Subscribe to our RSS Feed

ဒီမိုကရေစီ နဲ့ အမေ ၊ အဘ ယဉ်ကျေးမှု

From : .... shwenew



မြန်မာပြည်က ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ အပြင်က ကြားဝင် ညှိနှိုင်းပေးလို. ဖိအားတွေကြောင့် အရွေ.တွေဖြစ်ခဲ့တာမဟုတ်ပဲ စစ်တပ်ခေါင်းဆောင်ပိုင်းမှာ Realization ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးမည်ဆိုတဲ့ ကတိတွေ လမ်းပြမြေပုံတွေကို ပြီးမြောက်အောင် လုပ်ဆောင် ပေးခြင်းဆိုတဲ့အရှိတရား မေ့ထားလို.မရပါ။

အပြောင်းအလဲကို အာဏာလက်ကိုင်ထားသူတွေက လက်ခံပြီး ဖြေလျှော့ခဲ့တာကြောင့် အခုလောက် အတိုင်းအတာ တစ်ခုအထိ ခရီးပေါက်ခဲ့တာပါ။

ဒါကို နာတို. လုပ်တာ နာတို. လုပ်တာကွ နာတို.ကြောင့် ပြောင်းတာပါလို. အရှက်မရှိ တက်ပြီး ၀က်သေကို ဖိနပ်နဲ. ရပ်ပြနေရင်တော့ ကိုယ့်အဆင့်အတန်းကို ပြရာထက် ဘာမှ မပိုပါ။

အကြောင်းကတော့ မြန်မာပြည်မှာ ဘာကြောင့် ပြောင်းလဲ။ ဘယ်သူတွေက ပြောင်းပေးတယ်။ ဘယ်လို ပြောင်းသွားတယ်။ ဘာတွေ ပြောင်းနေတယ်ဆိုတဲ့ အချက်တွေကို ၈၈ မှာ မွေးတဲ့သူ ၉၀ ရွေးကောက်ပွဲမှာ မွေးတဲ့ ကလေးတွေ တင် မဟုတ်ဘူး ၉၅ မှ မွေးကျတဲ့ ဆယ်ကျော်သက်တွေတောင် မျက်မြင်သက်သေတွေမို. ဒီအပြောင်းအလဲမှာ ဘယ်သူက ခလုပ်နှိပ်ပေးသူ ဘယ်သူက မီးစိမ်းပြ အချက်ပေးသူဆိုတာ ဦးနှောက်ရှိသူတိုင်း သိတဲ့ကိစ္စတွေပါ။ ။

အပြောင်းအလဲကိုလည်း ကိုယ်တိုင်လည်း ဖော်ဆောင်နိုင်ခြင်း မရှိ။ ဖြစ်အောင်လည်း မဖော်ဆောင်နိုင်တဲ့အပြင် သူများပြောင်းပေးလို. အပြောင်းအလဲကို လက်ခံပြီး လျှော့ပေးလိုက်လို. အသက်ရှူလေး နည်းနည်းပါးပါး ချောင်လာတဲ့သူတွေက သူတို.ကိုယ်တိုင်ပဲ ချည်နှောင်ထားတဲ့ ကြိုးတွေကိုပဲ ဆွဲဖြုတ်ပြီး လွတ်မြောက်မှုကို ဖန်တီးသူတွေအဖြစ် ဟစ်ကြွေးချင်သူ အများအပြားတွေ.ရတော့ ရွံ့စရာသတ္တ၀ါတွေ အတော်များပါလားလို. ခံစားရပါသည်။

အခုလို ပြောရခြင်းကတော့ လက်ရှိ ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တန်ဘိုး မထား အလေး မထားပဲ အလကားရလာတဲ့အရာလို. လွယ်လွယ် ကူကူနဲ. ဖြစ်လာသလို ပြောပြီး အရိုးများသေး ချေးခါးသေး လုပ်နေခြင်းကို ထောက်ပြခြင်တာပါ။

တကယ့်တော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ မြန်မာပြည်သာမက နိုင်ငံတကာမှာတောင် စံပြ နမူနာ Successful Story or Model တခု အဖြစ် ချီးကျူး စံပြ ပြောနေရတဲ့ ပြနေရတဲ့ နှင်းဆီခိုင် တစ်ခုပါ။

ကမ္ဘာတလွှားက ပြသာနာတွေ ပက္ဒိပက္ခတွေကို ကိုင်တွယ်ရာမှာ မြန်မာပြည်က အပြောင်းအလဲဟာ လူတွေ ထင်မထား မျှော်လင့်မထားဘဲ ပြည်တွင်းဖြစ် Home Grown Peace/Reform Initiative ဖြစ်ပါတယ်။ နိုင်ငံတကာက ပညာရှင်တွေ နိုင်ငံရေး ကျွမ်းကျင်သူတွေကိုယ်တိုင် ဟင် ၀ူး "WOW" ဖြစ်သွားရတဲ့ စံပြ ဖြစ်ရပ်တစ်ခုဖြစ်တာမို. ဘယ်လောက်အထိ ဂုဏ်ယူစရာ ၀င့်ကြွားစရာ ကောင်းပါသလဲ။ ပြောရရင် ဒီအချက်ဟာ MADE IN MYANMAR, MYANMAR GARNER STYLE သာ ဖြစ်ပါသည်။

ဒါကြောင့်လည်း ကမ္ဘာ.ပုလိပ်ကြီး ကန် သမ္မတကြီး အိုဘားမားဟာ သူ.လက်ထက်မှာ မြန်မာပြည် အပြောင်းအလဲတွေ ဖြစ်အောင် အောင်မြင်စွာ ကူညီ ဆောင်ရွက်ခဲ့နိုင်ပါသည်ဆိုတဲ့ အချက်လေး တခုလောက် ပြနိုင်ဖို.အတွက် မြန်မာပြည် ဖြစ်စဉ်ကို အောင်မြင်မှု နမူနာအဖြစ် ဖော်ကျူးပြောလေ့ ရှိပါသည်။

ဒီအချက်ကို ထပ်ပြီး ထင်ရှားစေတာကတော့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်တဲ့ ဥသျောင်အဖွဲ. မြန်မာပြည်ကို လာလည်တဲ့အချက်က ထင်ရှားစေပါသည်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြင်ပြင်ပြောင်းလဲမှုတွေ ဆက်ပြီး ဖြစ်အောင် အောင်မြင်အောင် တတ်နိုင်တဲ့ ဖက်ကနေ ကူညီ ဆောင်ရွက်ပေးချင်လို. လာတာပါဆိုတဲ့အချက်ဟာ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် Reform Process ဟာ ဘယ်လောက် အရေးကြီးတယ် တန်ဘိုးရှိတယ် ထင်ရှားသလဲ သိသာမြင်သာနဲ. အားကျစရာဖြစ်သလဲ ဆိုတဲ့အချက်ကို မီးမောင်းထိုးပြနေပါသည်။

မြန်မာပြည်မှာ ဖြစ်နေတာက Reform Process ပါ။ လွတ်လပ်ရေး ကြေညာစာတမ်း ထုတ်ပြန်တာနဲ. ပြီးမြောက်စေတဲ့ လုပ်ငန်းတခု မဟုတ်ပါ။ ဆက်စပ်ပြောင်းလဲနေဖို. ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေ ဆက်ရှိနေဖို.သာ အရေးကြီးပါတယ်။

ဒါကြောင့် အခုလို အညွှန်.တလူလူနဲ. ခွန်အားအပြည့်နဲ. ထိုးထွက်လာတဲ့ အညွှန်.ကောင်းလေးတွေကို ၀ိုင်းဝန်းပြီး ရေလောင်းဖို. ဓာတ်မြေသြဇာ ကြွေးဖို.သာ လိုပါသည်။ အခုတော့ အဲဒီလိုမဟုတ်ပဲ မောင်မင်းကြီးသားတွေ မယ်မင်းကြီးမတွေက တခါလာလည်း တီးမယ် ချမယ် ရရင် ရ။ မရရင် ပတ်မကြီး ထိုးဖေါက်မယ် ဆိုတဲ့ စိတ်ဓာတ်တွေက ကြီးစိုးနေဆဲဖြစ်ပါသည်။

ဒီအချက်က ဘယ်မှာ ပေါ်လဲဆိုရင် ရှိနေတဲ့ ဖွဲ.စည်းပုံ တခုကို အရေးကြီးတဲ့အချက် လူအများအတွက် တိုက်ရိုက် အကျိုးရှိတဲ့အချက်တွေကို ပြင်ဆင်ဖို. မစဉ်းစားပဲ ရှိနေတဲ့ ဖွဲ.စည်းပုံကို လုံးဝ ဖျက်ပြီး ပယ်ပြီး အသစ်တခု သပ်သပ် သီးသန်. တခုရေးဆွဲရင် ကောင်းမလားဆိုတဲ့ စဉ်းစားချက်တွေဟာ--- ငါတို. လိုတာ ရရင် ရ မရရင် အားလုံးကို ဖျက်ဆီးပြီး အသစ် လုပ်တာပဲ ကောင်းတယ်ကွ ဆိုတဲ့ စရိုက် အကျင့်တွေကြောင့်သာ ဖြစ်ပါသည်။

ဒီအကျင့်တွေကို ပြည်သူတွေက အမျိုးသားအသိ နိုင်ငံရေးသတိနဲ. ဆန်.ကျင့်ရမည် ဟန်.တားရမည်။ အထူးသဖြင့် ပြည်သူတွေဟာ အစွန်းရောက်တဲ့သူတွေ တင်းမာတဲ့သူတွေကို လုပ်ပိုင်းခွင့်တွေ ဟန်.တားကန်.သတ်ပြီး ပြုပြင်လဲရေးသမား အလယ်အလတ် အတွေးအခေါ် ရှိတဲ့ Moderate တွေ အားကောင်းအောင် အားပေးချင်းဖြင့်သာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေ တိုးတက်မှု ရှိပြီး ရေရှည်မှာ ဒီရဲ့ အသီးအပွင့်တွေကို ပြည်သူတွေ အများစု ခံစား စံစားရမည်သာ ဖြစ်ပါသည်။

ဒီမိုကရေစီဆိုတာ သူ.ဖက် ကိုယ့်ဖက် Compromise လုပ်လိုတဲ့စိတ်ဓာတ် ဖြစ်ပြီး ကျမတို. အဖွဲ. ကျမတို. ပါတီထက် စွမ်းဆောင်ရည် ပြည့်စုံတဲ့အဖွဲ. ကျမတို.ထက် ကောင်းတဲ့ပါတီ မြန်မာပြည်မှာ ဘယ်ပါတီ ဘယ်အဖွဲ.ရှိလို.လည်း ဆိုတဲ့ စိတ်ဓာတ်ဟာ ဖြင့် ခေါင်းဆောင်တဦးမပြောနဲ. သာမာန်ပြည်သူတဦးမှာတောင် မရှိသင့် မတွေးသင့် မပြောသင့်တဲ့ အမြင်နဲ. စိတ်ဓာတ်ပါ။

ဒီလိုမျိုး ငါတစ်ကော ကောပြီး ငါသာလျှင် အတော်ဆုံး ငါတို.အဖွဲ.သာလျှင် အတောင့် အကောင်းဆုံး ဆိုတဲ့ အတ္တစိတ်တွေ လွှမ်းမိုးနေလျှင့်တော့ ဒီလိုလူမျိုးတွေ ဦးဆောင်ပြီး ဆွေးနွေးတဲ့ စေ့စပ် ဆွေးနွေးရေး ညှိနှိုင်းတိုင်ပင်ရေးဆိုတာ အောင်မြင်ဖို. အတော် ခက်ပါသည်။ ။ ဒါကြောင့်လည်း အဲဒီ စိတ်ဓာတ်ရှိသူတွေကို Radical တွေ တဖက်သတ်နဲ. တဇောက်ကန်းသမားတွေအဖြစ် လူတွေ မြင်လာရတာ ဖြစ်ပါသည်။

ဒါကြောင့် မြန်မာပြည်က ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေကို ပြည်သူတွေက ကိုယ့်လက်ထဲမှာ ရရှိအောင် ထားပါ။ ကိုယ့်ရဲ့ ဆုံးဖြတ်ပိုင်ခွင့် ဘောင်အတွင်းမှာပဲ ရှိနေအောင် ထိမ်းပါ-- တဖက်သပ်နဲ. အစွန်းရောက်တဲ့ Radical စိတ်ဓာတ်ရှိသူတွေလက်ထဲက အဲဒီ ဆုံးဖြတ် ပိုင်ခွင့် လုပ်ပိုင်ခွင့်တွေ မပေးမိအောင် အကန်.အသတ်တွေနဲ. Keep and Limit those People's Role and Power in Control and Check ဖြစ်ဖို. လိုပါသည်။

မြန်မာပြည်က အပြောင်းအလဲတွေ ပြုပြင်ပြောင်လဲမှုဖြစ်စဉ်တွေဟာ Radical တွေကြောင့် ဖြစ်လာတာ ပေါ်လာတာ မဟုတ်သလို မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုတွေကို လမ်းချော်သွားအောင် နောက်ကြောင်းပြန်သွားအောင် လုပ်ချင်နေတဲ့ လုပ်နေတဲ့ Radical တွေရဲ့ အကျင့် စရိုက်တွေကိုလည်း နိုင်ငံရေးအသိ အမျိုးသားရေး စိတ်ဓာတ်နဲ. ကန်.သတ်ပြီး Keep on Eyes စောင့်ကြည့်ဖို. ဟန်.တားဖို. လိုပါသည်။

မြန်မာပြည်ဟာ မြန်မာပြည်သူ အများစု ပိုင်တဲ့ နိုင်ငံဖြစ်ပြီး Radical လူနည်းစုဟာ လူအများစု၏ ကိုယ်စားပြုသူတွေ မဟုတ်ပါ။ ကိုယ်စားပြုခွင့်လည်း မရှိပါ။ ဒါကြောင့် အခု အချိန်က စပြီး လူတဦးချင်းစီက ကိုယ့် ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိရမည် ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ရေးဆွဲ ခွင့်ရှိရမည် ဆိုတဲ့ အသိဖြင့် အစစ်အမှန် ကို်ယ်စားပြုသူမဟုတ်တဲ့သူတွေ၏ အတုအယောင် ကိုယ်စားပြုသူ ပြည်သူ.အသံ လူထုအသံ ဆိုပြီး ဟစ်တိုင် တက်ပြီး အူနေ သူတွေကို သတိထားရန် အချိန်ရောက်ပါသည်။

ဒါကြောင့်လည်း နိုင်ငံတကာက ခေါင်းဆောင်တွေဟာ မြန်မာပြည်က ဖြစ်စဉ်တွေကို အားပေး ထောက်ခံနေပြီး လမ်းကြောင်း မချော်အောင် ဘေးကနေ ၀ိုင်းကူညီဖို. လက်ကမ်းသူတွေ များလာပါသည်။ ဒါကိုပဲ အပြုသဘောမြင်လွန်းတယ် အကောင်း မြင်လွန်းတယ်လို. အပစ်ပြော ဝေဖန်ချင်ရင်လဲ အဆိုးမြင်ကြီးသူတွေအတွက်တော့ ဒီလိုပဲ ခံစားရမှာပေါ့လို.ပဲသာ ပြောလိုပါသည်။

၂၀၁၅ ကာလအထိ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ဖြစ်နေပြီး ငြိမ်းချမ်းရေး လမ်းစတွေလည်း ဆက်ပြီး ရှာနေရမည်ဖြစ်ပါသည်။ အရေးကြီးတာက ပြည်သူတွေ ပြောခွင့် ဆိုခွင့် ပါဝင်ခွင့်တွေ တိုးလာသရွေ. မြန်မာပြည်၏ အရွေ.တွေဟာ ခရီးပေါက်တယ် အလုပ်ဖြစ်တယ်လို. ယူဆရမည် ဖြစ်ပါသည်။

ပြည်သူတွေရဲ့ အခန်းကဏ္ဍ ပြည်သူတွေရဲ့ အသံတွေ ပိုပို ကျယ်လာလေ ဆူညံလာလေ ဒါတွေဟာ ဒီမိုကရေစီနှင့် ပွင့်လင်း လူ.အဖွဲ.အစည်းအတွက် အရေးကြီးတဲ့ အမြစ်သစ်တွေ ထွက်လာခြင်း အပင်သစ်တွေ ပေါက်လာ နေခြင်းဖို. ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲမှုတွေ အားကောင်းလာအောင် လူတိုင်းမှာ တာဝန်ရှိပါသည်။

ဒီမိုကရေစီဖြစ်စဉ်မှာ အာဏာရှင် မရှိသလို ကယ်တင်ရှင် သူရဲကောင်းလည်း မရှိပါ။ လူတိုင်းက ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ်အခွင့်အရေးကို ကိုယ် ကာကွယ်ရမည်။ ကိုယ့်တာဝန်ကိုယ် ကိုယ် ကြေမွန်ရမည်။

ဒီတော့ ဒီမိုကရေစီ တကယ်ရှင်သန်စေချင်ရင် အဘ ယဉ်ကျေးမှုလည်း မရှိ။ အမေ ယဉ်ကျေးမှုလည်း မရှိပါ။

ဒီမိုကရေစီဆိုတာ ကိုယ့်အသိနဲ.ကိုယ် ကိုယ့်စည်းနဲ.ကို ကျင့်ကြံလိုက်နာရမည့် SELF-SERVICE သာ ဖြစ်ပါသည်။

အရာရာမှာ အဘ ယဉ်ကျေးမှုရော အမေ ယဉ်ကျေးမှုတွေ လွှမ်းမိုးနေရင်တော့ အဲဒီ အဖွဲ.အစည်း အဲဒီ ပါတီဟာ ဒီမိုကရေစီ အစဉ်အလာတွေ ကောင်းတဲ့ လူ.ဘောင် အဖွဲ.အစည်းမဖြစ်နိုင်ဘဲ  ပဲအထဲ ၀င်အောင်းနေတဲ့ ပဲပိုးကောင်လောင်းတွေသာ ဖြစ်မည်။ တချိန်ချိန်မှာ အဲဒီ ပဲတွေဟာ ပိုးထိုးခံရပြီး ပိုးစားခံရတဲ့ ပဲတွေလိုပဲ အခွံဟောင်းလောင်းပဲသာ ကျန်ရစ်မည် ဖြစ်ပါကြောင်း။ ။

4 comments:

သိပ်မှန်တာပေါ့ဗျာအကောင်းဆုံးကတော့
အဘတွေဘုန်းကြီးဝတ်
အမေကသီလရှင်ဝတ်
ပြည်သူတွေကကပ္ပိယလုပ်
တစ်ကမ္ဘာလုံးကအလှုခံမကောင်းဘူးလား

Amay is colonialist British's wife. Therefore, the persons who are calling Amaysu are colonialist British's painless knee children. They all are shameless idiots.

အဒီထက်ကောင်းတာက တကမ္ဘာလုံး

ဝိပသနာ ကျင့်ခိုင်းလိုက်ရင် သိပ်သိပ်သိပ်

ကောင်းပေါ့

အာရုံတွေကွာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်