Subscribe to our RSS Feed

Eleven Daily သတင်းစာကရေးခဲ့တဲ့ လူတွေက ရုးပြီးဖြစ်နေကြတယ်ဆိုတဲ့စကား ကျွန်တော်မပြောခဲ့

From : ..hot news



.
ပြီးခဲ့သည့်စက်တင်ဘာ(၁၅)ရက်နေ့ က နေပြည်တော်ပြည်ထောင်စု လွှတ်တော်၌ ကျင်းပသော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက အခမ်းအနားပြီးချိန်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ သတင်း ထောက်တစ်ဦး၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်စပ်လျဉ်းသည့် မေးခွန်းကို ဦးဋ္ဌေးဦးကပြန်လည်ဖြေကြား ရာတွင် ““လူတွေပြင်ချင်တယ်ဆိုတာမယုံ ဘူး။ လူတွေကရူးပြီးဖြစ်နေကြတာ”” ဟု ပြောကြောင်း Eleven Daily   က ရေး သားဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍လူ ထုကြားနှင့်အင်တာနက်စာမျက်နှာများ၌ ဝေဖန်မှု ရှိမှုများအပေါ် ဦးဋ္ဌေးဦးကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက် ပြီး သတင်းထောက်တစ်ဦးရဲ့ မေးမြန်း ချက်ကို ဖြေကြားခဲ့ရာမှာ လူတွေကရူး ပြီး ဖြစ်နေကြတာပါဆိုတဲ့ စကားနဲ့ပတ် သက်ပြီး ဝေဖန်မှုအချို့ရှိနေပါတယ်။ အဲဒီ အပေါ် ဘာများပြောချင်ပါသလဲ ခင်ဗျာ။

အဲသလိုမျိုး ကျွန်တော်ပြောခဲ့တာ မှန်ရင်တော့ ပြည်သူတွေအတွက် တကယ်ကိုစိတ်ဆိုးစရာပေါ့ဗျာ။ ဘာလို့ ဆိုတော့ ဒီစကားက ပြည်သူတွေကို စော် ကားသလိုမျိုးသက်ရောက်သွားတာကိုး။ ဒီကပြည်သူတွေရဲ့ခံစားချက်အနေနဲ့ပေါ့ နော်။ သို့သော်လည်းပဲ ကျွန်တော့်အနေ နဲ့ ပြည်သူတွေကို စော်ကားလိုတဲ့သဘော နဲ့ ပြောခဲ့တာမျိုးလုံးဝမရှိပါဘူး။ ခု သတင်းစာတစ်စောင်က ရေးထားသလို  လည်း ကျွန်တော်မပြောခဲ့ပါဘူး။ ပြောခဲ့ တာမှန်ရင်တော့ တကယ်စိတ်ဆိုးစရာပါ။ ကျွန်တော့်အနေနဲ့ ဒီလိုမျိုးအသုံးအနှုန်း သုံးခဲ့သလား၊ မသုံးခဲ့ဘူးလားဆိုတာ အဲ ဒီနေ့သတင်းစာရှင်းလင်းပွဲကို တက် ရောက်သတင်းယူတဲ့ သတင်းထောက်အ ပြင် ဖမ်းယူထားရှိတဲ့အသံဖိုင်တွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ မိဘပြည်သူတွေရဲ့ အခန်းကဏ္ဍအပေါ် စော်ကားတဲ့ သဘောမျိုးသက်ရောက်တဲ့ အဲလိုစကားမျိုး လုံးဝမပြောခဲ့ပါဘူး။ ဒါကို ပြည်သူတွေကို သိစေချင်ပါတယ်။

နောက်တစ်ခုက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟာ နိုင်ငံရဲ့ အရေးပါတှဲျုျ့ကန တစ်ခုအနေနဲ့ ဖြစ်နေ တဲ့ ခုလိုကာလမျိုးမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူတွေပြင်ချင်တယ်ဆိုတဲ့ စကားအပေါ် မယုံကြည်ဘူးလို့ ပြော တယ်ဆိုတဲ့အပေါ် ဝေဖန်မှုအချို့ရှိလာတဲ့ အပေါ်မှာရော ဘာများပြောချင်ပါသလဲ။

ပြည်သူတွေထက်စာရင် ဖွဲ့စည်းပုံ အခြေခံ(၂၀၀၈)ကိုလေ့လာပြီး ပြင်ဆင် လိုသော အဖွဲ့များရှိမယ်။ ပြီးရင် သူတို့က  မတည်မယ်။ အဲသလိုမျိုးသူတို့ရဲ့ မတည် မှုနဲ့ပြင်ဆင်ရေးဆိုတာကို လုပ်မှာပေါ့ဗျာ။ ပြည်သူတွေကနေစပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်မယ်ဆိုတာမျိုးကိုတော့ ကျွန်တော့်အနေနဲ့ မထင်ဘူး။ ပြည်သူ တွေကနေစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်ဆိုတာမျိုးကိုတော့ ကျွန်တော့် အနေနဲ့မထင်ဘူး။ သူတို့ကတကယ်ပြင် ချင်ရင်လည်း  အဲဒီလိုပြင်ဆင်လိုခြင်း အပေါ် မတည်ပြီး လုပ်ပေးရမယ့်အဖွဲ့ အစည်းတွေလိုဦးမှာပဲလေ။ ကျွန်တော် ဆိုလိုချင်တာက မိဘပြည်သူတွေရဲ့ အခန်းကဏ္ဍကို ဥပေက်္ခာပြုတဲ့သဘော မျိုးမဟုတ်ပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည် ရဲ့ အချုပ်အခြာဖြစ်တဲ့အတွက် အခြေခံ ဥပဒေပြင်ဆင်မှုအရေးမှာ ပြည်သူတွေ နားလည်သဘောပေါက်ပြီး ပါဝင်လာ စေဖို့ အသိပညာတွေပေးဖို့ ဘယ်လောက် အရေးပါပါသလဲ။

ခုနကပြောသလိုပေါ့ဗျာ။ ဖွဲ့စည်းပုံ ပြင်ဆင်မယ်လို့ ပြည်သူတွေက ပြော တယ်ဆိုတာကျွန်တော်တော့ မထင်ဘူး ဆိုသလိုပေါ့ဗျာ။ ပြောရရင်ဖြစ်လေ့ဖြစ် ထရှိတဲ့သဘောတရားအရ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကိုချပြ တာတို့၊ ရှင်းပြအသိပေးတာတို့လုပ်ဖို့  အရေးကြီးပါတယ်။  အရင်ကတည်းက လည်း ဒီသဘောပဲရှိခဲ့တာပါ။ ပြောရ မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ အတည်ပြုတော့မယ်ဆိုတုန်းကလည်း ကျွန်တော်တို့အနေနဲ့ ၀င်ပြီးရှင်းခဲ့ရတယ်။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဘယ်လို အချက်တွေပါတယ်။ ပြည်သူတွေရဲ့ အရေးပါမှုအခန်းကဏ္ဍတွေဘယ်လိုပါ တယ်။ နောက်ပြီးတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းပြည်ဖွံ့ဖြိုး တိုး တက်အောင် ဘယ်လိုလုပ်သွားနိုင်တယ် စသဖြင့် လိုက်ရှင်းပြရတယ်။ အဲဒီလို ရှင်းပြတဲ့အခါ ပြည်သူတွေကသဘော ပေါက်ပြီး သူတို့ရဲ့ဆန်္ဒအတိုင်း မဲပေး ကြတာပေါ့ဗျာ။ အဲဒီသဘောမျိုးပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမျိုးသားညီလာခံမှာ လုပ်တုန်းကလည်း သတင်းစာထဲမှာရော၊ ရေဒီယိုထဲမှာရော ကြေညာခဲ့တယ်။ သို့သော်လည်းပဲ လူထု အနေနဲ့ သိပ်သတိမထားမိကြဘူး။ သတိ မထားမိကြဘူးဆိုတာကလည်း ပြည်သူ တွေအနေနဲ့ သူတို့ရဲ့စားဝတ်နေရေး အတွက် မိုးလင်းမိုးချုပ်လုံးပန်းနေကြရ တယ်။ အဲဒီလို လုံးပန်းနေရတယ်ဆိုတဲ့ အခါကြတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အသိပေးတာတွေကို သတိ မထားလိုက်နိုင်ကြဘူးလေ။ ၂၀၀၈ တုန်း ကလည်း ပြင်သူတွေအနေနဲ့ သူတို့ကို ရှင်းပြခဲ့တဲ့အပေါ် မူတည်ပြီး သူတို့ရဲ့ ယုံ ကြည်ရာအတိုင်း ဆန်္ဒမဲပေးခဲ့တာပဲလေ။ ဒါကြောင့် ခုလည်း ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထု ကို လိုက်ရှင်းပြမှာဖြစ်မှာပေါ့။ လိုက်မရှင်း ဘဲ ပြည်သူတွေကစပြီး ပြင်ချင်တယ်ဆို တာကိုတော့ မယုံကြည်ဘူး။

ဒီမိုကရေစီနေ့သတင်းစာရှင်းလင်းပွဲမှာ မီဒီယာကဖော်ပြခဲ့သလို မပြောခဲ့ဘူး လို့ဆိုတဲ့စကားနဲ့ပတ်သက်ပြီး ပါတီအနေ နဲ့သော်လည်းကောင်း၊ လွှတ်တော်အနေ နဲ့သော်လည်းကောင်း တစ်စုံတစ်ရာ သောရှင်းလင်းမှုတွေလုပ်သွားဖို့ အစီ အစဉ်ရှိပါသလား။

ကျွန်တော့်အနေနဲ့ ဒီစကား လုံးဝ မပြောခဲ့ဘူး။ ကျွန်တော့်အနေနဲ့ကလည်း ပြည်ခိုင်ဖြိုးပါတီမှာလည်း ဒုတိယဥက္ကဋ္ဌ ဖြစ်တယ်။ နောက်ပြီးတော့ အဲဒီအပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဗဟိုကော်မတီမှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တော့ ကျွန်တော်မပြောဘဲ ပြောသလိုရေးသားတဲ့သတင်းကြောင့် ပါတီကိုလည်းထိခိုက်တယ်။ ကျွန်တော့် အတွက်လည်း ထိခိုက်တယ်။မိဘပြည်သူ တွေရဲ့အမြင်မှာလည်း ကျွန်တော့်အပေါ် ကို တစ်မျိုးထင်မြင်ပြီး စိတ်ဆိုးသွားနိုင် တယ်။ သတင်းမီဒီယာတွေနဲ့လည်း ကျွန်တော့်အနေနဲ့ ခင်မင်နေကြတာပဲ လေ။ ဘာမှလည်း အကျယ်မကျယ် မလုပ်လိုပါဘူး။ သို့သော်လည်းပဲ ကျွန်တော်မပြောတာကို ပြောသလို ရေး ခဲ့တဲ့ သတင်းထောက်အနေနဲ့ကတော့ ၀န်ခံချက်ပြန်ထည့်ပေးရမှာပေါ့။ ကျွန်တော်မပြောခဲ့တာကို မှားယွင်းစွာနဲ့ ရေးသားဖော်ပြခဲ့မိတယ်ဆိုတဲ့အကြောင်း ပေါ့နော်။ ဆိုလိုချင်တာက အမှန်တရား အတိုင်း ပြန်ထည့်ပေးဖို့ပေါ့ဗျာ။ ဒီကိစ္စ ကို နောက်ပြီးတော့ လွှတ်တော်ကနေဆို လည်း ကော်မတီအတွင်းရေးမှူးကပြန်ပြီး ပြောနေပါပြီ။ ကြားတာတွေတော့ရှိ တယ်။ သတင်းထောက်နဲ့ပတ်သက်ပြီး အရေးယူပါ့မယ်တို့၊  မှားတဲ့အကြောင်း ပြန်ပြီး ထည့်ပေးပါမယ်တို့ပေါ့ဗျာ။ ကျွန်တော်ဖြစ်စေချင်တာကလည်း မှား ပြီးရေးတယ်ဆိုတဲ့အကြောင်းကို ပြန်ပြီး ရှင်းပေးဖို့ပါပဲ။

နောက်ဆုံးအနေနဲ့ ဒီလိုပျံ့နှံ့စကား တွေ၊ သတင်းတွေနဲ့ ပတ်သက်ပြီး လူထု ကို တစ်စုံတစ်ရာပြောလိုတာများရှိပါ သလား။

ကျွန်တော်တို့တွေဟာ မိဘပြည်သူ တွေရဲ့ဆန်္ဒပေးတာဝန်အပ်နှင်းမှုနဲ့ မိဘ ပြည်သူတွေရဲ့အကျိုးကို ထမ်းဆောင် သယ်ပိုးရမယ့်သူတွေပါ။ ဒီမိုကရေစီအုပ် ချုပ်ရေးခေတ်မှာ အရေးပါဆုံးဖြစ်တဲ့ မိဘပြည်သူတွေရဲ့ အခန်းကဏ္ဍကို လည်းလေးစားပါတယ်။ နောက်ပြီး တော့ ပြည်သူတွေကို မိဘနေရာမှာထားပြီး အလုပ်အကျွေးပြုရမှာပါပဲ။ ခုလိုမျိုး ပျံ့နှံ့နေတဲ့စကားကြောင့် မိဘပြည်သူ တွေရဲ့ အမြင်မှာလည်း တစ်မျိုးဖြစ်သွား စေနိုင်တယ်။နောက်ပြီးတော့ စိတ် လည်းကွက်သွားစေနိုင်ပါတယ်။တကယ် တမ်းတော့ကျွန်တော့် အနေနဲ့ကလည်း လူတွေကရူးပြီး လျှောက်ပြောနေကြ တယ်ဆိုတာမျိုး လုံးဝမပြောခဲ့ပါဘူး။ ဒါနဲ့ပတ်သက်ပြီး သတင်းသယ်ယူတဲ့ မီဒီယာတွေလည်း အားလုံးအသိပါပဲ။ ဒါကြောင့် တာဝန်ရှိတဲ့သူတွေအနေနဲ့ သတင်းမှားကြောင့်ဖြစ်လာတဲ့အပေါ် ပြန်ပြီးအမှန်အတိုင်းဖြေရှင်းပေးဖို့လိုမယ်။

 
. www.MyanmarExpress.net
  

1 comments:

1-THE BEST THING IS ALWAYS KEEP VOICE
RECORDING FOR SELF PROTECTION.
2-NOTICED MANY MEDIA MAKE UP DIFFERENT STORY AFTER THE NEWS CONFERENCE AND
INTERVIEWS.
3-NOW A DAY ALL LEADERS HAVE TO TALK
WITH MEDIA DIRECTLY ONE ON ONE PLUS
ONE AGAINST THE WHOLE GROUP OF MEDIA.
IT MAKES OUR LEADERS ARE MORE CAREFUL
AND IMPROVING WITHIN THIRTY ONE MONTHS.
MEDIA ARE ALSO IMPROVING BUT STILL MADE
LOT OF MISTAKES.
4-NORMALLY MEDIA ARE WELL PREPARED
HOME WORK/OFFICE WORK; HOW TO DIG DEEPER INFORMATION AND MEANING.
THEY SET UP IN SUCH A WAY TO FIND FAULTS
AND COMMITMENTS.
5-MAY WE SUGGEST NOT TAKE BIAS QUESTIONS; AND MAKE RECORD STRAIGHT
FROM THE VERY BEGINNING.
6-NOTICED NEARLY ALL MEDIA INTERVIEWING
WITH SANGAHDAWS AND SAYADAWS WITH BIAS
QUESTIONS AND TRYING TO CREATE THE
FALSE STORY INTO RIGHT STORY AS THEY LIKE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်