Subscribe to our RSS Feed

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချရန် ယာဉ်ကြောရှင်းလင်းရေးအဖွဲ့ (၁၀) ဖွဲ့ တိုးချဲ့

From : ..eleven


ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှု ပိုမိုဖြစ်ပွားလာသဖြင့် ယာဉ်ကြောရှင်းလင်းရန်အတွက် ယာဉ်ကြောရှင်းလင်းရေးအဖွဲ့ (၁၀) ဖွဲ့ကို တိုးချဲ့ထားကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများထံမှ သိရသည်။

ယင်းကဲ့သို့ ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှု ဖြစ်စဉ်များကို ရှင်းလင်းရန်အတွက် ယခင်က ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် အဖွဲ့ (၈) ဖွဲ့နှင့် မထသ(ဗဟို)တွင် အဖွဲ့ (၈) ဖွဲ့တို့ဖြင့် ဆောင်ရွက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာမှုကြောင့် ယခုအခါ ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် အဖွဲ့ (၂) နှင့် မထသ(ဗဟို)တွင် အဖွဲ့ (၈) ဖွဲ့တို့ ထပ်မံ တိုးချဲ့ထားကြောင်း သိရသည်။

''အရင်တုန်းကဆိုရင် ယာဉ်ကြော ရှင်းလင်းရေးအဖွဲ့ (၈) ဖွဲ့ပဲရှိတယ်။ အခု နောက်ထပ် (၈) ဖွဲ့ ထပ်မံပြီးတော့ တိုးချဲ့ထားပါ တယ်။ ရှင်းလင်းရေးအဖွဲ့မှာ ယာဉ်လိုင်းက တာဝန်ရှိသူတွေ၊ မထသ (ဗဟို)၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ စတဲ့ တာဝန်ရှိသူတွေ ပါဝင်ပါတယ်။ ယာဉ်ကြောတွေ ကျပ်ရခြင်းရဲ့အဓိက အကြောင်းအရင်း အချက်အချို့ကတော့ လမ်းတွေကျဉ်းတာ၊ စည်းကမ်းမဲ့ယာဉ်တွေ များတာ၊ ပြေးဆွဲနေတဲ့ ယာဉ်တွေ များလာတာနဲ့ မီးပွိုင့်စနစ်တွေကြောင့်လို့ ထင်ပါတယ်'' ဟု မထသ(ဗဟို)မှ ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က စက်တင်ဘာ ၂၅ ရက်၊ နံနက်ပိုင်းက ပြောကြားသည်။

အလားတူ ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူး ရုံး(ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေး က ''ယာဉ်ကြောရှင်းလင်းဖို့နဲ့ စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို ဖမ်ဆီးဖို့အတွက် အဖွဲ့ (၈) ဖွဲ့ရှိတယ်။ အခုဆိုရင် ဒီကိစ္စတွေကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက တိုက်ရိုက်ကိုင်တွယ်မှု ပြုလာတဲ့အခါမှာ အထိရောက်ဆုံး ကိုင်တွယ်ဖြေရှင်း နိုင်ဖို့အတွက် အဖွဲ့(၂)ဖွဲ့ကို တိုးချဲ့ပြီး ဆောင်ရွက်နေပါတယ်''ဟု ဆိုသည်။

(စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက တာမွေမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့နေစဉ် (ဓာတ်ပုံ-ကြည်နိုင်))


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်