Subscribe to our RSS Feed

ရန်ကုန်က အလုပ်ရှင်ကို ဆန္ဒပြချိန်က NLD ဒေါ်စန္ဒာမင်းတို့ ဝင်ပါခဲ့သော်လည်း ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ်သမား ၁၈၆ ဦး ဆန္ဒပြချိန် NLD ဝင်မပြော

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ နန်းကျန်းရပ်ကွက်ရှိ Prove Garment ကုမ္ပဏီ အထည်ချုပ်စက်ရုံ၌ လုပ်အားခ ပုံမှန်ရရှိမှုမရှိခြင်းအပြင် လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများနှင့် ကြုံတွေ့နေရ၍ အခက်အခဲဖြစ်ပေါ်နေသော မြန်မာအလုပ်သမား ၁၈၆ ဦးထံ တာချီလိတ်မြို့ရှိ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ" မှ ကော်မတီဝင် ၁၃ ဦး နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် ဒုတိယ မြို့ပိုင် Mr.Wiwat Jeansawan ဦးဆောင်သောအဖွဲ့ အပါအ၀င်၊ မြန်မာဘက်နယ်ခြားကော်မတီမှ ဦးဘိုလေးနှင့် ထိုင်းဘက်နယ်ခြားကော်မတီမှ တာဝန်ရှိသူများက စက်တင်ဘာလ ၂၆ရက်၊ နံနက်ပိုင်းက သွားရောက်၍ ကုမ္ပဏီမှ ကြော်ငြာထားသည့်အတိုင်း အထည်ချုပ်စက်ရုံ ပြန်လည်ဖွင့်လှစ်မှု ရှိမရှိနှင့် အလုပ်သမားများ၏ အခြေအနေအား သွားရောက်ကြည့်ရှု့ကာ အလုပ်ရှင်နှင့်အလုပ်သမား ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၉နာရီ ၁၅မိနစ်အချိန်က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အလုပ်သမားများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့သော ဆွေးနွေးမှုတွင် Prove Garment ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner က စက်ရုံအတွင်းဖြစ်ပေါ်နေသော အခြေအနေများကို ကုမ္ပဏီ၏ အကြီးအကဲထံ ဆက်လက်တင်ပြနိုင်ရန်နှင့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် ကုမ္ပဏီအား ၇ ရက် သို့မဟုတ် ၁၀ ရက်ခန့် ပိတ်ထားရမှာဖြစ်ကြောင်း ပြောဆိုပြီး စက်ရုံအား စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ ပိတ်ထားခဲ့ပြီး စက်ရုံတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကြော်ငြာစာ၌ စက်တင်ဘာလ ၂၆ရက်တွင် စက်ရုံအားဖွင့်လှစ်မှာ ဖြစ်ကြောင်း ကြော်ငြာထားသည့်အတွက် မြန်မာအလုပ်သမားများမှ အလုပ်လုပ်ရန် စက်တင်ဘာလ ၂၆ရက် နံနက်ပိုင်းက စက်ရုံရှေ့၌
ရောက်ရှိနေကြသည်ဖြစ်ရာ မြန်မာဘက်မှ ကော်မတီဝင်များက ကုမ္ပဏီ၏ သဘောထား နှင့် အလုပ်သမားများ၏ အခြေအနေအား သိရှိရန်အတွက် သွားရောက်ကြတာဖြစ်ကြောင်း သိရသည်။

Prove Garment ကုမ္ပဏီ တွင် အထည်မချုပ်တတ်သေးသော မြန်မာအလုပ်သမားများအား အထည်ချုပ်တတ်ရန်အတွက် အခမဲ့ သင်ကြားပေးမည်ဟု ဆိုသော်လည်း ပညာသင်ပေးခအဖြစ် ဘတ် ၃၀၀၀ တောင်းယူကြောင်း နှင့် ထိုသို့ သင်ကြားပေးမှုမှ တတ်မြောက်သွားသူများကိုလည်း မဲစနစ်ဖြင့်ရွေးချယ်ကာ အလုပ်ခန့်ပြီး မဲမပေါက်သော မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ဝင်လိုပါက နောက်ထပ် ၃၀၀၀ ဘတ်ပေးမှ အလုပ်ဝင်နိုင်ကြောင်း သိရသည်။

"မန်နေဂျာနဲ့ ပိုင်သူတွေက မြန်မာအလုပ်သမားတွေကို ခေါင်းပုံဖြတ်နေတာတော့ ကြာပါပြီ၊ ကျွန်တော်တို့လည်း မတတ်သာလို့သာ မပြောတာပါ၊ အခုတော့ တော်တော်လွန်လာပြီ၊ လုပ်အားခကလည်း ပုံမှန်မရ၊ ရပြန်တော့လည်း ဟိုကြေးဖြတ် ဒီကြေးဖြတ်နဲ့ဗျာ၊ ဘာမှမကျန်တော့ဘူး"ဟု မြန်မာအလုပ်သမားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"သူတို့က ချုပ်ပြီးသား အထည်တွေကို စစ်တာက အဆင့်ဆင့်ကို စစ်တာ၊ စက်ရုံမှာ ပထမတစ်ယောက်က စစ်လို့ အစထွက်နေတာတွေ တွေ့ရင် ငွေဖြတ်တယ်၊ အဲ့ဒါနဲ့မပြီးပြန်ဘူး၊ နောက်တစ်ယောက် ထပ်စစ်သေးတယ်၊ အဲ့လို စစ်ပြီး အစထွက်တာတွေ့တာနဲ့ လစာထဲ ဖြတ်တော့တာပဲ၊ အဲ့လို ဖြတ်တာများလွန်လို့ လစာထုတ်တဲ့ အခါကျရင် ဖြတ်ပိုင်းမှာ အနုတ်လက္ခဏာပြလို့ ကိုယ့်ထဲက ပြန်ပေးရတဲ့ လူတွေလည်း ရှိတယ်၊"ဟု မြန်မာအလုပ်သမားထဲမှ အမျိုးသမီးတစ်ဦးက ပြောပြသည်။

"ကုမ္ပဏီက ခေါင်းပုံဖြတ်တာတွေ၊ လစာပုံမှန်မပေးတာတွေ၊ အလုပ်သမားတစ်ယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးဆုံးရှုံးနေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေကို တိုင်တဲ့ လူတွေကို အလုပ်ဖြုတ်မယ်လို့လည်း ပြောပါတယ်၊ ဒီလို လုပ်မယ်ဆိုရင်တော့ သူတို့ဘက်က မရိုးသားလို့ပဲ"ဟု မြန်မာအလုပ်သမားတစ်ဦးမှ ပြန်ပြောပြသည်။

အဆိုပါ အထည်ချုပ်စက်ရုံတွင် အလုပ်သမားစာချုပ်အသစ် ပြန်လည်ချုပ်ဆိုရန်အတွက်ဟု အကြောင်းပြကာ စက်ရုံအား ပိတ်ထားသည့်အတွက် အလုပ်ပိတ်စဉ်ကာလအတွင်း အလုပ်သမားများ၏ စားဝတ်နေရေးကို လုံးဝ တာဝန်မယူနိုင်ကြောင်း မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner က စက်တင်ဘာလ ၁၀ ရက်နေ့က ပြောလာသည့်အတွက် တာချီလိတ်မြို့ရှိ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ" မှ မြန်မာအလုပ်သမားများ အတွက် အလုပ်ပိတ်နေစဉ်ကာလအတွင်း အဆင်ပြေစေရန် စားနပ်ရိက္ခာများကို ထောက်ပံ့ကူညီလျက်ရှိကြောင်း သိရသည်။

လုပ်အားခ ပုံမှန် မရရှိမှုအပြင် လုပ်အားခခေါင်းပုံဖြတ်မှုတို့နှင့် ကြုံနေရသော မြန်မာအလုပ်သမားများ၏ ကိစ္စအား စက်တင်ဘာလ ၃၀ ရက်နေ့တွင် သံရုံးမှ တာဝန်ရှိသူများက ထိုင်းနိုင်ငံ ချင်းရိုင်းတွင် တွေ့ဆုံဆွေးနွေးကြမှာဖြစ်ကြောင်း သိရှိရသည်။


 .. www.MyanmarExpress.net
 

2 comments:

1-LOT OF PEOPLE NOT UNDERSTAND AND
DISREGARD THE WORKERS/EMPLOYEES
PROBLEMS.
2-WORKERS UNIONS ARE TOO STRONG AND TAKING UNFAIR ADVANTAGES DURING AFPFL =ANTI FACIST PEOPLE FEDERATION LEAGUE GOVERNMET="FA SA PA LA GOVERNMENT."
3-FROM THE YEAR 1962 ONWARD UP TO 2010
WORKERS RIGHTS WERE NEARLY ZERO INSIDE COUNTRY BUT ALSO VERY BAD IN ALL FOREIGN COUNTRIES.WORKERS/EMPLOYEES COULD NOT
GET ANY HELP FROM ANYBODY IN
FOREIGN COUNTRIES.
4-WORKERS/EMPLOYEES LOSS JOB,LOSS PAY,LOSS BENEFIT,BUT JUST GET THE MINIMUM
WAGES IN ALL FOREIGN COUNTRIES.
5-NO BODY WAS BEHIND THE WORKERS.
6-SOME OCCASION WORKERS WERE FORCE TO SENT HOME WITH WRONG ACCUSATION.
7-WE ENCOUNTERED THOSE PROBLEMS FROM
HONGKONG COMPANIES,JAPANESE COMPANIES,SINGAPORE COMPANIES,
MALAYSIAN COMPANIES EC...
8-WORKERS WERE NOT ONLY MISTREAT BY FOREIGN COMPANIES BUT ALSO WORKERS WERE FACING SOME KINDS OF ACTIONS FROM
GOVERNMENT DEPARTMENTS BECAUSE THOSE
COMPANIES SENT THE FALSE REPORT TO GOVERNMENT DEPARTMENT.
9-ON THOSE BLACK DAYS SOMETIMES FOREIGN
COMPANIES FIRE THE WORKERS WITHOUT REASON AND SENT HOME UNDER GUARD OF
POLICE AND IMMIGRATION TO THE AIRPORT AND NOT EVEN ALLOW TO GO FREE TO SEEK
JOB IN ANOTHER COMPANY.
10-ON THOSE DAYS THE VALIDITY OF PASSPORT
WAS JUST TWO YEARS WITH ALLOW TO TRAVEL
TO ONE COUNTRY ONLY AND FACING TOO MUCH
PROBLEM WITH IMMIRATION AUTHORITES IN ALL ENTRY PORTS AND COULD NOT GET ANY HELP FROM ANY EMBASSY AND LOOK LIKE THEY WERE NOT\ AUTHORIZED TO DO ANYTHING FOR PASSPORT HOLDERS.BUT ONE THING IS GOOD TO TRAVEL ALL ARSEAN COUNTRIES WITHOUR
VISA REQUIREMENTS BUT WE NEED "SHOW MONEY AND RETURN AIR TICKETS".ALL PASSPORT PAGES WERE FULLY STAMPED AND NO PAGES LEFT AND COULD NOT GET A REPLACEN=MENT PASSPORT FROM EMBASSIES.
10--AFTER 2010 WE HAVE NEW DEMOCRATIC
GOVERNMENT CHANGED POLICIES AND GIVING
HELPS TO WORKERS INSIDE THE COUNTRY AND
THE FOREIGN COUNTRIES.
11-NOW A DAY OUR WORKERS/EMPLOYEES
WORKING CONDITION MUCH IMPROVE THEN BEFORE BUT WE STILL NEED TO PROTECT OUR
WORKERS.
12-NOW A DAY OBSERVE MANY POLITICIANS
AND PARTIES ARE PLAYING POLITICAL GAMES
BY USING WORKERS AS PAWNS IN CHESS GAMES.
13-WE ALWAYS ENCOUNTER GOOD PEOPLE
AND DIRTY PEOPLE IN OUR LIFE TIMES.
14-ALL WORKERS SHOULD HAVE AN UNION TO
REPRESENTING FOR FAIR AND JUST ISSUE
BUT WE MUST NOT ALLOW TOO STRONG UNION
BECAUSE THEY WILL DEMAND TOO MUCH AND
PLAYING POLITICAL GAMES AND GIVING PRESSURE TO THE EMPLOYERS AND GOVERNMENT AUTHORITY AND ALSO MAKE
THE EXTRA BURDEN TO OUR GENERAL PUBLIC.
ALL EMPLOYERS/BUSINESS OWNERS WILL PASS
DOWN THE ALL EXTRA PAYMENTS TO WORKERS AND EXTRA EXPENSES TO OUR GENERAL
PUBLIC AND CONSUMERS.
15-THANK TO OUR GOVERNMENT AND THE
PEOPLE HELPING OUR WORKERS.
16-IT WILL BE MUCH BETTER IF ISSUE TEN YEARS PASSPORT INSTEAD OF FIVE YEARS.

I have said before NLD and Daw San Dar Min and even Daw Su are numskulls.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်