Subscribe to our RSS Feed

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအတွက် အစိုးရနှင့် ကေအိုင်အိုတို့ အောက်တိုဘာ လဆန်းတွင် တွေ့ဆုံ၍ အချက်လေးချက်အား အကြိုညှိနှိုင်းမည်

From : ..eleven
 
အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံကာ အချက်လေးချက်အား အကြိုညှိနှိုင်းကာ အောက်တိုဘာ ၇ ရက်၊ ၈ရက်နှင့် ၉ ရက် တို့တွင် မြစ်ကြီးနားမြို့၌ပင် နှစ်ဖက်ခေါင်းဆောင်များ ပါဝင်သည့် ပြည်ထောင်စုအဆင့် ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ အလုပ်အဖွဲ့နှင့် ကေအိုင်အို အလုပ်အဖွဲ့တို့သည် အောက်တိုဘာ ပထမပတ် အကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ပြည်ထောင်စုအအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မပြုလုပ်မီ နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းမှု ပြုလုပ်သွားမည်ဟု သိရသည်။

''အခုလောလောဆယ်က အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်မှာ ချိန်းထားတယ်။ တွေသဘာဝအရ တကယ့်ဆွေးနွေးပွဲကြီးမှာ နှစ်ဖက်ခေါင်းဆောင်တွေ မဆွေးနွေးခင် Technical Team တွေက ဘယ်ဟာတွေက ပြဿနာတွေလဲ၊ ဘာတွေက ပူးပေါင်း ဆောင်ရွက်လို့ ရသလဲ စသဖြင့် နည်းပညာပိုင်း ဆိုင်ရာကို ကြိုညှိတဲ့ပွဲပေါ့။ နောက်ဆွေးနွေးပွဲ ကြီးကတော့ ၇၊ ၈၊ ၉ မှာ လုပ်ဖြစ်မယ် ထင်တယ်။ အဲဒီပွဲမှာ ကေအိုင်အိုက ခေါင်းဆောင်တွေပါမယ်။ မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေပါမယ်'' ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက် ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က ''အဓိက ဆွေးနွေးမှာက တပ်ပိုင်းဆိုင်ရာ နေရာချထားမှုကိစ္စ၊ လေ့လာစောင့်ကြည့် တဲ့အဖွဲ့တွေ ထားရှိရေး၊ ဒုက္ခသည်များ နေရာချထားရေး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေ အဲဒီခေါင်းစဉ် လေးခုကို အဓိကထား ဆွေးနွေးမှာပါ'' ဟု စက်တင်ဘာ ၂၆ရက်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

ကေအိုင်အို အဖွဲ့အနေဖြင့် အစိုးရမှ အောက်တိုဘာ လကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် ပါဝင်ရေးမှာ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် သုံးခုစလုံးမှ နိုင်ငံရေး၊ စစ်ရေး အာမခံချက်များ ပေးမှသာ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ဦးဆန်းအောင်က ပြောကြားသည်။

''နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးပွဲမှာ KIO ပါဝင်ဖို့ ဆိုတာက အဓိကတော ယုံကြည်မှုပါပဲ။ စစ်ရေး အာမခံချက် နိုင်ငံရေး အာမခံချက် ရမှရမှာပါ။ ဒီလိုအာမခံချက် ဆိုတာကလည်း ကျွန်တော်တို့ ဆီမှာ အစိုးရ တစ်ခုတည်းက ဆုံးဖြတ်လို့ မရပါဘူး။ အာဏာပိုင်တွေထဲက အစိုးရရယ် လွှတ်တော်ရယ် စစ်တပ်ရယ် သုံးခုစလုံးရဲ့ အာမခံချက် လိုချင်တဲ့ သဘောရှိပါတယ်'' ဟု ဦးဆန်းအောင်က ပြောကြားသည်။


 .. www.MyanmarExpress.net
 

4 comments:

ဘာ ကို ဆွေး နွေး မှာ လဲ သူ တို့ လို ချင် တာ ပေး နိုင် လို့ လား ခင် ဗျား တို့ ပေး ချင် ရင် ကော ပြည် သူ က လက် ခံ မှာ တဲ့ လား

စစ် တပ် ကို တ စု တည်း ဖြစ် အောင် လုပ် ရမယ်
ဥပ ဒေ ပြ ဒါန်း ခွှင့် တ ခု တည်း ဖြစ် ရမယ်

ပြည် နယ် တွေ လို အပ် ချက် တွေ က်ု ပြည် နယ် အုပ် ခူပ် ရေး မူး နဲ့ ပြည် နယ် အ မတ်မှ လွှတ် တော် လွှတ် တော် မှ သမ္မတ တ ဆင့် ဆင့် လုပ် ရ မယ်
ဒါ ဘဲ ပေါ့ ဒါ တွေ ဖြစ် မ လာ ရင် ဘယ် တော့ မှ တိုင်း ပြည် ကောင်း လာ စ ရာ မ မြင် ပါ

တပ် မ တော် တ စု တည်း လုပ် ပါ မ လုပ် ချင် ရင် လက် နက် အပ် န်ုင် ရေး လုပ်
လက် နက် မ အပ် ရင် သူ ပုန် ဟု သတ် မှတ် ပြိး အ ပြုတ် ချေ မူန်း ပစ် ပါ
လက် နက် ကိုင် အ ဖွဲ့ အ စည်း ပြု လုပ် ပြိး လုပ် စား နေ ကြ တာ ပြည် သူ ပိုင် ပစ္စည်း ကို အ လွဲ သုးံ စား လုပ် ပြိး ခိုး စား နေ တာ နဲ့ အ တူ တူ ပါ
ဒီ လို တာ ဆက် သွား နေ ရင် တိုင်း ပြည် ပျက် တော့ မှာ ပါ ပြည် သူ တွေ က တော့ မွဲ မြဲ မွဲ နေ အုးံ မှာ ပါ
အ စိုး ရ လွှတ် တော် က ဒီမို က ရေစီ နည်း အ တိုင်း ဒီလို လုပ် ပါ လို့ အ ပြတ် ပြော ရမှာ ပြော မ ရ ရင် နိုင် ငံ တ ကာ သိ အောင် တင် ပြ ပြိး အ ပြု တ် တိုက် ပစ် ရ မှာ ပါ ညှိ နိုင်း နေ လို့ က တော့ ဒီမို က ရေစီ မျှော် လေ လေ ဝေး လေ လေ ပါ ဘဲ ဒီအ ချနိ ဒီအ ခါ မှာ ဘာ နေ ရာ ချ ထား ရေး လဲ ဘာ နည်း ပညာ လဲ ဘာ ဆွေး နွေး မှာ လဲ အ ရေး တ ယူ လုပ် လေ ခေါင်း ပေါ် တက် လာ လေ မှတ် ပါ အ စိုးရ နဲ့ ပြည် သူ တွေ ခံ ဘက် က ချည်း ဘဲ ဖြစ် နေ ပြိ ဘိုလ် လုပ် ချင် တဲ့ ကောင် ချည်း ဘဲ မ ကောင်း တာ ဆို အ ကုန် လုပ် နေပြိး အ ရေး တ ယူ ဆွေး နွေး နေ ကြ ရင် ရောင့် တက် လာ ပါ လိမ့် မယ်
သူ တို့ မင်း သူ တို့ ချင်း လုပ် ချင် နေ ကြ တာ ဒါ မှ သစ် ခိုး ရောင်း မယ် ကျောက် ခိုး ရေင်း မယ် ဘိန်း ဖြူ လုပ် မယ် ပြည် သူ ကို အ နိုင် ကျင့် မယ် မ ထင် ရင် လူ သတ် မယ် ဆပ် ကြေး ကောက် မယ် အ မိုး မိုး ဘိုလ် ကျ မယ် လက် နက် အ ရ သာ တွေ့ နေ ကြ ပြိ လေ
စောင့် ကြည့် ပါ ဒီမို က ရေစီ တော့ ဖြစ် လာ မှာ မ ဟုတ် ပါ ပြည် တွင်း စစ် တော့ ဖြစ် လာ တော့ မှာ ပါ

PKU TTHER THREE

အကြိုညှိုနှိင်းတာနဲ့ အလွတ် သ ဘောတွေ့ဆုံ
တာနဲ့ အစမ်းသ ဘောမျိုး ချပြတာနဲ့ တစ်ဘက်
က အချိန်ဆွဲ နေ ဒီဘက်ကလည်း နိုဘယ်ဆုကြီး ကိုငမ်းငမ်း တက်လိုချင်နေတာနဲ့
စစ်မှန်တဲ့ ပြည်ထောင် စုပေးနိုင် မှဆွေးနွေးကြပါ

We do not want U OWN MYINT because he is not a real man.He use as a peace keeping is pretending.He aim for his land and his properties in KACHIN STATE.

အပြတ် လုပ်တော့ ကွာ ..ညတာရှည် အိပ်မက်များတယ်. ရ ရင် ရ.. မရ ရင် ကိုင်လိုက်တော့ ...ကျောင်းမှန်းကန်မှန်းသိအောင်နမူနာလုပ်ပြလိုက်တော့ .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်