Subscribe to our RSS Feed

သတင်းထူး ကဏ္ဍ - ၂

၁။ ၂၀၁၀ ခုနှစ်မှာ မြန်မာ့နိုင်ငံရေးလောကရဲ့ အကြီးမားဆုံး နိုင်ငံရေးဆိုင်ရာ လုယက်မှုကြီး တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ တစ်ခြားဟာ လုတာ မဟုတ်ပါဘူး ခမောက်လု ကြတာပါ။ ထို လုယက်မှုက တစ်လ ကျော် ကြာမြင့်ခဲ့ပြီး ဦးခင်မောင်ဆွေ က ခမောက်ကို ရရှိခဲ့ပါတယ်။ ဖြစ်ပုံက ဒီလိုပါ အရင်တုန်းက ခမောက်ပါတီ၊ ခမောက်ပါတီ ဆိုပြီး နာမည်ကြီးဖို့ဒေါ်စုအပါအဝင် NLD က အမျိုးသမီးအားလုံးက ရေချိုးချိန်နဲ့ အိပ်ချိန်က လွဲပြီး ခမောက် ဆောင်းခဲ့ကြပါတယ်။ ထမင်းစားရင်တော့ ခမောက်မချွတ်ကြပါဘူး။ အိမ်ထဲရောက်တော့လဲ ခမောက်တွေ ကိုယ်စီနဲ့ပါပဲ။ အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို လုံးဝ လက်မခံပဲ NDF ပါတီက ရွေးကောက်ပွဲ ဝင်တဲ့အပြင် ခမောက် တံဆိပ် ကိုပါ ပါတီတံဆိပ်လုပ်ဖို့ ကြိုးစားချိန်မှာ လုပွဲပြီး စဖြစ်တော့တာပါပဲ။ တင်သွင်းလိုက်၊ ကန့်ကွက်လိုက်နဲ့။ နောက်ဆုံးတော့ ဦးခင်မောင်ဆွေတို့ NDF က အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီချိန်က စ ပြီး အရင်တုန်းက ထမင်းစားရင်တောင် ခမောက်မချွတ်တဲ့ ဒေါ်စုကြည်က အသက် ၆၅ နှစ် ကျော်မှ စိတ်ကောက်ပြီး ခမောက် လုံးဝ မဆောင်းတော့တာ အခုထိပါပဲ။



၂။ အခြေအနေယိုင်နဲ့ပြီး မျှော်လင့်ချက်မဲ့နေတဲ့ ရွေးကောက်ပွဲရှုံးပါတီများနဲ့ ဖွဲ့စည်းပုံတစ်ခုလုံး ရစရာမရှိအောင် ပျက်ပြားနေတဲ့ NLD တို့အနေနဲ့ အခုချိန်မှာ အလုပ်ကြီးကြီးမားမား တစ်ခု လုပ်ပြရင်း ပြည်သူလူထုဆီက ထောက်ခံမှုရဖို့ စဉ်းစားနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံတစ်ခုလုံး နတ်ရေကန်ထဲ ပြစ်ချသလို နေ့ချင်းညချင်း တိုးတက်အောင် လုပ်ပြဖို့ အစီစဉ် ရှိပေမယ့်လည်း အရည်အချင်းမရှိတာကြောင့် တစ်လ ကျော်ကြာချိန်အထိ ဘာမှဖြစ်မလာပါဘူး။ ပြည်သူလူထုကလည်း သတိထားမိစ ပြုလာပါပြီ။ ဒီတော့ အခြားပါတီများနဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တွေကိုပဲ ဦးစားပေးပြီး ပြောနေရပါပြီ။ ရွေးကောက်ပွဲရှုံးပါတီများကလည်း သပျစ်သီးကို မစားရတော့မှ ချဉ်တယ်ဆိုပြီး ဒေါ်စုကြည်ဖက်ကိုလှည့်ကာ ရွေးကောက်ပွဲ ကို ဝင်တုန်းက ဝင်ခဲ့ပြီး ရှုံးတော့မှ မတရားကြောင်းတွေ ပြောနေပါပြီ။ ခုလက်ရှိအနေအထားက ပါတီးရှုံးများရော ဒေါ်စုနဲ့ NLD နှစ်ဖက်လုံးအတွက် အကျပ်ရိုက်စေတာ အမှန်ပါပဲ။ ဒီတော့ ဘာမှမလုပ်တတ်မကိုင်တတ်ကို ဖြင်နေချိန်မှာ တစ်ဖက်ကို တစ်ဖက် သံသယလေးတွေနဲ့ ထောက်ခံ မြှောက်ပင့်နေကြပါတယ်။ တစ်ဖက်ဆီက ရလာတဲ့ မြှောက်ပင့်မှုတွေက ကိုယ့်အတွက် မကောင်းဘူးဆိုတာလည်း အချင်းချင်းသိနေကြပါတယ်။ ဒါပေမယ့်လည်း နည်းလမ်းမရှိတော့ ဘာမှမတတ်နိုင်ပါဘူး။ အစိုးရဖက်ကတော့ အစစအရာရာ ကြိုတင်ပြင်ဆင်ပြီးမှလုပ်ပြီး အမှားမခံသူဖြစ်သလို မှားတဲ့သူတွေကိုလဲ နားလည်ခွင့်လွတ်မှာမဟုတ်ပါဘူး။



၃။ ရွေးကောက်ပွဲ မဝင်ခင်တုန်းကတော့ ရွေးကောက်ပွဲကို ဝင်သင့်ကြောင်း အမျိုးမျိုး အမှန်ပြောကြ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို ဆန့်ကျင်ခဲ့ကြပြီး ရွေးကောက်ပွဲ ဝင်ပြီးမှ ရှုံးတော့ ပါတီအချို့ ၁၀၉၊ ၁၁၀ ဖြစ်နေရပါပြီ။ ဒါပေမယ့်လည်း ငါးမရ ရေးချိုးပြန်မယ်ဆိုတဲ့ မြန်မာ့နိုင်ငံရေး သမားတို့ရဲ့ အောက်တန်းစားစိတ်အတိုင်း မစားရတဲ့ အမဲကို သဲနဲ့ ပက်ကြတော့တာပါပဲ။ ရွေးကောက်ပွဲကို တရားမမျှတကြောင်း အမျိုးမျိုးပြောပြီး အပြင်ကနေ အမျိုးမျိုးဆဲနေကြပါတယ်။ ပြည်သူတွေရဲ့ ရွေးချယ်မှု မှန်ကန်တယ်လို့ ပဲ ပြောရပါလိမ့်မယ်။ အဲ့ဒီလို အောက်တန်းစား စိတ်ရှိတဲ့ ပါတီတွေနဲ့ အမတ်တွေကိုသာ ရွေးချယ်ပြီး နိုင်ငံတော် အာဏာပေးလိုက်ပါက မတွေးဝံ့စရာ.....။


၎။ အန်တီညု အန်တီညု ဆိုပြီး ဘုမသိ၊ ဘမသိ လူများရဲ့ အကြောင်းပြချက်မဲ့ အသားလွတ်အထင်ကြီး မြှောက်ပင့်မှုတွေအောက်မှာ ဒေါ်စုကြည်လည်း တော်တော် မြောက်နေပါပြီ။ အဲ့လို မြှောက်တဲ့လူများလေ၊ အမြှောက်ခံရသူက စိတ်ကြီးဝင်ပြီး မြင့်လာလေ ဒီမိုကရေစီနဲ့ အလှမ်းဝေးလေ ဆိုတာကို ဒီမိုကရေစီလိုလားသူတို့ သတိချပ်သင့်ဖို့ အချိန် ရောက်ပါပြီ....။ အသားလွှတ်မြောက်စရာမလိုပါဘူး၊ အထင်ကြီးစရာမလိုပါဘူး။ ပုဂ္ဂိုလ်ရေးအရ အထင်ကြီး၊ ချစ်မြတ်နိုးရင် သွားတွေ့ပါ။ တွေ့ဖို့ စောင့်နေပါတယ်။ အလာပဿလာပါ သွားပြောပါ။ အားနေပါတယ်။ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ရောရင်တော့ ၁၅ ပါး ပါ မှောက်သွားပါလိမ့်မယ်။ စိတ်ကြီးဝင်နေသူ အနေနဲ့လည်း အလုပ်နဲ့ ထိထိရောက်ရောက် လုပ်ပြဖို့ပဲ ကြိုးစားသင့်ပါတယ်။ ခေါင်းဆောင်နာမည်ခံပြီး သူများထက် ဆန်းသစ်တဲ့ အတွေးတွေမတွေးနိုင်ဘူး၊ ထိရောက်တဲ့ အလုပ်တွေမလုပ်နိုင်ဘူးဆိုရင်တော့ မလုပ်နိုင်တဲ့ အလုပ်တွေကို စွန့်လွှတ်ပြီး စောစာစီးစီးပဲ နှစ် ၃၀ ကျော်နေခဲ့တဲ့ အင်္ဂလန် ကိုပဲ ပြန်သင့်ပါတယ်။ ဘာမှမလုပ်ဘဲနဲ့ အထောက်အပံ့တွေ ညာမစားနေသင့်သလို ကိုယ့်ကို ဘုမသိဘမသိ ထောက်ခံနေသူတွေကိုလည်း ဖြေးဖြေးချင်း ညှင်းပြီး သတ်မနေသင့်ပါဘူး။


၅။ လက်တလော နာမည်ကြီး ဝီကီလိခ် က ဖွင့်ချလိုက်တဲ့ ထဲမှာ NLD က အဘိုးကြီးတွေက ပိုးသာကုန် မောင်ပို စောင်းမတတ်ဖြစ်ရကြောင်း၊ အမေရိကန် သံတမန်အနေနဲ့ ထုံးစံအတိုင်း အလွန်စိတ်ပျက်ရပါကြောင်း၊ အလွန်စိုးရိမ်မိပါကြောင်းတွေ ပါလာပါတယ်။ အခုဆိုရင် ဝီကီလိခ်လည်း ပိတ်သွားပါပြီ။ အပိတ်စောသွားတာ ကောင်းတယ်လို့ပဲ ပြောရမလိုဖြစ်နေပါတယ်။ တကယ်လို့များ နောက်ထက် ၄ လ လောက် ဆက်ပြီး ဖွင့်ချမယ်ဆိုရင် NLD က အဘိုးကြီးတွေတင်မဟုတ်ပဲ အဘွားကြီး အကြောင်းပါ စိတ်ပျက်ကြောင်းတွေ၊ အသက်ကြီးသလောက် အချိန်မစီးတဲ့အကြောင်းတွေ ပါလာမှာ သေချာပါတယ်။




၆။ ဝီကီလိခ် ကြောင့် အမေရိကန်အနေနဲ့ အရှက်ရစေတာကြောင့် ခုဆိုရင် ဆိုက်ဘာကျွမ်းကျင်သူ လူဆိုးများကို ဆိုက်ဘာ လုံခြုံရေးအတွက် တာဝန်ပေးထားလိုက်ပါပြီ။ နောက်တစ်ကြိမ် အင်တာနက်ပေါ်၌ ခုလို ရှက်ဖွယ်လိလိအဖြစ်အပျက်များ မဖြစ်စေရဘူး လို့လည်း တာဝန်ခံ ပြောရေးဆိုခွင့် ရှိသူများက ပြောကြားခဲ့ပါတယ်။ ဝီကီလိခ်ကြောင့် လက်တလောမှာ အမေရိကန် နဲ့ သံတမန်ဆက်ဆံရေးမှာ နိုင်ငံအားလုံးက သတိထားဆက်ဆံနေကြပြီး ယုံကြည်မှု ကင်းမဲ့နေကြပါတယ်။



၇။ အကျယ်ချုပ်ကနေ လွတ်ခါနီးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ဘာလုပ်မှာလဲဆိုတာ အားလုံး စိတ်ဝင်တစား နားစွန့်နေကြတုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က twitter သုံးချင်တယ် လို့ ပြောလိုက်လို့ ကျွန်တေယ်တို့တောင် အူတက်အောင် ရယ်လိုက်ရပါသေးတယ်။ twitter သုံးခြင်းက လက်တလော မြန်မာလူထုနဲ့ မြန်မာနိုင်ငံကြီးအတွက် သိပ်ကို အရေးကြီးနေလား၊ twitter သုံးခြင်းကြောင့် မြန်မာနိုင်ငံအနေနဲ့ ဘယ်လို တိုးတက်ပြောင်းလဲခြင်းတွေ ကြုံနိုင်လဲဆိုတာ မြန်မာအရေး ကျွမ်းကျင်သူတွေ၊ ၃ ယောက်ပေါင်း တစ်ဖွဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေက ပြောရေးဆိုခွင့်ရှိသူတွေ မဆွေးနွေးခဲ့သေးပါဘူး။ ဘာကြောင့် သုံးချင်တာလဲ ဆိုတာကိုတော့ သူမကိုယ်တိုင် လည်း မပြောသေးပါဘူး။ ဒါပေမယ့် စကားပြောပွဲတိုင်းမှာတော့ သူမ ကို ဝန်းရံကြပါလို့ အကြိမ်ကြိမ်ပြောနေပါတယ်။ ဒီတော့ twitter သုံးချင်တဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ စည်းရုံးရေးလုပ်ချင်လို့ပါ။ အမှန်တကယ် အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်အတွက် စည်းရုံးရေး အထူးလုပ်နေစရာမလိုပါဘူး။ ကိုယ့်ကို ထောက်ခံဖို့၊ ဝန်းရံဖို့ အကြိမ်ကြိမ်ပြောနေတာ၊ twitter သုံးပြီး follow me လုပ်နေတာက သိပ်ကို ညံ့ဖျင်းတဲ့ အပေါစား စည်းရုံးမှု တစ်ခုပါ။ ဒေါ်စုကြည်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ စကားပြောတိုင်းမှာ သူမကို ဝန်းရံဖို့ အမြဲပြောတာ နဲ့ twitter သုံးဖို့ စိတ်ကူးပေါက်တာ ဖြစ်ပါလိမ့်မယ်။



၈။ ဒေါ်အောင်ဆန်းစုကြည် (သို့) သူရဲနီ။ သရဲဆိုလို့ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲမကြီးလို့ မထင်လိုက်ပါနဲ့။ အမှန်က ဟုတ်ပါတယ်။ ဟုတ်ပါတယ်ဆိုတာ ဒီလိုပါ။ ယနေ့ မြန်မာလူမျိုးတို့ အများဆုံး ကြိုက်နှစ်သက်တဲ့ ကလပ် အသင်းကတော့ ပရီးမီးယားလိပ်ခ်က သူရဲနီခေါ် မန်ချက်စတာယူနိုက်တက် အသင်းပါပဲ။ မန်ယူ အသင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတွေ တူတာလဲ?? ဆက်ပြောပါမယ်။ လက်တလော မြင်နေရတာတွေပဲ ကြည့်ပါ။ နိုင်ငံရေးလောက၊ နိုင်ငံရေးစာမျက်နှာ နဲ့ နိုင်ငံရေး စကားဝိုင်းတွေမှာပဲ ကြည့်ပါ နိုင်ငံရေးစိတ်ဝင်စား၊ နားလည်တက်ကျွမ်းသူတွေ ထက် ဒေါ်စုကြည်ကို အားပေးထောက်ခံသူတွေက ပိုများနေပါတယ်။ အဲ့လိုပါပဲ အားကစားလောက၊ ဘောလုံးစကားဝိုင်းတွေနဲ့ အင်တာနက် စာမျက်နှာတွေမှာလဲ ဘောလုံးဝါသနာရှင်နဲ့ နာလည်သူတွေထက် မန်ယူအားပေးသူ ပရိတ်သက်တွေက ပိုများနေပါတယ်။ ဘောလုံးပွဲမှာ ကိုယ်ကြိုက်တဲ့ အသင်းမို့ နိုင်စေချင်တာ ပြဿနာ မဟုတ်ပေမယ့် နိုင်ငံရေးမှာတော့ ကိုယ်ကြိုက်တဲ့လူကို နိုင်စေချင်လို့ မဖြစ်ပါဘူး။ နောက်တစ်ခုက မန်ယူအသင်းကို အရင်က ကြိုက်ပေမယ့် သူ့ပရိတ်သက်တွေရဲ့ မလိုအပ်ပဲ အော်ကျယ်အော်ကျယ် လုပ်မှုတွေကြောင့် မန်ယူအသင်းကို မကြိုက်တော့သူတွေ ရှိသလို ဒေါ်စုကြည် ကို အားပေးထောက်ခံသူတွေရဲ့ မလိုအပ်ပဲ ဟောင်ဖွာဟောင်ဖွာ လုပ်မှုတွေကြောင့် ဘေးလူတော်တော်များများက အမြင်ကပ်နေကြပါပြီ။ မန်ယူအသင်းအနေနဲ့ လူမြင်ကပ်ခံရတာ ပြဿနာမဟုတ်ပေမယ့် နိုင်ငံ့ခေါင်းဆောင် လုပ်မယ့်သူတစ်ယောက်အနေနဲ့ ဘာမှတောင် မဘာရသေးဘူး လူမြင်ကပ်ခံရတာ သိပ်များနေရင်တော့ မကောင်းပါဘူး။ ဒီတော့ ဒေါ်စုကြည်ရဲ့ ပရိတ်သက်တွေအနေနဲ့ ဆင်ခြင်ဖို့လိုပါတယ်။ ဒါပေမယ့် တစ်ခု သတိထားဖို့က မန်ယူအသင်းအနေနဲ့ စပွန်ဆာ ကောင်းလို့ လူသစ်တွေ ထပ်ဝယ်နိုင်ပြီး အောင်ပွဲခံနိုင်ပေမယ့် ဒေါ်စုကြည်အနေနဲ့ စပွန်ဆာကောင်းတိုင်း လူသစ်ဝယ်ပြီး အောင်ပွဲခံလို့တော့ မရနိုင်ပါဘူး။


၉။ လွတ်လပ်မှုအတွက် ခုန်ချခဲ့တဲ့ ထူးဆန်းတဲ့ ပေါ်တင် အလှူခံမှုနဲ့ နာမည်ကြီးလာတဲ့ ဝေနှင်းပွင့်သုန်ခေါ် မွတ်စလင် ဦးမြအေး ရဲ့ သမီးဟာ ခုဆိုရင် ခုန်မချတော့ပါဘူး။ ကိုယ်ဝန်ရှိနေပြီလို့လည်း ယူကေ သတင်းရက်ကွက် တချို့မှာ ပြောနေကြပါတယ်။ ခုလောလောဆယ်တော့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အစိုးရက လွှတ်ထားတော့ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ဆန္ဒပြစရာ မရှိဖြစ်နေပါတယ်။ ဒီတိုင်းထိုင်နေပြန်ရင်လည်း ထောက်ပံ့ကြေးမရမှာ ကြောက်တာကြောင့် မြန်မာကို ဆန္ဒမပြတော့ပဲ တရုတ်ကို ဆန္ဒပြပါတော့တယ်။ ပြမှာပေါ့ သူလည်း မွတ်ဆလင်ကိုး။ ပုံမှာမြင်ရတာကတော့ ဒိတ်ဒိတ်ကျဲ ဝေနှင်းပွင့်သုန်က မြန်မာပြည်သူတွေနဲ့ မြောက်ကိုရီးယား ပြည်သူတွေအကျိုးအတွက် အင်္ဂလန်နိုင်ငံရဲ့ လမ်းတစ်နေရကနေ ဆိုင်းဘုတ်ကိုင်ပြီး အော်နေတာပါပဲ။ မြန်မာပြည်သူတွေနဲ့ မြောက်ကိုရီးယား ပြည်သူတို့အနေနဲ့ တရုတ်ဆီက အကူညီတွေနဲ့ တိုးတက်သွားရင် သူရဲကောင်း ဝေးနှင်းပွင့်သုန်ရဲ့ ကျးဇူးကို တစ်သက်မမေ့သင့်ပါ။


၁၀။ ဒီပုဂ္ဂိုလ်ကလည်း ဥပတိရုပ်ကို ကြည့်ရုံနဲ့ လေးစားဖို့ ကောင်းနေပါပြီ။ သူလည်း ဝေနှင်းပွင့်သုန်နဲ့ တစ်ဖွဲ့တည်းပါ။ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား ပြည်သူတို့အတွက် ယူကေ နိုင်ငံရဲ့ လမ်းပေါ်မှာ ပါးစပ်ဟ ပြီး ၅ မိနစ်တိတိ နေပြခဲ့တဲ့လူပါ။ အဲ့လို စွန့်စားမှုမျိုး မြန်မာပြည်သူတို့အတွက် ဘယ်မြန်မာ သူရဲကောင်းတွေမှ မလုပ်နိုင်ခဲ့ပါဘူး။ မြန်မာပြည်သူအားလုံးနဲ့ မြောက်ကိုရီးယား ပြည်သူအားလုံးအနေနဲ့ တရုတ်အကူအညီကြောင့် တိုးတက်အောင်မြင်မှုတွေ ရရှိတိုင်းမှာ အံ့သြောလေးစား အားကိုဖွယ် ယူကေရောက် မြန်မာ့နိုင်ငံရေးသမား တွေရဲ့ ကျေးဇူးကို မမေ့သင့်ပါ။



၁၁။ လက်တလော ဘလော့ပေါ်မှာ စစ်ကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဗွီဒီယိုရိုက်ပြလိုက်၊ စစ်ကြီး အတွန့်ရှည်ဖို့ အကူညီတွေ ပေါ်တင်တောင်းလိုက် လုပ်နေတဲ့ လေးစားအားကျဖွယ် ပဂ္ဂိုလ်များပါ။ ၈၈ ကျောင်းသား ဆိုတာ ဒါမျိုးတွေ လားလို့တောင် သံသရ ဝင်ဖို့ကောင်းသလို ၈၈ အရေးအခင်းက ဒီလို ပြည်သူကို ဒုက္ခပေးချင်သူတွေ များလို့ ဖြစ်လာတယ်ဆိုတာကိုလည်း သုံးသပ်မိဖို့ ကောင်းပါတယ်။ ဘလော့ပေါ်မှာ အလှူခံလို့ ရသမျှကို ထိုင်းနိုင်ငံထိ သွားပေးပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေကို ပေးတာတော့ မဟုတ်ပါဘူး။ စစ်ပွဲကြာရှည်ဖို့အတွက် စစ်တိုက်နေသူတွေကိုပဲ ပေးတာပါ။ အကြမ်းဖက်မှုနဲ့ စစ်ကို လိုလားတဲ့ ၈၈ ကျောင်းသားဟောင်းတွေနဲ့ ကုလားတွေကို မြန်မာပြည်သူတို့ အထူးသတိထားဖို့လိုပါပြီ။ တောမီးလောင် တောကြာင် လက်ခမောင်ခက်ဆိုတဲ့အတိုင်း တောမီး မလောင် လောင်အောင် ကြိုးစားနေကြပါတယ်။ လောင်လာပါက တောမီးကြောင့် ဒုက္ခရောက်သွားတဲ့ သတ္တဝါတွေ ကို မကယ်တဲ့အပြင် တောမီးကိုပဲ အတွန့်ရှည်အောင် လုပ်နေကြပါတယ်။ အဲ့ဒီလူတွေ လက်ထဲ အာဏာရောက်သွားပါက မတွေးဝင့်စရာ....။



၁၂။ အထူးသဖြင့် အမေရိကားရောက် မြန်မာများက အမေရိကားရဲ့ တိုးတက်မှုကို ပါးစပ်အဟောင်းသားနဲ့ အားကျပြီး တောသား မြို့ရောက်တဲ့ စတိုင်နဲ့ မြို့ကို ရူးသွပ်သွားကြသလို အမေရိကားကို ခင်တွယ် သွားကြပါတယ်။ အခြားနိုင်ငံရောက် မြန်မာများလဲ အတူတူပါပဲ။ တစ်ခုခု တွေ့တာနဲ့ ငါတို့နိုင်ငံမှာ ဒါမျိုးမရှိဘူး၊ အဲ့ဒါ အစိုးရမကောင်းလို့ ဆိုပြီး ဘာဖြစ်ဖြစ် အစိုးရကို အပြစ်တင်ကြပါတော့တယ်။ ကိုယ်တိုင်က လုပ်နိုင်ကိုင်နိုင် အရွယ်ကောင်းကြီးနဲ့ သူများနိုင်ငံ ကျွန်ခံကာ သူများအကျိုးလုပ်နေပြီး ကိုယ့်နိုင်ငံအကျိုး ကို အစိုးရက မလုပ်ဘူးဆိုပြီး အပြစ်တင်ပါတော့တယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးနဲ့ မြန်မာရဲ့ စီးပွားရေးကို နှိုင်းယှဉ်ဖို့ သတိရကြပေမယ့်။ အမေရိကန် နိုင်ငံတိုးတက်ဖို့ မြန်မာ ပညာတတ်တွေ အများကြီး လုပ်ပေးနေတာနဲ့ မြန်မာနိုင်ငံ မတိုးတက်ဖို့ အမေရိကန်က ပိတ်ဆို့ထားတာကိုတော့ သူတို့တွေ မေ့ချင်ယောင် ဆောင်နေကြပါတယ်။

၁၃။ ၂၀၁၀ နှစ်းဆန်းပိုင်းကတည်းက ပညာရှိ အတွေးအခေါ်ရှင် နိုင်ငံရေး သမားတို့ ခန့်မှန်းခဲ့တဲ့ ၂၀၁၀ မှာ လက်ရှိအစိုးရ ကျဆုံးမယ်ဆိုတဲ့ ခန့်မှန်းချက်တွေက ခုဆိုရင် နှစ်ကုန်ဖို့ ရက်ပိုင်း လိုတဲ့အထိ ဘာမှ ဖြစ်မလာပါဘူး။ လက်ရှိအစိုးရရဲ့ ထိုင်ခံက ပိုပြီးတော့တောင် ခိုင်မာလာပါသေးတယ်။ X2O, H2O, ၂၀၁၀ မှာ လက်ရှိအစိုးရ ကျဆုံးမယ် ဆိုတဲ့ အဓိပ္ပါယ် ကောက်ချက်တွေကို တွင်တွင် ကျယ်ကျယ်လုပ်ခဲ့ကြသူတွေကတော့ ခုချိန်မှာ မသိသလိုပဲ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ဆက်လက်ခန့်မှန်းတုန်းပါပဲ။


၁၄။ ၂၀၁၀ တုန်းက ဒေါ်စုကြည်က ဗူးသီးပေးလိုက်လို့ ဥာဏ်ကြီးရှင် နိုင်ငံရေးသမားတို့ အမျိုးမျိုး အဓိပ္ပါယ်တွေ ကောက်ပြီး အထိန်းအမှတ်လုပ်ခဲ့ကြပါတယ်။ ဘူးသံချပ်၊ ဘူးမဏ္ဏပ် နဲ့ ဗူးသီးကြော် ကြွေးတဲ့အထိ ပေါ တောတော နိုင်ခဲ့ကြဖူးပါတယ်။ ၂၀၁၀ မှာ အပေါဆုံး လုပ်ရက်လို့လဲ ပြောလို့ရပါတယ်။ အဲ့ဒီနောက် သူတို့လုပ်သမျှ ဘာမှလည်း ဖြစ်မလာပါဘူး။ ဘာလုပ်လုပ် မအောင်မြင်ခဲ့ကြပါဘူး။ ဒီတော့ ၂၀၁၁ မှာတော့ ဗူးသီးအစား ဒေါ်စုကြည်အနေနဲ့ လက်စွဲတော် ခရမ်းသီး ပေးလိမ့်မယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတို့က ခန့်မှန်းထားပါတယ် မြန်မာအတိုက်အခံများအနေနဲ့လည်း ခရမ်းလှုပ်ရှားမှုအတွက် သံချပ်များ ကြိုတင်တိုက်ထားကြပြီး ဖြစ်တယ်လို့လဲ နှစ်စဉ် ပေါတောတော သံချပ်များ သီဆိုလျှက်ရှိတဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ နိုင်ငံရေး သတင်းရက်ကွက်က ရပါတယ်။


သမိုင်းဝင်မယ့် လှုပ်ရှားမှု မှတ်တိုင်တစ်ခုပါပဲ။ အသက်တွေရလာပြီး ခလေးတွေ မွေးလာချိန်မှာ ခလေးတွေက ”ဖေကြီးက နိုင်ငံရေး သမားဆိုတော့ ဘယ်လှုပ်ရှားမှုတွေမှာ ဝင်ခဲ့လဲ” လို့မေးရင် သမိုင်းဝင် ဘူးလှုပ်ရှားမှုကြီးမှာ ဝင်ခဲ့တယ်လို့ ဖြေယုံပါပဲ။




၁၅။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အနေနဲ့ သံဃာတစ်ပါးကို ဆွမ်းလောင်းလှူချင်လို့ သော်လည်းကောင်း၊ ဆွမ်းကပ်ချင်လို့ သော်လည်းကောင်း ဘုန်းကြီးကျောင်း ကို သွားပြီး ရိုရိုသေသေ လျှောက်ထားရပါတယ်။ ခေတ်တွေ ဘယ်လောက် ပြောင်းပြောင်း ယဉ်ကျေးမှုတွေ ဘယ်လို ပြောင်းပြောင်း ဗုဒ္ဓဘာသာရဲ့ ဘာသာရေးနဲ့ ရိုသေကိုင်းရှိုင်းမှုက ဘယ်တော့မှ မပြောင်းပါဘူး။ ဒါပေမယ့် ဒီနေ့ ခေတ်မှာ မမြင်ဖူးတာ တော်တော်များများကို မြင်တွေ့နေရပါပြီ။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ပြန်ကြည့်နိုင်ပါတယ်။ ခုလည်း ဘုန်းကြီးများကို ဆွမ်းခံကြွဖို့ လမ်းဘေး သစ်ပင်တွေမှာ စာရွက်ကပ်ခေါ်တဲ့ အနေအထား ရောက်နေပါပြီ။

၁၆။ သံဃာ ဖြစ်ပြီး သံဃာ အလုပ်မလုပ်သူတွေကို နိုင်ငံရေးသမားတို့ အင်မတန် အထင်ကြီးလေးစားကြတဲ့အကြောင်းကို ပြောခဲ့ပြီး ဖြစ်ပါတယ်။ သူ့ သံဃာနဲ့ သူ့ ဒါရိကာမ နဲ့တော့ ဟုတ်နေတာပါပဲ။


၁၇။ နောက်ထပ် အတိုက်အခံတို့ လေးစားတဲ့ သူတွေကတော့ အနုပညာရှင်တွေက အနုပညာ အလုပ်မလုပ်တဲ့ သူတွေပါပဲ။ တစ်ဖြစ်သည်းတတ်တဲ့ ပရိတ်သက်နဲ့ အပိုလုပ်ပြချင်တဲ့ မင်းသားနဲ့တော့ တော်တော်လိုက်ပါတယ်။ အများကောင်းမှုဆိုတာ လူတိုင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ လုပ်နေကြတာပါပဲ။ ဒါပေမယ့် မုတ်ဆိပ်ဖြူတွေ အရှည်ကြီးထားရ၊ ဝတ်စုံဖြူကြီး မချွတ်ရနဲ့ လူတွင်ကျယ်လုပ်ချင်စိတ်တွေ သိပ်များလွန်းနေပါတယ်။ မွေးကတည်းက ခုလိုနေလာတယ် ဆိုရင်တော့ တစ်မျိုးပါ။ တစ်ချိန်က မင်းသားလုပ်ခဲ့၊ ကိုယ်ရည်သွေးခဲ့၊ မိတ်ကပ်တွေ လိမ်းခဲ့ပြီးမှ ခုမှ အတိတ်မေ့သလိုလို၊ ရွှေပျောက်သလိုလို လုပ်နေပါပြီ။ ကောင်းတာလုပ်တာလဲ လုပ်ပါ။ ကိုယ်နဲ့ သက်တူရွယ်တူ မင်းသား အားလုံး နုပျိုပြီး ကြည့်ကောင်းနေသလို အများကြီး ပြင်ဆင်ဖို့ မဆိုလိုပါဘူး။ သာမန်လူထဲက လူတစ်ယောက်လိုပဲ နေထိုင် ဝတ်စား လို့ရပါတယ်။ သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ် ဆိုရင် ပိုတောင် ကြည့်ကောင်းပါအုံးမယ်။ ဒါပေမယ့်လည်း ဒေါ်စုကြည်ကို ရူးသွပ်သူတိုင်းက တစ်ခု မဟုတ်တစ်ခုတော့ လွတ်နေကြတာပါပဲ။


၁၈။ နောက်ဆုံး တစ်ခုကတော့ မြန်မာ့အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက မွေးပြီး မြန်မာ စကား သင်ပေးထားတဲ့ မြန်မာလူမျိုး ဒေါ်အောင်ဆန်းစုကြည်က မြန်မာ မြန်မာလူထုအတွက် ပြောတဲ့ အင်္ဂလိပ်လို စကားတွေပါ။ မြန်မာလူထုကို ပြောချင်တဲ့ စကားတွေကို ဘာကြောင့် အင်္ဂလိပ်လို ပြောခဲ့လဲဆိုတာကိုတော့ ဘယ်လိုနားလည် စဉ်းစား ပေးရမှန်းကို မသိတော့ပါဘူး။


Myanmar Express

9 comments:

ပြောစမ်းဟဲ့ ပေါက်ကရ........
မင်းတို့ စစ်အစိုးရ နဲ့ စစ်တပ်ကလူတွေ တိုင်းပြည်အုပ်ချုပ်နေသ၍ မြန်မာပြည်ကြီးဘယ်တော့မှ တိုးတက်တာ မြင်ရမှာမဟုတ်ဘူး

မင်းလိုစီဘောက်တစ်ကာလိုက်အော်နေတဲ့ကောင်တွေ အများကြီးစုနေပြီးတော့ ဆဲဆိုလိုက်နိုင်ငံမကောင်းကြောင်း ပြောလိုက် ကိုယ့်ကဖြင့်စောက်ဖြစ်ရှိအောင် ဘာတစ်ခုမှမလုပ်ပေးသေးပဲနဲ့ ဥပမာ လမ်းခင်းတဲ့နေရာမှာ ကျောက်ခဲမပေးတာပေါ့ကွာ ကျန်တာတွေဆို မင်းအဆင့်နဲ့ဝေးနေမှာဆိုးလို့မပြောတော့ဘူး ဘာမှမလုပ်ပေးပဲ လုပ်နေတဲ့သူတွေကို မကောင်းပြောနေတက်တဲ့ကောင် တွေထက်တော့ အားလုံးအပြတ်အသတ်သာတယ်လို့တော့ထင်တယ်ကွာ သူများလုပ်တာ အကောင်းမမြင်ပဲနဲ့ လိုက်အော်မနေနဲ့ကွာ ကန့်လန့်ကောင်ဟိုမေ၇ာက်ဒီမေ၇ာက်ကောင်ေ၇................................ဟဟဟဟဟဟဟဟဟဟ :)

ထပ်ပြောပြန်ပြီပေါက်ကရ

ပြောစမ်းဟဲ့ပေါက်ကရ -------

နင်လားဟဲ့ပြောစမ်းပေါက်ကရ

(ပြောစမ်းဟဲ့ ပေါက်ကရ........
မင်းတို့ စစ်အစိုးရ နဲ့ စစ်တပ်ကလူတွေ တိုင်းပြည်အုပ်ချုပ်နေသ၍ မြန်မာပြည်ကြီးဘယ်တော့မှ တိုးတက်တာ မြင်ရမှာမဟုတ်ဘူး)ကွန့်မန့်လေးပေးထားတာလှတယ်နော်...
ဒေါ်စုအုပ်ချုပ်၇င်ရော တိုးတက်မှာသေချာလား...?????

... သတင်းထူးတစ်ခုပြောချင်ပါတယ် ... ၀ီကီလိခ်တော့ မဟုတ်ပါဘူး ... မြန်မာလိခ် ( မှတ်ချက် - ဘောလုံးပွဲစဉ်အကြောင်းမဟုတ် ) ...

ကိုဒေါ်လာစားတို့ အဖွဲ့ခမျာ သတင်းတွေလိုက်ရှာရနဲ့၊ စာတွေရေးရဲနဲ့၊ သတင်းတွေမရရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဟဲ့လုပ်ကြပါဦး သတင်းတွေရှာစမ်းပါဦးနဲ့ အချိန်တွေကုန် စိတ်ပင်ပန်း လူပင်ပန်းနေလိုက်ကြတာ၊ ဥပမာ NLD အဖွဲ့ကလူတွေကို ဝေဖန်ဖို့အရေး သူတို့ဘာလုပ်နေတယ် ဘာဖြစ်နေတယ် ဘယ်သွားနေတယ် သတင်းတွေယူ ၊ အကြောင်းအရာတွေစီ၊ စာတွေ ဘယ်လိုရေးရမလဲ စဉ်းစားပြီးရေးရတာနဲ့ အချိန်တွေကုန်နေလိုက်ကြတာ မနည်းပါဘူး ... ဘာပဲပြောပြော NLD က လူတွေကတော့ အချိန်မှန်စား၊ အချိန်မှန်အိပ်နဲ့ သာနေပါတယ် ... ဒေါ်လာစားတို့အဖွဲ့ခမျာတော့ ပင်ပန်းအချိန်ကုန်နေကြပါတယ် ... ကိုယ့်စာတွေကိုယ်ရေး ကိုယ့်ဟာကိုပြန်ဖတ် ကိုယ့်ဘာသာကိုယ် ကွန်မန့်တွေ ပြန်ပေးရနဲ့ ... ရယ်ရတယ်ဗျာ ...

ကျွန်တော်အစ်ကိုတစ်ဝမ်းကွဲက ဒေါ်လာစားတို့ရဲ့ဆိုဒ်မှာ သတင်းတွေတင်ဖို့အတွက် သတင်းကူရှာပေးတဲ့လူတစ်ယောက်ပါ ... အခုသူ့ကျွန်တော့်ကို ပြောပါတယ်၊ သူ့တို့အချိန်တွေ ကုန်တယ်တဲ့၊ ပြီးတော့ ထင်သလောက် ထိရောက်မှုမရှိဘူးတဲ့၊ ပြီးတော့ ဒီမိုဘက်ကလူတွေ စစ်အစိုးရအကြောင်းလာပြောရင်လည်း မှန်နေတာတွေကများတော့ မဟုတ်ဘူးဇွတ်ခံငြင်းနေရတာလည်း အရူးကြီးနဲ့တူတယ်တဲ့။ သူတော့ တဖြည်းဖြည်းစိတ်ကုန်နေတယ်တဲ့ပြောပါတယ်၊ သူတင်မကဘူး တစ်ခြားလူတစ်ချို့လည်း စိတ်ပျက်နေကြတယ်ပြောပါတယ်၊ အရည်မရ ၊ အဖတ်မရ၊ လူတိုင်း စစ်အစိုးရမကောင်းပါဘူးကို သိနေကြရဲ့သားနဲ့ ကောင်းပါတယ်လို့ လျှောက်ရေးနေရတာလည်း အလကားသက်သက် အချိန်တွေလိုက်ဖြုန်းနေတာလို့ပြောပါတယ်၊ ကျွန်တော့်အစ်ကိုတစ်ဝမ်းကွဲ အပါအ၀င် လူတစ်ချို့က ဆက်မလုပ်ချင်ကြတော့ပေမဲ့ ဒီဒေါ်လားစားဆိုဒ်ရဲ့ admin လို့ပြောရမယ့် ဦးဆောင်လုပ်နေသူကို အားနာလို့ ဘာမှသိပ်မပြောကြသေးပါဘူးတဲ့ ...

ကဲ ဒါဝီကီလိခ်တော့ မဟုတ်ပါဘူး၊ မြန်မာလိခ်ပါ၊
ကျွန်တော်အစ်ကို့ရဲ့နာမည်နဲ့ တစ်ချို့လူတွေရဲ့နာမည်ကိုတော့ မပြောတော့ပါဘူး... တစ်ယောက်နဲ့တစ်ယောက် ထသတ်နေကြမှာစိုးပါတယ် ...

( ဒေါ်လာစားရေ အရိပ်အမြွက်တော့ ပြောချင်ပါတယ်၊ ကျွန်တော့်အစ်ကိုဝမ်းကွဲနာမည်က နာမည် သုံးလုံးနဲ့ပါ၊ ပြီးတော့ သူမှန်တယ်လို့ အဓိက ထောက်ခံတဲ့လူတွေကတော့ ခင်ဗျားရဲ့ချစ်ဘော်ဒါကြီး “ရ” နဲ့ပေါင်းတဲ့နာမည်ပါတဲ့လူနဲ့ “ထ” နဲ့နာမည်ပေါင်းတဲ့လူ ဖြစ်ပါတယ် ခင်ဗျာ... ကျန်တဲ့လူရှိပါသေးတယ်ခင်ဗျ ... သူများတွေကို ဘာဖြစ်တယ် ညာဖြစ်တယ် လိုက်မပြောခင် ကိုယ့်လူတွေ ကိုယ်အရင်ပိုင်အောင် စည်းရုံးပါဦးလို့ ပြောချင်ပါတယ်ခင်ဗျာ )

အပေါ်ကZZZဆိုတဲ့ကောင်ကစောက်ရူးလား
ကလေးအထာလေးနဲ့ဘာတွေလာကြောင်နေတာလဲဟ
မင်းတို့ဒီမိုငတုံးတွေကိုသွားပြောဟအဲ့အထာတွေ

ddos ကျွေးလိုက်၇မလား


အမှားများ၇င် လက်ေ၇းမလှတော့ဘူး ၊၊

စစ်တပ်ကို စော်ကားတဲ့ကောင်...မင်းမြေမျိုမယ်...
စစ်တပ်က မင်းအဖေဆိုတာ မြဲမြဲမှတ်ထား...
လမ်းဘေးက စည်းမရှိ/ကမ်းမရှိ စကားတွေလာပြောမနေနဲ့..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်