From : www.oppositeye.blogspot.com
သူမအရင် ၀တ်ဆင်ခဲ့သော တိုင်းရင်းသားဝတ်စုံနှင့် လွန်စွာခြားနားလှသော ရင်သားကလေး မလုံ့တလုံ၊ တင်ပါး ကလေး မလုံ့တလုံဖြင့် ကမ္ဘာ့ စာမျက်နှာတွင် ဒါဟာမြန်မာပါဟု မခို့တရို့အပြုံး ကလေးဖြင့် ကြွေးကြော် ယှဉ်ပြိုင်နေသူကတော့ တောင်ကြီးသူလေး နန်းခင်ဇေယျာပင်ဖြစ်သည်။ သူမသည် လှပပေ၏။ သူမသည် ထူးချွန်ပါပေ၏။သို့သော် သူမသည် အရှက်ကို အသက်ထက် တန်ဖိုးထားသော မြန်မာ မိန်းကလေး တစ်ဦး ပင် ဖြစ်သည်။
သူမအရင် ၀တ်ဆင်ခဲ့သော တိုင်းရင်းသားဝတ်စုံနှင့် လွန်စွာခြားနားလှသော ရင်သားကလေး မလုံ့တလုံ၊ တင်ပါး ကလေး မလုံ့တလုံဖြင့် ကမ္ဘာ့ စာမျက်နှာတွင် ဒါဟာမြန်မာပါဟု မခို့တရို့အပြုံး ကလေးဖြင့် ကြွေးကြော် ယှဉ်ပြိုင်နေသူကတော့ တောင်ကြီးသူလေး နန်းခင်ဇေယျာပင်ဖြစ်သည်။ သူမသည် လှပပေ၏။ သူမသည် ထူးချွန်ပါပေ၏။သို့သော် သူမသည် အရှက်ကို အသက်ထက် တန်ဖိုးထားသော မြန်မာ မိန်းကလေး တစ်ဦး ပင် ဖြစ်သည်။
သူမထက်အရင် ရေကူးဝတ်စုံဖြင့် ပြိုင်ပွဲဝင်ခဲ့သူရှိသော်လည်း တရားဝင်မြန်မာကိုယ်စားပြုမဟုတ်
အမြင် ကျဉ်းမြောင်းသည်ပဲ ဆိုဆို၊ ခောတ်နောက်ပြန် ဆွဲသည်လို့ပဲ ဆိုဆို မြန်မာ မိန်းကလေးများ ကမ္ဘာ့ စာမျက်နှာ တွင် ရေကူးဝတ်စုံများဖြင့် ပြုံးရွှင်စွာ ဓာတ်ပုံအရိုက်ခံနေ သည်ကို ကျွန်တော့် အနေဖြင့် လက်ခံနိုင်စရာ မရှိ။ ဘာသာရေးကို ဦးစားပေးသော နိုင်ငံများမှ ကမ္ဘာ့ အားကစား ပြိုင်ပွဲများ ဖြစ်သော အားကစား ပြိုင်ပွဲများ တွင် ၄င်းတို့ နိုင်ငံ များ၏ အမျိုးသမီးများအား ၀တ်စုံ ကန့်သတ်ချက်များဖြင့် ယှဉ်ပြိုင်ခွင့် ရနိုင်စေရန် ကြိုးစားနေကြချိန်တွင် ယဉ်ကျေးမှုကို ဦးစားပေး ရမည့် ကျွန်တော်တို့ နိုင်ငံအနေဖြင့် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများ အစား အခြားနိုင်ငံ့ ဂုဏ်ဆောင်စရာ ပြိုင်ပွဲများစွာ ရှိပေသည်။
ရှက်စရာမဟုတ်လျှင် ဘာကြောင့်ရှက်ရမည်နည်း။
သူမကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများ ခေတ်စားလာခြင်းကို ခွင့်ပြု ပါမည်လား။ သတင်းဂျာနယ်များတွင် ထိုသို့သောပုံများ ပါလာခြင်းကို လက်ခံပါမည်လား။ မြန်မာ မိန်းကလေးတို့၏ ဆွဲဆောင်မှုသည် မြန်မာမိန်းကလေးတို့၏ အရှက်ကို တန်ဖိုးထားမှုပင် ဆက်လက်ဖြစ်နေ သင့်ပေသည်။ နာမည်ကြီး စာရေးဆရာမကြီးတစ်ဦးသည် ပြည်ပ၌ ပညာသင်နေချိန်တွင် ရင်ဖုံးနှင့်ထမီကို ၀တ်ခဲ့၍ နိုင်ငံနှင့် မြန်မာ အမျိုးသမီး များအပေါ် သူများအထင်ကြီးလေးစားမှုကို ရရှိခဲ့ကြောင်း ဖော်ပြခဲ့ဖူး သည်။ ယခု နန်းခင်ဇေယျာ ဘီကီနီဖြင့် ယှဉ်ပြိုင် ရန် လူသောင်းပေါင်း များစွာက အားပေးနေကြ သည်ကို သိလျှင် ထိုဆရာမကြီးတို့ ထိန်းသိမ်းခဲ့ ရသမျှ မြန်မာ အမျိုးသမီး တို့၏ ဂုဏ်အင်အတွက် လွန်စွာ ယူကြုံးမရ ဖြစ်ပေလိမ့်မည်။
ခောတ်အလိုက်ပြောင်းလာသည်မှန်သော်လည်း ဤအဆင့်တွင်သာရပ်သင့်ပါသည်
မြန်မာမိန်းကလေးများသည် အလွန်အတုခိုးမြန်၏။ ပြည်ပနိုင်ငံများမှ ယဉ်ကျေးမှုစီးဆင်းမှုအရ စကဒ်ကို၊ အင်္ကျီတိုများ ၀တ်ဆင်ကြ၏။ သို့သော် ရင်တစ်ခြမ်း၊ တင်တစ်ခြမ်းနှင့် အရှက်လုံရုံသာ ၀တ်ဆင်၍ လူရှေ့ ထွက်ခြင်း ကို ရှက်ရွံ့ဆဲပင်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း သရုပ်ပျက်မှုများ အတွက် မြန်မာတို့သည် ထိန်းသိမ်းနေ ရသည်။ ဘုရားရင်ပြင်တော် များတွင် အမျိုးသမီးများ ၀တ်စားဆင်ယင်မှု အတွက် ကန့်သတ်နေရသည်။ မီဒီယာ ဂျာနယ်များ တွင် ဆောင်းပါးများဖြင့်၊ ရုပ်သံ အစီအစဉ်များတွင် ပညာပေး အစီအစဉ်များဖြင့်၊ နှစ်စဉ် ၀တ်စားဆင်ယင်မှု ပြပွဲများဖြင့် နည်းလမ်း အမျိုးမျိုးကြိုးစား ထိန်းသိမ်းနေရ ချိန်တွင် သူမကို အကြောင်းပြု၍ ယဉ်ကျေးမှုကို လွတ်လပ်မှု ဖြင့် အစားထိုးဖို့ သင့်တော်မည် မဟုတ်ပါ။
နန်းခင်ဇေယျာသည် မြန်မာနိုင်ငံကိုယ်စားပြုသည့် ၀တ်လစ်စလစ်နီးပါး ပုံဖြင့် ကမ္ဘာကျော်အောင်ကြိုးစား ချင်သည့် တစ်ဦး တည်းသော တရားဝင် အလှမယ်တစ်ဦးဖြစ်လာလေပြီ။ ပြီးခဲ့သည့် သင်္ကြန်ကာလတွင် မင်းသမီး တစ်ဦး ခေတ်မီဝတ်စား ဆင်ယင်မှုများအတွက် ခေါ်ယူ သတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။ ယခု နန်းခင်ဇေယျာခွေဟု ဆိုကာ နန်းခင်ဇေယျာ ပုံများဖြင့် ရောင်းမလောက်ခွေများ ထပ်ထွက်လာလျှင် သူမအား မည်သူခေါ်ယူ သတိပေးမည်နည်း။ မည်သူ့တွင် တာဝန်ရှိသနည်း။ ထိုသို့သော ဘီကီနီဝတ်စုံဖြင့် ပြိုင်ပွဲ ၀င်ခြင်းကို ခွင့်ပြုပါလျှင် ထိုသို့သော ၀တ်စုံဖြင့် ရုပ်ရှင် ရိုက်ခြင်းကိုလည်း ခွင့်ပြုရပေမည်။ ၁၈ နှစ်အထက်ဆိုသော စာတမ်းများ အား မြန်မာနိုင်ငံတွင် နေရာယူလာပေတော့မည်။ သို့ပါဆိုလျှင် မြန်မာ မိန်းကလေးများ၏ ယဉ်ကျေးမှု ဆိုသည်ကို မည်သည့်အရာနှင့် တိုင်းတာမည်နည်း။
ဤစားသောက်ဆိုင်များတွင် ဘယ်လိုဝတ်စုံမျိုးများ ဖြစ်လာမလဲ..
ခေတ်ကာလပြောင်းလဲ လာသည်နှင့်အမျှ လူတို့အနေဖြင့် လွတ်လပ်မှုကို တောင့်တကြသည်မှာ အမှန်ပင်ဖြစ်သည်။ ပူအိုက်သော ရာသီတွင် ဘောင်းဘီတို၊ စကပ်တိုများ ၀တ်ဆင်ချင်ကြသည်။ ကမ်းခြေတွင် ရေကူးလျှင် ရေကူးဝတ်စုံ ဖြင့်သာ ကူးချင်ကြသည်။လွတ်လပ်မည်သာ ဆိုပါက အရာအားလုံး ကို ဖွင့်ဟဖို့ အမြဲအဆင်သင့်ဖြစ်နေကြပေသည်။
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်စားသော မိန်းကလေးများစွာနှင့် ထိုလုပ်ငန်း လုပ်သော နေရာပေါင်း များစွာ ရှိသည်။ အားလုံးလဲ သိကြသည်။ သို့သော် လုပ်သားထုတစ်ရပ် အနေဖြင့် ထိုမိန်းကလေးများ အား သတ်မှတ်ပေးရန် မလိုအပ်ပါ။ အခြားနိုင်ငံများတွင် ခွင့်ပြုသဖြင့် မြန်မာနိုင်ငံတွင်လည်း ခွင့်ပြုရမည် မဟုတ်ပါ။ မြန်မာသည် မြန်မာပင်ဖြစ်သည်။ ကျွန်တော်၏ ညီမဖြစ်စေ၊ သမီးလေးများဖြစ်စေ၊ လူပုံ အလယ်တွင် ထိုသို့သော ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုချင်သလို၊ နန်းခင်ဇေယျာ ဆိုသော မြန်မာ မိန်းကလေး တစ်ယောက်၏ အရှက်ကုန်ခမ်းမှုကို ကျွန်တော်အနေဖြင့်လည်း စိတ်မကောင်း ကြီးစွာ ဖြစ်မိပါသည်။
Myanmar Express
37 comments:
ဒါကနိုင်ငံတကါပြိုင်ပွဲလေကွါဒီလောက်
တော့ရှိမှာပေါ့သဇင်လောက်တော့မဆိုး
သေးပါဘူး
MyanmarExpress ကြီးလည်း Vote တက်အောင် ဘယ်လောက်ပေးနေလဲဆိုတာခန့်မှန်းလို့ရပါတယ်နော် ..ဟဲ ဟဲ ဟဲ
that's true
အကောင်းနဲ့အဆိုး ဒွန့်တွဲနေတယ်
တိုးတက်လာတာနဲ့အမျှ ပျက်စီးတာက ကက်လိုက်လာမှာပဲ
တက်နိုင်သလောက် ထိန်းသိမ်းကြပါ
တိုးတက်တာနဲ့အမျှ ပျက်စီးတာက ကပ်လိုက်မယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် တိုးတက်တယ်ဆိုတာ ဘာတွေလဲ။ ဘယ်ကဏ္ဍတွေလဲ။ မတိုးတက်သင့်တဲ့ ကဏ္ဍတွေမှာဘဲ တိုးတက်နေရင်တော့ မဟုတ်သေးဘူးလေ။
သေချင်းဆိုးးME
[မြန်မာမိန်းကလေးများသည် အလွန်အတုခိုးမြန်၏။ ]
အဲဒါတော့အမှန်ပါဘဲ။အဲဒါဗမာမိန်းခလေးတွေရဲ့အားနည်းချက်ဘဲ
ကောင်းတာကိုအတုမယူဘဲ၊မကောင်းတာတွေကိုဘဲ
အတုယူနေရင်တော့၊ ဗမာနိုင်ငံဟာမကြာမှီထိုင်းနိုင်ငံလိုဘဲ
ဖာနိုင်ငံဖြစ်မှာသေချာသလောက်ပါဘဲ။
မြန်မာ့ယဉ်ကျေးမှု့ကိုမထိန်းသိမ်းဘဲ၊လွတ်လပ်မှု့နဲ့အနောက်တိုင်း
သရုပ်ပျက်တွေကိုအထင်ကြီးပြီး၊ ဖင်ပေါ်၊နို့ပေါ် တာတွေမ၀တ်ရင်ဘဲ
ခေတ်နောက်ကျနေပြီလို့ထင်နေကြတဲ့ဗမာမိန်းခလေးတွေကို
ထိမ်းသိမ်းပေးဖို့မိဘတွေပေါ်မှာပထမဆုံးအဓိကတာဝန်ရှိပါတယ်
ဒုတိယကတော့လက်ရှိနာမယ်ရအနုပညာရှင်မိန်းခလေးတွေပါ၊
မင်းသမီးတွေကဘယ်လိုဝတ်ရင်၊ငါတို့လဲလိုက်ဝတ်မယ်ဆိုတဲ့
စိတ်မျိုးးတွေမြန်မာမိန်းခလေးတွေမှာရှိပါတယ်(အတုခိုးတာပါ)
တတိယကတော့ Media နဲ့ ကြော်ငြာ တွေပါဘဲ၊
media တွေကအနုပညာသတင်းပိုင်းတွေမှာအဲဒီလို
မလုံတလုံတွေဝတ်တာကိုအလေးပေးဖေါ်ပြနေရင်လဲ
မြန်မာမိန်းကလေးတွေကလိုက်ပြီးအတုခိုးကြမှာပါ။
ကြော်ငြာ သမားတွေကလဲမိမိတို့ကုန်ပစ္စည်း ကို
လူတွေဂရုစိုက်မိအောင်မော်ဒယ်တွေကိုဖင်ပေါ်၊နို့ပေါ်တွေဝတ်စေပြီး
ကြော်ငြာတွေရိုက်တာလဲမြန်မာယဉ်ကျေးမှု့ ကိုဖျက်စီးရာရောက်ပါတယ်
တကယ်တော့ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ဆိုတာက
မိမိနိုင်ငံရဲ့ ယဉ်ကျေးမှု့ ကိုထိမ်းသိမ်းတာနဲ့ ဘာမှမဆိုင်ပါဘူး
ခက်တာကယနေ့လူငယ်တွေက ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး
ဆိုတဲ့အဓိပါယ်ကိုဘာမှရေရေလည်လည်မသိကြသေးပါဘူး
သူတို့သိတဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုတာငါလုပ်ချင်တာလုပ်မယ်၊
ပြောချင်တိုင်းပြောမယ်
နေချင်သလိုနေမယ်၊စားချင်သလိုစားမယ်၊၀တ်ချင်သလိုဝတ်မယ်
ဘယ်သူ့မှဂရုစိုက်စရာမလိုဘူးလို့လွဲမှားတဲ့အသိစိတ်တွေဝင်နေတယ်
နောင်အသက်ကြီးတော့မှဘ၀ပျက်တဲ့နေ့မှာ
နောင်တကြီးစွာရကြရမှာပါ
နိုင်ငံတကာအလှမယ်ပြိုင် ပွဲပြီးတိုင်း မိုးလင်းပေါက်လိုးပွဲရှိစမြဲပါ အင်္ဂလိပ်လီးကတော့မိပြီထင်တယ် ...
သဇင်ကဘာဖြစ်လို့လဲ???
လူတစ်ယောက်ရဲ့×××ကောင်းကွက်ချည်လိုခြင်လို့တော့မရဘူးကွယ်××××ဒွန်တွဲတဲ့ဆိုးကွက်လည်းပါမယ်***×××××အံဝင်ခွင်ကျ ဆုတောင်းသမျှ××ပြည့်စုံအောင်××**ဘယ်#$$#ဘယ်$$ဘယ်!!"!!
ဒါကမ္ဘာပြိုင်ပွဲကွ
ဒါက နိုင်ငံတကာ ပြိုင်ပွဲလေ..သူက ရေကူးဝတ်စုံ ၀တ်ပြီး မကောင်းတာ လုပ်နေတာလဲ မဟုတ်ဘူး၊ ဒါတိုင်းပြည် ကိုယ်စားပြုပြိုင်တာ၊ ကျွန်တော့်အမြင်တော့ ဒါက လူကြီးတွေ အနေနဲ့လည်း နားလည်ပေးနိုင်ရမယ်၊ ယဉ်ကျေးမှုက ယဉ်ကျေးမှုပဲ၊ ယဉ်ကျေးမှုကို အကြောင်းပြပြီး တိုင်းပြည်ကြီး နောက်ကောက်ကျနေတဲ့ အချက်တွေ အများကြီးပါ၊ ဒါတွေကို ရပ်သင့်ပါပြီ၊အခု Miss International ပြိုင်ပွဲက မြန်မာ့ ယဉ်ကျေးမှု မရှိလို့ ဆိုပြီး တကယ်သာဆုရရင် တိုင်းပြည်က လူတွေအားလုံး ၀မ်းသာကြမှာပါ၊ ရှေးရိုးဆန်တဲ့ အတွေးတွေ မြန်မာတွေ ဖျောက်သင့်ပါပြီ
ရေတွင်းပျက်ထဲက ဖားသူငယ်လိုပါပဲလား•••အမြင်ကျဉ်းလိုက်ကြတာ
မြန်မာဆန်ချင်ရင်မြန်မာပြည်မှာပဲ ပြိုင်လို့ရမှာပေါ့ကွယ်
So pretty
beautiful girl.we proud of u
All you guys need to open up your eyes, this is not really new, long time ago before 1962 since our "Grand-Mother's Time" there was "Mis Burma Contests", they're wearing swimsuits and made competition and became "Me' Bama", I still remember "Me' Bama Ma Sein Aye" all her photos, she was wearing swimsuits, Myanmar women were wearing swimsuits or shorts are since over 50 years ago, just look at them as beauty not look at as sexual feeling point of view.
သူငယ်ချင်း မင်းဘယ်လိုကောင်လဲ တော့မသိဘူး မင်းပတ်သက်ခဲ့ ဖူးတဲ့ မိန်းကလေးတွေနဲ့ မတူပါဘူး။
အရမ်း မကဲ့ရဲ့ပါနဲ့၊ သူကနိုင်ငံ ကိုယ်စားပြုပြီး သွားပြိုင်တာပါ၊ မြန်မာ ဆိုတာ ကဘာ ကသိအာင် သူတာဝန်ကြတဲ့ နေရာကနေပြီး အစွမ်းကုန် ကြိုးစားနေတာပါ။ ပြိုင်ပွဲစည်းကမ်းအရ ပြိုင်ကြရတာပါ။ သူငယ်ချင်း မင်းတို့ ငါတို့ ညီမတွေ၊ အမတွေ သွားပြိုင်ချင် လည်းမရပါ။ Miss Myanmar ဖြစ်မှ၊ သတ်မှတ်ချက်တွေနဲ့ညီမှ၊ သွားပြိုင်လို့ရတာပါ။ အမြင်မကျင်းပါနဲ့၊ အကောင်းမြင်ကြပါ၊ အားပေးကြပါ၊ မုဒိတာ ပွားကြပါ။ စည်းနဲ့ ဘောင်နဲ့ လုပ်ကြရင် ဘာပဲလုပ် လုပ်လုပ် အကောင်းဘက်ကိုဦးတည် တတ်ကြပါတယ်။
နားလည် နိုင်ပါစေ.....
ဒါနိုင်ငံတကာပြိုင်ပွဲဝင်နေတာကွ•••မင်းတို့ရွာမှာဇာတ်ကနေတာမဟုတ်ဘူးငဒူ
တွေရဲ့
ဒါနိုင်ငံတကာပြိုင်ပွဲဝင်နေတာကွ•••မင်းတို့ရွာမှာဇာတ်ကနေတာမဟုတ်ဘူးငဒူ
တွေရဲ့
မလိုသူတွေ နှမချင်းကိုယ်ချင်းမစာသူတွေသွားပုတ်လေလွင့်ပြောနေကြတာ
ကိုဂရုမစိုက်ပါနဲ့ဆက်ကြိုးစားသွားပါ
ချစ်တဲ့နန်းတစ်ယောက်ဒီထက်မကအောင်မြင်
ဖို့ထာဝရအားပေးနေမယ်…
What's the fuck wrong with going bikini?
Don't you ever see?Or you just want to stay in the world of hide and unopen.It's nothing to do with culture.Are you Muslim
Ba lel Ywa Thar zek
သေချာပါတယ်..ဘယ်သူက..ဘယ်လိုမဆို...ကြိုက်ရင်ကြိုက်တယ်..မကြိုက်ရင်မကြိုက်ဘူးလို့ပြောနေ့တဲ့..ဝေဖန်နေတဲ့အပေါ်မှာထပ်ပြီးတော့မပြောလိုပါဘူး....ဒါပေမယ့်..ဘယ်လိုပဲဖြစ်ဖြစ်...ကိုယ်ချင်းစာ ထားပြီးစဉ်းစားစေချင်လိုပါတယ်...ကိုယ်ချင်းစာတရားထားလိုက်ရင်...အဖြေကထွက်ပါတယ်.....ကိုယ့်ညီမဆိုရင်...ဘယ်သူမဆို...၀င်ပြိုင်သင့်တယ်လို့မပြောပါဘူး...ဘာကြောင့်လည်းဆိုတော့..ဒါက..ဗုဒဘာသာ....မြန်မာနိုင်ငံဖြစ်နေလို့ပါ.
ကြည့်မကောင်းဘူးဆိုတာ
ကြည့်ပြီးမှ ပြောလို့ရတာဆိုတော့
ပြောစရာရှိအောင် များများပြပေါ့ အဲဟုတ်ပါဘူး
ကြည့်မကောင်းဘူးဆိုတာ ကြည့်ပြီးမှ ပြောလို့ရတာဆိုတော့ များများပြပေါ့ အဲဟုတ်ပါဘူး
တိုးတက်တာ မကောင်းဘူးမဟုတ်ပါ။ ကောင်းပါသည်။ ဒါပေမယ့်
မြန်မာ့ယဉ်ကျေးမှုဟာ ကမ္ဘာမှာ ကြည့်လို့အတင့်တယ်ဆုံးဟု ထင်ပါသည်။
ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ကိုယ်တိုင် မဖျက်ဆီးမိကြပါစေနှင့်။
ှုI am proud of her.
ရိုင်းတယ်ယဉ်ကျေးတယ်ဆိုလဲကြည့်တဲ့သူအပေါ်မှာအများကြီးမူတည်ပါတယ်။ကိုယ်ကိုယဉ်ကျေးရင်ကိုယ်မြင်ရတဲ့အရာတွေကိုယဉ်ကျေးတဲ့စိတ်နဲ့ကြည့်တဲ့အတွတ်သဘာဝအလှကိုတွေ့မယ်။ကိုယ်ကမယဉ်ကျေးဘူးရိုင်းစိုင်းတဲ့စိတ်ရှိမယ်ဆိုရင်မြင်တဲ့အရာတွေကိုရိုင်းစိုင်းစွာဘဲတွေ့မယ်။ကျွန်တော်တို့မြန်မာများယဉ်ကျေးလာတဲ့အချိန်ကြရင်အရာရာကိုယဉ်ကျေးစွာမြင်ပါလိမ့်မယ်။
မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အရေးကြီးတဲ့ အရှက်အကြောက်တရားကိုတော့ တန်ဖိုးထားတတ်စေချင်တယ်။ ဒီလိုဝတ်ပြမှ နိုင်ငံတကာထဲ ၀င်ဆန့်နိုင်တော့မှာလား။
မြန်မာကို ကမ္ဘာကသိပြီးသားပါ။ ဒီပြိုင်ပွဲဝင်မပြိုင်လဲသိပါတယ်။
ဘာမှ သိပ်မပြောချင်ဘူး။ တစ်မျိုးသားလုံး ကိုယ့်အမျိုး၊ဘာသာ၊သာသနာနဲ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးပြီး တန်ဘိုး ထားကြစေချင်ပါတယ်။
We love you. Nan.....
ဒါ က တော့ အ ခြေ အ နေ အ ၇ ၀တ် ၇ တာ လေ နိုင် ငံ တ ကာ ပြိုင် ပွဲ ဆို တော့ ဒီ လောက် တော့ ၇ှိ မှာ ပေါ့ မ ဟုတ် တောင် မော် ဒယ် တွေ ဓါတ် ပုံ ၇ိုက် တင် နေ ကြ သေး တာ ဘဲ အ လှ ၇ှိ ၇ုံ မ က အ ၇ည် အ ချင်း လဲ ၇ှိ သူ တ ယောက် ပါ နန်း ခင် ဇေ ယျာ ကို အား ပေး နေ ပါ မည်
သြော် နန်းခင်ဇေယျာ နန်းခင်ဇေယျာ မင်းလုပ်တာနဲ့
မြန်မာဆိုတာ ဒီလိုပါလားလို့ဖြစ်တော့မယ်
သူ့အမေက ရှက်ကြောနဲ့ ချက်ကြောမှားဖြတ်လာတာနဲ့တူတယ်။
သို့
မနန်းခင်ဇေယျာ
နည်းနည်းလောက်တော့ပြောချင်ပါတယ်....
နိုင်ငံတကာပွဲမို့ဝတ်စားတာ မပြောလိုပါဘူး....
ဒါပေမယ်....မြန်မာနိုင်ငံရဲ့ ရိုးသားမှုကိုတော့
အလွဲသုံးစားမလုပ်ပါနဲ့နော်..
မြန်မာမိန်းကလေးဆိုတာအလျော်အစားမရှိဘူး
လုံးဝ(လုံးဝ)ရိုးသားမှုနဲ့ဖွဲ့စည်းထားတဲ့ သူလေးတွေပါ
ဒါတွေကို မင်းတစ်ယောက် တန်ဖိုးမထားရင်တော့
မြန်မာအတွက်ဆိုပြီး မင်းပါးစပ်က ဘယ်တော့မှ မပြောနဲ့...
Tသက္ကသီဟ
taw taw sout mar lo dal post par lar
mint ma kyae nut yin mint nyi ma ko thwar pyaing khine par lar,ya ma lar lo
phin gyi khaung kyal lote ma nay net
comments တွေရေးထားလိုက်ကြတာ နင့်ကိုဘယ်သူက ချီးကျူး လဲ
ဒါ ဆို နင်လုပ်တာ နင်သိတယ်
အမြင့် ရောက်လာလေလေ
ပိုပြီး လေတိုက် ခံရလေလေတဲ့
နင့် ကိုတော့ အမြင့် ရောက်တယ်လို့
မမြောဘူးနော်
ဒါဆို ဘယ်လိုပြောရမလဲ
နိုင်ငံတကာနဲ့ယှဉ်ပြီပြိုင်ပွဲဝင်တာမြန်မာမိန်းကလေးတယောက်အနေနဲ့ယဉ်ကျေးမှုမရှိဘူးလို့ပြောလို့မရပါဘူး။ပြိုင်ပွဲစဉ်းကမ်းအရသူလုပ်ခဲ့တာအကောင်းမြင်ကြပါ။ယဉ်ယဉ်ကျေးကျေးပြို်င်ချင်ရင်တို့နိုင်ငံကပြိုင်ပွဲတွေဝင်ပြိုင်မှာပေါ့။ဒါတောင်သူအကောင်းဆုံးဖြစ်အောင်ကျိုးစားခဲ့တာ။သူတော်ပါတယ်.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်