Subscribe to our RSS Feed

ဗိုလ်ချုပ်မှူးကြီးဟာ တိုင်းပြည်ကို ငြိမ်းချမ်းဖွံ့ဖြိုးစေချင်တဲ့ ဆန္ဒရှိတယ် ~ ကေအန်ယူ

From : ..dvb
 တပြည်လုံး အတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးနဲ့ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့သလို တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို အလွတ်သဘော ဆွေးနွေးခဲ့ကြတယ်တယ်လို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဗဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကေအန်ယူအနေနဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး နယ်စပ်ကနေ မြန်မာပြည်တွင်းကို ခရီးထွက်ခွာခဲ့တာဖြစ်ပြီး ဒီခရီးစဉ်အတွင်း အစိုးရပြည်ထောင်စု အဆင့် ငြိမ်းချမ်းကော် မတီခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တိုင်းပြည်ကို ငြိမ်းချမ်းဖွံ့ဖြိုး တိုးတက်စေချင်တဲ့ ဆန္ဒရှိတယ်လို့ ခံယူမိကြောင်း ပြောပါတယ်။ ပဒိုကွယ်ထူးဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။


  


 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်