Subscribe to our RSS Feed

ဒေါ်စု စင်္ကာပူခရီးစဉ်မှ အလွဲများ

From : ..Thaung Thansu

တကယ်တော့ ဒီပွဲကို စီစဉ်ခွင့်ရတယ်ဆိုကတည်းက စီစဉ်တဲ့အဖွဲ့ဟာ နာမည်ကောင်းရဖို့ ၇၀ ရာခိုင်နှုန်းသေချာနေတာပဲ။ ဒါပေမယ့် ဒီပွဲကို စီစဉ်ခဲ့တဲ့အဖွဲ့ဟာ အလွဲပေါင်းများစွာနဲ့ ပွဲပြီးသည်အထိ လွဲသွားတာပါပဲ။

ပထမဆုံးအလွဲ

ပြည်သူနဲ့ နီးကပ်စွာ ထိကပ်ခြင်းမရှိတဲ့ NLD ခေါင်းဆောင်တချို့ဟာ
မြန်မာသံရုံးကနေမှ တဆင့် ဒီပွဲကို ကျင်းပပေးဖို့ မြန်မာကလပ်ကို တောင်းဆိုခဲ့တာပါ။ တကယ်ဆို ဒီပွဲဟာ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တယ်၊
ဒီခေါင်းဆောင်ဟာပြည်သူ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာကို စီစဉ်သူတွေက နားလည်သင့်ဖို့ ကောင်းတယ်။ ဒါပေမယ့်လည်း ဒီခေါင်းဆောင်ဟာ ဒုတိယ ခေါင်းဆောင်ပါဆိုပြီး (သမ္မတဦးသိန်းစိန်က ပထမခေါင်းဆောင်ပေါ့) ယူဆနေတဲ့ အသိုင်းအ၀န်းကြားထဲကို ဒီပွဲကျင်းပခွင့်ရသွားတာဟာ အလွဲများရဲ့ အစဖြစ်ပါတော့တယ်။

ဒုတိယ အလွဲ

ဒီအခွင့်အရေးကို စင်္ကာပူမှာ ရှိတဲ့ ဒီမိုကရေစီတိုက်ပွဲဝင်အဖွဲ့တွေ တိုင်းရင်းသားအဖွဲ့တွေ စတဲ့ ဘယ်အဖွဲ့ကိုမှ အသိမပေးဘဲ NTU မှာ လူ ၁၅၀၀ ဆန့်စာ ခန်းမမှာကျင်းပဖို့ စီစဉ်ခဲ့တာဟာ ဒုတိယ အလွဲပါ။

တတိယ အလွဲ

မြန်မာ့ဒီမိုကရေစီရေးမှာ စင်္ကာပူက လွင့်ထွက်သွားရတဲ့ သူတွေ အများကြီးပါပဲ။ ကျန်ရစ်နေသူတွေ အနည်းငယ်ရှိပေမယ့် နောက်ပိုင်းမှာ လူမှုအဖွဲ့စည်းလေးတွေ နည်းပညာအသင်းအဖွဲ့တွေ များလာခဲ့တယ်။ ဒီပွဲရဲ့ သတင်းထွက်လာတာနဲ့ လူထုကြားထဲက ဖြစ်လာတဲ့ အဖွဲ့တွေက 'NTU မှာ ၁၅၀၀ ဆန့်တဲ့ ခန်းမဟာ စင်္ကာပူမှာရှိတဲ့ မြန်မာ အရေအတွက်နဲ့ ယှဉ်ရင် အလွန် နည်း တယ်'ဆိုတာ ထောက်ပြခဲ့တယ်။ ဒါပေမယ့် ဒီအဖွဲ့တွေကို ပတ်မကြီး ဖောက်မဲ့သူတွေလို့ စွပ်စွဲခံခဲ့ရတယ်။ အဟဲ.. အရေးပါချင်ကြလို့ဆိုပြီး ဒေါ်စုရဲ့ ဗွီဒီယို ကို ရှယ်ကြရသေးတယ်။ ဒီပွဲကို အားလုံးစည်းစည်းလုံးလုံး ပေါင်းလုပ်ကြဖို့ မျှော်လင့်နေတဲ့ အဖွဲ့တွေရဲ့ စေတနာကို တလွဲထင်နေတာဟာ တတိယအလွဲဖြစ်ပါတော့တယ်။

စတုတ္ထ အလွဲ

ဖိအားတွေအရ လူငါးထောင် ဆန့်မယ့် RWS ခန်းမမှာ လုပ်ဖို့ စီစဉ်ပြီးတော့ လုပ်အားပေး လာဖို့ ကူဖို့ လာတဲ့ သူတွေကို အစည်းအဝေးမှာ စကား ပြောရင်း ပြောရင်း ဥပမာပေးတာက လုပ်အားပေးသူက 'နွားကျောင်းသား'၊ ပရိတ်သတ်က 'နွား'။ ဒါဟာ အဖွဲ့အစည်းတစ်ခုရဲ့ လူကြီးတစ်ယောက်အနေနဲ့ မမှားသင့်တာ နှုတ်မထိန်းတာ သတိမစောင့်တာကို ပြသလိုက်တဲ့ စတုတ္ထ အလွဲပါ။

ပဉ္စမ အလွဲ

လက်မှတ်ရောင်းမယ့် အစီအစဉ်ကို ခက်ခဲအောင် စီစဉ်ထားတဲ့ အတွက် အစပိုင်းမှာ လက်မှတ် ၀ယ်မယ့်သူတွေ အတော်လေး ဒုက္ခ ရောက်ခဲ့ရတယ်။ နောက်မှ အားလုံး ၀ိုင်းဝန်းကူညီပေးခဲတာကြောင့် လက်မှတ်တွေလည်း ကုန်တယ်လို့ ကြားရတယ်။ လက်မှတ်မှာ ခုံနံပါတ် တခါတည်း မပါတာကြောင့် မနက် ၃ ၄ နာရီကတည်းက တန်းစီနေသူတွေ ရှိခဲ့ရတယ်။ ဒါဟာ ပဉ္စမ အလွဲပါ။

ဆဌမ အလွဲ

ဒေါ်စုဟာ ပထမပိုင်းမှာ ကျောင်းသားတွေနဲ့ တွေ့မယ်ဆိုတာ သိလို့ ပထမပိုင်းက ဖျော်ဖြေမှုအကတွေကို နားလည်ပေးပါတယ်။ သို့သော်နောက်ဆုံး ဖျော်ဖြေမှုကိုတော့ နားမလည်ပါ။ နားမလည်ငြားသော်လည်း ဦးအေးကြွယ်စကားအတိုင်း ကျွန်တော် တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက် ကခဲ့ပါသေးတယ်။ အလွဲတွေကို ကျွန်တော်က ပျော်တတ်ပါတယ်။

သတ္တမ အလွဲ

ဒေါ်စု စကားပြောချိန်မှာ စင်ပေါ်မှာ ထိုင်နေတဲ့ လူတွေဟာလည်း အလွဲပါ။ အပြန်အလှန် စကားဝိုင်းလည်းမဟုတ်ဘဲ ဒီလို ထိုင်ဖို့ရာ စီစဉ်ထားတာဟာ နေရာ လွဲနေပါတယ်။

အဌမ အလွဲ

ဒီအလွဲကတော့ ဒီနေ့ရဲ့ အလွဲတကာ အလွဲဆုံးပါ။ သီရိလေး တစ်ယောက်ဆို ပွဲက လှနေပါပြီလေ။ စာပေဟောပြောပွဲတွေလို အတ္ထုပတ္တိဖတ်ပြ၊ ကဗျာဖတ်ပြ။ ဒါတွေက တကယ်တော့ မလိုပေမယ့် ဖျော်ဖြေမှုတွေကြားထဲမှာ ထည့်တာဆိုတော့ အလွဲရယ်လို့ မပြောချင်ပါ။

တကယ့်အလွဲက ဦးအေးကြွယ်တက်လာတော့မှ စတော့တာပါပဲ။ ကဗျာလေးတစ်ပုဒ်ဆိုပြီး ရွတ်ကတည်းက 'ခရမ်းပြာထက်လူ'ရဲ့ ကဗျာဆိုတာ သိထားလို့ စိတ်ထဲ အံသြမိသေးတယ်။ နောက်မှ 'ခရမ်းပြာထက်လူ' ရဲ့ ကဗျာပါဆိုပြီး လုပ်တယ်။ တကယ်က ကဗျာရွတ်တဲ့သူဆိုတာ ကိုယ့်ကဗျာမဟုတ်ရင် ကဗျာရေးသူကို အရင်ကြေငြာရတယ် မဟုတ်ရင် ဒီကဗျာကို ကိုယ်ကပဲ ရေးသလိုလိုဖြစ်တတ်တယ်။ မဂ္ဂဇင်းမှာ အောက်ဆုံးက ထည့်တာနဲ့ မတူပါဘူး။

နောက်တစ်ခုက သူက အားလုံးမတ်တပ်ထပြီးမှ မတ်တပ်ထပါလို့ ကြေငြာတာ၊ အားလုံးလက်ခုပ်တီးပြီးမှ လက်ခုပ်တီးပါလို့ ပြောတာကလည်း မြန်မာကလပ်ရဲ့ သတင်းကြေငြာမှု နောက်ကျနေတတ်ခြင်းကို သတိရစေပါတယ်။

အလွဲတကာ အလွဲဆုံးကတော့ 'မိခင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပါတယ်'တဲ့ဗျာ။

နိဌိတံ

ပြီးတော့လည်း ပြီးသွားပါပြီ။ ရှစ်ခါလို့ ပြောပေမယ့် ကျွန်တော်မသိတဲ့ အလွဲတွေ ချုံ့လိုက်ရတဲ့ အလွဲတွေ ရှိနေနိုင်ပါတယ်။ 


 .. www.MyanmarExpress.net
 

8 comments:

မျောက်ပြဆန်တောင်းတဲ့ပွဲမှာ ဘယ်သူကမျောက်လဲ ?

ha ha,, show monkey and collect dollor,,

စင်္ကာပူမှာ....... အနှိမ်ခံလိုက်ရတဲ့....... ဘပြောင်ကြီးကို... သတိရမိသေးတယ်........

ဟေလာမျောက်ကြီး ရှောက်သီးစားမလား

It was better for Aung San Suu Kyi to stay in her house instead of interfering in Myanmar politics and messing up the reform process that had already begun in Myanmar. (Li Kuan Yu)

၈၈ မတိုင်မီက
စုကြည်က မြန်မာတွေကို
မျောက်သာသာကောင်တွေလို့သဘောထားတာ

၈၈ မတိုင်မီက
စုကြည်က အဖြူကောင်ကိုလင်လုပ်
တခြားအဖြူကောင်တွေကို ဖင်ခံ
အဖြူကောင်တွေနဲ့ပေါင်းပြီး
အဖြူကောင်တွေက မြန်မာတွေကို
မျောက်သာသာကောင်တွေလို့သဘောထားသလို
စုကြည်ကပါ မြန်မာတွေကို မျောက်သာသာကောင်တွေလို့သဘောထားတာ

၈၈ မတိုင်မီက
စုကြည်က မြန်မာတွေနဲ့ တွေ့ဖို့နေနေသာသာ
စုကြည်က သူ့ကိုသူတောင် မြန်မာလို့ပြောရမှာတောင်
ရှက်သလေး ဘာသလေးနဲ့

အခုမှ
မြန်မာတွေကို တွေ့တယ်လို့ လာပြောမနေနဲ့
နိုင်ငံခြားမှာအနေကြာသူတိုင်း
အဖြူကောင်တွေ ကုလားတွေကိုပဲ ဖင်ခံတဲ့
မြန်မာဆိုရင် မကုန်းတဲ့
၈၈ မတိုင်မီ စုကြည်အကြောင်းကိုသိတယ်

စုကြည် ဒေးဗစ်လှမြင့် နဲ့
တခြား NLD နဲ့ ဒီမိုအကောင်မျိုးစုံကို ကုန်းတာက
၈၈ နောက်ပိုင်းမှ

စင်ကာပူမှာ သမ္မတဦးဘပြောင်စိန်ကို အဆင့်အတန်းမရှိသလို သဘောထားပြီး စင်ကာပူအစိုးရက မကြိုဆိုခဲ့ပါဘူး။ လေဆိပ်မှာ ထိုင်စောင့်နေခဲ့ရတာ၊ အကြီးကြီးကို လွဲသွားတဲ့ မြန်မာသမ္မတရဲ့ ရှက်ဖွယ်ဖြစ်စဉ်အလွဲတစ်ခုပါ။ ဒီလိုဘပြောင်ကို နှိပ်ကွပ်လိုက်တဲ့ စင်ကာပူနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အပြည့်အစုံလိုလေသေးမရှိကူညီပေးသွားပါတယ်။ သမ္မတကြီး လေဆိပ်မှာ ၁နာရီလောက် ငုတ်တုတ်ထိုင်စောင့်ပေးရတာ ကမ္ဘာမှာ အလွဲဆုံးအလွဲကြီးပါပဲ။ ဒီလိုပေါက်ကရတွေ လျောက်ရေးနေတဲ့လူက ဒီလိုအလွဲတွေ တော့ သိမယ်ထင်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်