Subscribe to our RSS Feed

အရက်၊ ဘီယာ ဖြန့်ဖြူးနေသည်ဟု သတင်းပေးမှုအရ GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့အဖြစ် ထပ်မံရှာဖွေရာတွင် နိုင်ငံခြားဖြစ် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် စစ်ဆေးတွေ့ရှိ

From : ..emg


အရက်၊ ဘီယာများ ဖြန့်ဖြူးနေသည်ဟု သတင်းပေးထားသော GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့အဖြစ် စက်တင်ဘာ ၁၉ ရက်က ထပ်မံရှာဖွေရာတွင် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေရခြင်းမှာ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်းနှင့် ပိုက်များအား အဓိကထား တင်သွင်းဖြန့်ဖြူးနေသည်ဟု ဆိုထားသော GMG ကုမ္ပဏီမှာ အရက်နှင့် ဘီယာများ တင်သွင်းဖြန့်ဖြူး နေသည်ဟု စက်တင်ဘာ ၁၇ ရက်က သတင်းပေးပို့မှု တစ်ခုရရှိပြီးနောက် Mobile Team အဖွဲ့မှ ၀င်ရောက်ရှာဖွေရန် စက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်မှစ၍ ၎င်းစက်ရုံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအဖွဲ့တွင် Mobile Team မှ တာဝန်ရှိသူများ၊ အကောက်အခွန်မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များနှင့် ခရိုင်ရဲတပ်ဖွဲ့အဆင့်နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့မှ စုစုပေါင်း အင်အား ၄၀ ခန့်ဖြင့် ရှာဖွေခဲ့ကြောင်း သိရသည်။

ရှာဖွေရေး အဖွဲ့များမှ စက်တင်ဘာ ၁၈ ရက်တွင် ဂိုဒေါင်တစ်လုံးသာ ရှာဖွေစစ်ဆေးနိုင်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင်မူ ကုမ္ပဏီရှိ ဂိုဒေါင်များအားလုံးကို စစ်ဆေးနိုင်ခဲ့ရာတွင် ခြောက်ခုမြောက် စစ်ဆေးခဲ့သော ဂိုဒေါင်၏ အနောက်ဘက်တွင် အရက်ပုလင်းဟောင်းများကို တွေ့ရှိခဲ့ကြောင်း Mobile Team အဖွဲ့မှ သိရသည်။

ရှာဖွေတွေ့ရှိခဲ့သော အရက်ပုလင်း ဟောင်းများအား ခြင်းများနှင့် ဖာတောင့်များအတွင်း ထည့်ထားသည်ကို တွေ့ရှိရပြီး အိန္ဒိယနိုင်ငံထုတ် Tiger တံဆိပ်ပါပုလင်း အလုံး ၆၀၊ ပုလင်းပြား ၃၈၂၉၆ ပြားနှင့် Bonus ၀ီစကီ အမည်ဖြင့် ပုလင်း ၂၀ ကျော်ခန့် ဖြစ်ကြောင်း သိရသည်။

''ဒီအချက်အလက်တွေကို အထက်ကို တင်ပြသွားမယ်။ ပြီးမှဘာဆက် လုပ်သွားမယ်ဆိုတာ သိရှိနိုင်မယ်'' ဟု Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းအရက် ပုလင်းများမှာ မိမိတို့ တင်သွင်းခြင်း မဟုတ်ကြောင်း၊ လွန်ခဲ့သော နှစ် ၂၀ ခန့် ကတည်းက အရက်ပုလင်းများအား ကုမ္ပဏီတစ်ခုမှ လာရောက် အပ်နှံထားခြင်း ဖြစ်ကြောင်း GMG ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူထံမှ သိရသည်။

လက်ရှိတွင် GMG ကုမ္ပဏီ၏ ပစ္စည်း အထုတ်၊ အသွင်းအား ကန့်သတ်ထားပြီး Mobile Team၊ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးဌာနများနှင့် စုစည်းပြီး လုံခြုံရေးယူ ထားကြောင်း သိရသည်။

Mobile Team ရှာဖွေတွေ့ရှိခဲ့သော အရက်ပုလင်းများအား တွေ့ရစဉ်


.. www.MyanmarExpress.net
 

6 comments:

1-GOVERNMENT SET UP DIFFERENT DEPARTMENT TO
DO DIFFERENT DUTY BUT DUE TO SOME REASON BUT
IT IS NOT EFFECTIVE AS EXPECTED.
2-LOOK LIKE PRACTICING A GROUP INVOLVING MANY
DEPARTMENTS TO WORK AS A SPECIAL COMMITTEE.
WHY WE NEED LIKE THIS? MAY BE TO PREVENT
BRIBERY AND CORRUPTION.
3-NEED TO ENFORCE THE LAWS AND MAKE ALL WORKING UNDER THE PROPER LAWS AND ORDERS.
4-NEED TO TRAIN OUR EMPLOYEES AND CIVILIAN
FOR CIVIC DUTY.

မသမာတဲ့နည်းတွေနဲ့ စီးပွားရှာနေသူအားလုံးကို ထိထိရောက်ရောက် အရေးယူပေးကြပါ ဒါမှသာ ဆင်းရဲချမ်းသာကွာဟမှုနည်းမှာပါ အဓိကအားဖြင့် မြန်မာပြည်မှာချမ်းသာနေတဲ့ တရုတ်အားလုံးနီးပါးရဲ့နောက်ကွယ်မှာ ဘိန်း သစ် ကျောက်စိမ်း KTV. စင်တင် စတဲ့ မှောင်ခို ငွေမဲတွေနဲ့ ချမ်းသာနေကြတာ စောက်အထင်ကြီးလေးစားအတုယူစရာ တစ်ခုမှမရှိဘူး မြန်မာပြည်မှာ မှောင်ခိုလုပ်ငန်းတွေနဲ့ အချောင်ချမ်းသာနေပြီး အချောင်လာလုပ်စားနေကြတာ သမာအာဇီဝနဲ့ချမ်းသာတဲ့ကောင် တစ်ကောင်မှမရှိဘူး တကယ်ကြိုးစားလို့ ချမ်းသာကြကြေးဆိုရင် မြန်မာတွေလည်း သမာအာဇီဝနဲ့ ကြိုးကြိုးစားစား လုပ်ကိုင်နေတဲ့သူတွေတစ်ပုံကြီးပဲဒါပေမဲ့ ဘာဖြစ်လို့ တရုတ်တွေလောက် မချမ်းသာတာလည်း အဖြေကရှင်းရှင်းလေးပဲ စာမတတ် ပေမတတ်ကောင်တွေက မြန်မာပြည်မှာ ဗိုလ်လာလုပ်နေတာ ရင်နာဖို့ကောင်းတယ် ဒီကောင်တွေက ပိုက်ဆံရှိတယ်ဆိုပြီး နေရာတကာတိုင်းမှာ အထက်စီးကနေပြီး ဖင်ခေါင်းကျယ်နေကြတာ ကိုယ့်နိုင်ငံလာနေပြီး မြန်မာလူမျိုးက. အနှိမ်ခံဘဝဖြစ်နေရတာ မြန်မာတွေက စောက်ပျင်းကြီး မကျိုးစားလို့မဟုတ်ဘူး ကျိုးစားလျက်နဲ့. အသိအမှတ်ပြုမခံရလို့ပဲ အစိုးရကိုယ်တိုင်က နိုင်ငံခြားသားမှ မျက်နှာသာပေးလို့သာ ကိုယ်မြန်မာတွေက သူများအောက်ရောက်နေရတာ သူများနိုင်ငံတွေမှာဆို သူ့နိုင်ငံသား သူ့လူမျိုးကိုပဲ ဦးစားပေးတာ မြန်မာနိုင်ငံတစ်ခုတည်းသာ သူများလူမျိုး ကြီးစိုးနေတာ ကမ္ဘာအနှံ့အပြားမှာ တရုတ်တွေပျံ့နှံ့နေတာပဲ ဒါပေမဲ့ အဲဒီနိုင်ငံတွေမှာ တရုတ်တွေချမ်းသာနေတယ်လို့ ဘယ်နှစ်ခါများကြားဖူးလို့လည်း တစ်ခြားနိုင်ငံတွေမှာဆို သူတို့တရုတ်တွေက အလုပ်သမားကျွန်အဆင့်လောက်ပဲရှိတာ ကြာလာရင် မြန်မာပြည်က တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်တော့ အရောက်မခံနိုင်ဘူး တာဝန်ရှိသူတွေ အလေးအနက်ထည့်စဉ်းစားဖို့ အချိန်တန်ပါပြီ

တရားမ၀င်ပစ္စည်းတွေဝင်လာလို့ရတာ တာဝန်ရှိတဲ့လူတွေရဲ့ မရိုးသားမှုတွေကြောင့်ပါ။
mobile team ကိုလည်း လူတွေနဲ့ဖွဲ့ထားတော့
ဘယ်လောက်ထိရောက်နိုင်မှာလဲ
တကယ်က မြို့ပေါ်က ဆိုင်ကြီး/ဆိုင်လေးတွေမှာ
ပေါ်ပေါ်တင်တင် ရောင်းနေတဲ့ အခွန်မဲ့ပစ္စည်းတွေကို
သိမ်းပြီး ရောင်းသူတွေကို အရေးယူလိုက်ရင် ရပြီ

အရမ်းမှန်တယ်ဗျ။တကယ်ရင်နာဖို့ ကောင်းတယ်။

မန္တလေးမြို့  ကျုံးအနောက်ဖက် လမ်း(80) မှာလည်း GMG company ရှိပါတယ်။ အဲဒီမှာလည်း ဒီလိုပါပဲဗျ

မှန် လိုက် တာ ဗျာ
ဒီနိုင် ငံ မှာ တိုင်းရင်းသားများ ရထိုက်တဲ့ မှတ်ပုံတင် တရုတ် ကုလား အစစ် နဲ့ အစပ်တွေ မှာရှိတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်