Subscribe to our RSS Feed

နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်…

အထက်ပါစာသားသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှုကြမ်းတွင် ပါဝင်သောစာသား ဖြစ်ပါသည်။ မြန်မာ့ တပ်မတော်တွင် တပ်သားအဆင့်မှ ဗိုလ်ချုပ်မှုးကြီးအဆင့်ထိ ထမ်းဆောင်ရသော တာဝန်များထဲတွင်မှ ကျွန်တော်သည် အဆင့်တစ်ခုတွင် တာဝန်ထမ်းဆောင်ရသော စစ်သားတစ်ယောက်သာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့မှုဝါဒ၊ နိုင်ငံတော်ရဲ့မူဝါဒလမ်းစဉ်များအတွက် ကျွန်တော်တို့ထက် ရာထူးအဆင့်မြင့်မားသော၊ တတ်ကျွမ်းနားလည်သော ခေါင်းဆောင်များမှ အကောင်အထည်ဖော် ဆောင်ရွက်ချိန်တွင် ကျွန်တော်တို့မှာ မိမိတို့အားပေးအပ်သော တာဝန်များကို ထမ်းဆောင်ရင်း စစ်သားတစ်ယောက်ပီသစွာ နေထိုင်သွားယုံမှအပ ကောင်းသည်ဆိုးသည် ဝေဖန်ရန် အကြောင်းမရှိပါ။ ကျွန်တော်တို့သည် တပ်မတော်သို့ စတင်ဝင်ရောက်ချိန်မှ စပြီး ယခုအချိန်ထိ နိုင်ငံတော်မှ ကျွေးသောထမင်းကို စားခဲ့သည်။ နိုင်ငံတော်မှ သင်ပေးသော ပညာရပ်များကို သင်ခဲ့ရသည်။ ယခုကဲ့သို့စာများရေးသား ရသည့်အကြောင်းမှာလဲ မိမိတို့ကဲ့သို့ နိုင်ငံတော်မှကျွေးသော ထမင်းကိုစားခဲ့ပြီး စစ်သားတစ်ယောက်ပီသစွာ မနေထိုင်ခဲ့သောကြောင့် တပ်မတော်မှ ထုတ်ပယ်ခံခဲ့ရပြီး ထမင်းကျွေးသောလက်ကို ပြန်ကိုက်တတ်သည့် လူမျိုးများနှင့် စစ်သားကို စစ်သားဟုမမြင်သော လူမျိုးများအတွက် ရည်ရွယ်ရေးသားခြင်း ဖြစ်ပါသည်။

တပ်မတော်မှ ပြန်တမ်းဝင်အရာရှိများအတွက် စစ်မှုထမ်းစည်းမျဉ်းတွင် စစ်မှုထမ်းရန်ကာ အပိုင်းအခြားနှင့် ပတ်သတ်ပြီး ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသော အရာရှိသည် မိမိအားစစ်တပ်တွင် ဆက်လက်အမှုထမ်းစေရန် လိုအပ်သည့်ကာလပတ်လုံး စစ်မှုထမ်းရမည်ဟူသော စည်းမျဉ်းပါရှိသည်ကို အဆိုပါလူမျိုးများ သိဖို့ကောင်းပါသည်။ သာမန်အားဖြင့် စစ်သားတစ်ယောက်ဖြစ်ရန် ကျန်းမာရေးကောင်းမွန်ရ ပေမည်။ မိမိတို့ကျန်းမာရေး ခြို့ယွင်းချက်ကြောင့် တပ်မတော်မှ အနားယူရချိန်တွင် ထိုက်သင့်သော ပင်စင်လစာနှင့် ခံစားခွင့်များ သတ်မှတ်ထားပြီး ဖြစ်သည့်အပြင် စစ်မှုထမ်းခဲ့သည့်အတွက် ဆုကြေးအဖြစ် သိန်းပေါင်းများစွာသော ငွေကြေးကို နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ကြီးမှလည်း အဆိုပါစစ်သားများအားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေ သည်ကို ပြီးခဲ့သည့်စစ်မှုထမ်းဟောင်း ညီလာခံသတင်းများဖတ်ပြီးချိန်တွင် နားလည်ရမည်ဖြစ်ပါသည်။ သင်သည် အမိန့်နာခံခဲ့သူတစ်ယောက်လား…. သင်သည် တာဝန်ကျေပွန်ခဲ့သူတစ်ယောက်လား…. သင်သည် နိုင်ငံသားတစ်ယောက် ပီသခဲ့သည်လား…. မိမိကိုယ်မိမိဆန်းစစ်၍ မိမိရေးသောစာတစ်ပုဒ် အပေါ်တွင် စဉ်းစားဖို့လိုအပ်ပေသည်….။


စစ်တပ်အကြောင်း မကောင်းပြေတတ်ယုံ၊ မြန်မာနိုင်ငံအတွင်း မည်မျှဆိုးရွားနေသည်ကို ပြောတတ်ယုံနှင့် ကိုယ့်ကိုကိုယ်တော်လှန်းရေးသမား တစ်ယောက်ကဲ့သို့ ခံယူနေသူများအား သနားပေသည်။ သူတို့ပြောသော မကောင်းသည့်နိုင်ငံအတွင်း သင်တို့နေထိုင်နိုင်သည်လည်း မဟုတ်သည်မက သူတို့ရှာဖွေနိုင်သည့် ငွေကြေးဆယ်ပုံတစ်ပုံမပြည့်သော လစာနှင့် နိုင်ငံတော်အတွက် အသက်ပေးစစ်မှုထမ်းရန်ကို သူတို့ သေမလောက် ကြောက်ရွံ့ခြင်းအား ၀န်ခံဖို့လဲ သူတို့မည်သည့်အခါမှ ကြိုးစားကြမည်မဟုတ်ပေ။ အမေရိကန် နှင့် အခြားသောနိုင်ငံများကဲ့သို့ ကမ္ဘာပတ်ပြီး အီရတ်၊ အာဖဂန်ကဲ့သို့သော စစ်မြေပြင်များသို့ ပို့လွှတ်ခံဖို့ ဆိုလျှင် သူတို့အတွက်သာ၍ ဆိုးပေလိမ့်မည်။

နေ့စဉ်နှင့်အမျှပြောင်းလဲနေသော မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေးများကိုကြည့်ပြီး ကျွန်တော်တို့ ကျေနပ်သည်။ အတိုက်အခံမလုပ်ရလျှင် ၀င်ငွေပျောက် သူများနှင့် ယှဉ်ပြီးအုတ်တစ်ချပ်သဲ တစ်ပွင့်အဖြစ် မှတ်ယူနေပါက အမှားကြီးမှားပေလိမ့်မည်။ ကိုယ်တိုင်လဲ ဘာမှမဖန်တီးနိုင် သူများလုပ်လျှင်လည်း နေရာတကာ ကန့်လန့်လိုက်ပါတတ်သော ဂဏန်းနှင့်တူသော သူများပင်ဖြစ်သည်။ မပြီးခင်ဗမာမမြင်စေနှင့်ဆိုသော စကားသည် မည်သည့်အတွက်ကြောင့် ပေါ်ထွက် လာသလဲ…စဉ်းစားသင့်သည်။ အကျိုးမဲ့စကားများအား မိမိဂုဏ်သိက္ခာကို ငဲ့ညှာ၍ ဆင်ခြင်ကြစေလိုပါသည်။ အချုပ်ဆိုရလျှင် ကျွန်တော့်အတွက် ထိုကဲ့သို့သော သူများသည် စိန်ကောင်းကျောက်ကောင်း ရောင်းချိန်တွင် ကန့်လန့်ကန့်လန့် လုပ်သောဆေးရိုးသည်များပင် ဖြစ်ပေသည်။


http://oppositeyes.blogspot.com/2009/11/blog-post.html


1 comments:

ဟုတ်တယ်ဗျို့ ..မှန်လိုက်တာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်