Subscribe to our RSS Feed

သမ္မတဖြစ်မှ လူထုအကျိုးလုပ်နိုင်မယ့် ဒေါ်စုဟာ သမ္မတမဖြစ်သရွေ့ လူထုအတွက် ဘာမှမလုပ်ပေးနိုင်တဲ့ အသုံးမကျတဲ့ သာမန်လူတစ်ဦးပါပဲ


၏မနေ့က ကျွန်တော်တို့ စလုံးက မြန်မာတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံပွဲတစ်ခုလုပ်ခဲ့ ပါတယ်။ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းရှည် တစ်ခုပြောခဲ့ပါတယ်။ မိန့်ခွန်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ကို မေးခွန်းတွေအများကြီး မေးခဲ့ကြပါတယ်။ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရ တာ  စိတ်အားတော်တော် ထက်သန်နေတာကို သတိထားမိပါတယ်။ 

ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မ ဟာဝိုင်အီလို နေရာမျိုးမှာနေချင်သလား စဉ်းစားကြည့်တော့ ဟာဝိုင်အီ မှာမနေချင်ပါဘူး.. မြန်မာနိုင်ငံထဲမှာ ပြည်သူတွေနဲ့အတူ လှုပ်ရှားရုန်းကန်ရတာ.. အတူတူ ဆင်းဆင်းရဲရဲနေရတာ ကိုကျေနပ်မှုရှိတယ်”  ဆိုပြီး သူမရဲ့သဘောထားကို လူအများကို ထုတ်ပြောခဲ့ပါတယ်။ လူအများက ဝိုင်းဝန်းသြဘာ လက်ခုပ်တီးပြီး ချီးမြှောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပိုမိုလေးစား အထင်ကြီးသွားကြပါတယ်။  


ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောဆိုမှုကို သံသယတစ်ခုဖြစ်မိပါတယ်။ နိုင်ငံခြားမှာကောင်းစား နေတာကို မနေချင်ပဲ မြန်မာပြည်သူတွေနဲ့အတူ ဆင်းရဲနေရတာ ခံချင်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံကို အသက် ၄၀ ကျော်မှ ပြန်လာခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ မှ မြန်မာနိုင်ငံကို ပြန်လာသူဖြစ်ကြောင်း မိန့်ခွန်းမပြောခင်မှာလည်း Slide ထိုးပြီး ပြသွားပါတယ်။ ဒါတောင် မိခင် ဒေါ်ခင်ကြည် နေမကောင်းလို့ ပြန်လာတာလို့ ဆိုပါတယ်။ အသက် ၄၃ နှစ် မတိုင်ခင် တောက်လျှောက် နိုင်ငံခြားသားကို လက်ထပ်ပေါင်းသင်းပြီး သားနှစ်ယောက်နဲ့အတူ ဥရောပမှာ ပျော်ရွှင်နေသူတစ်ဦးက ပြည်သူတွေနဲ့အတူ လှုပ်ရှားရ တာ.. အတူတူ ဆင်းဆင်းရဲရဲ နေရတာကို ပိုသဘောကျတယ် ဆိုတဲ့ စကားလုံးက အပြောနဲ့ အလုပ် ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ၄၃ နှစ် မတိုင်ခင်ကရော အခုလို စိတ်ဓာတ်မျိုး မရှိခဲ့ဘူးလား? ဒီစကားမပြောခင်မှာ ကိုယ့်သမိုင်း ကိုယ်ပြန်လည်မသုံးသပ်မိဘူးလား? ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ။


 မိန့်ခွန်းအပြီး မေးခွန်းများကိုဖြေကြားရာတွင် ပထမဆုံးမေးခွန်း ကိုဖြေကြားချိန်၌ ဒေါ်အောင်ဆန်း စုကြည်မှ ပြည်ပရောက်နိုင်ငံသားများကို ကာကွယ်ရန်မှာ အစိုးရတစ်ယောက်တည်းမှာသာ တာဝန်ရှိတာ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။ ပြီးမှ ရုတ်တရက် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းဖို့ ပြောဆိုခဲ့ပါတယ်။ ထို့နောက် စိတ်ဓာတ်မကျဖို့နှင့် ဒီမိုကရေစီရမှ ပြည်ပရောက် မြန်မာများကိုကာကွယ်ပေးမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယမြောက် လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်သောမေးခွန်းမေးမြန်းချိန်မှာ သူမသမ္မတဖြစ်ဖို့အတွက် မြန်မာနိုင်ငံပြန်လာပြီး ထောက်ခံကြဖို့ ပြောဆိုသွားပါတယ်။


ကျွန်တော်အပါအဝင် စလုံးက မြန်မာအားလုံး အထူးစိတ်ဝင်စားတဲ့မေးခွန်းကတော့“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် စင်္ကာပူက မြန်မာတွေအတွက် ဘာလုပ်ပေးမလဲ”ဆိုတဲ့ မေးခွန်းပါ။ သမ္မတလုပ်မယ် အကြိမ်ကြိမ် ပြောပြီး သမ္မတလုပ်ဖို့ အခြေခံဥပဒေပြင်ဆင်ရေးကို အသည်းအသန်ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမေးခွန်းကိုဖြေဖို့ အဆင့်သင့်မဖြစ်ခဲ့ပါဘူး။ အမှန်တကယ် ဖြစ်သင့်တာက စလုံးကတင်မကဘူး.. နိုင်ငံခြားရောက် မြန်မာအလုပ်သမားတွေအတွက် ဘာတွေလုပ်ပေးမယ်..၊ အိမ်ပြန်လာဖို့ ဘယ်လိုကူညီမယ်.. ၊ ပြန်ရောက်လာရင် အလုပ်အကိုင် ဘယ်လိုရှာပေး မယ်…ဆိုတဲ့ စကားမျိုးတွေကို စလုံးက မြန်မာတွေအားလုံးက ကြားရလိမ့်မယ် မျှော်လင့်ထားတာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် ဖက်က ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ မျှော်လင့်ချက်ကို ဘာမှ မသိထားဘူးဆိုတာ သိသာပါတယ်။  မသိထားတဲ့အတွက် ဘာလုပ်ပေးရမယ်ဆိုတာကိုလည်း မဖြေနိုင်တော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မအခဲ့ပါဘူး။ ထုံးစံအတိုင်း အမေးတစ်ခြား အဖြေတစ်ခြား ကွေ့ပတ် ပြီး “သမ္မတ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုယ် ပြန်ပြီး ထောက်ပံ့ကြပါ” လို့ပဲ ပြောသွားပါတယ်။ 


အကျဉ်းချုံးရရင် စင်ပေါ်မှာစကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတသိပ်ဖြစ်ချင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို သိပ်ပြင်ချင်နေတာကို မြင်ရတွေ့ရပါတယ်။ သမ္မတအသည်းအသန်ဖြစ်ချင်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ သူမရဲ့ အတိတ်ဘဝက ပြုမူခဲ့တာတွေကို မသိကျိုးကျွန်ပြုနေတာ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါ့အပြင် သူမအနေနဲ့ လူထုအကျိုးအားလုံးကို သမ္မတဖြစ်မှသာ လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး သမ္မတမဖြစ်ပါက ဘာမှ လုပ်နိုင်တဲ့ အရည်အချင်းမရှိသူ တစ်ဦးဖြစ်ပါတယ်။ သမ္မတဖြစ်မှ လုပ်မယ်ဆိုသည့် အရာအားလုံးအတွက်လည်း မည်သို့မည်ပုံ လုပ်ဆောင်မယ်ဆိုတာကို ကြိုတင်စဉ်းစားထားတာတစ်ခုမှ မရှိသေးတာကြောင့် အဆင်သင့်လည်း မဖြစ်သေးပြန်ပါဘူး။ 


အရင်တုန်းက မြန်မာနိုင်ငံ ဆင်းရဲတယ်.. မကောင်းဘူး… ဆိုးတယ်.. ဆိုတဲ့ စကားတွေ ကြားတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချထားလို့ဆိုပြီး အတိုက်အခံများကပြောတာ နားထောင်ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကသာလွှတ်ပေးပြီး လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ပေးလိုက်ရင် မြန်မာနိုင်ငံ ကြီးချမ်းသာသွားမယ်… အဆိုးတွေ တစ်ခုမှမရှိပဲ ကောင်းသွားမယ်… နတ်ရေကန်ထဲ ပစ်ချသလို ရုတ်ချည်း ပြောင်းလဲသွားမယ်လို့ ပြောကြပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ်လွှတ်လပ်လပ်လုပ်နေတာ ၃ နှစ်ပြည့် တဲ့အထိ ဘာမှမထူးခြားလာတော့ အတိုက်အခံအင်အားစုတွေက ဘာပြောရမှန်းမသိ ဖြစ်ရပါတယ်။ ခက်ခဲနေချိန် မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ဆင်ခြေတစ်ခုကို ကိုယ်တိုင်ပေးလိုက်တာပါ။ သူမ သမ္မတ မလုပ်ရလို့ ဆိုတဲ့ အကြောင်းပြချက်ပါ။ သူမ သမ္မတလုပ်ရမှသာ မြန်မာနိုင်ငံ ချမ်းသာလာမယ်… နိုင်ငံရေးတွေ ကောင်းလာ မယ်.. စီးပွားရေးတွေ ကောင်းလာမယ်.. ပညာရေးနဲ့ လူမှုရေးတွေ ကောင်းလာမယ် ဆိုတာပါပဲ။ ဒီတော့ နောက်ဆုံးအဖြေ တစ်ခုကတော့ ဒေါ်အောင်ဆန်း စုကြည်ဆိုတာ သမ္မတရာထူးမရရင် တိုင်းပြည်အတွက် ဘာမှအလုပ်အကျွေး မရတော့ဘူးလား... စဉ်းစားစရာတွေကလည်း များလိုက်တာ.....


.. www.MyanmarExpress.net
 

13 comments:

DI Kaung Ma Gyi Ga Yaung Chauk Char Phyet Nay Byi Bya, Ma Kyar Khin Yuu Leik Mel Byo.

သာမန်လူရေဟုတ်တာမဟုတ်တာတော့တစ်ပိုင်း ကြေးနီစီမံကိန်းတုန်းကတော့ဘာမှမလုပ်နိုင်ပါ သူ့ကိုသာပုံအပ်ကြပေမယ့်ပေါ့

ဒေါ်အောင်ဆန်းစုကြည်နဲ.NLD ပါတီဟာ နိင်ငံနဲ.ပြည်သူလူထုအပေါ်တောင်းဆိုမှုတွေတော်တော်များနေပြီ ၊ ပြည်သူလူထုစားဝတ်နေရေးအတွက်လိုအပ်ချက်တွေကို တတ်နိင်သလောက် အာဏာရအစိုးရနဲ.ပူပေါင်းဆောင်ရွက်ပြီးတော.ဘာတခုမှမလုပ်ဘူး ။ တနေ.တနေ. တပွဲပြီးတပွဲ နေရာပြီးတနေရာ လှည်ပတ်ပြီး သူတိုလုပ်ချင်တာ သူတို.ဖြစ်ချင်တာတွေကိုဘဲ ထောက်ခံဖို. အားပေးဖို. ကိုနည်းမျိုးစုံ ပုံစံမျိုးစုံနဲ. ပြည်သူတွေကို စိတ်ဆင်းရဲအောင်လုပ်နေကြတယ် ။ တကယ်တန်းပြောရရင် ပါတီဝင်မဟုတ်တဲ. သာမာန်ပြည်သူလူထုဖြစ်စေချင်တာ စားဝတ်နေရေး အဆင်ပြေစေဖို.ပါ ၊ ဘယ်သာမန်ပြည်သူလူထုကမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်တာ မဖြစ်တာ စိတ်မ၀င်စားဘူး ၊ NLD ပါတီကိုအကြံပြုချင်တာကတော. ပြည်သူလူထုကိုမကူညီနိင်ရင်တောင် စိတ်ဆင်းရဲအောင်လုပ်နေတာတွေရပ်ပါတော.လို. အကြံပြုပါရစေ။

အရည်အချင်းဆိုတာကိုပြသရင်းနဲ့ အခွင့်အရေးကိုစောင့်နေရင်း တိုင်းပြည်တိုးတက်မှာပေါ့....
ရပိုင်ခွင့်ကိုတောင့်တရင်း အရည်အချင်းကိုမပြသရင်တော့ ဘာတစ်ခုမှဖြစ်လာနိုင်မှာမဟုတ်ပါဘူး....အဲ့လိုတာဆိုရင် သူ့ရဲ့အရည်အချင်းဆိုတာ တိုင်းပြည်ကိုပြသခွင့်တောင် ရလိုက်မှာမဟုတ်ဘူး.....ဒါကိုမှမသိသေးရင် နိုလ်ဗယ်ဆုရထားလည်း တန်ဖိုးရှိနိုင်မှာမဟုတ်ဘူး.....
ဝမ်းနည်းစရာပဲ...ရပိုင်ခွင့်ကိုစောင့်နေရင်း နားလိုက်ပါတော့လို့ဆိုချင်ပါတယ်....

ကုလားပြည်မှာပဲ သမ္မတသွားလုပ်လိုက်ပါ
ဒေါ်စု ခင်ဗျားသမ္မတလုပ်ရင် မတွေးရဲဘူး

ထောင်ထဲသာပြန် ထည့်ထားလိုက်ပါ

ငါ့ကိုယ်ငါတောင် တန်ဖိုးမထားလို့ ကုလားမယားလုပ်ခဲ့တာ နင်တို့လောက်တော့ သနားတယ် နင်တို့ဘက်ကရပ်တည်တော့ ဘယ်လိုလုပ် နိုဘယ်ဆုရမှာလဲ ငတုံးတွေရဲ့

၈၈ မတိုင်မီက
စုကြည်က မြန်မာတွေကို
မျောက်သာသာကောင်တွေလို့သဘောထားတာ

၈၈ မတိုင်မီက
စုကြည်က အဖြူကောင်ကိုလင်လုပ်
တခြားအဖြူကောင်တွေကို ဖင်ခံ
အဖြူကောင်တွေနဲ့ပေါင်းပြီး
အဖြူကောင်တွေက မြန်မာတွေကို
မျောက်သာသာကောင်တွေလို့သဘောထားသလို
စုကြည်ကပါ မြန်မာတွေကို မျောက်သာသာကောင်တွေလို့သဘောထားတာ

၈၈ မတိုင်မီက
စုကြည်က မြန်မာတွေနဲ့ တွေ့ဖို့နေနေသာသာ
စုကြည်က သူ့ကိုသူတောင် မြန်မာလို့ပြောရမှာတောင်
ရှက်သလေး ဘာသလေးနဲ့

အခုမှ
စုကြည်က ပြည်ပက မြန်မာတွေကို တွေ့တယ်လို့
လာပြောမနေနဲ့
နိုင်ငံခြားမှာအနေကြာသူတိုင်း
အဖြူကောင်တွေ ကုလားတွေကိုပဲ ဖင်ခံတဲ့
မြန်မာဆိုရင် မကုန်းတဲ့
၈၈ မတိုင်မီ စုကြည်အကြောင်းကိုသိတယ်

စုကြည် ဒေးဗစ်လှမြင့် နဲ့
တခြား NLD နဲ့ ဒီမိုအကောင်မျိုးစုံကို ကုန်းတာက
၈၈ နောက်ပိုင်းမှ

၂၀၀၈ အခြေခံဥပဒေရှိနေသမျှ ၂၀၁၅မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု လုံးဝမရှိနိုင်လို့ ဆိုတယ်နော်။ ဒါဆိုရင် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲဟာလဲ ဒီဥပဒေအရသာ ကျင်းပခဲ့တာမို့ အရွေးခံရတဲ့ NLD အမတ်တွေဟာ တရားမျှတမှု မရှိဘဲ နိုင်ခဲ့ကြတယ်လို့ ၀န်ခံသလိုများ ဖြစ်နေမလား၊

သူ့မိသားစုအရင်းဆိုလို့ ယောက်ျားကြီး သေပြီးတဲ့ နောက်
၁၊ ကိုကိုဦး (ဦးအောင်ဆန်းဦး)
၂။ အလက်ဇန်းဒါး (သားကြီး)
၃။ကင်အဲရစ် (သားငယ်)
တို့ရှိနေတယ်။ အဲဒီထဲက အစ်ကိုကြီးကလည်း သူ့ကို တရားစွဲထားတယ်၊ သားကြီးကလည်း သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို သဘောမကျတော့လို့ တစ်ခေါက်တောင်မှ ရန်ကုန်ပြန်မလာတော့ဘူး၊ အမေရိကကို သူ့အမေလာချိန်မှာတောင် သွားနှုတ်မဆက်တဲ့အထိ ဖြစ်သွားတယ်။

မိသားစုသုံးယောက်အနက် တစ်ယောက်ကပဲ သူ့ကိုထောင်ခံတယ်ဆိုတော့

ထောက်ခံမဲ (၃၃.၃၃%)
ကန့်ကွက်မဲ (၆၆.၆၆ %) ဖြစ်နေပြီ၊
အခြေခံဥပဒေ ပြင်ဖို့က အမတ် (၇၅%) လိုတယ်။ သွေးမတော် သားမစပ် လွှတ်တော်အမတ်တွေက ဘယ်လောက် ထောက်ခံမှာမို့ သူက သမ္မတချင်တယ်လို့ အရှက်မရှိ လျှောက်ပြောနေရတာလဲ။


Aung San Suu Kyi “is part of the problem” in Burma’s political crisis because she still believes she is the government, said former Singaporean prime minister Goh Chok Tong yesterday.

ဒီမှာ သမ္မတ မလုပ် ရလဲ ဖာခေါင်း မ. သာလုပ်တော့ NLD. ဖာစုပ်ဖာပြတ် နောက်လိုက် တွေ ရှိ တယ်

alot people were bline cos they support Aung San Su Kyi until now.

သူသာ သမ္မတ ဖြစ် ရင်ကြည့်ရအုန်းမယ် အဲ့ဒီ
တော့မှ တို့လူမျိုးတွေအ ကြောင်း ကောင်းကောင်းသိ သွားမယ် အရှူးမီးဝိုင်းသလို
ဖြစ်ပြီး ထမီတောင် ကပ်မှာမဟုတ်ဘူး နိုင် ငံအုပ်
ချူပ်တာ လွယ်လွယ်လေးများ ထင်နေသလား
မသိဘူး ကိုယ့်မိသားစုကိုတောင် ကောင်းကောင်း မအုပ်ချူပ်ဘူးပဲနဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်