Subscribe to our RSS Feed

သတင်းစာများကို ဝေဖန်ချင်သည့် အကြောင်းရင်းခုနစ်ချက်

From : ..7day


ထင်ရှားသည့် ဗြိတိသျှအမေ ရိကန် သတင်းစာဆရာခရစ္စတိုဖာဟစ်ချင်းစ်က သတင်းစာများကို ယခုလို သရော်ခဲ့ဖူးသည်။

“ကျွန်တော်သတင်းစာဆ ရာဖြစ်လာတဲ့အကြောင်းရင်းကတော့ သတင်းအချက်အလက်ရဖို့ သတင်းစာတွေကို အားမကိုးချင် လို့ပါပဲ”

သတင်းစာများ၏ ရိုသားမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့က ဒီမိုကရေစီစနစ်တစ်ခုအတွက် ဘယ် လောက်အရေးပါသလဲဆိုသည် ကို ရာနှုန်းပြည့် နားမလည်သေးသည့် သတင်းထောက်နှင့် စာတည်းများရှိကောင်းရှိနေနိုင်သည်။

ကျွမ်းကျင်မှုအားနည်းခြင်း၊ မရိုးသားခြင်း စသည့်အကြောင်း အမျိုးမျိုးဖြင့် သတင်းစာများအပေါ် လူထုယုံကြည်မှုကျဆင်းသည့်အခါ လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီကို စောင့်ကြည့်သည့် ယန္တရားပြိုလဲပြီး ပြည်သူလူထုကို အမြတ်ထုတ် သွေးခွဲမည့် အစုအ ဖွဲ့များအတွက် အခွင့်အလမ်းတွေ ပွင့်လန်းလာတော့သည်။ ကမ္ဘာကျော်လူထုဆနစစ်တမ်းကောက်ခံယူသည့် Gallup အဖွဲ့ကြီးက အမေရိကန်ပြည်သူများအကြားမှာ မတူညီသည့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၏ ကျင့်ဝတ် နှင့် ရိုးသားမှုအပေါ် ယုံကြည်မှုစစ်တမ်းကို ပြီးခဲ့သည့် ၂၀၁၂ ခု နှစ်ကကောက်ခံခဲ့သည်။

ရိုးသားမှုနှင့် ကျင့်ဝတ်အပေါ် ပြည်သူယုံကြည်မှုစစ်တမ်း၏ ထိပ်ဆုံးမှာ သူနာပြုများ ရပ်တည်ပြီး သတင်းစာဆရာများကတော့ နံပါတ် (၁၂) မှာသာ ရှိနေပါသည်။ သတင်းစာဆရာများ၏ အပေါ်မှာ အင်ဂျင်နီယာ (၄)၊ သွားဆရာဝန်များ (၅)၊ ရဲအရာရှိများ (၆) စသည်ဖြင့် အသီးသီးရှိနေပြီး ဘဏ်လုပ်ငန်းရှင်များကပင် နံပါတ် (၁၁) ချိတ်ပြီး သတင်းစာဆရာများ အပေါ်မှာ တက်ထိုင်နေသည်ကို တွေ့ရသည်။ ဒါကိုပင် အချို့သတင်းသမားများက ကြံ ဖန်ဂုဏ်ယူကြသေးသည်။ “ကျွန်တော်တို့အောက်မှာ ရှေ့နေ၊ အာ မခံအရောင်းကိုယ်စားလှယ် ၊ ဆီနိတ်တာနှင့် ကားအရောင်းကိုယ်စားလှယ်များ ရှိပါသေးသည်တဲ့။

Gallup စစ်တမ်းများမှာ အမေရိကန်ပြည်သူများအကြား သတင်းစာများအပေါ် ယုံကြည်မှုက ၂၀၁၁ ခုနှစ်မှာ ၂၈ ရာခိုင်နှုန်း၊ ၂၀၁၂ မှာ ၂၅ ရာခိုင်နှုန်းနှင့် ယခုနှစ် ၂၀၁၃ မှာ ၂၃ ရာခိုင်နှုန်းသို့ တောက်လျှောက်ကျဆင်းလာနေသည်။ သတင်းစာနှင့် ပြည်သူကွာရှင်း ပြတ်စဲသည့်အခါ နိုင်ငံရေးတောကြောင်များ လက်ခမောင်း ခတ်ပြီး လူ့အဖွဲ့အစည်းယိုင်နဲ့ တတ်ပါသည်။

လွတ်လပ်မှုကို ယခုမှ ထွေးပွေ့ခွင့်ရသည့် မြန်မာသတင်းစာများကတော့ အရှိန်ကောင်းကောင်းနှင့် ချီတက်နေကြသည်။ ရေရှည်မှာ ပြည်သူလူထု၏ ယုံကြည်မှုကို မဆုံးရှုံးကြဖို့အတွက် အားနည်းချက် ခုနစ်ချက်ကို ဝေဖန်ပါမည်။

(၁) ကိုယ်ပျောက်သတင်းအရင်းအမြစ်များ (Invisible Sources) ဘယ်ကရသည့်အချက်အလက်၊ အကြောင်းအရာများကို မဖော်ပြဘဲ “သိရသည်” ဆိုရုံဖြင့် ရောချ၍မရပါ။ “ဘယ်က သိရသည်” ကို တိတိကျကျ ဖော်ပြဖို့လိုအပ်သည်။ စာဖတ်သူများကို အကြံပေးချင်သည်က မိမိဖတ်ရသည့် ပုံနှိပ်စာလုံးများ အားလုံးကို မယုံကြည်ဖို့ဖြစ်သည်။ သတင်းထဲမှာ ဘယ်သတင်း အရင်းအမြစ်ကို ညွှန်းထားသလဲ၊ အဲဒီသတင်းအရင်းမြစ်က ဘယ်လောက်ယုံကြည် စိတ်ချထိုက်သလဲဆိုသည်ကို စဉ်းစားပါ။

သတင်းထောက်များကလည်း စာဖတ်သူကို ပေးပို့မည့် သ တင်းအချက်အလက်ကို ခိုင်မာသည့် သတင်းအရင်းအမြစ်များ ဖြင့် အတည်ပြုသင့်သည်။ အတည်မပြုနိုင်သေးလျှင် မသုံးရန် (သို့မဟုတ်) အတည်မပြုရသေးကြောင်း ပြည်သူကို ရိုးသားစွာ ဖော်ပြသင့်သည်။

(၂) ပင်ပေါင် ဂျာနယ်လစ်ဇင် (Ping Pong Journalism)
တစ်ခြမ်းပဲ့သတင်းများဖြစ်ပါသည်။ တစ်ဖက်က စွပ်စွဲသည်ကို ဒီကနေ့ဖော်ပြသည်။ အခြားတစ်ဖက်က ဖြေရှင်းသံကို နောက် နေ့ဖော်ပြသည်။ နောက်တစ်နေ့မှာ ပထမတစ်ဖက်က ရှင်းလင်း ချက်ကို ပြန်ထည့်သည်။ သတင်းပေးပို့မှုက ပင်ပေါင်ဘောလုံးလို တစ်ဖက်စီပြေးနေသည်။ စာဖတ်သူကိုယ်တိုင်ပင်ပေါင်ဘောလုံးဖြစ်ပြီး ဘက်တံနှင့် အပြန်အလှန်အရိုက်ခံရသလို ဖြစ်နေသည်။

(၃) ဖုံးကွယ်ထားသော ကိုယ်ပိုင်ထင်မြင်ချက်များ (Hidden Opinions)
ထင်မြင်ချက်များနှင့် ပတ်သက်လျှင် ပြဿနာနှစ်မျိုးကို တွေ့ရသည်။ ပထမတစ်မျိုးက သတင်းထဲတွင် မိမိ၏ ထင်မြင်ယူဆချက် မထည့်ရဆိုသည့် သံမဏိစည်းမျဉ်းကို လက်တစ်လုံးခြားချိုးဖောက်ခြင်းဖြစ်သည်။ “ပြည်သူများအကြားမှာ ဝေဖန်မှုများရှိနေသည်၊ အချို့က သုံးသပ်ကြသည်” ဆိုသည့် စကားလုံးများ၏ နောက်ကွယ်မှာ ပုန်းလျှိုးနေသည့် သတင်းစာဆရာ၏ “ထင်မြင်ချက်” များကို တွေ့မြင်နေရသည်။

ဒုတိယပြဿနာက သတင်းများမှာ သုံးသပ်ချက် (Opinion) များသာကဲပြီး အချက်အလက် (Fact) များ အလွန်အမင်းအား နည်းခြင်းဖြစ်သည်။ ပြောစကားမှတ်ချက်များရလျှင် သတင်းဖြစ်သည်ဟု ယူဆနေသူများရှိသည်။

(၄) ကျန်းမာရေးနှင့်မညီညွတ်သည့် သတင်းများ (Junk Journalism)
စာဖတ်သူများအကြားမှာ အများကြိုက်အကြောင်းအရာများကို ပြူးတူးပြဲတဲခေါင်းစဉ်ဖြင့် ဖော်ပြပြီး သတင်းထဲတွင်တော့ခိုင်မာသည့် သတင်းအချက်အလက်မထည့်သွင်းနိုင်သည့် သ တင်းပေးပို့မှုဖြစ်သည်။

စာဖတ်သူ ဖတ်သင့်၊ သိသင့်သည့်သတင်းများကို ကြိုးစားပမ်းစာုးံစမ်းဖော်ထုတ်မှုမပြုလုပ်ဘဲ စာဖတ်သူ ဖတ်ချင်၊ မြင်ချင်၊ ကြား ချင်သည့် စိတ်ဆန္ဒကို အလိုလိုက် ဖို့အတွက် ဖန်တီးတင်ပြမှုဖြစ်သည်။ အများကြိုက်၊ အသင့်စားအစားအစာ Junk Food များက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်သလို Junk Journalism က စိတ်ကျန်းမာရေးကို ထိခိုက်စေသည်။

စာဖတ်သူများ သတိထားရမည်မှာ ကိုယ်ချစ်သူကို ချီးမြှောက် တိုင်း (သို့မဟုတ်) ကိုယ်မချစ်သူ ကို တိုက်ခိုက်တိုင်း မျက်စိမှိတ် မယုံဖို့ဖြစ်ပါသည်။

(၅) မိုးနတ်မင်း၏ သတင်း (Top Down Reporting)
ရာထူးကြီး၊ ထင်ရှားသူများ ဘာပြောပြောသတင်းဖြစ်နေသည့် အတွေးအခေါ်ကို ကျွန် တော်တို့ လေးလေးနက်နက်ဆန်း စစ်သင့်သည်။ “နောက်ပြန်လှည့် သူကိုချေမှုန်းမည်”၊ “ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုကို သည်းခံမည်မဟုတ်ပါ” စသည့် စကားများ ကို သတင်းရေးသားသည့်အခါ မိုးပေါ်ကကျလာသည့် ပြောစကား တစ်ခုတည်းကိုသာ စာဖတ်သူကို ပြန်ရေးပြတာမဟုတ်ဘဲ သူ့ပြော စကားနဲ့ အလုပ် ဘယ်လောက် ကိုက်ညီမှုရှိသလဲဆိုတာကို ပြည်သူနားလည်ဖို့ လေ့လာသုတေသနပြုဖော်ပြသင့်သည်။

အထက်က လူကြီးပြောတိုင်းသတင်းဖြစ်နေသည့်အချိန်မှာ ပြည်သူများဆနနှင့် အခက်အခဲကို အထက်က သိအောင် ပြုလုပ်ရမည့် Bottom up reporting လည်းလိုအပ်ပါသည်။ သို့မ ဟုတ်လျှင် ပါးနပ်သော ခေါင်းဆောင်ကြီးများက လက်ခုပ်ချူချင်တိုင်း စကားတစ်ခွန်းထပြောသည်ကို ၀န်ဆောင်မှုပေးနေရသည့် အခြေစိုက်သွားမည်။ သ တင်းတစ်ပိုင်း ၀ါဒဖြန့်ချိရေးတစ် ပိုင်း Infoganda များအဖြစ် အပြုစားခံရတတ်သည်။ သတိထားပါ။

(၆) ဖြတ်ညှပ်ကပ် သတင်းပေးပို့မှု(Copy and Paste Reporting)
သတင်းထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲများ အ ကြောင်းကို အစာသွတ်မွမ်းမံဖြည့်စွက်ခြင်းမရှိဘဲ အသင့်ဖော်ပြပေး ခြင်းများ မြင်တွေ့နေရသည်။ သတင်းစာသည် စာတိုက်ပုံးမဟုတ် သည့်အတွက် လာပေးသမျှကို လက်လွှဲပြောင်းရုံတာဝန်ဖြင့် ကျေ နပ်မနေသင့်ပါ။

(၇) ပုန်းကွယ်နေသည့် ရည်ရွယ်ချက် (Hidden Agenda)
သတင်းစာ စတင်ကတည်းက ဘာလုပ်မည်ဆိုသည့် ရည် ရွယ်ချက်တစ်ခုဖြင့်စတည်ထောင်ခြင်းဖြစ်သည်။ ပြည်သူလူထု၏ နေ့စဉ်ဘ၀မှာ ဆုံးဖြတ်ချက်များ မှန်ကန်အောင် ချမှတ်နိုင်ဖို့ လို အပ်သည့် သတင်းအချက်အလက်များကို မပေးဘဲ ရည်ရွယ်ချက်
တစ်ခုအတွက် သြဇာကြီးထွားအောင် စည်းရုံးသိမ်းသွင်းခြင်းဖြစ်သည်။

ဝါကျများ၏ နောက်ကွယ်မှာ ပုန်းကွယ်နေသည့် ရည်ရွယ်ချက်များကို စာဖတ်သူများမြင်အောင်ဖတ်ကြဖို့လိုသည်။

သုတေသနလူထုစစ်တမ်းများကို လေ့လာသည့်အခါ အမေရိကန်ပြည်ထောင်စုမှာ သတင်းစာများ၏ ရွှေခေတ်(Heyday) သည် ၁၉၇၄ ခုနှစ်တစ်ဝိုက်ဟု တွေ့ရသည်။ မထူးဆန်းလှပါ။ လူငယ်သတင်းထောက်နှစ်ဦးဖြစ် သည့် ဘော့်ဘ်ဝုဒ်ဝါဒ့်နှင့် ကားလ် ဘန်းစတိန်းတို့၏ ၀ါးတားဂိတ်ထုတ်ဖော်မှုကြောင့် သမ္မတ ရစ်ချတ်နစ်ဆင်ရာထူးမှ နုတ်ထွက်ခဲ့ ရသည့် နှစ်ဖြစ်သည်။ ၁၉၇၀ ခုနှစ်များသည် အမေရိကန်သတင်းစာတို့က မြင့်မားသောစံနှုန်းကို ထိန်းသိမ်းခြင်းဖြင့် ပြည်သူ့ယုံကြည်မှုကိုအမြင့်မားဆုံးရခဲ့သည့် အချိန်ဖြစ်
သည်။

အပြောင်းအလဲကို ရင်ဆိုင်နေရသည့် မြန်မာသတင်းစာများလည်း ရွှေခေတ် (Heyday) ကို ရောက်နိုင်ပါသည်။ ရဲရင့်ထက် မြက်သည့် လူငယ်သတင်းစာဆရာများ၏ အင်အားက အတောင့်အတင်းဖြစ်နေသည်။ သို့သော် စံနှုန်းများမြင့်မားဖို့တော့လိုသည်။ ပြည်သူများကလည်း အရည်အသွေးကို စစ်ဆေးသည့်နည်းဖြင့် ကူညီပေးသင့်သည်။ သတင်းတစ် ပုဒ်ကို ဖတ်သည့်အခါ မေးခွန်းသုံး ခုမေးပေးပါ။

ဒီသတင်းဟာ အချက်အလက်ခိုင်မာရဲ့လား။

ဒီသတင်းမှာ သတင်းအရင်း အမြစ်ပြည့်စုံရဲ့လား။

သတင်းရေးသားမှုဟာ မျှတရဲ့လား။

စာဖတ်သူများကို မင်နီဘောပင်တစ်ချောင်း အိတ်ထဲမှာ အမြဲထည့်ထားဖို့ အကြံပြုချင်သည်။

ဗန်းပေါ်က သတင်းစာဂျာနယ်များကို စာမေးပွဲစစ်ကြရန် ဖြစ်ပါသည်။


.. www.MyanmarExpress.net
 

1 comments:

7 Day? "Nga-Pyoo Ga Pyai Nay Dai". A thief is crying "THIEF"

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်