Subscribe to our RSS Feed

သမ္မတ ဦးသိန်းစိန် နိုဘယ်ဆု စာရင်း ထပ်မံတင်သွင်းခံရ

From : .. YMG


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၃ခုနှစ်အတွက် ရွေးချယ်မည့် နိုဘယ် ဆုဆန်ခါတင်စာရင်း တွင်ပါဝင်နေကြောင်း သတင်းရ ရှိသည်။

၂၀၁၃ခုနှစ် အောက်တိုဘာ ရရက်မှ ၁၁ရက်အထိ နော်ဝေ နိုင်ငံ၌ကျင်းပမည့် (၉၁)ကြိမ်မြောက် နိုဘယ်ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Democratic Voice of Burma (DVB)နှင့်အတူ ငြိမ်းချမ်းရေးနိုဘယ်ဆု အတွက် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ေ နကြောင်း နိုဘယ် ဆုကော်မတီနှင့် နီးစပ်သောအသိုင်းအဝိုင်း မှ သိရသည်။

''ဒီကိစ္စကတော့ ဆုရွေးချယ် ရေးအဖွဲ့ကတော့ ဆုမရွေးချယ်မီ တရားဝင် ထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။ ဘယ်လို ဒီသတင်း ထွက်လာလဲတော့ မသိပါဘူး။ သူ တို့အဖွဲ့ကနေ တစ်ယောက်ယောက် ကတော့ နီးတဲ့အခါ ထုတ်ပြော တာမျိုးတွေတော့ ရှိတတ်ပါတယ်'' ဟုနိုင်ငံတော်သမ္မတရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံ ရေးလေ့လာသူ ဦးကျော်လင်းဦး က ''ကျွန်တော် တို့နိုင်ငံရဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ကိုကြည့်ရင် လက်နက် ကိုင်တပ်ဖွဲ့ပေါင်းစုံ နဲ့ ဆွေးနွေး ရတာဖြစ်တဲ့အတွက် ပိုပြီးတော့ ခက်ခဲနက်နဲပါတယ်။ လက်ရှိ အ နေအထားနဲ့ကြည့်ရင်လဲ ငြိမ်းချမ်း ရေးအနေအထားက သူများနိုင်ငံ တွေ ထက် ပိုပြီးတော့မြန်မြန်ဖြစ် ထွန်းလာတာကိုတွေ့ရတယ်။အခု လက်နက်ကိုင် တပ်ဖွဲ့ ၁၄ဖွဲ့လောက် နဲ့ ထိတွေ့ဆက်ဆံပြီး သွားပြီ။ အောက် တိုဘာမှာလုပ် မယ့် ငြိမ်း ချမ်းရေး လက်မှတ်ထိုးပွဲရှိတယ်။ ဒါတွေက သမ္မတကြီးရဲ့ နိုဘယ် ဆုရမယ့်လမ်းမှာ အများကြီးအ ထောက်အကူရနိုင်ပါတယ်''ဟု သုံးသပ်ပြော သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် ပဏာမအမည်စာရင်း တင်သွင်း မှုတွင် ပါဝင်ခဲ့သော် လည်း ရွေး ချယ်ရာတွင် ဥရောပကော်မရှင် သာ ရွေးချယ်ခံခဲ့ ရသည်။

သမ္မတကြီး ဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက နိုင်ငံအ တွင်းရှိ လက်နက်ကိုင်အဖွဲ့၁၁ဖွဲ့တွင်၁ဝဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခဲ့သူဖြစ်သည်။ သမ္မတဦးသိန်းစိန်သည်၂၀၁၂ခုနှစ်အတွင်းကနိုဘယ်ဆုမရရှိခဲ့သော်လည်းနယူးယော့ခ်အခြေစိုက်နိုင်ငံတကာ ပဋိပက္ခများဖြေရှင်းရေးအဖွဲ့ ကချီးမြှင့်သည့်ငြိမ်းချမ်းရေးကြိုးပမ်းမှု ဆုချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရသည်။


.. www.MyanmarExpress.net
 

9 comments:

Let us see how it turns out. Presidrnt U Thein Sein's Noble prize is long overdue.

President U Thein Sein is doing very best for
his country to get peace, he's deserved for
Noble Peace Prize, truly he should get the
prize. Some of the Noble Peace Prize Winners didn't do anything peace for their countries but they got the prizes, for example: Daw Suu Kyi and O'bama, they never did for any peace in anywhere, there were no record in the world such a shame on them.

ပေးလိုက်ပါ။တကယ်အလုပ် လုပ်တဲ့သူကိုရစေချင်တယ် ။

ဒီဆုက သမ္မတကြီး နဲ့အထိုက်တန်ဆုံးပါ

သမ္မတကြီး ခင် ဗျား ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးတယ်ဆိုတာဟာ သွယ်ဝိုက်၍ လာပ်ထိုးခြင်းဖြစ်ပါတယ်
လည်ပင်းကြိုးကွင်းစွပ်ခံရတာပါ ပြတ်ပြတ်သားသားဆုံးဖြတ်
လုပ်ကိုင် ရမဲ့ကိစ္စတွေကို ဒီဆုကြီးလက်ခံထားပါက တွေဝေတွန့်ဆုတ်မှု့ ဖြစ်ပေါ်စေပြီး လုပ်ကိုင် ရဲတဲ့ သတ္တိ မရှိဘဲ
ဖြစ်သွားပါလိမ့် မယ် ပေးတဲ့သူတွေရဲ့ အဓိက ရည် ရွယ်ချက်
ကလည်း အဲ့ဒီလိုဖြစ်အောင် ပေးတာပါ သမ္မတကြီးအ နေဖြင့်
ပေးရင်တောင် စဉ်းစားသင့်ပါတယ်

သမ္မတကြီး အခုလိုစာရင်းဝင်တာ ၀မ်းသာစရာပါဘဲ၊
ဒါပေမယ့် သမ္မတကြီးက တိုင်းပြည်ငြိမ်းချမ်းအောင်ဘဲ လုပ်နေတော့ ရမှာမဟုတ်ဘူး၊ ဒီဆုက တိုင်းပြည်ကို မငြိမ်းချမ်းအောင်လုပ်သူတွေကို ပေးတာ။

အ ဟင်း ဆို ဗီယက် ကို န မူ နာ ယူ ထား နော် မြှောက် ပေး တိုင်း ဘော စိ တက် မ နေ နဲ့





PKU THER THHEE

နိုင် ငံ့ အကြီးအကဲ ဆိုတာ အ မျှော်အမြင် ကြီးမား သူဖြစ်ပါတယ်။ ပညာရှိ သတိဖြစ်ခဲ ဆိုတာလည်း မြန်မာ့ ဆိုရိုး ဖြစ်ပါတယ်။ ဒီအသံ တွေ ဘာကြောင့် ထွက်လာတာလည်း ဆိုတာကို သတိပြု ဆင်ခြင် ကြည့်သင့်ပါတယ်။ ရုရှား မှာ ဂေါ်ဘာချော့ဗ် ကို နိုဗယ်လ် ဆု ပေး လိုက်ပြီး နောက်ဆက်တွဲ ဖြစ်စဉ် နဲ့ ရလဒ် တွေကို ပြန်မမြင် ချင် ပါဘူး။ တစ်ယောက် ရဲ့ ကောင်းစားမှု နဲ့ သန်း ၆၀ ရဲ့ဘဝ လုံခြုံမှု ကို ရွေးချယ် ရမယ့် အချိန် နဲ့ အ ခြေအ နေ မျိုး မ ပေါ်ပေါက် စေ လိုတာ စေတနာ အမှန် ဖြစ်ပါတယ်။

1-IT IS A VERY GOOD NEWS.WELCOME.
2-WE HOPE OUR PRESIDENT GET THIS NOBEL PRIZE.
3-WE ACCEPT OUR PRESIDENT U THEIN SEIN GOOD
TRACK RECORD AND APPRECIATE HIS LEADERSHIP TO OUR COUNTRY AND OUR PEOPLE.
4-OUR PRESIDENT U THEIN SEIN LEADING OUR
COUNTRY AND NATION AND HE IS THE BEST PRESIDENT IN OUR 65 YEARS HISTORY.
5-WE WISH FOR HIS BEST HEALTH AND LIKE TO REQUEST TO LEAD OUR COUNTRY AND OUR NATION
IN ANOTHER TERM IN PRESIDENT OFFICE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်