Subscribe to our RSS Feed

ပေးစာ - ၇


ကိုဒေါ်လာစားရှင် ဒီရက်ပိုင်းအတွင်းမှာ ဗုဒ္ဓဘာသာဝင် တွေကပဲ အနန္ဒငါးပါးဝင် သံဃာတစ်ပါးကို လူမဆန်စွာ ဝေဖန်ထားကြ၊ ဆဲဆိုကျိန်းမောင်းထားကြတာတွေ တွေ့နေရတာ အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ ဘုန်းဘုန်းရဲ့ မကောင်းကြောင်းတွေကို ကိုယ်တိုင်တိတိကျကျ မသိကြပဲနဲ့ တစ်ဆင့်စကား တဆင့်နားနဲ့ ရလာတဲ့ သတင်းကို နိုင်ငံရေး ဘလော့တွေက တင်ထားကြတာ အများကြီးပဲ ရှိနေတယ် ဆိုတာ သိရလို့ ရင်လေးမိပါတယ်။

စိတ်ဓာတ်မြှင့်တင်ရေး သင်ခန်းစာ ပို့ချနေသော သံင်္ဃာတစ်ပါး

အားလုံး အထင်မှားနေကြလို့ Myanmar Express ကတဆင့် ပြန်လည်ဖြန့်ဝေပေးဖို့တောင်းဆိုပါတယ်။ ဘုန်းဘုန်းက အားလုံးအထင်မှားနေသလို မဟုတ်ပါဘူး။ အဲ့လိုစိတ်ဓာတ် လုံးဝ လုံးဝ မရှိပါဘူး။ လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးတာပါ။ ဘုန်းကြီး ပါးစပ်က သာဓု ဆိုတာပဲ ထွက်ရမယ်လို့ ဘယ်ဥပဒေက ပြဌာန်းထားလို့လဲ။ လက်ခုပ်တီးတယ်ဆိုတာ အားပေးတာပါ။

သူတို့ ဟောပြောပွဲတွေ တက်ဘူးကြမှာပါ။ အဲ့ဒီမှာ ကြိုက်တဲ့ စကားစုပါရင် ဘာလုပ်သလဲ။ ယူတို့ လက်ခုပ်တီးတယ်လေ။ ဒီသဘောပါပဲ။ တချို့လူငယ်တွေ လေနေတတ်လို့ ဘုန်းဘုန်းက ထိန်းသိမ်းပေးတဲ့သဘောပါပဲ။ သူငယ်ချင်းတို့ မသိရင်လဲ သေချာအောင် စုံစမ်းပြီး ပြောကြပါ။

ကုလားဘုန်းကြီးမှ No.1 စိတ်ဓါတ်မြှင့်တင်ရေး သန်းတန်းသားဦးရေ တိုးပွါးရေးအတွက် လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့ စည်းရုံးသိမ်းသွင်း ပြောကြားနေကြောင်း သိရသည်။

သင်တန်းသားဦးရေ တိုးပွားဖို့ဆိုတာက စိတ်ကောင်းနဲ့ပြောတာပါ။ သင်တန်းသားတိုးပွားဖို့ အဓိက မဟုတ်ပါဘူး။ စိတ်ဓာတ်ကိုသင်ပေးချင်လို့ပါ။ ဗုဒ္ဓဘာသာညှိုးနွမ်းအောင် အပြုအမူ ဘာမှ မရှိပါဘူး။ သေချာလိုက်ကြည့်ပြီး ပြောနိုင်ပါတယ်။ ဒါပေမဲ့ မသေချာပဲ စော်ကားတာတော့ မကောင်းပါဘူး။

ဗုဒ္ဓဘာသာ ညှိုးနွမ်းအောင် ဘယ်လိုအပြုအမူကများ လုပ်ဆောင်နေလို့လဲ ဆိုတာကို သူတို့တွေကို မေးကြည့်ချင်ပါတယ်။ တရားပွဲမှာ စကားပြောတာလည်း မဟုတ်ပါဘူး။ သင်တန်းချိန်မှာ သင်တန်းပို့ချတာပါ။ စိတ်ဓာတ် မြှင့်တင်ရေး သင်တန်းဖြစ်လို့ ဘာမှာ ချုပ်ချယ်မထားပဲ ပေါ့ပေါ့ပါးပါး ဆက်ဆံခိုင်းတဲ့ သဘောပဲရှိပါတယ်။ ပြည်သူတွေကို အကျိုးပြုဖို့ တကယ် အဓိပ္ပါယ်ရှိတာကို လက်တွေ့လုပ်ဆောင်ပြနေတာပါ။ အဓိပ္ပါယ်မရှိ လမ်းပေါ်ထွက်ပြီး အမျိုးသမီးဓာတ်ပုံကိုင် ဆန္ဒပြနေတာမဟုတ်သလို အမျိုးသမီးပုံကို ထိုင်ကန်တော့နေကြတာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ရှိခိုးနေသော သီရိလင်္ကာမှ ဘုန်းကြီးများ


အမျိုးသမီးတစ်ဦး ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသော ဘုန်းကြီးတစ်ပါး

ခု ဘုန်းဘုန်းက ပြည်တွင်းမှာပါ။ သံဃာတော်တွေကန့်ကွက်ရင် (စိတ်အနှောင့်အယှက်) ဖြစ်ရင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းက အရေးယူမှာပေါ့။ အခု ဒီအတိုင်းလွှတ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကို မထိခိုက်လို့ပေါ့။ မြို့ခံတစ်ဦးကလဲ သူ့ကို ဘာတွေထိခိုက်နေလို့လဲ ။ သူ့အကျိုးယုတ်အောင် ဘာများလုပ်ခဲ့လဲ လို့ ပြန်မေးကြည့်နိုင်ပါတယ်။ ကြည့်ရတာ အတော်ဆိုးတယ်ဆိုတော့ သူသွားကြည့်နေလို့ပေါ့။

ဘယ်အရာမဆို အကောင်းမြင်တဲ့ လူရှိသလို အကောင်းမမြင်တဲ့သူတွေရှိတာ လူ့သဘာဝပါပဲ ။ အဲ့လို လုပ်ရပ်မျိုးလုံဝရှိမှာ မဟုတ်ပါဘူး။ တို့ ဘာလို့သိလဲဆိုတော့ တို့က ဘုန်းဘုန်းစေတနာကိုနားလည်လို့ပါ။ ခြေပြတ် နေသူတို့ လက်ပြတ်နေသူတို့တောင် စိတ်ဓာတ်မကျဘဲ ဘ၀ကိုရင်ဆိုင်ဖြတ်သန်းနေကြတာ တို့တတွေက ကိုယ်အဂါင်္အစုံအလင်နဲ့ စိတ်ဓာတ်ကျစရာမလိုဘူးဆိုတဲ့ သဘောတရားကိုပြောပြပေးတာပါ။ သက်သေသာဓကနဲ့ကို ပြောပြတာပါ။ နိုင်ငံခြားမှာလဲ ကိုယ်တပိုင်းပြတ်နေသူက သူတောင် စိတ်ဓာတ်မကျဘဲ ဘ၀ကိုဖြတ်သန်းနေတဲ့အကြောင်း ဟောပြောပွဲတွေလုပ်နေတဲ့အကြောင်း သူငယ်ချင်းတွေ သိကြမှာပါ။

စကားတခွန်းဆိုတာ စောင့်ထိန်း သင့်တဲ့အရာပါ။ ကိုယ်မပြောခင် ဘယ်လိုအရာက ဘယ်လိုဆိုတာ သိစေချင်တယ်။


သင်တန်းကြော်ညာ

ဒီသင်တန်းက စည်းရုံးရေးဆင်းနေတဲ့ သင်တန်းတစ်ခုပါ။ သူနဲ့ ဆင်တူရိုးမှား သင်တန်းတစ်ခုရှိပါသေးတယ်။ ၂ခုလုံးက mind power နဲတဲ့သူတွေ အလာများတယ်။ ပြီးတော့ ရုံးဝန်ထမ်းတွေ။ အလုပ်အဆင်မပြေတဲ့သူတွေ လာတက်ကြတယ်။ ဒီလိုသင်တန်းမျိုးက ရှိတာတော့ ရှိသင့်ပါတယ်။ ဆိုးတာက ဘုန်းကြီးတွေ ပါနေလို့ပါ။ ဘုန်းကြီးကလည်း တစ်ပါးထဲပါ။ စိတ်ပေါ့ပါးစေတဲ့ သင်တန်းဖြစ်လို့ ဘုန်းကြီးနဲ့ လူတို့ကြားမှာ အဆောင်အယောင်တွေ ဖယ်ထားပြီး ဘုန်းကြီးက လွတ်လွတ်လပ်လပ် ဆက်ဆံစေတဲ့ သဘောပါ။ ကျန်တာတွေက လူတွေချည်းပါပဲ။

ဘုန်းကြီးကလဲ အမည်ခံတွေပါ။ သင်တန်းကြော်ငြာမှာ ဘုန်းကြီးအကြောင်းကို နံမည်ကြီး နိုင်ငံခြားပြန်ဆရာကြီးမှ ပို့ချပေးမယ် ဆိုပြီး ပြောထားပါတယ်။ ဒါပေမယ့် ခုမှ အဲ့ဆရာကြီးဆိုတာက ဘုန်းကြိးဖြစ်နေမှန်း သိရတာပါ။ သူက သင်တန်းတက်ပြီးရင် အလုပ်ရှာပေးတယ်။ အဲ့ဒါလေးနဲ့ ဆွဲဆောင်ထားတဲ့ သဘောပေါ့။

စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းဆိုပီး နောက်တနေရာမှာ ဖွင့်ထားတာ ရှိပါသေးတယ်။ ဒါပေမယ့် သူ့လို အဆိပ်မထုတ်ခိုင်းပါဘူး ရှူရှိုက် ကိုပဲ အဓိက ထားလုပ်ရတာတဲ့ သင်ပေးတာတော့ လူတွေချည်းပါပဲ။ အဲ့ဒါက လူတိုင်းမသိသေးပါဘူး။ ဆင်တူယိုးမှားပီး ဘုန်းကြိးဆီရောက်ကုန်တာပါ။ ပြီးတော့ သူက stress ကို လျှော့နည်းတွေ အလေးထားပိး သင်တာ။ သင်တန်းကာလကတော့ ၁၀ ရက်ပါပဲ။ ညနေ ရုံးဆင်းချိန် ၂ နာရီလောက်ပဲ သင်တယ်။ ပါ့ပေါ့ပါးပါးနဲ့ brain wash ကိုယ်တိုင် လုပ်တတ်သွားအောင် အစလုပ်ပေးလိုက်တဲ့သဘောပါ။ ၁၀ ရက်ပြည့်သွားတော့ ကိုယ့်ဟာကိုယ် လုပ်တတ်သွားတဲ့ ပုံစံမျိုး။ ဒါပေမယ့် စည်းကမ်းတော့ တော်တော်တင်းကျပ်ထားတယ် စကားပြောခွင့်မပေးဘူး။ ဒီတော့ လူတော်တော်များများက ဘုန်းကြီး ရှိတဲ့ သင်တန်းကို သွားကြပါတယ်။

ဘုန်းကြီးကလည်း စိတ်ဓာတ်ကျနေတဲ့ လူသားတွေကို ကူညီတဲ့ သဘောပါ။ တရားပွဲမှာ ကခိုင်းတာလည်းမဟုတ်သလို၊ မှားယွင်းတဲ့ ဘာသာတွေ ထည့်ပေးနေတာလဲ မဟုတ်ပါဘူး။


သင်တန်းပို့ချနေသော ဘုန်းဘုန်း

ခု ကျမ ပြောတာတွေအားလုံးက ကိုယ်တိုင် တကယ်တက်ဖူးလို့ သိလို့ ပြောတာတွေချည်းပါ။ အကောင်းမြင်စိတ်လေးထားပေးပါ။ သာသနာဖျက်ဆီးဖို့ ရောက်လာတာလုံးဝမဟုတ်ပါဘူး။

ဘယ်အရာမဆို တစ်ခုရပြီး တစ်ခု ဆုံးရှုံးရတာ ဓမ္မတာပါပဲ။ လူငယ်တွေကို စိတ်ဓာတ်မြှင့်ပေးချင်တဲ့စိတ်နဲ့ ဘုန်းကြီးဖြစ်ရက်နဲ့ လောကီကိစ္စတွေဝင်ပါရတာပါ။ လမ်းထွက်ပြီး အလံကို ချနင်းနေတဲ့ ဘုန်းကြီးတွေထက်တော့ သာပါတယ်။ အဲ့လိုဘုန်းကြီးတွေကိုကျတော့ အားပေးပြီး ပြည်သူတွေအကျိုးရှိအောင် လက်တွေ့လုပ်နေတဲ့ ဘုန်းဘုန်းကို ဘာလို့ စွပ်စွပ်စွဲစွဲလျှောက်ပြောနေကြတာပါလဲ။


နိုင်ငံတော် အလံကို မီးရှို့ချနင်းနေသော အိန္ဒိယမှ ဘုန်းကြီးတစ်ပါး

သာသနာကို ထိခိုက်တဲ့ လုပ်ရပ်မျိုး လုံးဝမပါပါဘူး။ တို့လဲ စိတ်ဝင်စားလို့ လေ့လာကြည့်ရာကနေ သိထားတာလေးပါ။ က တယ်ဆိုတာက စိတ်ကို relax ဖြစ်အောင်ပါ။ ဗမာ အက လိုမျိုး အင်္ဂလိပ် dance လိုမျိုးတွေ မဟုတ်ပါဘူး။ တို့ လူတွေ ယောဂ ကျင့်ကြသလိုပါ။ ဘယ်လိုမျိုးလေးက ကိုယ်ခန္ဓာအတွက် ကောင်းတယ်ဆိုရင် တို့တတွေလိုက်လုပ်ကြသလိုပေါ့။ အခုလဲ ဘယ်လို position လေးက ကိုယ့်စိတ်ကို relax ဖြစ်စေမယ် ဆိုတဲ့ပုံမျိုးလေးပါ။

တရားထိုင်ခိုင်းပါသေးတယ်။ စိတ်ကို relax ဖြစ်အောင်ဆိုပြီး။ နောက်တစ်ခုက လူ့ပတ်ဝန်းကျင်မှာ နေရင် ဘယ်လို နေရမယ်။ စိတ်သဘောဘယ်လိုထားရမယ်။ ဘယ်သူ့ကိုမဆို လေးစားမှုရှိရမယ်။ ကျေးဇူးတင်တတ်ရမယ်။ ကိုယ့်ကိုတောင် ချီးကျူးရင် ကိုယ်ကြိုက်သေးတာပဲမဟုတ်လား။ ဒီလိုပဲ သူများကိုလဲ ချီးကျူးတတ်ရမယ်။ ကိုယ်သိတဲ့ သူနဲ့ တွေ့ရင် မင်္ဂလာပါလို့ နှုတ်ဆက်ရမယ် အစရှိတဲ့ လူမှုဆက်ဆံရေးမှာ မလုပ်မဖြစ်အချက်ကလေးတွေ ပြောပြပြီးသက်သေသာဓကလေးတွေနဲ့ သက်သေပြတာပါ။

အားလုံးပဲ မယုံဘူးဆိုရင် ကိုယ်တိုင်သင်တန်းကို သွားလေ့လာကြည့်ပါ။ သင်တန်းတက်တဲ့သူတွေအားလုံးထဲမှာ လူမျိုးစုံပါနိုင်ပါတယ်။ ထောက်လှမ်းရေးတွေတောင် လာပြီး တက်ကြပါသေးတယ်။ ဘာမှ မဖြစ်လို့ ဒီအတိုင်းလွှတ်ထားတာပါ။ နောက်တစ်ခုက ဒီသင်တန်းကို ဖွင့်တာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့သော 2010 ခုနှစ် နှစ်ဦးပိုင်းကတည်းကပါ။ Asia plaza မှာ ဖွင့်တာပါ။ သင်တန်းသူ/သား များ အများကြီးပါ။ ဘုန်းဘုန်း စေတနာကို သိလို့ လာတက်ကြတာပါ။ ကျန်တာတော့ အဆင်ပြေသလိုသာ မြင်ကြပါတော့။ အခု တို့ပြောနေတာတွေက ဘုန်းဘုန်းဘက်ကပြောနေတာ တစ်ခုမှ မပါပါဘူး။ အမြင်မှားနေမှာစိုးလို့ ၊ ဆင်ခြင်နိုင်ကြစေဖို့ တို့ ပြောပြနေရခြင်းပါ။ တကယ်အကျိုးရှိတဲ့ အလုပ်လုပ်နေတဲ့ ဘုန်းကြီးနဲ့ အကျိုးမရှိတာတွေကို လုပ်နေတဲ့ ဘုန်းကြီးတွေကို ခွဲတတ်ကြပါစေ။ ကျေးဇူးတင်ပါတယ်။

သင်တန်းအကြောင်း ကိုယ်တိုင်လေ့လာ၊ မေးမြန်းချင်ရင်တော့

အမှတ် (၄၂၉) ၊ ပထမထပ် ၊ ကုန်သည်လမ်း နှင့် သိမ်ဖြူလမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ်။
ဖုန်း။ ။ 09 52 30522, 01 201452 ကိုဆက်သွယ်ပြီးတက်ရောက်နိုင်ပါသည်။

http://numberonesociology.com/activities.htm



28 comments:

ကိုယ်ကြားဘူးတာတစ်ခုတော့၇ှိတယ် ဘာလည်းဆိုတော့ကိုယ်အကြောင်းကိုကိုယ်ကသိပ်ပီးအမွှန်းတင်ပြနေ၇တာတို့ ငါကဒီလိုမဟုတ်ပါဘူးငါက ဒီလိုမလုပ်တတ်ပါဘူးလို့ သက်သေအတန်တန်ပြနေ၇ပီဆို၇င်တော့အဲလူဟာပုံမှန်မဟုတ်ဘူးဆိုတာတော့သေချာနေပါပီ

ဘားအံမြို့ ၊ ဇွဲကပင်ခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့ က စပြီး ကျင်းပခဲ့တဲ့ နံပါတ် (၁) စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမှာ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက သီချင်းဖွင့်ပြပြီး မော်ဒယ်တွေကနေတာကို ပြကာ လိုက်ကခုံခိုင်းခဲ့တဲ့ပွဲမှာ အဲ့ဒီ သီချင်းက တရုတ်သီချင်းဖြစ်ပြီး Alex Du 杜德伟 သီဆိုထားတဲ့ “脫掉” “ချွတ်ပြစ်လိုက်” လို့အမည်ရတဲ့ သီချင်းဖြစ်ကြောင်း သိရှိရပါတယ်။

စာသားတွေထဲက တစ်ကြောင်း နှစ်ကြောင်းလောက် ဘာသာပြန်ရရင်တော့ “စည်းကမ်းတွေများနေတယ် ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက် ” နောက်ဆုံး “အပေါ်အဝတ်တွေ အောက်ခံတွေပါ ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက်” လို့ ဆိုနေတာ ဖြစ်ကြောင်းပါ။ မူရင်း တရုတ်သီချင်းက ဒီမှာပါ။

http://www.youtube.com/watch?v=ZMjQXJysTdQ&feature=player_embedded

နအဖတွေ ပြောတော့ တိုင်းတစ်ပါးကို အထင်ကြီးစိတ်တွေ မမွေးရဖူးဆိုပြီး ပြောနေပေမယ့် အခု ဒီ နအဖတိုင်းမှူးက ခွင့်ပြုထားတဲ့၊ နအဖတပ်မမှူးတွေ ကိုယ်တိုင်တက်ရောက်တဲ့၊ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက ဘာသာသာသနာတော်ကို ပေါ်တင်ကြီး ဖျက်ဆီးနေတဲ့ ဒီ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်း နံပါတ် (၁) မှာ ဖွင်ပြတဲ့ သီချင်းက တရုတ်သီချင်းကြီး ဖြစ်နေပြီး သီချင်းစာသားတွေကလည်း လိင်ပိုင်းဆိုင်ရာတွေ ပါနေတဲ့ သီချင်းကြီး ဖြစ်နေပါလား။ ဒီလောက် မိုက်ရိုင်းနေတဲ့ သီချင်း၊ ကိုယ့် မြန်မာလူမျိုးနဲ့  လားလားမှ မသင့်တော်တဲ့ သီချင်း၊ အထူးသဖြင့် ဘာသာတရားတဲ့  လုံးဝအလျဉ်း မစပ်အပ်တဲ့ သီချင်းမျိုးကို ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ကလည်း ဖွင့်ပြတယ် နောက် နအဖတိုင်းမှူးတွေ တပ်မမှူးတွေကလည်း သဘောကျတယ် ပြီးတော့ ကခုန်နေကြတဲ့ တပ်မတော်အရာရှိမိသားစုတွေ မယကတွေ ရယကတွေကလည်း ခုန်ပေါက်မြူးတူးပြနေတယ်ဆိုတော့ ကိုယ်ပိုင်စဉ်းစားဥာဏ်မရှိကြတဲ့ အရူးတွေပါဘဲ။

နအဖက ဘာသာသာသနာတော်ကို စော်ကားတယ်၊ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်က ဗုဒ္ဓဘာသာကို ဖျက်ဆီးပြတယ်၊ ဦးနှောက်မရှိကြတဲ့သူတွေက ရူးပေါပေါနဲ့  ခိုင်းတာ လိုက်လုပ်ကြတယ်။ မြန်မာပြည်ကြီးမှာ ဒီလို မိစ္ဆာဒိဌိတွေနဲ့  ရူးသွပ်နေသူတွေကြောင့် သာသနာတော်ကြီး ပျောက်ကွယ်ဖို့  နီးနေပါပြီ။

အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နိုင်ပြီး မိစ္ဆာဒိဌိတွေကို ဖယ်ရှားနိုင်တဲ့ သာသနာ့အာဇာနည်များ ပြည်သူ့ အာဇာနည်များ အလျင်အမြန် ပေါ်ပေါက်ပါစေလို့  ပြောရပါတော့တယ်။

((အမျိုးသမီးတစ်ဦး ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသော ဘုန်းကြီးတစ်ပါး))

Why the monk didn't shave his whiskers??That is their precept???

((အမျိုးသမီးတစ်ဦး ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသော ဘုန်းကြီးတစ်ပါး))

Why the monk didn't shave his whiskers??That is their precept???

((အမျိုးသမီးတစ်ဦး ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသော ဘုန်းကြီးတစ်ပါး))

Why the monk didn't shave his whiskers??That is their precept???

သာဓုပဲ ခေါ်ရမယ့် ဥပဒေတော့ မ၇ှိပါဘူး ဒါပေမယ့် ဘုန်းကြီးက သီချင်း မဟုတ်တရုတ်ကို ဖွင့်ပြီးတော့ ကခိုင်းနေတာတော့ ၀ိနည်းနဲ့ ညီတယ်ထင်လို့လား...
သီချင်း အဓိပ္ပာယ်လေးရော နားလည်လား...ဘုန်းကြီးနဲ့ဒီသင်တန်းမျိုးနဲ့ ဘာမှမအပ်စပ်ဘူး..ဘုရားဟောလည်းရှိတယ် သိချင်ရင်တော့ စာဖတ်ပေါ့ ဘာမှတော့ မရည်ရွယ်ဘူးနော်...မှန်တာလေး ပြောပြတာ

အင်း ရဟန်းတစ်ပါးရဲ့ သင်တန်းမှာ ကခိုင်းတာဆိုရင်တော့ သာသနာစော်ကားရာ ရောက်လို့ အပြစ်ပေးသင့်ပါတယ်။ တကယ် သာသနာပြုချင်တယ်ဆိုရင်တော့ တခြားဗုဒ္ဓ၀ါဒနဲ့အညီ သာသနာပြုသင့်ပါတယ်။

မေးပါရစေ လူငယ်အကျိုးကိုဆောင်ရွက်တယ်ဆိုတာ အခမဲ့လား။ သံဃာတော်တစ်ပါးအနေနဲ့ လူတွေရဲ့အခက်အခဲကိုကူညီဖို့အတွက် အခကြေးငွေယူတယ်ဆိုတာ လုပ်သင့်မလုပ်သင့်ဆိုတာ ကိုယ့်ဘာသာကိုယ်သာပြန်စဉ်းစားကြည့်ပါ။

ဟော်ပြောပွဲမှာ လက်ခုပ်တီးတာအစမ်းမဟုတ်ပါ။ စမ်းတာ ဘုန်းကြီးတစ်ပါးလုပ်ပြီး ရုံထားတဲ့ သင်္ဃန်းဂုဏ်ပုတ်နဲ့ညီအောင် နှုတ်မှမစောင့်စီးဘဲ “သာဓုခေါ်တာထက် လက်ခုတ်တီးတာ သဘောကျတယ်” လို့ပြောတာ နှာခေါင်းရှုံစရာကောင်းမနေဘူးလား။

သင်တန်းသားများများရဖို့အတွက် စည်းရုံးခိုင်းတာကို စိတ်ကောင်းနဲ့ပါလို့ ဖျောင့်ချက်ပေးထားတာတော့ စာရေးတဲ့သူ ဒီဘုန်းကြီးနဲ့အမျိုးတော်တဲ့သူဖြစ်ရင်ဖြစ် မဖြစ်ရင် လေးလေးဝါးအတွေးနဲ့သူဘဲ ဖြစ်လိမ့်မယ်။ ဒီသင်တန်းက ပိုက်စံပေးတက်ရတဲ့သင်တန်းပါ၊ သင်တန်းသားများများ = ၀င်ငွေများများ ဆိုတာ အထင်းသားကြီးပါ။ ဘုန်းကြီးလုပ်ပြီး စီးပွားရှာတာ ဘုန်းကြီးစည်းကမ်းနဲ့ ကိုက်မကိုက် ကျွန်တော်ပြောပြဖို့ လိုမယ်မထင်ဘူး။

ဘုန်းကြီးလုပ်ပြီး အကသင်တန်းပို့ချတာမှ သာသနာညှိုးနွမ်းစေတာမဟုတ်ရင် စာရေးသူကိုယ်တိုင်က သာသနာပျက်စေခြင်နေတဲ့ မလိုမုန်းထားဘာသာခြားဟုတ်ရင်ဟုတ် မဟုတ်ရင် ဒီဘုန်းကြီးနဲ့ဆက်ဆက်ပြီး အကျိုးအမြတ်ရနေတဲ့သူဘဲဖြစ်ရမယ်။ ဘယ်ဗုဒ္ဓဘာသာဝင်ကမှ ဒါဘုန်ကြီးနဲ့ အပ်စပ်တဲ့ ကိစ္စလို့မမြင်ပါ။ နောက် ပြောခြင်တာ တစ်ဖက်လူအပြစ်ကို လက်ညှိုးထိုးလို့ ကိုယ့်အပြစ်ဆင်မသွားဘူးဆိုတာ အသိဥာဏ်ရှိတဲ့လူတိုင်း သိပါတယ်။

သံဃာ့အဖွဲ့က မသင့်တော်တဲ့ အပြုအမှုတိုင်း အရေးယူလို့ရတယ်လို့ ထင်ရင် စာရေးတဲ့သူ မြန်မာပြည်အကြောင်း တစ်မုန်လေးတောင် မသိဘူးလို့ဘဲ ပြောရလိမ့်မယ်။ ဒီဘုန်းကြီး ဘယ်လောက်အတိုင်းအတာအထိ အထက်နဲ့ဝင်ဆံ့လဲဆိုတဲ့ပေါ်မူတည်ပြီး သူရဲ့ immunity အဆင့်အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အထက်နဲ့ဝင်ဆံ့လေလေ သံဃာ့အဖွဲ့က ဘာမှလုပ်လို့မရလေလေပါဘဲ။

စကားဆိုတာ ဆောင့်ထိန်းရမယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ဘုန်းကြီးမို့ မျက်စိမှိတ်ပေးထားရင် သာသနာပျက်တာကြာပေါ့။ ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလို ဝေဖန်ရဲတဲ့ သတ္တိရှိရပါမယ်။ အသိဥာဏ်မသုံးဘဲ သံဃားရုံထားတာလေး တစ်ချက်ထောက်ပြီး ပြောသမျှခေါင်းညိမ့်ကျစတန်းဆို မကြာခင်သာသနာပျက်ကိန်းဆိုက်လိမ့်မယ်။

စားရေးတဲ့သူက ဘုန်းကြီးလုပ်ရပ်က သာသနာမထိခိုက်ဘူး၊ လူတွေက မသိဘဲနဲ့ဝေဖန်နေတယ်သာပြောတော့ ဒီဘုန်းကြီးနဲ့ပတ်သတ်ပြီး ပြန့်နေတဲ့ ဗွီဒီယိုကိုရော ကြည့်ဖူးရဲ့လားဆိုတာ မေးစရာတောင်ဖြစ်လာပြီ။ ဒီသင်တန်းအမှန်အကန်တက်ဖူးတယ်ဆိုရင် ဘုန်းကြီးလုပ်ပြီး လူတွေကိုအကသင်တန်းပေးတာမှ သာသနာ မထိခိုက်ရင် ၊ နောက်ဘာလာအုန်းမလဲ လူငယ်တွေတိုးတက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အနှိပ်သည်လုပ်နည်းတို့၊ မွေးမြူရေးလုပ်နည်းတို့ သင်ရင်တောင် လက်ခံမယ်နဲ့တူတယ်။

အဆုံးသတ်အနေနဲ့ပြောခြင်တာ ဒီဘုန်းကြီးအနေနဲ့ လုပ်ရမှာ ဘုန်းကြီးလုပ်မလား၊ လူလုပ်မလားရွေးရမှာပါ။ စီးပွားရှာခြင်တယ်ဆိုရင်ဘုန်းကြီးမလုပ်ပါနဲ့။ဘုန်းကြီးလုပ်ခြင်တယ်ဆိုရင် စီးပွားမရှာပါနဲ့။ ဒါပါဘဲ။

This comment has been removed by the author.

Ok, A Shin Pha Yarr..
This is the right song to choose dancing in your training..????

http://www.youtube.com/watch?v=xSLaaYuO5nc

I'm wondering how come people are dancing with such a sexy song in the training that's led by the person who wearing robe...

စိတ်ဓာတ်ကိုမြင့်တင်စေချင်ရင် လူတွေကို ကခိုင်းကြ ချစ်သားရဟန်းတို့ လို့ ဘ-ဘုရားရှင် မိန့်ဆိုတာ ပိဋကတ်သုံးပုံမှာ မတွေ့ဘူးပါဘူး။ ဘာသာရေးနဲ့ ပတ်သက်ပြီး ရေးချင်ရင်တော့ ဘာသာရေးကို လိုက်စားအုံးလို့ တိုက်တွန်းလိုပါတယ်။

http://nlfordemocracy.blogspot.com/search?updated-max=2009-06-29T07%3A01%3A00-07%3A00&max-results=3

အလယ်တန်း ကျောင်းသားဘဝက သင်ခဲ့ရဖူးသည့် ကဗျာဆရာကြီး ထီလာစစ်သူ၏ ကဗျာလေးကို သတိရမိသည်။ ကြည်ကြည်လင်လင် ရေကို မြင်လျှင် ရေတွင် ဆိပ်ခိုး ပါလေနိုးနှင့် သန့်သန့်စင်စင် လေကိုမင်လျှင် လေတွင်ဆိပ်ခိုး ပါလေနိုးနှင့် ဆိုသည့် ကဗျာလေးဖြစ်သည်။ လွန်ခဲ့သည့် အနှစ်(၄ဝ)ခန့်က ကဗျာလေး ဖြစ်သော်လည်း ယနေ့ကာလနှင့် ပိုလို့ဆီလျော်နေပါသည်။ ယနေ့ကာလတွင် လူတို့၏ အတတ်ကျူးမှုကြောင့် ကိုယ့်ရှူးကိုယ်ပတ်နေရသည့် အဖြစ်အပျက် တွေက ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေသည်။ နေရာတိုင်းအတ္တ လောဘကိုဇောတိုက်ပြီး ကိုယ့်အကျိုး စီးပွားကိုသာ ရှေ့တန်းတင်နေကြသဖြင့် မေတ္တာတရားခေါင်းပါးမှုက ဖြစ်ရိုး ဖြစ်စဉ်ဖြစ်နေသည်။ အထူးနစ်နာ နေရသူများက စားသုံးသူများဘဲဖြစ်သည်။ လူသားဘဝ အသက်ရှင် ရပ်တည်နေနိုင်မှုအတွက် နေ့စဉ် အစားအစာ စားသောက်ရသည်။ ကိုယ့်အတိုင်းအတာနှင့်ကိုယ် လမ်းဘေးဈေးသည်၊ ပျံကျဈေးသည်ဆီမှာ ဝယ်သူကဝယ်၊ ဟိတ်တစ်လုံး ဟန် တစ်လုံးနှင့် စူပါမားကက်၊ ရှော့ပင်း မောလ်မှဆိုသူတွေကလည်း သူတို့ မားကက်နှင့်သူတို့၊ မြန်မာနိုင်ငံတွင် စိုက်သည့်ဆန်က အမျိုး(၅ဝ)မကျော် သော်လည်း ဆန်ကုန်သည်တွေရောင်းသည့် ဆန်အမျိုးအစားက ဈေးနှုန်း အမျိုးမျိုးဖြင့် (၅ဝ)မကရှိနေသည်။ ဆန်တစ်မျိုးတည်းကိုပင် မျက်နှာပြောင်တိုက်ပြီး စားသုံးသူကို ဈေးအမျိုးမျိုးဖြင့် ရောင်းသည်။ ငပိတို့၊ မျှစ်တို့၊ ငရုတ် သီးမှုန့်တို့၊ အရောင်တင်မှုန့်တို့တွင် တားမြစ်ဓာတုအရောင်တင်မှုန့်များ ရောနှောရောင်းချနေခဲ့ကြသည်မှာ ဘယ်အချိန် ဘယ်ကာလကတည်းက မသိ။ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသည့် ဝေဒနာများကို ခံစားကြရင်း ရောဂါအမည်မတတ်နိုင်ခင်မှာပင် မရဏမင်းနောက် လိုက်သွားရသူများအတွက် မည်သူ့ကို တိုင်တည်ရမည်လဲ။

ကုန်စိမ်းတန်းတွင် အသီးအရွက်များကို ဈေးသည်တွေ ဖျန်းဖျန်းနေသော အရည်တွေကို စစ်ဆေးခြင်း တစ်ခါမှမကြားဘူးခဲ့။ အခြေခံဗဟုသုတ နည်းပါးသော လက်လုပ်လက်စားများ သာမက ပညာတတ်ဆိုသူ အတော်များများ၏ လုပ်ငန်း ဝန်ဆောင်မှုများတွင် လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် ပတ်သက်၍ ပညာပေးမှု၊ ဟောပြောမှု၊ ကြီးကြပ်စစ်ဆေးမှုတို့မှ တစ်ဆင့် အရေးယူအပြစ်ပေးရမည့် အချိန်ရောက်ပြီဟု ဆိုချင်ပါသည်။ စိုက်ပျိုးရေးတွင်သုံးသော ဓာတုဆေးများပက်ဖျန်းပြီး (၂)ရက်ကျော်မှခူးပြီး ဈေးတွင်ရောင်းချရန်ဆိုသည့် အခြေခံအကျဆုံးအချက်ကိုမှ မလိုက်နာသော စိုက်ပျိုးရေးသမားများ၊ ထည်ဝါသော အခင်းအကျင်းနှင့် စားသုံးသူများအပေါ် အရောအနှော၊ အတု၊ ရက်လွန်ပစ္စည်းများ ဈေးကြီးဖြင့် ရောင်းချနေသောသူများကို ဥပဒေဒပြဌာန်းပြီး အရေးယူရတော့မည့် အချိန်နောက်ကျနေပြီဟုပင် ထပ်ဆင့်ဆိုချင်သည်။ ကိုယ်အဆင်ပြေလျှင်ပြီးရော ကျန်သည့်သူ ဘာဖြစ်ဖြစ်၊ ငရဲဆိုတာ နောက်ဘဝမှ နောက်ခန္ဓာကိုယ်နဲ့ ခံရတာဆိုသော အသိဉာဏ်တရား အောက်ကျလွန်းသည့် စကားကို ငါးစိမ်းတန်းမှာ မိမိနားနှင့် ဆတ်ဆတ်ကြားခဲ့ရဖူးသည်။ သည်အသိုင်းအဝိုင်းမှ ဆင်းသက်ပေါက်ဖွားလာမည့် မျိုးဆက်တို့၏ အသိအတွေးများကရော၊ လူ့ဝန်းကျင်အတွက် အနှောင့်အယှက်သာ ဖြစ်နေလိမ့်မည်။ ပဲပြုတ်၊ ပဲကတ္တီပါများ ပြုတ်လျှင် ထင်းဖိုး၊ မီးသွေးဖိုးအကုန်သက်သာအောင် မြန်မြန်နူး များများပွအောင် စားဆော်ဒါအစား အဝတ်လျှော်ဆော်ဒါ ထည့်ကြသည်တဲ့။ အကြော်များ တစ်နေကုန်ကြွ၊ ရွနေစေရန် ဒယ်ပူထဲဆီမထည့်မီ ရေသန့်ဘူးအလွတ် အရင် ထည့်လိုက်ပြီး အရည်ပျော်တော့မှ ဆီထည့်ပြီး အကြော်ကြော်သည်တဲ့။ စာနယ် ဇင်းများတွင် အလျဉ်းသင့်တိုင်း တင်ပြကြသူတွေက တင်ပြနေကြသော်လည်း ထူးခြားသည့် ပြောင်းလဲမှုဘာတစ်ခုမှ မမြင်ရ၊ မကြားရ။ ဈေးများကျောင်းများမှ ရောင်းချနေကြသည့် ရေခဲချောင်း၊ တုတ်ထိုး၊ မုန့်ပဲသရေစာအစုံကလေးများ စားပြီးလျှင် ပါးစပ်မှာအရောင်တွေ ကျန်နေသည်။ အခြေခံလစာနည်း ဝန်ထမ်းများ လက်လုပ်လက်စားများ အနေဖြင့် နာမကျန်းဖြစ်လျှင် တော်ရုံတန်ရုံနှင့်တော့ ဆေးခန်းဆေးရုံသို့ မသွားဖြစ်ကြ။ အလုပ်ပျက်မခံနိုင်၊ အချိန်ကုန်မခံနိုင်၍ ဖြစ်သည်။ သည်လိုနှင့် လမ်းထိပ် ကွမ်းယာဆိုင်၊ ကုန်ခြောက်ဆိုင်မှာ ဆေးဝါးနှင့်ပတ်သက်၍ ဘာကျွမ်းကျင်မှုမှမရှိသော၊ ဘယ်နိုင်ငံက ဘာအသိအမှတ်ပြုမှု ရှိ/မရှိ မသိရသော၊ ဘာအာမံချက် မှမရှိသော ဘယ်တုန်းကရောက်နေမှန်း မသိသော၊ စပ်ပေးလိုက်သော ဆေးများကို စပ်ဆေးဆိုပြီး သောက်လာခဲ့ကြသည်မှာ ဆယ်စုနှစ်တစ်ခုပင် မကတော့။ သည်လိုနှင့် ရပ်ကွက်တွေထဲမှာ အရွယ်မရွေးပဲ တဖြုတ်ဖြုတ် လူမသိ၊ သူမသိ လူ့လောကထဲမှ အချိန်မတိုင် ခင်ထွက်ခွာသွားရသည့်သူတွေ တစ်နှစ် တစ်နှစ် ဘယ်လောက်ရှိနေမည်လဲ။

တားခြစ်ခြင်ဆေးခွေကို မြို့စွန် ဆင်ခြေဖုံးရပ်ကွက်တွေမှာ သတင်းစာ၊ ရုပ်မြင်သံကြား၊ ဂျာနယ်၊ မဂ္ဂဇင်း မီဒီယာများနှင့်အလှမ်းဝေးနေသော နေရာတွေမှာ မသိနားမလည်သူတွေကို ဈေးဆိုင်တွေက ယနေ့တိုင် ထိုးရောင်းနေဆဲ။ ထိုသို့သော အခြေအနေအရပ်ရပ်တွေမှာ မည်သူ့မှာ တာဝန်ရှိသလဲဆိုသော မေးခွန်းကို မမေးလို။ အားလုံးမှာ တာဝန်ရှိသည်ဟုဘဲ ဆိုချင်သည်။ အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါးများသည် မှတ်ပုံတင်ထားခြင်းမရှိသည့် အပြင် ဘေးဥပဒ်ဖြစ်စေသော အနောက်တိုင်းဆေးဝါး ရောနှောထားသည့် အစချီပြီး အထက်ပါစံမညီ ဆေးဝါးများ ဖြန့်ဖြူးထုတ်လုပ် တင်သွင်းရောင်းချ . . တည်ဆဲ ဥပဒေအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်းကို ဆိုသည့် မကြာမကြာ မြင်တွေ့နေရသည့် ကြေညာချက်များအစား ဆေးဝါးအတု၊ ရက်လွန်ဆေးဝါး ရောင်းချမှု၊ သိုလှောင်မှု၊ ဘေးဥပဒ်ဖြစ်စေနိုင်မှန်း သိလျက်နှင့် ဓာတုဆေးများ၊ ပိုးသတ်ဆေးများ၊ ဆိုးဆေးများပါရှိသည့် ဟင်းသီးဟင်းရွက် အသီးအနှံများ အမျိုးစားမမှန်သော ပစ္စည်း၊ တံဆိပ်အတု၊ ရက်လွန်(ပြန်ပြင်) မိမိဆိုင်၊ ကုမ္ပဏီမှ ပစ္စည်းများ၊ ဝန်ဆောင်မှုအတွက် ဘာတာဝန်မှ မယူသော ရောင်းချနေသော မည်သည့်ကုမ္ပဏီ မည်သူအား သက်ဆိုင်ရာမှ စစ်ဆေး ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချမှတ်လိုက်သည် ဆိုသည့် သတင်းကိုသာ မြင်လိုကြားလိုကြောင်း ဝိသမသားများ၏ နည်းမျိုးစုံဖြင့် တွင်ကျယ်နေမှုကို မလွှဲမရှောင်သာ ခံယူနေရသည့် အများပြည်သူ စားသုံးသူများကိုယ်စား ရင်ဖွင့်လိုက်ရသည်။ သန့်သန့်စင်စင် လေကိုမင်လျှက် လေတွင် ဆိပ်ခိုးပါလေနိုးနှင့် . . ကြည်ကြည်လင်လင်ရေကိုမြင်လျှက် ရေတွင် ဆိပ်ခိုးပါလေနိုးနှင့် .. KAMO
COPY FROM SNAPSHOT 16 JAN 2011

ရဟန်းတစ်ပါးက ဒကာ ဒကာမတွေကို ကခိုင်းတာဟာ ၀ိနည်းနဲ့မညီပါဘူး လာဘ်ယူပြီးလုပ်တဲ့ပွဲလို့ကြားရပါတယ် ဒါဆိုရင်တော့ ရဟန်းရဲ့ အလုပ်မဟုတ်ပါဘူး. စာရေးသူက ရေးထားတယ် နိုင်ငံရပ်ခြားမှာ ဒီမိုကရေစီ လိုချင်လို့ဆိုပြီး နိုင်ငံတော်အလံကို မီးရှို့ အမျိုးသမီး တစ်ယောက်ရဲ့ ပုံကို ဘုရားနဲ့ တန်းတူနေရာမှာထားပြီး ရှိခိုးနေတာတွေ ထက်စာရင် သာပါတယ်တဲ့ . မှန်ပါတယ် အဲတာတွေထက်စာရင် သာပါတယ်.. ဒါပေမယ့် ဒီလို မျိုးနေရာမှာ ယှဉ်ပြီးရေးစရာမလိုပါဘူး.. သူတို့ရှိခိုးတာက သူတို့အလုပ်ပါ. ကိုယ်နဲ့မဆိုင်ဘူး.. အခုက လူထုကို စည်းရုံးပြီး လုပ်တဲ့ပွဲဆိုတော့ အားလုံးနဲ့ဆိုင်ပါတယ်..စိတ်ဓါတ်မြှင့်တင်ပေးတဲ့နေရာမှာလဲ ဓမ္မနဲ့ မြှင့်တင်ပေးရမှာပါ.. အခုလိုနည်းနဲ့ မဟုတ်ပါဘူး. သူတစ်ယောက်တည်း အတွက် ကြည့်ရင်တော့ အပစ်မရှိသလိုလိုပါပဲ(လူ့လောက ဥပဒေအရ) .. ရဟန်းတွေ အားလုံးက သာဒီလို လာဘ်ယူပြီး သင်တန်းဖွင့်မယ်ဆိုရင်တော့ သာသနာတော် အတွက် အန္တရာယ်ကြီးပါတယ်..တရားပွဲနဲ့ အကသင်တန်းတွေတောင် ရောကုန်မယ်ထင်ပါတယ်.. စာရေးသူအနေနဲ့ ဘာသာရေး ဆိုင်ရာကိစ္စတွေကို ရေးတဲ့အခါမှာ သေချာလေ့လာ ပြီးမှရေးစေချင်ပါတယ်.. ပြန်လည်ဆွေးနွေးလိုပါက ဒီမှာ ရေးလိုက်ပါ..ကျေးဇူးတင်ပါသည်.

ဘာမှ ထွေထွေးထူးထူး ဆွေးနွေးစရာမလိုပါဘူး...ခင်ဗျားတကယ်သိတယ် တတ်တယ်ဆိုရင် လက်တွေ့လုပ်နေတဲ့ ကာယကံရှင် ရဟန်းနဲ့သွားဆွေးနွေးပါ...လိပ်စာတွေ ပေးထားတာပဲ...ကျွန်တော်တို့ကတော့ ရှင်းပါတယ် နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဘလပစ်နဲ့ ဆံပင်တွေပေါက်လို့ ကားဆိုင်ကယ် မှန် အလံတွေ မီးရှို့ အောကားတွေ ကြည့်နေတဲ့ ရဟန်းကိုတော့ နိုင်ငံရေးလုပ်လို့ဆိုပြီး ထိုင်မရှိခိုးပါ...ဒါ့ကြောင့် အထက်ကAnonymous ရေ တကယ်တတ်တယ်ဆိုရင် ကာယကံရှင် ရဟန်းနဲ့ သွားဆွေးနွေးတာ ပိုသင့်လျော်ပါတယ်ဗျာ နော့...

ဒီပေးစာ ၇ ကတော့ တစ်ကယ့်ဟာသပဲ၊ အဲဒီ ဘုန်းကြီးအကြောင်းကတော့ အပြင်မှာလည်း ကြားပါတယ်၊ ဒါပေမဲ့ အမျိုးသမီးတစ်ဦးက ဒီဆိုဒ်ရဲ့ ဒေါ်လာစားဆီ စာပို့ပေးရအောင်တော့ အဓိပ္ပါယ်မရှိပါဘူး ၊ တစ်အချက် ဒေါ်လာစားက ဘယ်သူမှန်း ဘယ်သူသိလို့လဲ၊ ပြီးတော့ စာထဲမှာပါတာက ဒီ Myanmar Express ကနေတစ်ဆင့်စာဖြန့်ပေးပါတဲ့၊ ဟား ဟား ဒီဆိုဒ်ကနေတစ်ဆင့်ဖြန့်ရအောင် ဒီဆိုဒ်က ဘယ်လောက်အထိ နာမည်ကြီးနေလို့လဲ၊ အဓိပ္ပါယ်မရှိလိုက်တာ၊ ဒေါ်လားစားတို့ရယ် မသိရင်တော့ မင်းတို့ဆိုဒ်က နာမည်ရှိတယ်ပေါ့၊ ကလေးအထာတွေ လာလုပ်နေတယ်၊ ဟေ့ကောင်ရေ တစ်ကယ်လို့ စာဖြန့်ချင်ရင် နေ့စဉ်လူအများကြီး ကြည့်လေ့ရှိတဲ့ဆိုဒ်မှာ တင်မှာပေါ့ဟဲ့ ၊ မင်းတို့လို ဆိုဒ်မျိုး ဘယ်သူလာတင်မှာလဲဟ ၊ ရှက်ဖို့ကောင်းတယ်ကွာ၊

မင်းတို့ဆိုဒ် လူလာတာ များလား မများလား သိချင်ရင် မင်းတို့ တင်ထားတဲ့ Flag Counter ကိုပဲ ပြန်ကြည့်၊ အေး မင်းတို့ဟာက ကြည့်ရှုတဲ့လူကို မှတ်တာမဟုတ်ဘူး၊ ငဒူတွေက မသိရင် ဂဏန်းတွေများနေတော့ လူလာကြည့်တာများတယ် ထင်နေဦးမယ်၊ မရှက်ဘူးလားကွာ၊ တစ်ကယ့်ဆိုဒ်တွေ အဲဒီလိုမှ မလုပ်တာကွ၊ IP Address မှတ်တဲ့ဟာနဲ့ လူအရောအတွက်ကိုပဲမှတ်တယ်ကွ၊ မင်းအခုဟာ ဖွင့်လိုက်တိုင်း ဂဏန်းကတက်နေတာ၊ စာမျက်နှာပိတ်မိလို့ ပြန်ဖွင့်တာနဲ့ ဂဏန်းကတက်ကော၊ လူအရေအတွက်မှ မဟုတ်တာ၊ ငါက အဲဒီဂဏန်းတွေကို သေချာကြည့်နေတာ၊ ငါဝင်တဲ့အခါတိုင်း ဂဏန်းတွေကို မှတ်ထားတာ၊ တစ်ချက်ပိတ်လို့ တစ်ချက်ပြန်ဖွင့်တာနဲ့ ဂဏန်းကတက်ပြီ ၊ ငါတစ်ယောက်တည်းဝင်တာနဲ့တင် ဂဏန်းက ငါးရာကျော်နေပြီ၊ ငါတစ်ယောက်တည်းပဲရှိသေးတာ၊ ငါးရာကျော်ဆိုလို့ ဒူပြီး ဂျပန်ကလို့တော့ မထင်လိုက်နဲ့၊ ငါဂဏန်းကိုကြည့်ပြီးလေ့လာသလောက်ကတော့ မင်းတို့ဆိုဒ်က လူဝင်လူထွက်နည်းသေးတယ်ကွ၊ ငါ့လို ရိုးရိုးလူကတောင် ငါးရာကျော်နေရင် မင်းတို့လို ပို့စ်တွေ တင်မယ် ကွန့်မန့်တင်မယ် စာတွေ ပြင်မယ် ပြုမယ် လုပ်တဲ့မင်းတို့လိုလူကြောင့် ဂဏန်းတွေ ဘယ်လောက်များနေမလဲ စဉ်းစားကြည့် ..

မင်းတို့ဆိုဒ်ကို လူလာတာ များတယ်ပြောချင်ရင်လည်း အွန်လိုင်းပေါ်မှာ လက်ရှိ လူဘယ်နှစ်ယောက်တက်နေလည်း ပြတဲ့ဟာကို တင်ပါလား၊ မတင်ရဲဘူး မဟုတ်လား၊ မင်းတို့ဆိုဒ် လူလာတာနည်းတာ သူများသိမှာ မဟုတ်လား၊ ပြောတာ မကြိုက်ရင်လည်း ဆိုဒ်လာတဲ့လူတွေ အွန်လိုင်းပေါ်မှာ လူဘယ်နှစ်ယောက်မင်းတို့ဆိုဒ်ကိုကြည့်နေလဲ သိအောင် ပြတဲ့ဟာ တင်လေကွာ ၊

အခုတော့ မသိရင် သူတို့ဆိုဒ်ပဲ နာမည်ကြီးသလိုလို ဘာသလိုလို လိုက်လုပ်နေတယ်၊ လူတွေကပဲ သူတို့ဆိုဒ်ကနေတစ်ဆင့် စာတွေ ဖြန့်ချင်ကြတယ်ပေါ့ ၊ မင်းတို့ကွာ လုပ်ရင်လည်း ယုတ္တိတန်အောင်လုပ်ကြပေါ့ကွာ၊ အခုတော့ ရယ်စရာကြီး ....

အေး မခံနိုင်လို့ မဟုတ်ဘူး ငြင်းချင်ရင်လည်း သက်သေပြပြီး ငြင်းလေ၊ အွန်လိုင်းပေါ် လူဘယ်နှစ်ယောက်ရှိနေလဲ ပြတဲ့ဟာ တင်ကွာ ................

ဟုတ်ပါ့ဗျာ ... လူတစ်ယောက်က ဒီလိုဆိုဒ်ကနေ စာဖြန့်ခိုင်းတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး ... ဒေါ်လာစားတို့ရဲ့ လုပ်ဇာတ်ပဲဖြစ်ပါတယ်ခင်ဗျာ ... အထူးသဖြင့် ပြသာနာဖြစ်တာက မြန်မာနိုင်ငံမှာဖြစ်တာ ... ဒီဆိုဒ်ကို မြန်မာပြည်ကလာကြည့်တဲ့လူ ဘယ်နှစ်ယောက်မှ မရှိဘူး ... ဒီလိုဆိုဒ်မျိုးကို စာဖြန့်ပေးပါဆိုပြီး လာပြောတာကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ... တစ်ကယ်တန်းဖြန့်ချင်ရင် အသိအချင်းချင်းကနွှေအီးမေးကတစ်ဆင့် လက်ဆင့်ကမ်းဖြန့်ခိုင်းရင်တောင် အဓိပ္ပါယ်ရှိဦးမယ် ။ အခုလို ဒီက ဖြန့်ခိုင်းတာကတော့ ရယ်စရာကောင်းလှပါတယ်၊ ဒေါ်လာစားနဲ့အဖွဲ့ လုပ်ဇာတ် ထွင်ဇာတ်ကြီးပဲ ဖြစ်ပါတော့တယ် ခင်ဗျာ ။ ... ။

အပေါ်မှာ လိပ်စာပေးထားတာကို မမြင်တာလား ဒါမှမဟုတ် ဥာဏ်တိမ်လို့လား လုပ်ဇတ်လို့ ဘာပြောနေစရာလိုလဲ ပေးထားတဲ့လိပ်စာကို ဆက်သွယ်မေးမြန်း ရှင်းလင်းကြပေါ့ဗျာ...ခင်ဗျားတို့ကိုးကွယ်နေတဲ့ နိုင်ငံရေးလုပ်စားသမားတွေရဲ့ သတင်းတွေလိုပဲ ခိုင်လုံမှုသက်သေ ဘာမှ မရှိဘူးဆိုပေမယ့် ဆက်သွယ်ရမယ့်လိပ်စာတော့ ပေးထားတယ်လေ ဒီတော့ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ ဘိုးတော်သတင်းတွေထက်တော့ ယုတ္တိပိုရှိပါပေတယ်...ခင်ဗျားတို့ သိပ်ကို ဆန္ဒပြင်းပြတယ်ဆိုရင် ဆက်သွယ်လေ ရှင်းရဲရင်ရှင်းကြလေ...ဒီမှာလာပြီး ဘာဘုတယ် ညာဘုတယ်ဆိုပြီး အဓိပ္ပါယ်မရှိ ဘာတွေလာပြောနေတာလဲ အရူးမသားတွေရယ်...။

ပြောချင်ရာတွေ..စွတ်ပြောနေတာ..ဘာမှကြောင်းမှန်းကန်းမှန်းမသိပဲနဲ့ ..အပုတ်ချဖို့ လောက်တတ်တယ်..တကယ်သွားတတ်ကြည့်ဆိုတော့ကျ..မတက်ဘူး..အလကားဆန်ကုန်မြေလေးတွေ..ဒီဆိုဒ်ကလူတွေကိုတောင်စော်ကားနေသေးတယ်..မင်းတို့ လိုလူတွေပဲဖတ်တယ်ထင်လို့ လား..ငါပြောရဲတာကတော့ဒီမိုဆိုဒ်တွေထက်တော့..သာတယ်ကွာ..အထောက်အထားအချက်အလက်အစုံနဲ့ ..တင်ပြထားတာ..တစိတ်ကိုတအိတ်လုပ်နေတာမဟုတ်ဝူး..ပြောချင်ရာစွတ်ပြောနေတဲ့ နလပိန်းတုံးလေးတွေ..မင်းတို့ ပေးထားတဲ့ ကွန့် မန့် ကမှအဓိပ္ပာယ်ကိုမရှိဝူး..အပုတ်ချတာပဲတတ်တဲ့ ကောင်တွေ..လိုက်မရေးကြနဲ့ ကွာ..

ဘယ်လိုပဲအကြောင်းပြပြ ဒီသတင်းက လုံးဝ မကိုက်ညီတဲ့အလုပ်ပဲ။လူတွေရဲ့စိတ်ဓာတ်တွေကို မြှင့်တင်ပေးချင်ရင် အခြားနည်းလမ်းတွေရှိပါတယ်။စိတ်ပေါ့ပါးအောင် လုပ်မယ်ဆိုရင် နိုက်ကလပ်သွားကနေမှာပေါ့။ဘုန်းကြီးနဲ့ဒီအလုပ်နဲ့က ဘယ်လိုမှမအပ်စပ်ဘူးဗျာ။အဖိုးဖွားကြီးတွေ လိုက်ကနေတာဟာ တကယ့်အရှူးတွေ ဦးနှောက်မရှိတဲ့သူတွေပုံစံဖြစ်နေတယ်။ဒါတွေက အရပ်သားကလုပ်တယ်ဆိုလက်ခံလို့ရသေးတယ် အခုတော့....

ခင်ဗျားတို့ပဲ ပြောတယ် ပြည်သူတွေက အကုန် ဦးဏှောက်ရှိတယ်ဆို...ခုတော့ ကနေတဲ့ပြည်သူတွေက အရူးတွေဖြစ်ကုန်ပြန်ပြီလား...ခင်ဗျားတို့ပြောသလိုပဲ ပြည်သူတွေက ဦးဏှောက်ရှိကြပါတယ် ဒါကို ဘာလို့များ သူတို့က ဒီဘုန်းကြီးခိုင်းတဲ့အတိုင်းလိုက်လုပ်နေတာလဲ...သူတို့မကြိုက်ရင် လိုက်တောင်ကနေမှာမဟုတ်ဘူး...ဘာလို့များ သူတို့က ပျော်2ပါး2 နဲ့လိုက်ကနေပါလိမ့်...ခင်ဗျားတို့လို နလပိန်းတုံးတွေတောင် ဒီကိစ္စက သာသနာကိုဖြတ်တယ်လို့ထင်ရင် အဲ့ဒီ့ပွဲကို တက်ရောက်တဲ့ ပြည်သူတွေလည်း ခင်ဗျားတို့လိုထင်သင့်တာပေါ့နော် ဒါပေမယ့် သူတို့က မထင်တာဘာကြောင့်လဲ?? ပြည်သူတွေက ဦးဏှောက်ရှိတယ် နအဖ လိမ်တိုင်းညာတိုင်းမရဘူးဆို ခုပြည်သူတွေကို ရူးခိုင်းနေပြန်ပြီလား...အညိုးညိုးပဲနော် ခင်ဗျားတို့ကလည်း...။

အပေါ် လေးခုမြောက်ကွန့်မန့်ကို ရေးတဲ့ ငရူးရေ၊ လိပ်စာရေးထားတာနဲ့ မှန်တယ်ဖြစ်ကောလား၊ အဲဒီလိပ်စာက ရှာချင်ရင် လွယ်လွယ်လေးပဲဟ၊ သင်တန်းတက်ချင်ရင် စုံစမ်းလို့ရအောင် လိပ်စာက ဖြန့်ထားတာ ကြာပြီလေ၊ အခု ဒီပေးစာမှာ အဲဒီလိပ်စာတပ်ထားတာနဲ့ မှန်တယ်ဖြစ်သွားကောလား၊ တစ်ကယ်တန်းရူးတာက မင်းကွ ...

ဟေ့ကောင်ရေ ဘယ်သူကမှ လူတွေဆီ စာဖြန့်ချင်ရင် ဒီလိုဆိုဒ်မျိုးကနေ လာမဖြန့်ဘူးကွ၊ မင်းကော ပြည်သူတွေဆီ စာဖြန့်ခိုင်းချင်ရင် ဒီလိုဆိုဒ်ကနေတစ်ဆင့် စာဖြန့်ခိုင်းမှာလား၊ အေး ဖြန့်မယ်လို့မင်းပြောရင်လည်း မင်းစောက်ရူးပဲ၊ လက်တွေ့ကျကျတွေးပါဦးကွာ ....

အခုကျတော့ မိန်းမတစ်ဦးက ဒေါ်လာစားတို့ဆီ စာရေးပြီး ဒီဆိုဒ်ကနေတစ်ဆင့် စာဖြန့်ပေးပါတဲ့၊ ဘယ်အရူးက အဲဒီလိုရေးမှာလဲဟ ၊ မင်းဘာသာမင်း သေချာပြန်စဉ်းစား .... ငါက အခုဘုန်းကြီး ဘာဖြစ်တယ် ညာဖြစ်တယ် ကိုပြောနေတာမဟုတ်ဘူး၊ ငါပြောတာက ဒေါ်လာစားတို့က သူများကသူတို့ဆီ စာရေးပြီးဖြန့်ခိုင်းတာ မဟုတ်ဘဲနဲ့ တစ်မင်ဖန်တီးထားတာ လိမ်ညာထားတာကိုပဲပြောတာ ... မသိရင် သူတို့ဆိုဒ် သူများအားကိုးတယ်ပေါ့ကွာ၊ ကြိုက်ကြတယ်ပေါ့ကွာ .......

ဒေါ်လာစားတို့ရဲ့ မဟုတ်မမှန်တဲ့လုပ်ရပ်ကိုပဲပြောနေတာ၊ ဘုန်းကြီးနဲ့ပက်သက်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေတာမဟုတ်ဘူးကွ ..........

ဒီနေ.မှာမထင်မှတ်ပဲ အိမ်မှာနေတဲ.ကောင်မလေးက ၇န်ကုန်မှာ No.1 စိတ်ဓာတ်မြှင်.တင်ေ၇းကျောင်းကိုတက်ခဲ.ဖူးတယ်ဆိုတာသိလိုက်၇ပါတယ် ။ သူပြောပြတာတွေကတော.

ဒီကျောင်းဟာဖွင်.တာနည်းနည်းကြာနေပြီ ။ အယင်က Yuzana Garden Hotel မှာဖွင်.တာ နောက်လူတွေအ၇မ်းများလာတာနဲ. Asia Plaza ကိုပြောင်းလိုက်တာ။ သင်တန်းက ၁၀ ၇က်သင်တန်း။ တ၇က်ကို ၁၅၀၀၀ နဲ. ၁၀ ၇က်ကို ၁ သိန်းခွဲ ။ သင်တန်းချိန်က ၁ နာ၇ီခွဲ။ သင်တန်းမှာ စကားကိုဘယ်လိုပြော၇မယ် ။ လူတွေကိုဘယ်လိုပေါင်းသင်၇မလဲဆိုတာတွေသင်တယ် ။ ပြီးတော.အဆိပ်တွေများနေတာ အဆိပ်ထုတ်၇မယ်ဆိုပြီး ကကြ၇တယ် ။ ကတာကတော.နေ.တိုင်းက၇တယ်။ အထူးသဖြင်.မိန်းကလေးတွေကို လင်ကောင်း (ဘုန်းကြီးက ယောက်ျားလို.မပြောဘူး “လင်” လို.ပြောတာပါတဲ.) ဘယ်လိုရှာ၇တယ်ဆိုတာပြောတယ် ။ လင်ပျင်း လင်ဖျင်းတွေကိုမယူနဲ.။ အသက်ကြီးတွေကိုမယူနဲ.ကိုယ်ပဲ ပင်ပန်းမှာဆိုပြီးသင်တယ် ။ လူတွေအများကြီးပဲလာတက်တယ်။လူကြီးတွေ အရာရှိတွေလဲပါတယ်။ သင်တန်းကိုစာအုပ်ထုတ်တယ် ။ တအုပ်ကို ၂၀၀၀၀ နဲ.ေ၇ာင်းတယ် ဒါပေမဲ.သင်တန်းသားတွေကို ၁၅၀၀၀ နဲ.ပဲေ၇ာင်းတယ် ။ ဦး အိဒ္ဒိပါလ ကိုနှင်းဆီကုန်းမှာရှိတဲ. Company တခုက တ၇ုတ်တွေကကိုးကွယ်တာတဲ. ။ အဲဒီ company ကဆေးတွေကိုလဲေ၇ာင်းပေးတာ သူ.ရဲ.ဆေးေ၇ာင်းတဲ.၀င်ငွေဟာတလကို သိန်း၂၀ အနည်းဆုံး. ။ နောက်ဒီသင်တန်းကလဲ လူပေါင်းမနည်းဘူးဆိုတော. စုစုပေါင်းတလ၀င်ငွေဟာ သိန်း၇ာဂဏာန်းအထက်မှာ၇ှိလောက်ပါတယ်တဲ.။

ဦး အိဒ္ဒိပါလ ကစကားပြောသိပ်ကောင်းတယ် လူတွေကျလောက်အောင်ပြောနိုင်တယ်။ သူကအ၇မ်းခေတ်မှီတာ ခေတ်ဆန်တာကိုကြိုက်လို. သာဓုမခေါင်္နဲ. လက်ခုပ်ပဲတီးလို.သင်တယ်။နောက်ပြီး သင်တန်းကြေးကဈေးသိပ်ပေါတာ နိုင်ငံခြားမှာဆိုဈေးအ၇မ်းကြီးတာဆိုပြီး သြ၀ါဒပေးတယ်။ ဦး အိဒ္ဒိပါလပြောသမျှကိုအားလုံးက ယုံကြည်မှုလဲရှိတယ် လိုက်လဲလုပ်ကြတယ်။ လှုလိုက်တာလဲအ၇မ်းပဲ မြေတွေအိမ်တွေလဲပိုင်ဆိုင်နေပြီ ။ အ၇မ်းလဲချမ်းသာနေပါပြီ ။ နောက်ဆုံးအဲဒီကောင်မလေးကြားခဲ.တာ မိန်းမတောင်ယူထားပါတယ်တဲ.” Media တခုမှာဖတ်လိုက်၇တာတော. ငယ်ဖြူဘုန်းကြီးပါ အသက်၂၅ နှစ်မှာ ၇န်ကုန်တက်လာတော.တရုတ်ဒကာမတွေနဲ.တွေ.ပြီး အဲလိုဖြစ်သွားတယ်လို.ေ၇းထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ၀ိနည်းတော် နဲ.က လုံးဝကိုဆန်.ကျင်ဘက်ပဲ ။ မြတ်စွာဘု၇ားကလဲဟောခဲ.ပါတယ် ။ ဆ၇ာတော်ကြီးတွေကလဲ ဟောနေပြောနေ၇တုန်းပါပဲ “သက်န်းခြုံတိုင်းသံဃာအစစ်လို.မမှတ်ကြနဲ. သံဃာစစ်မစစ်ဆိုတာကို ၀ိနည်း သီလ သမာဓိ ပညာဆိုတဲ.ပေတံနဲ.တိုင်းပြီးဆုံးဖြတ်ကြ ”. ဒီသင်တန်းကိုတက်နေတဲ.လူတွေမှာ အဲဒီလိုတိုင်းတာနိုင်တဲ.ပေတံမရှိကြဘူး။ ၀ိနည်းရှိလား သီလ လုံလား သမာဓိ ပညာပြည်.စုံလားဆိုတာကိုမသိဘူး ဗုဒ္ဓသာသာ ဆိုတဲ.အမည်ခံပဲရှိတယ် ။ မျိုးဆက်သစ်တွေအတွက်စိုး၇ိမ်စ၇ာပါ ။

That fake monk should come to Malaysia,we will asked some gang stars to lesson to him .We want to know his profile.

ကျွန်တော်ကတော့အပေါ်ကအကိုအမများရေးထားတာကိုအားပေးပါတယ်....တကယ်ကအဓ္ဒိပာယ်မရှိတာကိုလုပ်နေတာ....ဘာသာသာသနာကိုဖျက်နေတာလို့ဘဲမြင်တယ်....မြင်နေတဲ့လူကြီးတွေဥဏှေက်မရှိလို့လား....ထွင်ကွက်တခုလား......ဒါပေမယ့်....ဒီလိုမျိုးကိုမမြင်ချင်ရောင်ဆောင်နေတယ်ဆိုရင်...ကို့ဘေးကိုတွေ့လိမ့်ပါမယ်လို့ပြောချင်ပါတယ်.....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်