Subscribe to our RSS Feed

လေးစားပါတယ် ဒေါ်လာစားရယ်

ရာသီဥတုကောင်းသော တစ်ရက်တွင် ကျွန်ုပ် ဒေါက်တာလွဏ်းသေ သည် ပြည်ပြေးအတိုက်ခံ ခေါ် ဒေါ်လာစား ရုံခန်းကြီးအတွင်းတွင် လစဉ် ဒေါ်လာခွဲတမ်းအတွက် စာရင်းများဖြောင်ရင်း (မှားလို့) စာရင်းများတကုတ်ကုတ် ပြုစုလျှက် ရှိနေ၏ ။ ထိုအချိန်မှာပင် ကျွန်ုပ်၏ လုပ်ဖေါ်ကိုင်ဖက် ဖြစ်သော အိုင်ပီမိုးချီးဇွန်း ဆိုသူသည် လေလေးတစ်ချွန်ချွန် ၊ ၀မ်းသာအားရမျက်နှာနှင့် ၀င်ရောက်လာလေသည် ။

ထို့ကြောင့် ကျွန်ုပ်က…

“ဗျို့
အိုင်ပီ မိုးချီးဇွန်း ဘာတွေများ ဂွင်တည့်လာလို့ ၀မ်းသာအားရ ဖြစ်နေတာတုံးဗျ ကျုပ်ကိုလည်း မျှအုံးလေဗျာ”

က
ိုမိုးချီးဇွန်းက

“အိုင်ပီကလဲ အခု ကျွန်တော်တို့ ဒေါ်လာစားတွေ ဂွင်ကောင်းတစ်ခု ထပ်ရနေပြန်ပြီလေဗျာ ခင်ဗျားက ကလပ်တွေသွားပြီး အငယ်လေးတွေနဲ့ပဲ နှပ်နေတော့ ဒါလေးတောင်မသိဘူးလားဗျ…”

ကျွန်ုပ်လည်း ၀မ်းသာအားရဖြင့်

“ဟုတ်လားဗျ … ဘာသတင်းထူးလဲ … ဒေါ်ညုကြီး ချေးစိမ်းပန်းလို့လား… ဒါဆိုရင်တော့ နအဖ က အစိမ်းရောင်ဝတ်တာ ကို မကျေမနပ်ဖြစ်လို့ သူချေးစိမ်းပန်းတာဆိုပြီး သတင်းတစ်ပုဒ်လောက် ရေးလိုက်မယ်လေ အဲသတင်းဆိုရင်တော့ တော်တော် လေး ဟေါ့ ဖြစ်အုံးမှာဗျ …. ကျွန်တော်က အဲလိုသာစတင်လို့ကတော့ တစ်ခြား ဒေါ်လာစား မောင်မယ်များကလဲ ချဲ့ရင်းကားရင်းနဲ့ စစ်အစိုးရ အစိမ်းရောင်ဝတ်တာကို ဒေါ်စုချေးစိမ်းပန်းပြီး ဆန္ဒပြ ဆိုပြီး ဖြစ်သွားလောက်တယ်…. ငှဲငှဲငှဲ”

ထိုအခါ အိုင်ပီ
ီမိုးချီးဇွန်း က

“အအာ ခင်ဗျား ဦးနှောက်က ဒေါ်လာရောင်သန်းနေတဲ့ ဦးနှောက်ပဲဗျ … အဲဒါလေးကို ခဏ သိမ်းထားအုံး ကျူပ်တို့ လုပ်စားစရာ ပြတ်မှ အဲလိုရေးတင် …”

ကျွန်ုပ်ကလဲ

“ဒါဆို ဒီတစ်ခါ ဘာလှုပ်ရှားမှု ဖြစ်ပြန်ပြီလဲ ဟိုတစ်ခါကတော့ ဘူးသီးတစ်လုံးကြောင့် ဘူးလှုပ်ရှားမှု ဖြစ်သေးတယ် အခုရော ဒေါ်ညု အိပ်ခန်းထဲက ခရမ်းသီးတွေ့လို့ ခရမ်းသီး လှုပ်ရှားမှု ဆိုပြီး လုပ်စားကြအုံးမလို့လား မှားလို့ လှုပ်ရှားကြအုံးမလို့လား”

အိုင်ပီ
မိုးချီးဇွန်း က မျက်နှာကြီးရှုံ့မဲ့ပြီး

“ခင်ဗျားကလဲ ဘာတွေလျှောက်ပြောနေတာလဲ ခရမ်းသီး လှုပ်ရှားမှုက လုပ်စရာလား အဲခရမ်းသီးကို ခင်ဗျားမိန်းမသာ ပေးထားလိုက် အခုက တစ်ကယ့် ဂွင်ကောင်းဗျ”

ကျွန်တော်ကလဲ ဒေါ်လာလေးစားရမယ့်အရေးဆိုတော့ သိချင်ဇောဖြင့်

“အိုင်ပီ
မိုးချီးဇွန်းကလဲ ပြောမှာဖြင့်ပြောတာမဟုတ်ဘူး … ကျွန်တော်လည်း အခုတစ်လော ဂွင်တွေပျောက်နေတာဗျ ၂၀၀၇ ဒေါ်လာရောင်တော်လှန်ရေး အဲ မှားလို့ ရွှေဝါရောင်တော်လှန်ရေး တုံးကတော့ ပြိုင်ကားလေးတစ်စီးလောက်ပဲ အဖက်တင်လိုက်တာ နောက်ပိုင်း အလံပြောင်းတာနဲ့ ဒေါ်ညု လွတ်တဲ့အကြောင်းတွေ ပေါက်ကရ ချဲ့ကားရေးတုံးကတော့ ဟုတ်တိပတ်တိ မရလိုက်ပါဘူးဗျာ ဟို ဒုတ်ကောက် ခေါင်းဖြူ ဘိုးတော်တွေကိုလဲ ခွဲပေးရသေးတာကိုးဗျ … အခုရော ဘာဂွင်တွေရထားလို့လဲ….”

အိုင်ပီ
မိုးချီးဇွန်း။ ။ “ပြောမှာပေါ့ဗျ အခု စစ်အစိုးရက စစ်မှုမထမ်းမနေရစနစ် လုပ်မယ်ပြောတယ်လေဗျာ … မြန်မာနိုင်ငံကသူတွေကတော့ ဘာမှတောင် သေချာသိအုံးမှာမဟုတ်ဘူး ဒါပေမယ့် ကျုပ်တပည့် လေးတွေ ကတော့ အခုဆို ဆိုက်တွေပေါ်မှာ လက်စွမ်းပြနေပြီဗျ ခင်ဗျားကတယ်နောက်ကျတာကိုးဗျ”

ကျွန်ုပ်။ ။ “ဘယ်လိုတွေလက်စွမ်းပြနေတာတုံးဗျ”

အိုင်ပီ
မိုးချီးဇွန်း။ ။ “အော် ဒါကတော့ ထုံးစံအတိုင်းပေါ့ ကိုယ့်အချင်းချင်းဒေါ်လာစား ဆိုက်တွေတင်မဟုတ်ဘူး တစ်ခြား social ဆိုက်တွေထဲလဲ ၀င်ပြီး အဲဥပဒေကို မကျေနပ်လို့ မနက်ဖြန်ပဲ ထပြီး ပုန်ကန်တော့မလိုလို ပြည်သူတွေကပဲ ချက်ခြင်းကြီးထဆန့်ကျင်ကြတော့မလိုလို နောက်ပြီး မကောင်းကြောင်းအစုံပေါ့ဗျ… ကိုယ့်အချင်းချင်းပဲ အဲလို ပိုစ့်တွေတင်လိုက် အချင်းချင်းပဲ ထောင်ခံအားပေးလိုက် အဆင်ကိုပြေနေတာပဲ”

ကျွန်ုပ်။ ။ “အင်း ဆက်ပါအုံးဗျ”

အိုင်ပီ
မိုးချီးဇွန်း။ ။ “အခုသတင်းက စစ်မှုထမ်းတဲ့သတင်းဆိုတော့ ပိုရေးလို့ကောင်းတာပေါ့ဗျာ စစ်မှုထမ်းလို့ သေနတ် ကိုင်ရရင် ဟိုလူ့ပစ်မယ် ဒီလူ့ ပစ်မယ် ဆိုတဲ့ ခပ်ပေါပေါတွေလဲ အားရပါးရ ပြောရတာပေါ့ဗျ…”

ကျွန်ုပ်။ ။ “ အယ် အိုင်ပီ က အဲလိုဟိုလူပစ်မယ် ဒီလူ့ ပစ်မယ် လုပ်နေတော့ တစ်ကယ်ကြီး စစ်မှုသွားထမ်းပြီး တစ်ကယ်ကြီး ပစ်တော့မလို့လားဗျ”

အိုင်ပီ
မိုးချီးဇွန်း။ ။ “ဒေါက်တာလွဏ်းသေရယ် …. ခင်ဗျားကလဲ ညံလိုက်တာ ဒါကတော့ဒီလိုပဲ ပေါက်ကရပြောရတာပေါ့ ကျုပ်က တစ်ကယ်ဝင်စရာလားဗျာ စစ်ထဲဝင်ရင် ဒေါ်လာနဲ့ဝေးမှာပေါ့… နောက်ပြီး ကျွန်တော်က စစ်တပ်ထဲဝင်ဖို့မပြောနဲ့ ရေတောင်စစ်သောက်တာမဟုတ်ဘူး”

ကျွန်ုပ်။ ။ “ဘာဖြစ်လို့လဲဗျ စစ်တပ်ကြီးကိုမကြိုက်လို့လား”

ထိုအခါ
မိုးချီးဇွန်း မှ ပြုံးဖြီးဖြီးနဲ့…

“ဟီး …ဟုတ်ဘူး… ကြောက်လို့ဗျ… စစ်ထဲဝင်ပြီး စစ်ပညာသင်ဖို့မပြောနဲ့ မြန်မာနိုင်ငံမှာတောင် ချီးကျယ်ကျယ် မပေါက်ရဲလို့ ပြည်ပထွက်ပြေးပြီး အော်ချင်တာအော်နေတာပေါ့ ….. ဒီမှာ အော်ချင်တာအော် ဘာမှမဖြစ်တဲ့ အပြင် ဒေါ်လာလေးတောင်မှန်မှန် ရနေသေးတယ် …. ငှဲငှဲငှဲ”




ထိုခါ ကျွနုပ်သည်လည်း မည်သို့ ပြန်ပြောရမှန်းမသိပဲ အောက်ပါအတိုင်းသာ ပြောလိုက်တော့လေသည်

“အော်… လေးစားပါတယ် ဒေါ်လာစားဖခင်ကြီးရယ်”

ထိုအခါမှ မိုးချီးဇွန်းက မျက်စိမျက်နှာပျက်ခါဖြင့်

"ဒီမှာ ဒေါက်တာလွဏ်သေ... ကျုပ်ကိုချည်းမပြောပါနဲ့ ခင်ဗျားလည်း အတူတူပဲ...။ ခု နိုင်ငံခြားမှာ ရောက်နေတဲ့ ဒေါ်လာစားအတိုက်အခံတွေရော ကိုယ့်ထမင်းကိုယ်စားအတိုက်အခံတွေရော အားလုံးကို လိုက်မေးကြည့်လိုက်.... အပြင်မှာပဲ ကျွန်ခံမယ် အထဲပြန်ပြီ ပြည်သူတွေနဲ့ တန်းတူတော့ ဘယ်သူမှ အဆင်းရဲမခံရဲဘူး.... ပြီးတော့ အပြင်မှာသာ လက်သီးလက်မောင်းတန်းပြရဲတာ.. တကယ်တမ်း သေနတ်ကိုင်ရမယ်ဆိုရင် အကုန်ကြောက်တာပဲ... မကြောက်ရင် ကျုပ်လည်း ခုချိန်ထိ ABSDF မှာ ရှိနေမှာပေါ့....."


ပင်တိုင်ဆောင်းပါးရှင်
(နေနက်)


6 comments:

အစိုးရဘာလုပ်လုပ်ဆန့် ကျင်ကြ...
အစိုးရဘာလုပ်လုပ်ဆန့် ကျင်ကြ...
အစိုးရဘာလုပ်လုပ်ဆန့် ကျင်ကြ...

မာမီစုကြီးဘာလုပ်လုပ်ထောက်ခံကြ
မာမီစုကြီးဘာလုပ်လုပ်ထောက်ခံကြ
မာမီစုကြီးဘာလုပ်လုပ်ထောက်ခံကြ

www.nlfordemocracy.blogspot.com

တားလည်း မာမီ့ကိုပဲ ချစ်တာ... လွမ်းတယ် မာမီရယ်... အို ရှုပ်နေတာပဲ ခွေးမျိုးတွေ မသိတော့ဘူး... DDD

မာမီကိုလွမ်းတော့ဒယ်ဒီကိုလည်းမလွမ်းဘူးလား သားသားလေးတွေရဲ့ မင်းတို့ မာမီနဲ့ လေအင်္ဂလန်မှာဟဲဟဲ.......ဟဲဟဲလိုက်တာခုဆို ခုဆိုမင်းတို့ မာမီမှာတွဲလောင်းလေးတွေ၇ှိနေပီလေသားသားလေးတွေရဲ့ မာမီမာမီနဲ့ ဒယ်ဒီလည်းသတိ၇လေနော်

မာမီ စုတော့ ဘာဖြစ်ဖြစ် မာမီ သမီးတွေ တော့ လန်းတယ်ဗျာ kwi kwi

ဝင်ဘူး ၀င်ဘူး လုံးဝ ၀င်ဘူး...ငယ်ငယ်ကတည်းက သေနတ်ဆို ရေပြွတ်တောင် ကိုင်ရဲတာမဟုတ်ဘူး

အရမ်းမိုက်တယ်ကွာ...ဖတ်လို့ ကောင်းလိုက်တာ....တယ်လည်းမှန်ပါလား...ကြိုက်တယ်ဗျို့ .....ရေးတဲ့ လူကော..တင်ပေးတဲ့ လူကော...ကျေးဇူး..ဗျို့ .....အားရလိုက်တာ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်