Subscribe to our RSS Feed

တာချီလိတ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံပြို လူ ၇ ဦးသေဆုံး



တာချီလိတ်မြို့တွင် ဇူလိုင် ၁၂ ရက်ည သန်းခေါင်းယံမှစတင်ပြီး မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီအချိန်တွင် ၀မ်ကောင်းရပ် ကွက် အိမ်အမှတ် ၆/၄၃၃ ဦးကျော်ထွေးလင်း ပိုင်နေအိမ်နှင့် ၃ ခန်းတွဲ အိမ်တန်း လျား၏ ဘေးနံရံ အမြင့်ပေ ၂၀ ရှိ ကျောက်ရိုးစီဖို့မြေ ပြိုကျမှုကြောင့် နေအိမ်များ ပျက်စီး ပြိုကျခဲ့သည်။ မြေပြိုကျမှုကြောင့် အိမ်တန်းလျားပိုင်ရှင် ဦးကျော်ထွေးလင်း အသက်(၃၈)နှစ်၊ ဇနီးဒေါ်ယဉ်နု အသက်(၃၇)နှစ်နှင့် လသားအရွယ်သားတစ်ဦး၊ အိမ်ငှါးနေထိုင်သူ ဦးခင်မောင် သောင်း(၄၅) နှစ်၊ဇနီး ဒေါ်ဝင်း ဆန်း(၂၅)နှစ်၊သားမှုံကြီး(၈)နှစ်နှင့်သမီး မပေါက်တူး (၅)နှစ်တို့သည်လည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မြေပြိုကျရာနေရာသို့ တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များ ၊ကြက်ခြေနီ၊မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ရပ်ကွက် ပြည်သူများမှ စက်ယန္တယား ကြီးနှင့်အတူ ကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက် ခဲ့ကြောင်းနှင့် သေဆုံးသူများ သင်္ဂြိုဟ် နိုင်ရေး၊ အိုးမဲ့ အိမ်မဲ့ဖြစ်သွား သူများ အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကူညီ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
 
ကူးယူချင်ရင် ခွင့်ပြုချက်တောင်းပါ၊ သတင်းအပြည့်အစုံကို အဲ့ဒါကို နိပ်ပြီး ဆက်ဖတ်နိုင်ပါသည်>> http://www.www.tachileik.net/2014/07/mm.html
.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်