Subscribe to our RSS Feed

NLD ထက်သာတဲ့ ပါတီရှိသလား

From : ....  မြန်မာ့နိုင်ငံရေးဆောင်းပါးများ



ဒေါ်စုက NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါလို့ ပြောတယ်....... NLD ထက်လုပ်ပြနိုင်တဲ့ ပါတီဆိုရင်တော့ လက်ရှိ လုပ်နေတဲ့အလုပ်တွေနဲ့ပဲ ချိန်ထိုး စဉ်းစားရမယ်..... ဘာကြောင့်လည်း ဆိုတော့ ပါတီတစ်ခုရဲ့ အရည်အချင်းဟာ ပြည်သူလူထုအတွက် ဘယ်လောက် အလုပ်လုပ်သလဲ ဆိုတာပဲ.......... အဲ့ဒိတော့ လက်ရှိ လွှတ်တော်ထဲမှာ အောင်မြင်တာ မအောင်မြင်တာကို ဖယ်ထား ကြိုးစားနေတဲ့ လွှတ်တော်အမတ်တွေနဲ့ ချိန်ထိုးရလိမ့်မယ်.....

ဘာလို့လည်းဆိုတော့ ၂၀၁၅ အလွန် လွှတ်တော်ဟာ လက်ရှိ လွှတ်တော်ဥက္ကဌတွေ ဖြစ်ချင်မှ ဖြစ်တော့မယ်........ ပွင့်လင်းတဲ့ ရွေးကောက်ပွဲ၊ မဲမခိုးတဲ့ ရွေးကောက်ပွဲဆိုရင် မဲပေးနိုင်တဲ့ မျှခြေဟာ ပြန့်ကျသွားမှာပဲ...... တိုင်းရင်းသား ဒေသတွေမှာ သူတို့ ပါတီကို သူတို့ပေးကြမယ်...... ဒီလိုပဲ ကျန်တဲ့ မဲဆန္ဒနယ်တွေမှာ လူအများစု သူတို့ကြိုက်တဲ့ ပါတီကို မဲပေးကြမယ်........

လက်ရှိ လွှတ်တော်မှာ တင်သမျှအဆိုကို ထိုင်ကန့်ကွက်နေတဲ့ တပင်တိုင် မင်းသားတွေလည်း ပြောင်းသွားမှာ ဖြစ်သလို၊ အစိုးရ ဝန်ကြီးတွေလည်း ပြောင်းလဲသွားမှာပဲ...... အဲ့ဒိအခါကြရင် တကယ်အလုပ်လုပ်သူတွေရဲ့ အဆိုဟာ အခုလို ဖြစ်ချင်မှ ဖြစ်လာမယ်...... ဒီအတွက်ကြောင့် လက်ရှိ ဘယ်လောက် အလုပ်လုပ်နေသလဲနဲ့ တိုင်းတာရင်တော့ ဦးသိန်းညွန့်ရှိမယ်၊ တိုင်းရင်းသား လွှတ်တော်အမတ်တွေရှိမယ်...... ဒါမိုင်ကုန်ပဲ...... ကျန်တဲ့ NLD အမတ် အများစုကတော့ မျက်နှာကြည့်ပီး နေရတဲ့ဘဝနဲ့ ပြည်သူ့ဆန္ဒကို အနှောင့်အယှက်ဖြစ်စေတဲ့ လွှတ်တော်ရဲ့ ခြေထိုးတဲ့ မိုဘိုင်းဖုန်း အော်ပရေတာ ကိစ္စမှာပဲ ကန့်ကွက်မဲ မရှိတာကို ကြည့်ရင် NLD အမတ်တွေရဲ့ ရပ်တည်မှု ကို သိနိုင်တယ်......

အမှန်အတိုင်း ဝေဖန်ရရင် ဦးသိန်းညွန့်ဟာ ဒေါ်စုလောက် အရှိန်အဝါမရှိပေမယ့် ကြိုးစားနေတယ် ..... သူတင်တဲ့ အဆိုတွေ အကုန်မအောင်မြင်ပေမယ့် တစ်ချို့ဟာတွေ လွှတ်တော်မှာ မှတ်တမ်း တင်နိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်တယ်...... ဦးသိန်းညွန့်လို လူတွေ လွှတ်တော်မှာ ရှိခြင်းအားဖြင့် အိပ်ငိုက်နေတဲ့ လွှတ်တော်အမတ်တွေနေရာမှာ လွှတ်တော်အမတ်ဆိုတာ ဘယ်လိုလုပ်ရတယ်ကွ ဆိုတာကို ပြနေတဲ့ သင်္ကေတ တစ်ခုလို့ မြင်လာတယ်...... သူ့အဆိုတွေ မအောင်မြင်တာကတော့ နောက်ကွယ်က ထောက်ခံမယ့် လူတွေနဲ့ ဆိုင်မယ်.......

အဓိက အများစု မေးခွန်းထုတ်လာကြတာက ဦးသိန်းညွန့်လို သာမန်လူတောင် ဒီလိုလုပ်နေချိန်မှာ လွှတ်တော် အမတ် ၄၄ ယောက်တောင် လွှတ်တော်ထဲကို ဝင်သွားတဲ့ ပါတီကြီးကလူတွေ ဘာလို့ ငြိမ်နေလဲ ဆိုတာပဲဗျ..... 

ခက်တာက NLD က အမတ်တွေ လွှတ်တော်ထဲ ဝင်သွားပေမယ့် ပြောပလောက်အောင် ခိုင်မာတဲ့ အရွေ့တစ်ခု မဖန်တိးနိုင်ဘူး....... သာမာန် လွှတ်တော်အမတ်တွေမို့လို့ မဖန်တီးနိုင်ရင် နိုင်ငံတကာက သိတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ဖန်တီးမှု အရွေ့ ဆိုရအောင်ကလည်း မယ်မယ်ရရ မရှိ..... အဲ့ဒါကို ထောက်ပြတိုင်းမှာ ဆက်ဆက်ခါ နာကြတယ်........

ဒီလူတွေရဲ့ လုပ်ဆောင်မှုတွေဟာ ခက်ခဲနေတဲ့အချိန်မှာ ရနိုင်သလောက် Space ကို ချဲ့ယူပြီး ကြိုးစားနေတဲ့လူတွေလို့ပဲ မြင်တယ်...... ကျန်တာ အကုန်ကောင်းလာမှ၊ ငါတို့တင်သမျှ အဆိုကို ထောက်ခံသူတွေ များလာမှ၊ အဆင်ပြေမှ အဆိုတင်မယ် လုပ်မယ်ဆိုတဲ့ လွှတ်တော် အမတ်တွေ ကိုတော့ အချောင်သမား စိတ်ဓါတ်နဲ့နေကြတဲ့ လွှတ်တော်အမတ်တွေလို့ပဲ ဆိုရမယ်...... လက်ရှိ အွန်လိုင်း လော်ဘီတွေအရလည်း အဲ့ဒိလို လွှတ်တော်အမတ်တွေဟာ ဘယ်ပါတီကလည်း ဆိုတာ အများဆုံး သိနိုင်တယ်..... ဝေးဝေးပြေးကြည့်ဖို့ မလိုဘူး NLD ပဲ.......

ဘာကြောင့် ဒါကို ထောက်ပြနေသလဲ မေးရင် လွှတ်တော်တစ်ရက် ကျင်းပတဲ့ ကုန်ကျစားရိတ်ဟာ သိန်း ၃၀ အထက်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားခဲ့ဘူးတယ်..... ဒီအတွက် လွှတ်တော် ကျင်းပတဲ့ ရက်တွေ အသက်ဝင်ဝင်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိတာတွေ လုပ်စေဖို့ လွှတ်တော် အမတ်တွေကို တိုက်တွန်းရမှာပဲ...... နောက်မို့ဆိုရင် ဒီ ပိုက်ဆံ သိန်း ၃၀ ဟာ မြန်မာနိုင်ငံက မရှိဆင်းရဲ မပြည့်စုံတဲ့ ကျောင်းတွေကို ဖြည့်ဆည်းဆောက်ပေးနေရင်တောင် အခုလောက်ဆို တော်တော်လေးကို ခရီးရောက်နေပီ ဆိုတာပဲ...... ဒါကို ထောက်ပြသူ နည်းကြတယ် ဘာကြောင့် လည်း ဆိုတော့ ဒေါင်းမိခင်နဲ့ ဖွတ်ဖခင်တို့ ပြေလည်နေသလို၊ စာနယ်ဇင်း အများစုကလည်း ဖွတ်ဥက္ကဌကို လက်ရှောင်နေကြတယ်......

အခုလက်ရှိ ဒေါ်စုက NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါလို့ ဆိုတယ်...... ဒါပေမယ့် NLD ပါတီရဲ့ အရည်အချင်း ဆိုတာနဲ့ တိုင်းတာရင်က လူကြိုက်များတာကို ဖယ်ထား၊ ဒေါ်စုရှိတာကို ဖယ်ထားရင် NLD ဆိုတာ ဘာဖြစ်မလဲ အထူးတလည်ကို ပြောစရာမရှိတာ...... အမြောက်တပ်သားတွေနဲ့ တကယ်လုပ်သူတွေနဲ့ တစ်ချိန်းချိန်း ရန်စောင်နေတဲ့ ပါတီရဲ့ ပကတိ ဖြစ်ရပ်မှန်ဟာ ဒီလှိုင်း သိန်း ၁၈၀၀ ကွာတာမှာ ထွက်လာတယ်...... ဒီတော့ ပွင့်ပွင့်လင်းလင်း ဆိုရရင် NLD ဆိုတာ ဒေါ်စုအရှိန်ကြောင့်ဆိုတာ ငြင်းမရဘူး..... ဒီအတွက် ပပဝတီကြောင့် ခုနှစ်ဆောင် တိုက်ခန်း မီးလင်းတာကို မီးလာနေလို့ မီးလင်းတယ် ထင်နေတဲ့နောက်တော့ ဘယ်တော့မှ အဖြေမှန်ရမှာ မဟုတ်ဘူး......

အခုလက်ရှိက အဲ့ဒါကို မြင်အောင် ထောက်ပြနေတာ...... NLD လောက်အရည်အချင်းရှိတဲ့ ပါတီ ဆိုရင် NLD ဘယ်လောက် အရည်အချင်းရှိလဲ မေးလိုက်တာနဲ့ မဖြေနိုင်ကြဘူး..... လူထုထောက်ခံတာကို အရည်အချင်းလို့ မြင်ကြရင် ဒေါ်စုမရှိတဲ့နောက် NLD ဆိုတာကိုပါေ မးထားတယ်.....မဖြေနိုင်ကြဘူး..... ကိုယ်တိုင်က မဖြေနိုင်ပေမယ့် တစ်ခါတည်းတော့ သမုတ်လိုက် တယ် မုဒိတာ မရှိတဲ့ စာတဲ့...... အဲ့ဒိမှာတင် ကိုယ့်ဟာကိုယ် တရားနည်းလမ်းကျသလား မကျသလား ဆိုတာကို စဉ်စားမကြည့်နိုင်တော့ဘူး.... ဒီလောက် ပုဂ္ဂိုလ်ရေး အာဃာတ လုံးဝမပါတဲ့ သုံးသပ်ပြ ထားတဲ့အပေါ် အမှန်ကို လက်မခံနိုင်ကြတော့ ထုံးစံအတိုင်း ဒီမိုနာမည်ခံတွေရဲ့ တံဆိပ်ကပ် ဖင်ပိတ်ငြင်းတာနဲ့၊ ယောက်ျားကြီးတန်မဲ့ ကွယ်ရာ အတင်းတုတ်ကြတာနဲ့ပဲ အဆုံးသတ်ကြ တယ် .......

နောက်တစ်ခု NLD ရဲ့ အခုအချိန်ထိ အားနည်းချက်ဟာ လူထုရဲ့ ယုံကြည်မှုကို ကိုးစားလွန်ပီး တကယ့်အရေးကြီးတဲ့ ကိစ္စတွေမှာ Plan B ဆိုတာ မရှိခဲ့ဘူး..... ၉၀ ရွေးကောက်ပွဲမှာ အာဏာ လွှဲမပေးရင် ဘာလုပ်မလဲ Plan B မစဉ်းစားခဲ့ဘူး..... ရွေးကောက်ပွဲအပြီး တစ်လကျော် ကြာတဲ့အထိ ငုတ်တုတ်နေခဲ့ပြီး ဟိုဘက်က ချည်ပြီတုတ်ပီးမှ ကမန်းမတန်းထလို့ ဂန္ဓီကြေငြာစာတန်း ထုတ်ခဲ့တယ်...... ဒီလိုပဲ အစဉ်အဆက် ဒေါ်စုမရှိရင် ဘာဆက်လုပ်မလဲ မစဉ်းစားခဲ့ဘူး.... ပါတီခေါင်းဆောင်တွေ စစ်အစိုးရက ထောင်ထဲထည့်ပီး ပါတီကို နိုင်ငံမှာ အတိုက်အခံရှိတယ် ဆိုတဲ့သဘောလောက် ထားခဲ့တာလည်း အမှတ်သညာ မရှိခဲ့ဘူး......

ဘာကြေငြာစာတန်း၊ ညာကြေငြာစာတန်း၊ အပြင်ကို မထုတ်ပြန်ခင်မယ် ထောက်လှမ်းရေးကနေ ဒီစာတန်းပါ ဒီအချက်တွေကို ကျုပ်တို့ မကြိုက်ဘူး ပြင်ပါဆိုပီး လှမ်းပြောလို့ ပြင်ခဲ့ရတဲ့အထိ အတော်လေးကို အားနည်းခဲ့တာကိုလည်း ငြင်းမရဘူး...... အဲ့ဒိလိုပဲ အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မပေးရင် ဘာလုပ်မယ်ဆိုတဲ့ Plan B လည်းလုံးလုံးကို မရှိကြဘူး....... ဒီလောက် ဒေါ်စု သွားလာနေတယ် သူမ ပင်ပန်းလို့ မတော် ကျန်းမာရေးကြောင့် ပါတီကို ဦးမဆောင်နိုင်ရင် ဘယ်လိုလမ်းစဉ်တွေနဲ့ ရှေ့ဆက်မလဲ လုံးဝကို မရှိသေးဘူး...... ဒေါ်စုကိုယ်တိုင် ပြောထားတဲ့ စကားကလည်း သူမနောက်ပိုင်း NLD အတွက် စဉ်းစားကို မထားသေးဘူး ဆိုတဲ့စကား...... ဒီအားနည်းချက်တွေကို မမြင်ပဲ NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါ ဆိုတဲ့စကားဟာ အတော်လေး မိုက်မဲတယ်ပဲ ဆိုရမယ်..... လက်ရှိ အရှိကို မမြင်တာလို့ပဲ မြင်မိတယ်......

အဓိက တိုင်းပြည်ကို အားလုံး ကောင်းစေချင်တယ်..... အဲ့ဒိအတွက် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း မြင်ဖို့လိုတယ်..... အဓိက အတိုက်အခံအနေနဲ့ လူသိနေတဲ့ ကမ္ဘာသိတဲ့ NLD အနေနဲ့ အခြားသော နိုင်ငံရေး ပါတီတွေထက်ကို ကြိုးစားပြဖို့လိုတယ်..... ကိုယ်ကိုယ်တိုင်က ကြိုးစားမပြပဲ မဏ္ဍပ်တိုင်ပေါ်ပဲ တက်ပြနေရင်တော့ ၂၀၁၅ မှာ ထင်သေလာက် ရလာဘ်မကောင်းရင် ဆက်ပြီး နာမှာ ပြည်သူလူထုပဲ...... အဲ့ဒိအခါကြမှ အခုလို ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုးဟာ အတော်လေးကို ရွံ့စရာကောင်းတဲ့ တာဝန်ယူမှုပဲ ဆိုတာ သိကြပါစေလို့ပဲ ပြောချင်မိတယ်........

၂၀၁၅ တော့ ကျုပ်ဘယ်ပါတီမှကို မဲမပေးဘူး စိတ်ပျက်လို့......

ဒီစာနဲ့ ပါတ်သက်လို့ ချက်နဲ့ လက်နဲ့ ထောက်ပြနိုင်သူ အားလုံးကို ကြိုဆိုတယ်၊ တစ်ယူသန် ငါသိတာ အမှန်ဆိုပီး ပြန်ထောက်ပြတဲ့ စကားတွေကို ဂရုမစိုက်သူမျိုးကို သိပ်ပီး လက်ခံ စကားမပြေဘူး..... ဆဲချင်လည်းဆဲ..... ဘာဆိုတာ အထူးတလည် ပြောဖို့ မရှိဘူး.......

မှတ်ချက် ။ ။ NLD နဲ့ ပါတ်သက်လို့ ဝေဖန်တိုင်းမှာ ဒီလိုစာ ထည့်ရေးနေရတဲ့နောက်တော့ ခင်ဗျားတို့ အဆင့်အတန်း ခင်ဗျားတို့ စဉ်းစားကြပေါ့........

ဒီမှာ ပြောကြတဲ့ စကားတွေအပေါ် အခြေခံပြီး ရေးပါတယ်.......

https://www.facebook.com/khaing.min/posts/10151891999639656

Voice of James Mint Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

11 comments:

၈၈ မတိုင်မီက
စုကြည်က မြန်မာတွေကို
မျောက်သာသာကောင်တွေလို့သဘောထားတာ

၈၈ မတိုင်မီက
စုကြည်က အဖြူကောင်ကိုလင်လုပ်
တခြားအဖြူကောင်တွေကို ဖင်ခံ
အဖြူကောင်တွေနဲ့ပေါင်းပြီး
အဖြူကောင်တွေက မြန်မာတွေကို
အသားအရောင်ခွဲခြား အထင်အမြင်သေးပြီး
မျောက်သာသာကောင်တွေလို့သဘောထားသလို
စုကြည်ကပါ မြန်မာတွေကို မျောက်သာသာကောင်တွေလို့သဘောထားတာ

၈၈ မတိုင်မီက
စုကြည်က မြန်မာတွေနဲ့ တွေ့ဖို့နေနေသာသာ
စုကြည်က သူ့ကိုသူတောင် မြန်မာလို့ပြောရမှာတောင်
ရှက်သလေး ဘာသလေးနဲ့

အခုမှ
စုကြည်က ပြည်ပက မြန်မာတွေကို တွေ့တယ်လို့
လာပြောမနေနဲ့
နိုင်ငံခြားမှာအနေကြာသူတိုင်း
အဖြူကောင်တွေ ကုလားတွေကိုပဲ ဖင်ခံတဲ့
မြန်မာဆိုရင် မကုန်းတဲ့
၈၈ မတိုင်မီ စုကြည်အကြောင်းကိုသိတယ်

စုကြည်က ဒေးဗစ်လှမြင့် ကို ကုန်းတာ
စုကြည်က တခြား NLD နဲ့ ဒီမိုအကောင်မျိုးစုံကို ကုန်းတာက
၈၈ နောက်ပိုင်းမှ

လီ ကွမ်း ယု နဲ့ စု ကြည် ဆိုတာ
အ ၇ည် အ ချင်း အား ဖြင့် ယှဉ် ကြည့် လိုက် ၇င်
နံ့သာဆီ နဲ့ အီး လို
အ ၇မ်း ကွာ ခြားတယ်

nld ပါတီက အဆင့် အတန်း မရှိ့ တဲ့ပါတီ ပဲ..........

သုံးသပ်တင်ပြတာ ကောင်းပါတယ် ဦးသိန်းညွန့် ရေ အားမာန်အပြည့်နဲ့ ပြည်သူတွေ အကျိုးဖြစ်ထွန်း နိုင် မဲ့ အဆိုတွေတင်ပေးပါ။ တကယ်တော့ ဦးသိန်းညွန့် လောက် အရည်အချင်း မှီတဲ့ လူ NLD အမတ် ထဲ မှာမ တွေ့ မိပါဘူး။ ပဲများ ပြီး ရန်ထောင်ပြောတတ်တဲ့ ကိုယ်ကျိုးရှာ အမတ်မမ တွေရယ် Dr အမည်တပ် ဟန်တစ်လုံး နဲ့ အကွက် ကောင်း ချောင်းနေတဲ့ လူတွေရယ် ။ ကိုယ့်ကို ကိုယ် ဆရာစံ နဲ့ ဖိုးလကြီး တို့ဝင် စားသလိုပုံနဲ့ ပစ္စည်းမဲ့ ဒေါသူပုန်ထ နေတဲ့ မယ်မယ်ရရ အ ကြောင်းရှာမရ လက်သီးလက်မောင်းတန်းပြ နေသူတွေ နှလုံးသားခံစားချက်နဲ့ သရုပ်ဆောင် သလို တပတ် ရိုက်ချင် တဲ့လူတွေ ဖိနပ်ကိုင် ခုံတွန်း ရှေ့ဖား နောက်ဖား ကိုးယိုးကားယား တွေသာ ဖြစ်နေတယ် ဆိုတာ ဒေါ်စု သိလို့ အခြား ပုဂ္ဂိုလ်တွေကိုလေ့လာနေပါတယ်။ သူ့လူတွေကို အားမရ ဖြစ်နေပါတယ်။ အခု ပြောတာက တော့ ဟန်ကိုယ့်ဖို့ ဖြစ်ပါလိမ့်မယ်။ သူဦးဆောင်ပြီး အစိုးရ ဖွဲ့ခွင့်ရခဲ့ရင်တောင် လက် ရှိNLD အမတ်တွေကို ဝန်ကြီးနေရာအများစု ပေးမယ်ထင် သလား ဝေး ပါသေးတယ်။ အခြားပါတီ မဟုတ်တဲ့ ပြင် ပ ပညာရှင်တွေ နဲ့ အစားထိုးခန့် ဖို့ လူရွေးထားပြီး ဖြစ်မယ် လို့ တောင် ယူဆပါတယ်။

အခုဒီမှာ စာရေးသူက ဦးသိန်းညွန့်ကကြိုးစား
တယ် ဦးသိန်းညွန့်ရဲ့အဆိုတွေပြောင်မြောက်တယ်လို့ဆိုထားပါတယ်။ မှန်ပါတယ်။ ကျနော်တို့တောင် အခုဆိုရင်ဦးသိန်းညွန့်ကို အလေးအနက်ထားလာပါပြီ။ ဦးသိန်းညွန့်ဟာ ပါတီခေါင်းဆောင်ပါ။ ပါတီခေါင်းဆောင်ဆိုတာ လွယ်လွယ်နဲ့တော့ ဖြစ်မလာပါဘူး။ အဲဒီလိုဘဲ ဦးခင်မောင်ဆွေတို့
ဦးသုဝေတို့ အခြားသောပါတီခေါင်းဆောင်များလည်း လွှတ်တော်ထဲကိုဝင်က်ေလာနိုင်မယ်ဆိုရင် ပြည်သူ့လွှတ်တော်ကြီးဟာ ပိုပြီးမြိုင်ဆိုင်မှာပါ။
ဒါဟာပြည်သူတွေရွေးချယ်မှု လိုအပ်ခဲ့လို့ပါ
ဒါကြောင့်၂၀၁၅မှာပြည်သူတွေရွေးချယ်ခဲ့မယ်ဆိုရင်ပါတီခေါင်းဆောင်တွေ ဝင်အရွေးချယ်ခံမဲ့မြို့နယ်တွေမှာ တတ်နိင်သမျှပါတီခေါင်းဆောင်တွေကိုစားပေး
ပြီးရွေးချယ်ပါ။ ပါတီဝင်တွေဆိုတာပါတီခေါင်းဆောင်မဟုတ်ပါဘူး။ ဒါကိုပြည်သူတွေ နားလည်ရမယ်။

မ မြဲ တာ ဒေါ် စု မ သိ ပါ ဘူး ဖြစ် ပျက် ကို လဲ နား လည် မယ် မ ထင် ပါ ရှင်း ပြ မယ် နော် တ ဖြေး ဖြေး တော့ ကျ ဆုးံ နေ ပါ ပြိ ဒါ ဒေါ် စု ရဲ့ လုပ် ရပ် တ ခို့ ကြောင့် ပါ ကျ ဆုးံ ရတဲ့ အ ကြောင်း ရင်း တွေ က

၁/ နိုင် ငံ တ ကာ က မြန် မာ နိုင် ငံ ကို စီး ပွါး ရေး လုပ် တာ ချင့် ချိန် ဘို့ ဆို တဲ့ စ ကား

၂/ ကု လား ဘက် ပါ တယ် ဆို တာ

၃/ မွတ် ကို သိန်း ၂၀၀ လူ တဲ့ ကိစ္စ

၎ / နိုင် ငံ သား မ ဟုတ် ရင် ပါ တီ ထောင် ခွင့် မရှိ ကို ကန့် လန့် လုပ် တဲ့ ကိစ္စ

၅ / လုးံ ဝ လုပ် ပေး လို့ မ ဖြစ် နိုင် တဲ့ အ ချိန် အ ခါ ဘောင် ကျော် ပြိး ဖယ် ဒ ရယ် မူ ကိစ္စ

၆ / မြန် မာ အ စိုး ရ လုပ် ငန်း စစ် တပ် ဆိုင် ရာ များ တ ဖက် သတ် ဆန္ဒ ပြ မူ

ဒီ အ ကြောင်း အ ချက် တွေ ဟာ ဒေါ် စု နဲ့ သူ ပါ တီ ယုတ် လျော့ ခြင်း ကျ ဆုးံ ခြင်း အ စ တွေ ပါ ဘဲ ယ နေ့ အ ရေး ကြိး ဆုးံ အ ချိန် အ ခါ ရောက် နေ တယ် ဆို တာ ပြည် သူ တော် တော် များ များ သိ ကြ တယ် ပြည် သူ ကို တော့ အ တယ် လို မ ထင် စေ ချင် ဘူး ဒါ ကြောင့် တပ် မ တော် ကို ထိ က ပါး ယိ က ပါး ပြော ဆို ပြိး သူ ပုန် ဘက် ပါ နေ ရင် ကျ ဆုးံ ဘို့ ပို မြန် ပါ လိမ့် မယ် ကိုယ့် ကို ကို သိ မှာ ပါ


PKU THEER THREE

NLD ထက်ညံ့တဲ့ ပါတီရှိရင် ထောက်ပြပါ

စာ ရေး သူ ဥ ပ မာ ပေး တာ ကွက် ကွက် ကွင်း ကွင်း မြင် တာ ဘဲ ၊ ဥ မာ ဒန် ဏီ ကြောင်. ၊ ခု နှစ် ဆောင် တိုက် ခန်း မီး လင်း နေ တာ ကို ၊ မီး လာ နေ တယ် လို. ထင် နေ တာ က NLD အ ဖွဲ. သား တွေ ဘဲ ၊
၂၀၁၂ ကြား ဖြတ် ရွေး ကောက် ပွဲ. စ တဲ. နေ. မနက် ပိုင်း မှာ ရွေး ကောက် ပွဲ တ ရား မ မျှ တ ဘူး လို. ပြည် ပ ရုပ် သံ မိ ဒီ ယာ က နေ ပြော ၊ ဖ ယောင်း သုတ် မဲ ပြား တွေ. တယ် ပြော ၊ ည နေ မဲ စာ ရင်း ပေါင်း တော. ၊ အ မတ် ၄၄ နေ ရာ ရ တယ် လဲ ဆို ရော ။ ဘာ အ သံ မှ ဆက် မ ကြား ရ တော. ဘူး ၊ အဲ ခု လဲ စာ ရေး သူ ပြော သ လို ၂၀၁၅ မှာ ထင် သ လို ဖြစ် မ လာ ရင် ၊ ဟို လူ. လက် ညှိုး ထိုး ၊ ဒီ လူ. လက် ညှိုး ထိုး ကြ ဦး မယ် ၊ကိုယ် အ သုံး မ ကျ တာ ကို တော. မ မြင် ကြ တော. ဘူး ၊ အဲ ဒါ ပေ မဲ. ပြည် သူ တွေ က ခု မြင် တတ် ၊ ကြည်. တတ် နေ ကြ ပါ ပြီ ၊

သုံးသပ်တာ ပြည့်စုံပါတယ် အလုံးစုံ ထောက်ခံပါတယ်။

စဉ်းစားကြပေါ့

NLD ဆိုတာကို ခုတုံးလုပ်ပြီး မိမိနိုင်ငံ မိမိလူမျိုး မိမိဘာသာ မိမိသာသနာ ကို ကွယ်ပျောက်အောင်လုပ်နေတဲ့ အဖွဲ့အစည်းဆိုတာ လူတိုင်းသိသင့်ပါတယ် အထူးသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသား စစ်စစ် တစ်ယောက်သာဖြစ်ခဲ့မယ်ဆိုရင်ပေါ့........။ မိမိဟာ အတိုက်အခံ လုပ်နေမဲ့အစား ငါ့တို့နိုင်ငံ ငါတို့လူမျိုး ငါတို့ ဘာဆက်လုပ်သင့်လဲဆိုတာ ကို စဉ်းစားသင့်ပါတယ်... မိမိအာဏာ ရရှိရေးအတွက် ပြည်သူကို ခုတုံးလုပ်ပြီး ကြိုးစားနေတာ ဒေါ်စု ရှက်သင့်ပါတယ်... ခင်ဗျား ကျုပ်တို့နိုင်ငံအတွက် ဘာများ လုပ်ပေးနိုင်ခဲ့လဲ ခင်ဗျားကို စောင့်ကြည့်နေခဲ့တာ ကြာပြီ... ခင်ဗျားတို့အဖွဲ့အစည်းက အိမ်မှာ မွေးထားတဲ့ ခွေးလောက်တောင် တန်ဖိုးမရှိပါဘူး... ခွေးကမှ ခင်ဗျားတို့ထက်စာရင် ဟောင်ဖော်ရသေးတယ်... မီဒီယာသမားတွေကလည်း မိမိတိုင်းရင်းသားတွေ ဒုက္ခရောက်နေတာကို ကျတော့ အတိအကျ မဖော်ပြ ဘာမဟုတ်တဲ့ မလေးနိုင်ငံက လေယာဉ်ကျတော့ ဘယ်ကနေ ဘယ်လို ဘယ်ရောက် စုံနေအောင် ဖော်ပြ မိမိလူမျိုး ကွယ်ပျောက်မယ့်အရေးကျတော့ ခင်ဗျားတို့မီဒီယာ သမားတွေ ဘာလုပ်နေလဲ ခင်ဗျားတို့ဟာ ဒေ၀ဒတ် လိုပဲ အဖျက်ပဲရတယ်... တကယ့်တကယ်ကျတော့ အမှန်တရားကို ခင်ဗျားတို့ မီဒီယာသမားတွေပဲ ဖုံးကွယ်ထားနေကြတာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်