Subscribe to our RSS Feed

ဦးနှောက်ယိုစီးမှုလား၊ ဦးနှောက်ဖွံ့ဖြိုးမှုလား

w61113

ပြည်တွင်းက ပညာတတ်တွေ နိုင်ငံခြားထွက်သွားပြီး အလုပ်လုပ်ကြတာနဲ့ ပတ်သက်ပြီး အပြင် အယူအဆ အမျိုးမျိုး ရှိကြတယ်။ တချို့ကဒါဟာ ဦးနှောက်ယိုစီးမှု(brain drain) ဖြစ်တယ်။ ပညာသင်ကြားပေးခဲ့ရတဲ့ မိခင်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဘောထားကြတယ်။


ပိုဆိုးတဲ့ ပြဿနာ

ဦးနှောက်ယိုစီးမှုထက်ဆိုးတဲ့ ဦးနှောက်ခြောက်ခန်းမှု (braindry) ပြဿနာလည်း ရှိသေးတယ်လို့ ကိုယ်တိုင်လည်း ရေးခဲ့ဖူးတယ်။ ဆရာဝန် ဖြစ်ပြီး ဆရာဝန်မလုပ်ဘဲ ကုမ္ပဏီထောင် စီးပွားရေးလုပ်တဲ့အခါ၊ အထည်အလိပ် အင်ဂျင်နီယာဘွဲ့ရက သင်္ဘောသား သွားလုပ်တဲ့အခါ၊ ဘူမိဗေဒဘွဲ့ရက ဆေးကုမ္ပဏီရဲ့ ဆေးရောင်းသမား သွားလုပ်တဲ့အခါ သူတို့ သင်ယူခဲ့တဲ့ ပညာတွေ မေ့လျော့ ခြောက်ခန်းသွားပြီး အဟာသိကံ ဖြစ်ရတယ်လို့ ရေးခဲ့တာ ဖြစ်တယ်။

ဒီပြဿနာမျိုးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုပြီး အဖြစ်များတဲ့အတွက် တိုးတက်မှု နောက်ကျမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးလာတယ်လို့ ယူဆကြတယ်။ ကုလသမဂ္ဂ ညီလာခံကြီးတွေမှာ ဒီပြဿနာ ဖြေရှင်းရေး အ တွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမယ့် ဒီနေ့အထိ အဖြေရှာမတွေ့နိုင်ကြဘူး။ ချမ်းသာတဲ့ နိုင်ငံတွေက နိုင်ငံပေါင်းစုံရဲ့ အထက်မြက်ဆုံး ဦးနှောက်တွေကို အချောင်ရနေတဲ့အတွက် မှိန်းပြီး မသိချင်ယောင် ဆောင်နေကြတယ်လို့ စွပ် စွဲသံတွေလည်း ကြားရတယ်။


ကျွန်တော်တို့ အမြတ်တနိုး ဂုဏ်ယူဝင့်ကြွားနေရတဲ့ မြန်မာ့ ယဉ်ကျေးမှု အနုပညာရပ်များဟာလည်း ယိုးဒယား၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ယဉ်ကျေးမှု အနုပညာတွေနဲ့ ကူးလူးယှက်နွှယ် နေခဲ့ကြတာပဲ မဟုတ်လား။ ကမ္ဘာကြီးတစ်ခုလုံးဟာ ရွာကြီးတစ်ရွာလို ဖြစ်နေတဲ့ ဒီခေတ်ဒီအခါမှာ ကျွန်တော်တို့ချည်းသက်သက် တံခါးပိတ်နေလို့ မဖြစ်ပါဘူး . . .


လွယ်လွယ်နဲ့ ထွက်ခွင့်မပေး

ဒီနိုင်ငံမှာ ဘွဲ့ရတဲ့အထိ ပညာသင်ယူခဲ့ပြီးမှ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် နိုင်ငံမှာ နစ်နာတယ်လို့ မြန်မာဆိုရှယ်လစ်ခေတ်က ယူဆခဲ့တယ်။ အဲဒီယူဆချက်ကြောင့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားထွက်ခွင့် လွယ်လွယ်နဲ့ မပေးခဲ့ဘူး။ FRC ကိုင်ထားပြီး အပြီးပြန်တော့မယ့် ''ဖော်ဂွတ်'' (For Good) သမားတွေပဲ အသွားများတယ်။ မြန်မာလူမျိုးများ အတွက်တော့ လွယ်လွယ်နဲ့မထွက်နိုင်အောင် ဘွဲ့နဲ့ဒီပလိုမာအတွက် ပညာရေးလျော်ကြေး ကောက်ခံတဲ့စနစ် စတင်တီထွင် လုပ်ဆောင်ခဲ့ တယ်။ ဒီနေ့အထိ ဒီစနစ် ရှိနေသေးတယ်။ အဲဒီခေတ်မှာ အစိုးရကလွှတ်တဲ့ ပညာတော်သင်နဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တွေလောက်ပဲ နိုင်ငံခြား အသွားအလာ ရှိကြတယ်။ ဒီခေတ်လို ရှော့ပင်းထွက်တယ်ဆိုတာ ကြားတောင်မကြားဖူးကြဘူး။


ဝါးလုံးခေါင်းထဲက ထွက်ကြ

ပညာတတ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်တာဟာ နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှု မဟုတ်ဘူး။ အမြတ်တောင် ထွက်သေးတယ်လို့ ယူဆသူတွေလည်း ရှိတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက် အထူးလိုအပ်တဲ့ နိုင်ငံခြားငွေ ရှာ ပေးတာဖြစ်လို့ တားဆီးပိတ်ပင် မလုပ်သင့်ဘူးလို့ သူတို့ကဆိုတယ်။ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဟာ နိုင်ငံခြားသွား နိုင်ငံခြားက ပြန်ပို့တဲ့ နိုင်ငံခြားငွေ နှစ်စဉ် ဒေါ်လာ သန်းရာပေါင်းများစွာ ရရှိနေတာကို ထောက်ပြကြတယ်။ ကမ္ဘာရွာခေတ်မှာ ၀ါးလုံးခေါင်းထဲက ထွက်ကြပါလို့လည်း သူတို့က တိုက်တွန်းနှိုးဆော်ကြတယ်။


အရေးကြီးလိုလို

မကြာမီလေးကပဲ မန္တလေးက စာတစ်စောင်ရတယ်။ အငြိမ်းစားဘီအီး (စက်မှု)အင်ဂျင်နီယာကြီး တစ်ယောက်ဆီကပါ။ သူမြင်တဲ့''ဘရိန်းဒရိန်း''ကတော့ တစ်မျိုးဖြစ်တယ်။ အင်ဂျင်နီယာ ဘွဲ့ရပြီး အင်ဂျင်နီယာဆိုတဲ့ ရာထူးကြီး ယူထားပေမယ့် တကယ် လက်တွေ့ကျတော့ စာရင်းအင်းတွေ စာရွက်တွေ၊ အစီရင်ခံစာတွေနဲ့ပဲ အလုပ်ရှုပ်နေရတဲ့ စာရင်းကိုင်လိုလို၊ ရုံးအုပ်စာရေးကြီးလိုလို ဖြစ်နေတာကမှ အမှန်တကယ် ''ဘရိန်းဒရိန်း'' ဖြစ်တာပါတဲ့။


ဘရိန်းဂိန်း

နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် ပိုပြီး မျက်စိပွင့်နားပွင့် ဖြစ်လို့ ''ဘရိန်းဂိန်း'' (brain gain) ဖြစ်တယ်လို့ ပြောချင်ပါတယ်တဲ့။ ဆက်ပြီးသူက တိန့်ရှောင်ဖိန်ရဲ့လုပ်ရပ် ဆိုတဲ့ အကြောင်းတစ်ခု ပြောထားသေးတယ်။ တိန့်ရှောင်ဖိန် အာဏာပြန်ရ တဲ့အခါမှာ ပညာထူးချွန်တဲ့ လူငယ်တွေကို အမေရိကနဲ့ ဥရောပနိုင်ငံတွေဆီ ပညာသင်လွှတ်တယ်။ တခြားသူတွေက ဒီလူတွေပြန်မလာရင် ဘယ်လိုလုပ်မလဲလို့ မေးတော့ ကိစ္စမရှိပါဘူးလို့ ပြန်ဖြေတယ်။ လက်တွေ့မှာလည်း အတော်များများ ပြန်မလာဘဲ ဟိုနိုင်ငံတွေမှာ အလုပ်လုပ်နေကြပြီး တချို့က ဟိုနိုင်ငံသားအဖြစ်တောင် ခံယူလိုက်ကြတယ်။


ပါရဂူတွေအများကြီး

ဒါပေမယ့် တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလိုက်လို့ စီးပွားရေး တစ်ရှိန်ထိုး တိုးတက်သွားတဲ့ အခါကျတော့ အဲဒီလူတွေ အများကြီး ပြန်လာကြတယ်တဲ့။ အဲဒီထဲမှာ ပါရဂူဘွဲ့ရ ပညာရှင်တွေလည်း အများကြီး ပါလာတယ်။ တချို့ဆိုရင် နိုင်ငံခြားသားပညာရှင် (expatriate) အဖြစ် တရုတ်ကုမ္ပဏီကြီးတွေမှာ လခကောင်းကောင်းနဲ့ ၀င်လုပ်ကြသတဲ့။ ဒါတော့ ဟုတ်တယ်။ ရှစ်ဆယ်ခုနှစ်တွေ အတွင်းက FRC တပည့်တွေ အများကြီး အဲဒီအချိန်က တရုတ်(တိုင်ပေ)ကို ဖော်ဂွတ်ပြန်သွား ကြတယ်။ အခု ဒီဘက်ပိုင်း နှစ်တွေကျတော့ သူတို့ထဲက တချို့ဟာ ပေကျင်းတို့ ရှန်ဟိုင်းတို့မှာ ပြောင်းရွှေ့နေထိုင်ကြတာ တွေ့ရတယ်။


ယုံကြည်စိတ်ချမှုအပြည

မန္တလေးက အငြိမ်းစား အင်ဂျင်နီယာကြီးကတော့ ပညာတတ်တွေ နိုင်ငံခြား ထွက်သွားတဲ့အတွက် (၁) အတွေ့အကြုံနဲ့ ပညာအရည်အချင်း တိုးတက်တယ် (၂)မိသားစု စားဝတ်နေရေး ပြေလည်စေတယ်။ (၃)တိုင်းပြည်အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရစေတယ်။(၄) ထွက်သွားသူတွေနေရာမှာ နောက်လူတွေ အလုပ်ရလို့ အလုပ်လက်မဲ့ လျော့နည်းစေတယ်လို့ နံပါတ်စဉ်ထိုးပြီး ထောက်ခံအားပေးသွားပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်အိုးကိုယ့်အိမ်ကို အင်မတန်ခင် တွယ်တတ်သူတွေ ဖြစ်လို့၊ တစ်နေ့နေ့ကျရင် မြန်မာပြည်ကို ပြန်မလာဘဲ မနေပါဘူးလို့လည်း သူကယုံကြည်စိတ်ချမှု အပြည့်ရှိပါတယ်။
နိုင်ငံခြားထွက်သွားတဲ့ တပည့်တွေ ရာပေါင်းများစွာနဲ့ အဆက်အသွယ် မပြတ်တာကြောင့် ဒီအချက်ကိုတော့ သဘောတူတယ်။ တစ်နေ့မှာ သူတို့အားလုံး ပြန်လာကြမယ်ဆိုတာ စိတ်ချယုံကြည်တယ်။


နယ်ပယ်ကျဉ်းလွန်းလို့

နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဆရာ လုပ်ခဲ့ရာမှာ ကျောင်းသူ ကျောင်းသား အများစုက မြန်မာပြည်ပေါက် တရုတ်လူမျိုး ဖြစ်ကြတယ်။ တချို့ဆို တရုတ်စကားတောင် မတတ်ကြဘူး။ ဆိုရှယ်လစ် စကားလုံးတွေ လူတိုင်းရွတ်နေတဲ့ ခေတ်မှာ လုပ်ကိုင်စားစရာ နယ်ပယ်ကျဉ်းမြောင်းလွန်းလို့သာ သူတို့သွားကြတာ ဘယ်သူမှတော့ သွားချင်ကြတာ မဟုတ်ပါဘူး။ မြန်မာလူမျိုးစစ်စစ်တွေ မဆိုထားနဲ့ သူတို့လို မြန်မာပြည် ပေါက်တရုတ်တွေနဲ့ အိန္ဒိယသားတွေတောင် မြန်မာပြည်အကြောင်း ပြောရင် မျက်ရည်မ၀ဲဘဲ မနေနိုင်ကြပါဘူး။ အခွင့်သာတဲ့ တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။


ဘာကြောင့် သေချာတာလဲ

၉၀ ရာခိုင်နှုန်းလောက်ကို ပြန်လာမှာပါလို့တောင် ပြောရဲတယ်။ ဘာကြောင့် ဒါလောက် သေချာနေရတာလဲလို့ မေးရင် မြန်မာစကား မတတ်တဲ့လူတွေတောင် ပျော်လွန်းလို့ ကုတ်နဲ့ကော်ထုတ်တောင် မပြန်ချင်တော့တာတွေကို လက်ညှိုးထိုးပြလိုက် ချင်တယ်။ မြန်မာပြည်မွေး၊ မြန်မာပြည်မှာကြီးပြီး မြန်မာစကား တစ်မျိုးတည်းသာ ပြောတတ်သူတွေ ပြန်မလာဘဲ မနေနိုင်ပါဘူး။ ပြန်လာတဲ့အခါ တချို့ စုမိဆောင်းမိတာလေးတွေ ပိုက်ပြီး ပြန်လာကြမယ်။ တချို့က ပညာရှင်တွေ ပါရဂူတွေ ဖြစ်ပြီး ပြန်လာကြမယ်။ တချို့ ကျွမ်းကျင်လုပ်သားတွေ အဖြစ် ပြန်လာကြမယ်။ လက်ချည်းသက်သက် ပြန်လာဖူးသူလည်း ရှိနိုင်ပါတယ်။


ကူးလူးယှက်နွှယ်

ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ပဲ ပြန်လာလာ၊ တိုင်းပြည်အတွက်ကတော့ အကျိုးရှိတာပါပဲ။ ကမ္ဘာ့နိုင်ငံပေါင်းစုံက အမျိုးမျိုးအဖုံဖုံ ပညာရပ်တွေ၊ အတွေ့အကြုံ ဗဟုသုတတွေ လုပ်နည်းလုပ်ဟန်တွေ ဖြည့်ဆည်း ရယူနိုင်ပါတယ်။ ကျွန်တော်တို့ အမြတ် တနိုး ဂုဏ်ယူဝင့်ကြွားနေရတဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များဟာလည်း ယိုးဒယား၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ယဉ်ကျေးမှု အနုပညာတွေနဲ့ ကူးလူးယှက်နွှယ် နေခဲ့ကြတာပဲ မဟုတ်လား။ ကမ္ဘာကြီးတစ်ခုလုံးဟာ ရွာကြီးတစ်ရွာ လို ဖြစ်နေတဲ့ ဒီခေတ်ဒီအခါမှာ ကျွန်တော်တို့ချည်း သက်သက် တံခါးပိတ်နေလို့ မဖြစ်ပါဘူး။ တံခါးတွေ ဖွင့်ထားမှ အခန်းထဲက လေဆိုးလေပုပ်တွေ လွင့်စင်ထွက်သွားပြီး ပြင်ပက လေကောင်းလေသန့်တွေ ၀င်ရောက်လာမှာ ဖြစ်ပါတယ်။


လူထုစိန်ဝင်း




Myanmar Express

8 comments:

... ... ရုရှားသွား ပါးလိုက်တဲ့စာခွေ ... ...


အမိမြန်မာ၊ ဘွဲ့ရတာ ၇၅
၁၀ ယောက်က ကျိုးကန်း
၅ ယောက်က ရူးနှမ်းနှမ်းနဲ့
ရဲဖမ်းတာ ၇ ယောက်
၃ ယောက်က လူကြီးအမျိုး
ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့)
ရုရှနယ်စေလွှတ်
နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။

ဟိုတစ်ခါ ပြည်မြန်မာမှာ
ငွေနှစ်ရာ ဝေလာဝေး
ဆေးလိပ်တိုလေး မျှသောက်
Issue နဲ့ စားသောက်နေရပေမယ့်
အရှင်မွေးတော့ နေ့ချင်းကြီး
ဒေါ်လာ ၂၀၀ ကိုင်ပြီးကတည်းက
လက်ကြားမှာ စီးကရက်
ဘီယာဆို ပလပ်ပလပ်နဲ့
သေးထွက်မတတ် မျိုဆို့
ညှီစို့စို့ အသားထုပ်
မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။

လယ်သမားကြီး အယောက် လေးဆယ်
ကျွဲနွားနှယ်သူတို့ရုန်း
အသင်သုံးနေတဲ့ ရာတန်နှစ်ရွက်
သူတို့တတွေရဲ့ ချွေးစက်…
ဟုတ်မဟုတ်တော့ မသိ
ရှိတာနဲ့ ဖုန်းဝယ်
ခါးကြားမှာ သယ်ပြီး
လူလယ်ရောက်မှ ထုတ်ဆက်
အိမ်မှာတော့ ယောက်မလျက်နေကြရပြီ။

တချောက်ချောက်နဲ့ Keyboard ရိုက်သံ
ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့
ရည်းစား တစ်ယောက်ရရေး
Chatroom တွေ လိုက်မေးပြီး
ကျနော်ကတော့ Master
Russia နေတာပေါ့ကြွား
ခပ်ထွားထွား လေလုံးပစ်
ကြက်ဥနှစ်ကို ဆားနဲ့နယ်
ထမင်းတောင် မတည်နိုင်တော့ဘူး..။

အချိန်တန်တော့ စက်ဖွင့်
လေ့လာဖြစ်တာ all ကား
လှတဲ့ အိုး၊ ဖြိုးတဲ့တင်
မြင်သမျှ သရေကျ
ဟင်း…၊ ..... လိုက်ရ ဆိုတဲ့ စိတ်နဲ့
မိုးလင်းတော့ ကသုတ်ကရက်
ကားဂိတ်မှာ မတ်တပ်ရပ်ပြီး
ဖင်မှန်သမျှ လိုက်ကြည့်
တချို့ကလည်း မြန်မာအထာသိတော့
အင်္ကျီကိုဆွဲချ၊ တင်ပါးဆို ဖုံးထားမှ ဆိုတဲ့ အတွေးနဲ့။

လေ့လာတာ all ကား
ရှုစားတာ မိန်းမဖင်
သင်ချင်တာ Chat အကြောင်း
ငမိုက်သားအပေါင်းက
လိုချင်တော့ ၅ မှတ်
ဘာစာမှ မတတ်ပေမယ့်
ဆရာမကို ဆီးကြို၊ အထုပ်ကို ခပ်သွက်သွက်နဲ့
ပြေးယူတတ်သူတွေတောင်
Programmer ဖြစ်နေကြပြီပဲ
ဆရာသင်တဲ့စာ၊ ဘာဆို ဘာမှမသိ
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျေနပ်နေကြပြီ။

ဒီတခါ Анюта
ခဏတာဝင်ငေး
အသားဈေးထိုးကျ
ရောင်းမရလို့တဲ့
ကြက်ဥဈေးခေါင်ခိုက်
ကုလားပဲ လှည်းနဲ့တိုက်ပြီး
ပုတ်ရိုက်ရောင်းစား
သြော်.. မြန်မာတွေတောင် တော်တော်များလာပြီပဲ။

၂၀၁၀ ရဲ့ တစ်နေ့
အောင်ပွဲတွေ ပွေ့ပြီး
နျူကလီးယား စက်ရုံသစ်
ဖဲကြိုးဖြတ် ဖွင့်ဖြစ်ရင်တော့
အင်း..
မြန်မာပြည်မြေပုံ အသစ်ဖြစ်ပြီ ထင်ပါရဲ့။ ။

ကောင်းတယ်ကွာ... ကာရံလေးက... ဒါပေမယ့် ငါထင်တာ တစ်ခုတော့ရှိတယ်ကွ... မင်း အဲ့လောက်သိနေတာ မင်းလည်း အဲ့ဒီကခွေးဝဲစားပဲဖြစ်ရမယ်... မင်းပြောပြတော့ငါတို့လည်း စုံအောင်သိရတာပေါ့ကွာ... ကျေးဇူးပါပဲငါ့ညီ... လိုက်တုန်းက လိုက်သွားပီး အခုမှ စောက်ပြစ်မပြောနဲ့လေ မင်းလည်းအတူတူပဲဖြစ်မယ်...

ကဲ ဒီမိုများ
ပြောစမ်း
ပေါက်ကရ

မှန်တာလောက်တော့ ပြောကြပါစေ ...

... သတင်းထူးတစ်ခုပြောချင်ပါတယ် ... ၀ီကီလိခ်တော့ မဟုတ်ပါဘူး ... မြန်မာလိခ် ( မှတ်ချက် - ဘောလုံးပွဲစဉ်အကြောင်းမဟုတ် ) ...

ကိုဒေါ်လာစားတို့ အဖွဲ့ခမျာ သတင်းတွေလိုက်ရှာရနဲ့၊ စာတွေရေးရဲနဲ့၊ သတင်းတွေမရရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဟဲ့လုပ်ကြပါဦး သတင်းတွေရှာစမ်းပါဦးနဲ့ အချိန်တွေကုန် စိတ်ပင်ပန်း လူပင်ပန်းနေလိုက်ကြတာ၊ ဥပမာ NLD အဖွဲ့ကလူတွေကို ဝေဖန်ဖို့အရေး သူတို့ဘာလုပ်နေတယ် ဘာဖြစ်နေတယ် ဘယ်သွားနေတယ် သတင်းတွေယူ ၊ အကြောင်းအရာတွေစီ၊ စာတွေ ဘယ်လိုရေးရမလဲ စဉ်းစားပြီးရေးရတာနဲ့ အချိန်တွေကုန်နေလိုက်ကြတာ မနည်းပါဘူး ... ဘာပဲပြောပြော NLD က လူတွေကတော့ အချိန်မှန်စား၊ အချိန်မှန်အိပ်နဲ့ သာနေပါတယ် ... ဒေါ်လာစားတို့အဖွဲ့ခမျာတော့ ပင်ပန်းအချိန်ကုန်နေကြပါတယ် ... ကိုယ့်စာတွေကိုယ်ရေး ကိုယ့်ဟာကိုပြန်ဖတ် ကိုယ့်ဘာသာကိုယ် ကွန်မန့်တွေ ပြန်ပေးရနဲ့ ... ရယ်ရတယ်ဗျာ ...

ကျွန်တော်အစ်ကိုတစ်ဝမ်းကွဲက ဒေါ်လာစားတို့ရဲ့ဆိုဒ်မှာ သတင်းတွေတင်ဖို့အတွက် သတင်းကူရှာပေးတဲ့လူတစ်ယောက်ပါ ... အခုသူ့ကျွန်တော့်ကို ပြောပါတယ်၊ သူ့တို့အချိန်တွေ ကုန်တယ်တဲ့၊ ပြီးတော့ ထင်သလောက် ထိရောက်မှုမရှိဘူးတဲ့၊ ပြီးတော့ ဒီမိုဘက်ကလူတွေ စစ်အစိုးရအကြောင်းလာပြောရင်လည်း မှန်နေတာတွေကများတော့ မဟုတ်ဘူးဇွတ်ခံငြင်းနေရတာလည်း အရူးကြီးနဲ့တူတယ်တဲ့။ သူတော့ တဖြည်းဖြည်းစိတ်ကုန်နေတယ်တဲ့ပြောပါတယ်၊ သူတင်မကဘူး တစ်ခြားလူတစ်ချို့လည်း စိတ်ပျက်နေကြတယ်ပြောပါတယ်၊ အရည်မရ ၊ အဖတ်မရ၊ လူတိုင်း စစ်အစိုးရမကောင်းပါဘူးကို သိနေကြရဲ့သားနဲ့ ကောင်းပါတယ်လို့ လျှောက်ရေးနေရတာလည်း အလကားသက်သက် အချိန်တွေလိုက်ဖြုန်းနေတာလို့ပြောပါတယ်၊ ကျွန်တော့်အစ်ကိုတစ်ဝမ်းကွဲ အပါအ၀င် လူတစ်ချို့က ဆက်မလုပ်ချင်ကြတော့ပေမဲ့ ဒီဒေါ်လားစားဆိုဒ်ရဲ့ admin လို့ပြောရမယ့် ဦးဆောင်လုပ်နေသူကို အားနာလို့ ဘာမှသိပ်မပြောကြသေးပါဘူးတဲ့ ...

ကဲ ဒါဝီကီလိခ်တော့ မဟုတ်ပါဘူး၊ မြန်မာလိခ်ပါ၊
ကျွန်တော်အစ်ကို့ရဲ့နာမည်နဲ့ တစ်ချို့လူတွေရဲ့နာမည်ကိုတော့ မပြောတော့ပါဘူး... တစ်ယောက်နဲ့တစ်ယောက် ထသတ်နေကြမှာစိုးပါတယ် ...

( ဒေါ်လာစားရေ အရိပ်အမြွက်တော့ ပြောချင်ပါတယ်၊ ကျွန်တော့်အစ်ကိုဝမ်းကွဲနာမည်က နာမည် သုံးလုံးနဲ့ပါ၊ ပြီးတော့ သူမှန်တယ်လို့ အဓိက ထောက်ခံတဲ့လူတွေကတော့ ခင်ဗျားရဲ့ချစ်ဘော်ဒါကြီး “ရ” နဲ့ပေါင်းတဲ့နာမည်ပါတဲ့လူနဲ့ “ထ” နဲ့နာမည်ပေါင်းတဲ့လူ ဖြစ်ပါတယ် ခင်ဗျာ... ကျန်တဲ့လူရှိပါသေးတယ်ခင်ဗျ ... သူများတွေကို ဘာဖြစ်တယ် ညာဖြစ်တယ် လိုက်မပြောခင် ကိုယ့်လူတွေ ကိုယ်အရင်ပိုင်အောင် စည်းရုံးပါဦးလို့ ပြောချင်ပါတယ်ခင်ဗျာ )

ဟ ဟ
ဟာသပဲ
သနားစရာ
သူများကြားရင် အဟုတ်မှတ်နေအုံးမယ်
တခြား ဟာသ တစ်ခု ပြောင်းပြောရင်း ဝါဒဖြန့်ဖို့ ကြိုးစားပါကွာ
:)

zzz မင်း ဒီစာတစ်ခုပဲ ကော်ပီပေ့ကူးတတ်တာလား။ တင်လိုက်တဲ့ ပိုစ် တိုင်းမှာ ဒါတွေကြီးပဲမြင်နေတယ်။ မျက်စိနောက်လာဘီ စာဖတ်ရတာ။ အခြားစာလေးလဲ ကော်ပီကူးတင်အုံး။

အရမ်း တင်ချင်နေရင် ဖေ့ဘုတ်ကိုလာခဲ့။ Myanmar Express ကိုဖေ့ဘုတ်ကနေဖတ်လို့ရအောင်လုပ်ထားတယ်
http://www.facebook.com/note.php?created&&note_id=116200261782236&id=180050412010614#!/pages/-729/180050412010614

ကဲ ... ကျွန်တော်ကတော့ ဘယ်သူ့ကိုမှမတိုက်ခိုက်လိုပါဘူး ... အခုဒီမှာတွေ့နေရတာကတော့ လူတွေ တစ်ယောက်နဲ့တစ်ယောက် ဟိုလိုရေးလိုက် ဒီလိုရေးလိုက်ကြနဲ့၊ ငြင်းခုံနေကြနဲ့ ... သေချာတာတစ်ခုကတော့ အဲဒီလိုလုပ်နေကြရင်း ကျွန်တော်မြန်မာနိုင်ငံကြီးကတော့ တစ်ခြားနိုင်ငံတွေရဲ့နောက်မှာ ကျန်ရစ်နေပါပြီ ...

အိမ်နီးချင်းနိုင်ငံတွေ၊ တရုတ်ဆို အဖေခေါ်ရ ၊ အိန္ဒိယဆို ရန်သွားမစရဲ၊ ထိုင်းဆို ပြိုင်လို့ကို မနိုင်ဘူး ( ဥပမာ ဘောလုံးပွဲ ကန်တိုင်းရှုံး )၊ ဘင်္ဂလားဒေ့ရှ်နဲ့ဆို စစ်မတိုက်ရဲ ( ဟိုတစ်လောက ပင်လယ်ရေပိုင်နက်ပြသာနာ မြန်မာကျွတ်ကြဲပြီး နောက်ဆုတ်) ... ဆင်းရဲပါဆိုတဲ့ လာအိုတောင် မီးမှန်၊ရေမှန်၊ လမ်းတွေကောင်း၊ ဆင်းရဲသားလည်း ဟန်းဖုန်းကိုင်၊ ... ကဲ ကျွန်တော်တို့ရဲ့ ရွှေမြန်မာနိုင်ငံတော်ကြီး ဘယ်ဆီရောက် ... ပြည်သူတွေကလည်း တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ယောက် အမြင်မတူ၊ သေချာဖွံ့ဖြိုးတိုးတက်နိုင်အောင် လုပ်ဆောင်မယ့် ခေါင်းဆောင်ကောင်းကလည်း မရှိ၊ ဦးသန်းရွှေကလည်း မဟန်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သိပ်မျှော်လင့်လို့မရ ( သူကိုယ်တိုင် ဦးသန်းရွှေထက်အရည်အချင်းရှိတယ်ထားဦး သူ့ အဖွဲ့ဝင်တွေ အရည်အချင်းမရှိရင် ဘာမှ လုပ်စားလို့မရ ) .... ကဲ ပြသာနာတက်ပြီး ကျန်နေတာက ကျုပ်တို့ပြည်သူတွေ ...

ကဲ ကျွန်တော် ဘာလုပ်ကြမလဲ ... တစ်ယောက်နဲ့ တစ်ယောက်၊ ငြင်းခံနေကြမှာထက် ... လက်တွေ့အကျိုးဖြစ်ထွန်းမယ့်ဟာကို သေချာလုပ်ဆောင်သင့်ကြပါပြီ ... မဟုတ်ရင်တော့ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေရင်းနဲ့ အချိန်တွေကုန် လူပင်ပန်း ဘာမှမထိရောက်နိုင်ပါဘူး ...

ကျွန်တော်အမြင်ကတော့ ကျွန်တော်တို့ လက်တွေ့ကျတာကို လုပ်ဆောင်သင့်ပါပြီ ...

နားလည်တတ်ကျွမ်းတဲ့ အစ်ကိုအစ်မများ ဦးဆောင်လမ်းပြ လုပ်ကိုင်သင့်ပါပြီ ...

စစ်အစိုးရကိုပဲ ဆက်လက်ထောက်ခံဖို့တော့ မပြောကြပါနဲ့ ... ဦးသန်းရွှေမကောင်းကြောင်း လူတိုင်းသိပါတယ် ... ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူ့ကိုပဲ သွားအားကိုနေလို့ မဖြစ်ပါဘူး ... သူလည်းလုပ်လာတာကြာပါပြီ ၊ သူ့ခမျာအသက်တွေလည်း ကြီးလာပါပြီ ...

ဒေါ်အောင်ဆန်းစုကြည်ရှိမှ ဒီမိုကရေစီဖြစ်လာမယ်ဆိုရင်လည်း မဟုတ်သေးပါဘူး ... ဥပမာ အခုနေ ဒေါ်အောင်ဆန်းစုကြည့်သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ... ဒီမိုကရေစီ မျှော်လင့်ချက် မဲ့သွားတော့မှာလား ... အဲဒီလိုမဟုတ်ပါဘူး ... အဓိကက ထက်မြက်တဲ့ လူငယ်ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်သင့်ပါပြီ ... ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ငယ်ရွယ်သူတစ်ယောက်ပါ၊ ထက်မြက်ပါတယ်၊ ဇရှိပါတယ် ...

အခုလည်း တစ်ကယ် အမှန်အကန်လုပ်နိုင်မယ့် ခေါင်းဆောင်ပေါ်ပေါက်သင့်ပါပြီ ... တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ငြင်းခုံတာတွေရပ်ပြီး မှန်ကန် လက်တွေ့ကျတဲ့အရာကို လုပ်ဆောင်နိုင်ပါမှ ကျွန်ပ်တို့ရဲ့ မြန်မာနိုင်ငံတော်ကြီး အမှန်တစ်ကယ် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ် ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်