Subscribe to our RSS Feed

ကေအဲန်ယူ ခေါင်းဆောင်တွေ ဝန်ကြီးဦးအောင်မင်းနဲ့ ဆွေးနွေး

From : ..rfa

knu-gov-ceasefire-305
မြန်မာအစိုးရခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နဲ့ KNU အဖွဲ့မှ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမူးတူးဆေးဖိုးတို့ ဘားအံမြို့မှာ ၂၀၁၁ ဇန်န၀ါရီလ ၁၂ ရက်နေ့က အပစ်ခတ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးနေကြစဉ်
 
ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ ဖြစ်လာအောင် ကြိုးပမ်းဖို့ ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိပ်ပိုင်းခေါင်းဆောင်တို့ဟာ ဒီနေ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ KNU ခေါင်းဆောင်တွေက ပြောပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးက တင်ပြဆွေးနွေးတဲ့ အကြောင်းအရာတွေကို KNU အဖွဲ့ရဲ့ ဗဟိုအလုပ် အမှုဆောင် ပဒို မန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။

"အဓိကကတော့ဗျာ အခုအများပြောပြောနေ ကြတဲ့ ပြည်လုံးဆိုင်ရာ  အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကတဆင့် နိုင်ငံရေးကိစ္စတွေ ဆက်လက်ဆွေးနွေးဖို့  အဲဒီကိစ္စတွေပါမယ်၊ နောက်တခါ အင်အားစုအားလုံး တိုင်းရင်းသားတွေရော၊  နိုင်ငံရေးပါတီတွေရော အကုန်လုံးပါဝင်တဲ့ ညီလာခံကြီးတစ်ရပ်ပေါ့ဗျာ  အဲဒါတွေကို သဘောထားညှိနှိုင်းဆွေးနွေးပြီးတော့ နည်းလမ်းတွေရှာမှာပေါ့ဗျာ၊  နောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေက နှစ်ဘက်လိုက်နာရမယ့်ကိစ္စတွေကို  ပိုပြီးချောမွေ့လွယ်ကူအောင်ပါ”


ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ KNU ဥက္ကဌ မူတူးစေးဖော ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီအပါအဝင် ခေါင်းဆောင် ၉ ဦးတို့လည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

မကြာခင်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါင်တဲ့ ပြည်လုံးကျွတ် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်ဖို့ အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။
 
 
.. www.MyanmarExpress.net
 

4 comments:

ငါတို့အစိုးရလဲသနားပါတယ် ဟိုအဖွဲ့နဲ့လှည့်ဆွေးနွေးလိုက်ရ
ဒီအဖွဲ့ကိုမျက်နှာချိုသွေးလိုက်ရနဲ့ နိုင်ငံဖွံ့ဖြိုးရေးကို ကောင်း
ကောင်းမလုပ်နိုင်သေးဘူး။

ငါတို့အစိုးရလဲသနားပါတယ် ဟိုအဖွဲ့နဲ့လှည့်ဆွေးနွေးလိုက်ရ
ဒီအဖွဲ့ကိုမျက်နှာချိုသွေးလိုက်ရနဲ့ နိုင်ငံဖွံ့ဖြိုးရေးကို ကောင်း
ကောင်းမလုပ်နိုင်သေးဘူး။

သူ တို့ ဘာ ကြောင့် လက် နက် ကိုင် ပြိး ဘာ ရည် ရွယ် ခိက် ထား တာ လဲ
ဘယ် သူ က သူ တို့ ကို နယ် ချဲ့ အုပ် ခူပ် နေ လို့ လဲ ဘယ် တိုင်း သ ဘား က ကူး ကျော် နေ လို့ လဲ ဘာ မှကို စဉ်း လို့ မ ရဘူး
နောက် ဆုးံ တော့ အိမ် နီး ချင် နိုင် ငံ တွေ မ ကောင်း တာ ပါ က ရင် ကို ထိုင်း က မြှောက် ပေး တယ် ဝ က ချင် ကို တ ရုတ် က မြှောက် ပေး တယ် အ ကျင့် မ ကောင်း တဲ့ နိုင် ငံ တွေ ပါ သူ ကို မြှောက် ပင့် ပေုးပိး မြန် မာ နိုင် ငံ က သ ယံ ဇာ တ ပစ္ဇ ည်း တွေ ကို သူ ခိုး ဈေး နဲ့ ယူ ချင် လို့ လုပ် ကြ တာ နယ် စပ် က နယ် မြေ တွေ ကို ချဲ့ လို လျင် လို့ လုပ် ကြ တာ ပါ ယ ခု တ ရုတ် ကြိး က အ ဆိုး ဆုးံ ပါ ဘဲ သူ လဲ တ နေ့ ဝ တ် လည် မှာ ပါ ဘဲ
ဝ သူ ပုန် က ချင် သူ ပုန် ခေါင်း ဆောင် တွေ လဲ စီး ပွါး ရေး အ ကိုး အ မြတ် များ စွာ ရ နေ တော့ တိုင်း ပြည် ဘာ ဖြစ် ဖြစ် လက် နက် နဲ့ လုပ် စား နေ ကြ တာ ပါ ဘဲ ဒီ ကြား ထဲ နိုင် ငံ သ မား တွေ မီဒီယာ တွေ က လူ အ ခွင့် ရေး အ ကြောင်း ပြ ပြိး ထ ထ အေါ် ပြိး လုပ် စား ကြ ပြန် ရော ဒီ တော့ နိုင် တ ကာ က ဘာ ဖြစ် တယ် ညာ ဖြစ် တယ် ထ အေါ် ပြန် ရော
အ စိုး ရ က ထိ မ်း ထိမ်း သိမ်း သိမ်း လုပ် ပြန် ရော ခံ တော့ စား သား တွေ ဘဲ ပေါ့
တော် တော် ရူပ် ထွေး ပွေ လီ တဲ့ မြန် မာ နိုင် ငံ ပါ ဘယ် တော့ မှ လဲ တိုး တက် ကြိး ပွါး လာ တဲ့ နိုင် ငံ ဖြစ် မ လာ နိုင် တော့ ပါ ဘူး
ပါ တီ တွေ ထဲ က လဲ ပါ တီ ထေထာင် ပြိး လွှတ် တော် ထဲ ရောက် နေ ပေ မဲ့ လဲ နောက် က သူ ပုန် မေံး ထား ကြ သေး တယ် ကျား ဖြူ ပါ တီ ဆို ရင် ရှမ်း သူ ပုန် တွေ ရှိ တယ် မ ကောင်း န်ုင် ပါ ဘူး တိုင်း ပြည် က တော့ မွဲ မြဲ မွဲ နေ ပြိး ပြည် သူ တွေ က တော့ ခံ မြဲ ခံ ပေ အုးံ တော့ ပေါ့ ပါ တီ တွေ က လဲ အာ ဏာ ရ ဘို့ ဘဲ လုပ် နေ ကြ တော့ တာ ပါ ထိုင် ခုံ လု ကြ တာ ပါ ဘဲ တိုင်း ဘာ ဖြစ် နေ လဲ ဆို တာ လှဲ့ မ ကြည့် ကြ ဘူး တိုင်း ပြည် ကို ချစ် တယ်ချစ် တယ် ဆို ပြိး လိမ် ညာ နေ ကြ တာ ပါ
အ လ ကား ကောင် တွေ ပါ သမတ ဒေါ် စု နိုင် ငံ ရေး သ မား များ မီဒီယာ များ တိုင်း ပြည် အ ခြေ အ နေ ကို လဲ လေ့ လာ ကြ ပါ အုးံ

ညီနောင် သားခြင်း တို့
အနီးဆုံး ရန်သူကို ရှာ
အမြန် ဆုံး ချေမှုန်းကြ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်