မေးခွန်း။ ။ လူထုခေါင်းဆောင် ခေါ် NLD ပါတီဝင်များနှင့် ပြည်တွင်း၊ ပြည်ပ အတိုက်အခံများနှင့် ပညာမဲ့သူများသာ ထောက်ခံသော ဒီမိုကရေစီ ခေါင်းဆောင်ကြီး၊ နိုဘယ်စု အပါအဝင် ဆုပေါင်းများစွာ ရရှိထားသူကြီး အနေနဲ့ အခု လက်တလော ဒီမိုကရေစီအရေးနဲ့ မြန်မာပြည်သူ အားလုံး ကောင်းဖို့ အရေးအတွက် ဘာလုပ်နေပါလဲ ??
အဖြေ။ ။ ဈေးရောင်းနေပါတယ်။
မေးခွန်း။ ။ လူထုဆိုသူမှာ ဘယ်သူတွေပါဝင်ပါသလဲ?? လူထုခေါင်းဆောင် ဆိုတာ ဘယ်လိုလူပါလဲ??
အဖြေ။ ။ လူထုဆိုသည်မှာ NLD ပါတီဝင်များ၊ ပြည်တွင်း ပြည်ပ ဒေါ်လာစားအတိုက်အခံများနှင့် ကိုယ့်ထမင်းကိုယ်စား အတိုက်အခံများ၊ ပြည်ပရောက် အသိပညာ နည်းပါးသော ပညာမဲ့ များ၊ အပြစ်အမျိုးမျိုးကြောင့် မြန်မာပြည်တွင်း ပြန်ဝင်ခွင့် မရှိသူများကို ဆိုလိုပြီး။ ထိုသူများသာ ထောက်ခံသည့် ဘယ်လို လူမျိုးကို မဆို လူထု ထောက်ခံမှု ရရှိသူ ဟု ဆိုနိုင်သည်။
မေးခွန်း။ ။ အကျယ်ချုပ်က လွတ်ပြီးနောက် ဒေါ်စုကြည်ရဲ့ ပထမဆုံး နိုင်ငံရေးခြေလှမ်းက ဘယ်လို အလုပ်မျိုးပါလဲ?? အခု ဘယ်လောက် အောင်မြင်မှု ရရှိနေပါပြီလဲ?? လက်တလော ဆက်လက် လှုပ်ရှားနေပါလား??
အဖြေ။ ။ အကျယ်ချုပ်က လွတ်ပြီးနောက် ဒေါ်စုကြည်ရဲ့ ပထမဆုံး နိုင်ငံရေး ခြေလှမ်း က ဒုတိယ ပင်လုံညီလာခံဖြစ်ပါတယ်။ အဓိပ္ပါယ်မဲ့ပြီး ညံ့ဖျင်းတဲ့ ဦးတည်ချက်ကြောင့် ခုတော့ ဘယ်သူမှ လက်မခံပဲ ရပ်တန့်ထားပါတယ်။
မေးခွန်း။ ။ အကျယ်ချုပ်ကနေ လွတ်တာနဲ့ မြန်မာပြည်သူအားလုံးအတွက်၊ ဒီမိုကရေစီအတွက် ပထမဆုံး ဘာလုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ပါလဲ??
အဖြေ။ ။ Twitter သုံးမယ် လို့ပြောခဲ့ပါတယ်။
မေးခွန်း။ ။ အခု ၂၀၁၁ က အရေးကြီးတဲ့ နှစ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားပြီးနောက်မှာ။ အခု နှစ်သစ် ၁.၁.၂၀၁၁ မှာ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီတို့ ဒီမိုကရေစီအရေးနဲ့ မြန်မာပြည်သူအားလုံး ကောင်းစားရေးအတွက် ပထမ ဆုံး ဘယ်လို အလုပ်ကြီးအကိုင်ကြီး စ လုပ်ခဲ့ပါလဲ??
အဖြေ။ ။ ဈေးရောင်းနေပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ)
(ဈေးရောင်းသင်တန်း)
မေးခွန်း။ ။ ပြည်တွင်း ပြည်ပ အတိုက်အခံတို့ ထောက်ခံတဲ့ ရုပ်ရှင်မင်းသားဟောင်း ဦးကျော်သူရော နှစ်သစ်မှာ ဘာတွေ လုပ်နေပါသလဲ ??။
အဖြေ။ ။ သူလည်း ဈေးရောင်းနေပါတယ်။
မေးခွန်း။ ။ ဦးကျော်သူရဲ့ထူးခြားချက် တွေက ဘာတွေလဲ??
အဖြေ။ ။ ပိတ်ကားပေါ်တွင် ကပြ ဖြော်ဖြေခြင်းကို စွန့်လွှတ်ကာ ဆိုက္ကားပေါ်တွင် က ခြင်း။ အသက် ၅၂ နှစ် သာ ရှိသေးသော်လည်း မုတ်ဆိပ် နှင့် နှုတ်ခမ်းမွှေးများ ဖြူကာ မရိတ်ပဲထားခြင်း။ ဆံပင်၊ မုတ်ဆိပ်နှင့် နှုတ်ခမ်းမွှေးများ ဖြူနေသော်လည်း အမျိုးသမီးတစ်ယောက်ကို အမြဲ လက်အုပ်ချီကန်တော့နေခြင်း။ နွေ၊ မိုး၊ ဆောင်း၊ နေပူပူ၊ မိုးရွာရွာ အင်္ကျီအဖြူကြီးတစ်ထည်ကို သာ ဝတ်ဆင်ခြင်း၊ ယောင်္ကျားဖြစ်လျှက် ဆံပင်ရှည်ထားကာ မသပ်မရပ်နှင့် နောက်တွင် စီးထားခြင်။ ယောင်္ကျားဖြစ်လျှက် နားကပ် တဝင်းဝင်း ဖြစ်နေခြင်း။

မေးခွန်း။ ။ ပြည်တွင်းက ပုဂ္ဂိုလ်ကျော်များရဲ့ နှစ်သစ်ရဲ့ ပထမ ဆုံးခြေလှမ်းအဖြစ် ထူးဆန်းတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ကို သိရပြီးနောက်ပိုင်းမှာ... ပြည်ပ က အဖွဲ့တွေရော ဘာလုပ်နေပါလဲ??
အဖြေ။ ။ မြန်မာပြည်သူ အားလုံး ကောင်းစားစေဖို့ အိမ်ထဲတွင် ခမောက် စောင်းဆဲ၊ လမ်းပေါ်တွင် အကျီချွတ်ဆဲ။
အဖြေ။ ။ မြန်မာပြည်သူ အားလုံး ကောင်းစားစေဖို့ အိမ်ထဲတွင် ခမောက် စောင်းဆဲ၊ လမ်းပေါ်တွင် အကျီချွတ်ဆဲ။

Myanmar Express
1 comments:
ဈေးကောက်.သွားကောက်ရမယ်..ဘယ်ရမလဲ..ငှီးငှီး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်