Subscribe to our RSS Feed

နိုင်ငံခြား ဘဏ်တွင် ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားမှုအား အထောက်အထား ရှိပါက အရေးယူ ဆောင်ရွက် သွားမည်

From : ..MRTV4


အခု လတ်တလော ပြည်တွင်းမှာ ထွက်ပေါ်နေတဲ့ သတင်း တစ်ခုဖြစ်တဲ့ နိုင်ငံခြား ဘဏ်များမှာ ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံ ထားတယ် ဆိုတဲ့ ကိစ္စနဲ့
ပတ်သက်ပြီး နိုင်ငံတော် အနေနဲ့ တိကျခိုင်မာတဲ့ အထောက်အထား ရှိပါက အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာနမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ အဆိုပါ ကိစ္စနဲ့ ပတ်သက်တဲ့ စာနယ်ဇင်း ရှင်းလင်းမှုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အခုတလော ထွက်ပေါ်နေတဲ့ နိုင်ငံခြား ဘဏ်မှာ အကောင့် ၅ ခုနဲ့ ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ် ဆိုတာဟာ တိကျခိုင်မာမှု မရှိတဲ့ အကြောင်းအရာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါ ဒေါ်လာ ၁၁ ဘီလီယံအား ဘယ်နိုင်ငံ၊ ဘယ်ဘဏ်မှာ အပ်ထားကြောင်း တိတိကျကျ ပြောဆို အကြောင်းကြား ပါက နိုင်ငံတော် ဘဏ်မှ အရေးယူမှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာများနဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဥက္ကဋ္ဌရဲ့ ပြောကြားချက် အရ ပုဂ္ဂလိကပိုင် ငွေကြေးနဲ့ နိုင်ငံတော်ပိုင် ငွေကြေးတွေ၊ နိုင်ငံခြား ဘဏ်တွေမှာ အပ်နှံ ထားမှုဟာ ဒေါ်လာ ၇.၆ ဘီလီယံသာ အပ်နှံထား မှုရှိတယ်လို့ သိရပါတယ်။

အခုထွက်ရှိနေတဲ့ Account ၅ ခုနဲ့ ၁၁ ဘီလီယံကို နိုင်ငံခြား Account မှာ အပ်နှံထားတယ် ဆိုတာဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ စာရင်းတွင် မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက် အရ ဒေါ်လာ ၁၁ ဘီလီယံ နိုင်ငံခြားဘဏ်မှာ အပ်နှံထားတယ် ဆိုတဲ့ သတင်းများကြောင့် ကမ္ဘာ့ဘဏ် အနေနဲ့ ပြည်တွင်းမှ ကြွေးမြီ အချို့ကို လျှော့ပေးခြင်း မရှိဘူးဆိုတဲ့ သတင်းများ ထွက်ပေါ်နေခြင်း ဟာလည်း လုံးဝ မဟုတ်ကြောင်း ပြန်လည် ဖြေရှင်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။


 .. www.MyanmarExpress.net
 

6 comments:

စွပ်စွဲတဲ့ သတင်းဌာနတွေကို တခုဘဲပြောချင်ပါတယ် အထောက်အထားခိုင်လုံအောင်ရှာဖွေပြီးမှ သတင်းကိုရေးပါ ဥပမာ တိကျတဲ့ Bank Account information သိုမဟုတ် Bank Statement Copy လိုမျိုးရှိရင်ဖေါ်ပြပေးပါ လမ်းဘေးပေါက်ပန်းထင်ရာလျှောက်ရေးစွတ်စွဲတားဟာ အင်မတန်မှအောက်တန်းကျတဲ့ နိုင်ငံရေး လုပ်ကြံမှု့သာဖြစ်သလို စာဖတ်ပရိတ်သက်တွေရဲ့ စူးစမ်းတွေးခေါ်မှုတွေကို စော်ကားနေသလို ဖြစ်နေပါတယ်။ အမှန်တရားကိုလေးစားသူတိုင်း ဒီလိုဘဲခံစားကျမည်ထင်ပါတယ်၊ လှူကြီးတွေ လာဒ်မစားဘူးလို့ကာကွယ်ရေးတာမဟုတ်ပါဘူး ။အမှန်တရားကိုလေးစားလျှက်။

open the mouths are closed now.........all bullish

Let us see how Eleven Media reacts.

Let me suggest our government, don't be alert whatever eleven media (Than Htut Aung)slam dog bark.This slam dog should take action for life jail term at least.This slam dog is intending our country to totally break down.

All bullshit. Who will allow to see my bank a/c? So still keep lying until someone figure out. Ahba alibaba than shwe.

ငါ့ ဟာ ပါ ကွာ ငါ အပ် ထား တာ ငွေ တွေ ထား စ ရာ မရှိ လို့ ပါ မင်း တို့ က လဲ နည်း နည်း လောက် လို ချင် ရင် ယူ သုးံ လိုက် ပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်