Subscribe to our RSS Feed

ရှစ်ဆယ့်ရှစ် နှင့် ဒေါ်စု ဥပက္ခာပြုထားသော ရခိုင်လူထုအား သူရဦးရွှေမန်း သွားရောက်တွေ့ဆုံမည်



 
ရခိုင်လူထုနှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတွေ့ဆုံပွဲကို ယခုလ ၂၉ ရက်နေ့တွင် ရန်ကုန်၌ ကျင်းပမည်ဖြစ်သည်။

ထိုတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်မှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် ၃ဦးစီ၊ ရခိုင်တိုင်းရင်းသား ၀န်ကြီး ၊ ဒေသရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီကိုယ်စားလှယ်များ တတ်ရောက်မည် ဟုသိရသည်။

ထိုတွေ့ဆုံပွဲတွင် ဒေသဖွံ့ဖြိုးမှုအတွက် ရံပုံငွေကိစ္စ၊ တိုင်းရင်းသားဥပဒေကိစ္စများကို ဆွေးနွေးရန်ရှိကြောင်း ထိုတွေ့ဆုံပွဲသို့တတ်ရောက်မည့် ဒေသကိုယ်စားလှယ်များထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်က တွေ့ဆုံပွဲသည် သာမန်တွေ့ဆုံပွဲသာဖြစ်ပြီး သူရဦးရွှေမန်း ရခိုင်ပြည်နယ်သို့ မလာဖြစ်သည့်အတွက် ရန်ကုန်တွင်ပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောသည်။


 .. www.MyanmarExpress.net
 

2 comments:

Wait and see the out come. I hope he comes out with the best results.

လိုအပ်သည် များကိုမှာယူစားသောက် ရုံပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်