဆဲတော့။ မဆဲဖြစ်တာ တော်တော်ကြာနေပြီ။ ဒီလိုနဲ့ ရက်တွေ၊ လတွေ၊ နှစ်တွေ အလီလီ ပြောင်းလာလိုက်တာ အသက် ၂၅ နှစ်အရွယ်တောင် ရောက်လာခဲ့ပြီ။ အလုပ်ခွင်ထဲကို ရောက်နေပြီ။

"Fxxx out"
"What are you doing Mxxxxx Fxxxxx?"
"I don't want to see your Fxxxxxx face"

အိုး.. မိုးကိုမွှန်နေတာပါပဲ။ မိုးလင်းပြီးဆိုတာနဲ့ အဆဲသံတွေ စကြားနေရပြီ။ ကိုယ်တစ်ခုခု မှားပြီဆိုတာနဲ့ လာပြီ။ အဲဒီတော့ ကျွန်တော်လည်း ပြန်ပြီး ဆဲတက်နေတယ် အဖေ။ အထက်ကလူက အောက်ကလူကို ဆဲ။ အောက်ကလူက သူ့အောက်ကလူကို ဆဲ နဲ့ လည်ပတ်နေကြတယ်အဖေ။ ဒါပေမယ့် သူတို့တွေ ပညာတက်ကြတယ်။ ကြောင်လျှာသီး တကားကားနဲ့ အရမ်း စမက် ကျတဲ့ လူတွေ ဆဲနေကြတယ်။

"ဟေ့ကောင်အောင်မင်း။ တစ်ယောက်တည်း ဘာလုပ်နေတာလဲ"
တခန်းထဲနေတဲ့ သူငယ်ချင်း မင်းသိန်း ပြောတော့မှ အတွေးစပြတ်သွားတယ်။
"ဒီလိုပါပဲကွာ"

"မင်းကို ငါပြောရဦးမယ်သိလား။ ငါ့ အလုပ်ထဲကလေ ဟိုကောင် အင်ဂျင်နီယာဆိုတဲ့ ကောင်ကို ငါပညာပေးလိုက်တာ ဒီကောင်တော့ အထုတ်ထမ်းပြန်ရတော့မယ်"

"ဟင်"

"ဒီလိုကွ။ ဒီကောင်က ဆရာကြီးလိုလို ဘာလိုလိုနဲ့ကွာ။ တကယ်က အဲလောက်လည်း တက်တာ မဟုတ်ဘူး"
"နေပါဦး။ သူတက်မတက် ဆုံးဖြတ်ရမှာ အလုပ်ရှင်ပါကွာ။ အလုပ်ရှင် ကြိုက်လို့တောင် ခန့်လိုက်တာပဲ။ တကယ် မတက်တဲ့ သူက တဖြည်းဖြည်း သူ့ဘာသာ လွင့်သွားမှာပါ။ မင်း ပညာပေးစရာလည်း မလိုပါဘူးကွ"
"ထားပါကွာ။ မင်းကလည်း စကားစ မဖြတ်စမ်းပါနဲ့။ ဒီကောင်နဲ့ငါနဲ့က အတူတူဆိုပေမယ့် ဆိုဒ်ထဲမှာ နေရာကွဲတယ်ကွ။ အဲဒါ တစ်နေ့ သူ့နေရာဖက်ကို ကိစ္စ တစ်ခုရှိလို့ သွားတော့ ညနေခင်းမှာ Run မယ့် ရေပိုက်တွေ ရှိတယ်။ အဲဒီမှာ Valve တစ်လုံးတက်ဖို့ ကျန်နေတယ်။ ဘေးနားမှာလည်း တက်မယ့် valve က ရှိနေတယ်။ အဲဒါ ငါက ကောက်ပြီး ပိုက်မှာ နှစ်ရစ်လောက်၊ သုံးရစ်လောက် လက်နဲ့ ရစ်ပေးလိုက်တယ်။ သူတို့က ငါ လက်နဲ့တပ်ထားတဲ့ valve ကို မြင်တော့ သေချာ တပ်ထားတယ်ထင်ပြီး ကျန်တဲ့ အလုပ်တွေ လုပ်နေကြလေရဲ့။ ဟော..ညနေခင်း ။ ရေလည်း လွှတ်လိုက်ရော ဖောင်းဆိုပြီးတော့ ကွာ ။ ရေတွေ ထွက်လာလိုက်တာ အဲဒီကောင် မျက်နှာကို ထားစရာကို မရှိဘူးဟေ့။ သူဌေးကလည်း ဆူလိုက်တာ ပြောမနေနဲ့တော့"

အောင်မင်း နားထောင်နေရင်းနဲ့ ဒေါသ အလိပ်လိပ် ထွက်လာတယ်။

"ဟေ့ကောင်။ ငါxxမသား။ မင်းတော်တော် ယုတ်မာပါ့လားကွဟင်။ မင်းကြောင့် သူများ အပြစ်မရှိပဲ ထမင်းအိုးကွဲပြီ xxမသားရ။ အေး မင်းပြောသလို သူတကယ်ကို အရည်အချင်းမရှိရင် သိပ်မကြာပါဘူးကွာ။ အခုဟာ မင်းကကိုက မနာလိုဖြစ်နေပြီးတော့ သက်သက် လိုက်ယုတ်မာတာပဲ။ "

"ဟေ့ကောင်။ မင်း ငါ့ကို ဆဲစရာမလိုဘူး။ ငါလည်း မဆဲဘူး။ ငါ့ကို ဆဲတာလည်း မကြိုက်ဘူး။ "

"အော်...အော်.. လူယဉ်ကျေးကြီးပေါ့ဟုတ်လား။ အောင်မင်းကို ယဉ်ကျေးတယ်လို့ မထင်နဲ့။ ရိုင်းတယ်..ရိုင်းတာမှ ပက်ပက်စက်စက် ကို ရိုင်းတယ်။ သိလား။ ဟေ့ကောင် xမသား ။ မင်းလိုတော့ မယုတ်မာဘူးကွ။ ထွီ။ ဒီနေ့ကစပြီး မင်း ငါ့ကို စကားလည်းပြောစရာမလိုဘူး။ "

"နေစမ်းပါဦး။ ဟိုဖက်က မင်း အဖေမိုလို့ မင်းက နာရတာလားကွ။ "

"တော်စမ်း မင်းသိန်း။ ငါမင်းကို ဆက်စကားမပြောချင်ဘူး xမသား။ ယောက်ျားပဲကွာ ရှင်းချင်ရင် တည့်ရှင်း။ မင်းမိုလို့ နောက်ကျော ကို ဓါးနဲ့ထိုးရတယ်လို့ကွာ။ အေး..မင်းသိအောင် ငါ့ အဘိဓါန်ထဲက စကားလုံးတစ်လုံးမင်းကို ပြောပြမယ်။ ရန်သူကို တန်းတူအခွင့်အရေးပေးပြီးမှ တိုက်ပါ။ တဲ့။ နားလည်လား။ ရိုးရိုးမင်းမြင်အောင်ပြောရမယ်ဆိုရင် ငါ့ရန်သူက လက်ဗလာ၊ ငါ့လက်ထဲမှာ ဓါးတစ်ချောင်းရှိနေတယ်ဆိုရင် သူ့အတွက် ဓါးတစ်ချောင်း ရှာပေးရင်ပေး၊ မဟုတ်ရင် ငါ့လက်ထဲက ဓါးကို လွင့်ပစ် ပြီးမှ တိုက်မယ် လို့ဆိုလိုတာ။ ဒါက မင်းမြင်သာအောင်ပြောပြတာ မင်းသိန်း။ တော်ပြီကွာ။ ဒီအိမ်မှာလည်း မင်းနဲ့ အတူမနေတော့ဘူး ။ အိမ်ပြောင်းမယ်"

တကယ်ပဲ အရိုင်းအစိုင်းကောင် ဖြစ်နေပြီလား။ ပြန်စဉ်းစားလိုက်တယ်။
"မြွေမှန်ရင် တွင်းဝင် ဖြောင့်ရမယ်၊ လူမှန်ရင် ရိုးသားဖြောင့်မတ်ရမယ်" တဲ့ ငယ်ငယ်က အဖေ ပြောဖူးတယ်။
"ဆဲတယ် ဆိုတာ အရိုင်းအစိုင်းကောင်" တဲ့။
လမ်းလျှောက်ရင်း အတွေးတွေက ဟိုဟိုဒီဒီ။ ငါ မင်းသိန်းကို ဆဲ လိုက်တာ လွန်သွားလား မသိဘူး။ အမှန်တကယ်ဆို သူပြောတာတွေ မကြားချင်ယောင်ဆောင် နေရင် ပြီးရော။ ဒါမှမဟုတ် ဒီဖက် နားက ၀င် ဟိုဖက်နားက ထွက်ပေါ့။ အဲဒါဆို ဘာမှ ဒေါသထွက်စရာမလိုဘူး။ ဒါပေမယ့်လည်း မကြားတာမှမဟုတ်တာ ကြားနေတာပဲ။ မသိတာမှ မဟုတ်တာ သိနေတာပဲ။ အဲဒီတော့ ဒေါသ က ထွက်မှာ ထွက်မှာပဲ။ အဲဒီတော့ အဲလို စိတ်ထားရှိတဲ့ ကောင်အတွက် ဒီစကားက အထိုက်တန်ဆုံးပဲ။ ဟုတ်တယ်။ ငါ မလွန်ဘူး။

အဖေရေ....။ သားကို ခွင့်လွှတ်ပါ အဖေ။ မဆဲပါနဲ့လို့ပြောတာကို နားမထောင်တာမဟုတ်ပါဘူး။ ငယ်ငယ်တုန်းက ပတ်ဝန်းကျင်မကောင်းပေမယ့် အဖေရဲ့ သွန်သင်မှုကြောင့်တော့ အဆဲ ပျောက်ခဲ့ရတယ်။ အခုတော့.......။

ဒါပေမယ့်လေ တွေ့ကရာ လူကို လိုက်ဆဲနေတာတော့ မဟုတ်ဘူးအဖေ။ မင်းသိန်းလို့ ယုတ်မာတဲ့ ကောင်တွေ အတွက်တော့ သား ဆဲတက်တယ်အဖေ။ အဖေ့ရဲ့သားက အရိုင်းအစိုင်း ဖြစ်ချင်ဖြစ်နေမယ်အဖေ။ ဒါပေမယ့် ဘယ်တုန်းကမှ မယုတ်မာခဲ့ဘူးအဖေ။ အရိုင်းအစိုင်းရဲ့ ဖြူစင်မှုကို တမလွန်က အဖေ ကျေနပ်မှာပါ။

အောင်မင်း တစ်ယောက် တစ်ယောက်တည်း ရေရွတ်ရင်း ထွက်လာခဲ့တယ်။
ရှေ့မှာ အမြုတ် တစီစီနဲ့ ဘီယာဆိုင်.......
ဆိုင်ထဲဝင်ကာနီးမှာ အောင်မင်းတစ်ယောက် ပြုံးလိုက်သေးတယ်။

လေးစားစွာဖြင့်
ခနွဲ (မြင်းခြံ)


Myanmar Express

3 comments:

အရင်ဆုံး မြန်မာစာ စာလုံးပေါင်းသတ်ပုံ မှန်စေချင်ပါတယ်ခင်ဗျာ ... “သားဆဲတက်နေပြီ အဖေ” စာသားမှာ တက် ဆိုတာ စာလုံးပေါင်းမှားပါတယ် ... တတ် လို့ဆိုပြီး တ် နဲ့သုံးမှ စာလုံးပေါင်းအမှန်ဖြစ်ပါတယ် ....

အပေါ်ကကောင်...မင်းမေငါလိုး..အဲလိုဆိုရင်ရော..
စာလုံးပေါင်းမှန်လား..မအေလိုးရဲ့ ..

ဒီနေ့VOAကသတင်းတခုဖတ်ရတယ် ဒေါ်အောင်ဆန်းစုကြည်ကအစိုးရသစ်နဲ့လဲထပ်ပြီးဆွေးနွေးချင်ပါသေးတယ်တဲ့ပထမတခါလဲစစ်အစိုးရနဲ့ဆွေးနွေးချင်ပါတယ်တဲ့သူဒီလိုလုပ်နေတဲ့ပုံတွေကိုကြည့်ရင်သူဆွေးနွေးချင်တာသူလုပ်ချင်တာတွေကမြန်မာပြည်တိုးတက်ရာတိုးတက်ကြောင်းကိုဆွေးနွေးချင်တာမဟုတ်ဘဲနဲ့သူလုပ်ပေးမှ
သူအမေရိကန်နဲ့လက်ဝါးချင်းရိုက်ပြီးလုပ်ထားတဲ့ Sanction ကြီးကိုပယ်ဖျက်မယ့်ပုံနဲ့သူ့အတွက်နေရာလေးတခုရအောင်လုပ်ချင်တဲ့ပုံစံကိုရောက်နေတယ်ဆိုတာကျနော်တို့လူငယ်တွေလဲတော်တော်များများသဘောပေါက်နေကျပါပြီအဲဒါကြောင့်အရင်တုန်းကအရမ်းလေးစားအားကိုးရတဲ့NLDဆိုတဲ့ပါတီကြီးကိုလဲလမ်းသွားလို့ဖြတ်လျောက်မိရင်တောင်ကျနော်ကြည့်ချင်စိတ်လုံးဝမရှိတော့ပါဘူး တကယ်တော့ခုလိုအပြောင်းအလဲလုပ်နေတဲ့အချိန်မှာဒီဒေါ်အောင်ဆန်းစုကြည်ဟာအမေရိကန်နဲ့သူဒီလောက်ပလူးပလဲနိုင်တာမြန်မာပြည်ကိုတိုးတက်စေချင်တယ်ဆိုရင်လုပ်ပေးသင့်နေပါပြီသူတို့အန်အယ်လ်ဒီရဲ့လုပ်ပုံတွေကအရမ်းကိုကလေးကလားဆန်ပြီးလုံးဝအာဏာရချင်နေတာသေချာနေပြီလို့ကျနော်ထင်ပါတယ်ဘာလို့လဲဆိုတော့ဘယ်ဗိုလ်ချုပ်တွေဘာတွေကိုပိတ်ဆို့ပိတ်ဆို့တကယ်တမ်းအမေရိကန်ကလုပ်တာတော့မြန်မာတနိုင်ငံလုံးကိုလုပ်တာပါဘဲအဲဒီတော့တကယ်တမ်းအထိနာတာကလဲကျနော်တို့ပြည်သူတွေပါဘဲ ကျနော်ခုရေးတာလေးကိုအန်တီစုများဖတ်မိရင် မြန်မာပြည်ကြီးကောင်းစားစေချင်တယ်ဆိုရင် ကိုယ်ကျိုးစွန့်ပြီးခုလောလောဆယ်ဘာလုပ်သင့်တယ်ဆိုတာကိုသဘောပေါက်စေချင်ပါတယ်ခင်ဗျာ (ဆန္ဒပြပြီးထောင်ထဲထပ်ဝင်တာကတော့ကိုယ်ကျိုးစွန့်တာမဟုတ်ပါ အဲဒါကိုလဲအထင်မကြီးပါမလေးစားပါ)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်