Subscribe to our RSS Feed

ပေးစာ - ၎

အမေဖတ်ဖို့………..ရေးတဲ့စာ

ကျန်းမာတော်မူပါလေစ အမေ…. အမေအစစ အရာရာ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်… အမေ့ဘေးက ခမောက်ဆောင်းတဲ့ သူတွေက အမေ့ကို အစစ အဆင်ပြေအောင် ကူညီကြမှာပါ…. မကူညီလို့လဲ မဖြစ်ဘူးလေ သူတို့တွေက အမေ့ကျေးဇူးတွေနဲ့ ဒေါ်လာစားတွေဖြစ်ကုန်ပြီလေ….

ဒါနဲ့ ကြုံလို့ပြောရအုံးမယ်… ကျွန်တော်တို့ ရပ်ကွက်လေးကို အမေ မှတ်မိသေးတယ်မလား…. ကျွန်တော်တို့ လမ်းထိပ်က စာရေးဆရာလေးလေ အမေသိမှာပါ…. သူကတော့ ကျွန်တော်တို့ ရပ်ကွက်မီးမမှန်တဲ့ အကြောင်းကို မီးမရှိတဲ့သူ့အိမ်လေးကနေပြီး ဖယောင်းတိုင်လေးထွန်းလို့ တစ်ကုတ်ကုတ်ရေးနေလေရဲ့…. ရပ်ကွက်ထဲကသူတွေကလဲ ကိုယ့်ရပ်ကွက်မကောင်းကြောင်းပြောရင် သိပ်ကြိုက်တာပဲလေ….. ကျွန်တော်တို့ခေါင်းရင် အိမ်က လူပျိုကြီးမိုးသီးကလဲ ရပ်ကွက်ထဲက ခွေးနှစ်ကောင်ကိုက်တာကအစ သူများတွေကို လိုက်ပြောရင်း ကောင်းစားနေပြီဆိုပဲ…. ကျွန်တော်တို့ခြေရင်းက အရက်သမားလင်မယားကို သိတယ်မလား…. ယောက်ျားက တစ်နေကုန်အရက်သောက် မိန်းမက တစ်နေ့လုံး အတင်းလိုက်ပြောနေတဲ့လင်မယားလေ… သူတို့ကလဲ စီးပွားရေးကျပ်တည်းတယ်လို့ ညီးနေလေရဲ့…. ကျွန်တော်တို့ တစ်လမ်းကျော်မှာနေနေတဲ့ ဟိုဦးလေးကြီးလဲ မိုးလင်းမိုးချုပ် လက်ဖက်ရည်ဆိုင်ထိုင်ရင်းနဲ့ ဒီမိုရရင်တော့ အလုပ်အကိုင်အဆင်ပြေပြီလို့ပြောတာပဲ………… သားသူငယ်ချင်း ဖိုးထောင် ကိုသိတယ်မလား…. သူလည်း အခုနိုင်ငံခြားထွက်သွားတယ်အမေ… အရင်းအနှီးကတော့ မများပါဘူး ဒီကနေ ကင်မရာ အစုတ်လေးတစ်လုံးတော့ ယူသွားတယ်…. ဟိုရောက်ရင် အတိုက်ခံ သတင်းသမားလုပ်မလို့လေ…. အခုတော့ ဒေါ်လာတွေစားနေရလို့ တော်တော်အဆင်ပြေတယ်လို့တော့ကြားမိတယ်…. ကျွန်တော်တို့ မျက်နှာချင်းဆိုင်အိမ်က ကောင်လေးတောင်မှ လိုက်သွားမလို့လုပ်နေတယ်… တစ်နေကုန်သင်တန်းတွေသွားတက်နေတာပဲ…. ကမ်းနားသွားပြီး ကူလီထမ်းကျင့်တယ်ဆိုလား ဘာလားပဲ…. မနေ့ကတောင် အမေ့သမီး ကျွန်တော့ညီမတောင်မှ လက်တစ်ဝါးလောက် စကတ်လေးနဲ့ ကြိုးမပါတဲ့ အကျီသေးသေးလေး ၀ယ်လာသေးတယ်… ကျွန်တော်က ဘာလုပ်ဖို့လဲလို့မေးတော့…. ဒီမိုကရေစီရရင် အသင့်ဖြစ်အောင်လို့ အခုတည်းက ၀တ်တာကျင့်မလိုလို့တော့ ပြောသေးတယ်….. ကျွန်တော်ကတော့ပြောလိုက်သေးပါတယ်….. ညီမလေးနားကြားလွဲတယ်ထင်တယ်လို့…. ဒီမိုကရေစီပါ ညီမလေးရယ် sexyကရေစီ မဟုတ်ပါဘူးလို့….. ကျွန်တော်တို့အိမ်မျက်ဆောင်းထိုးမှာနေတဲ့ ဆိုက္ကားသမားလေးကတောင်မှ အခုဆိုက္ကားမနင်းတော့ဘူးအမေ…. နေ့စား နိုင်ငံရေးသမားဆိုလား လုပ်နေတယ်ပြောတယ်…………..

အမေကတော့ ဒီမိုကရေစီလို့ ခဏခဏပြောနေတာပဲနော်…. ကျွန်တော်ကတော့ ဒီမိုကရေစီ ဆိုတာ ဓါတ်အားပေးစက်ရုံကြီးလား….. ၀န်ထမ်းတွေ ဒလဟော အလုပ်ပေးနေတဲ့ အလုပ်ရုံကြီးလား…… အလုပ်မလုပ်ချင်တဲ့သူတွေကို ပိုက်ဆံထုပ်ပေးနေတဲ့ ဘဏ်တိုက်ကြီးလား……. လို့စဉ်းစားမိတယ်…. ဒီမိုရရင် မီးမှန်မယ်… ဒီမိုရရင် စီင်္းပွားရေး အဆင်ပြေမယ်… ဒီမိုရရင် အလုပ်တွေရမယ် လို့ပြောသံတွေကြားနေလို့လေ…. အမေ အမြဲနေကောင်းပါစေလို့ သူငယ်ချင်း ဖိုးထောင်ကလဲ အမြဲဆုတောင်းနေတယ်တဲ့….

ဟုတ်တော့လဲ ဟုတ်ပါတယ်…. အမေ ရှိမှ အမေ့အကြောင်းတွေကို အမေလေလည်တာက အစရေးမှ သူတို့ ဒေါ်လာတွေရနေတာကိုး…. ဟိုတစ်လောကတောင် ကျွန်တော် အွန်လိုင်းပေါ်တက်ဖြစ်လို့ သတင်းတွေ လိုက်ဖတ်လိုက်သေးတယ်…. ဖတ်နေရင်းနဲ့ လန့်တောင် လန့်သွားတယ်အမေ…. သတင်းတွေကတော့ ချက်ခြင်းပဲ ပြည်တွင်းစစ်ကြီးထဖြစ်တော့မယ့်ပုံတွေဖြစ်နေလို့လေ….

စာတော့ နဲနဲရှည်သွားတယ်…. အမေလဲ ကျန်းမာရေးဂရုစိုက်ပါအုံး…. အမေ မရှိရင် ထမင်းငတ်သွားမယ့်သူတွေ အများကြီးရှိတယ် အမေ…. အမေလည်း အသက်တွေကြီးပါပြီ အမေ… အခုဆိုရင် ခိုင်းကောင်းအောင်ပေးထားတဲ့ ဘွဲတွေကလဲ အမေ့စီမှာ တစ်ပုံတစ်ခေါင်းနဲ့လေ…. ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်တော်တို့ရပ်ကွက်ထဲက လူတွေကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကလိုမဟုတ်တော့ဘူးအမေ….. ကျောင်းသားတွေကလဲ သပိတ်မှောက်ဖို့ထက် ကျောင်းတွေ မပိတ်ဖို့ကို ပိုပြီးဦးစားပေးနေတယ်… အရပ်သားတွေကလဲ တော်လှန်ရေးထက် ကုန်ဈေးနှုန်းမတက်ရေးကိုပဲ ပိုပြီးဦးစားပေကုန်ပြီအမေ….

စာတော့ နဲနဲရှည်သွားတယ်…. အမေလဲ ကျန်းမာရေးဂရုစိုက်ပါအုံး…. အမေ မရှိရင် ထမင်းငတ်သွားမယ့်သူတွေ အများကြီးရှိတယ် အမေ….ပြောချင်တာတွေကတော့ အများကြီးပဲအမေ…… ဒါပေမယ့်လဲ ဒီလောက်နဲ့ပဲ ကျွန်တော့စာကို နိဂုံးချုပ်လိုက်ပါတယ်အမေ…..




Myanmar Express

19 comments:

... ... ... ကျုပ်သားငသန်းရွှေကို ဆုံးမပေးကြပါ အရပ်ကတို့ရေ ... ... ...




ကိုးလလွယ်ဆယ်လမွေး.နို့ ချိုကြွေးထမင်းခွံ့ 
အမေ့ရဲ့မေတ္တာ..မင်းပြန်မဆပ်တာအကြောင်းမဟုတ်။

မင်းကိုလူဖြစ်အောင်ကျွေး..ပညာရေးပေးခဲ့
အဖေ့ကျေးဇူး..မသိဘူးတာ..အရေးမဟုတ်။

ငယ်စဉ်ကိုယ်ရင်ဘ၀..ရွာဦးကျောင်းကဘဘုန်းကြီးရဲ့
သွန်သင်ကျေးဇူး မေ့လျော့ဖူးတာ..အထူုးဆန်းမဟုတ်။

ကြီးခါလေလေ..ပိုပိုမိုက်..ကိလေသာရဲ့အမှောင်တိုက်
အာဏာနဲ့ ..အဿပြာ..ရုးမိုက်စွာတက်မက်
သွေးစွန်းနေတဲ့မင်းရဲ့လက်..မာနထန်တဲ့ မင်းမျက်ခွက်
“မောင်သန်းရွှေ “ အမည်ရ..အမေ့သား..
မရဏရဲ့ တံခါးဝနားမှာ...တံခါးခေါက်ဖို့ အချိန်ရောက်တောင်
သတိ.သစ္စာ..သမာဓိ ကိုမဆောင်နိုင်ဘဲ..ဆက်ဆက်ခါ..မိုက်မဲ..
ဒီ သံသရာထဲက..မင်း လွတ်ဖို့ ရယ်.တကယ်မလွယ်..

ဖူးမျှော်မာန်လျှော့..ထိခြင်းငါးပါးနဲ့ကန်တော့..
လောကရဲ့ဦးသျှောင်.ဗုဒ္ဓရဲ့တန်ဆောင်..
သရဏဂုံမတည်တဲ့..လညစ်မိုက်..
ငါ့ဝမ်းကြာတိုက်ကထွက်ခဲ့တာ..ငါ့အသည်းနာ..၀မ်းရေစပ်
မင်းကိုယ်ထဲက ငါ့သွေး ရှိသမျှတွေ..ဖောက်ထုတ်စမ်းချင်..
နောင်..ဘယ်ဘ၀ရောက်ရောက်..မင်းနဲ့ အမျိုးမတော်စေချင်။

ဘုရားကိုစော်ကား..ပြက်လုံးများလုပ်ရယ်..
တရားကိုမထီ်.ကတိသစ္စာမတည်တဲ့လူသား
သံဃာကိုဂိုဏ်းခွဲ..ညှဉ်းပန်းရဲတဲ့ယောက်ျား..
ထွီ..ရွံ့ ရှာသွား…ဝေးဝေးသွား...ဝေးဝေးသွား...
မင်းဟာ..ငါတို့ သားမဟုတ်..
မာရ်နတ်မင်းရဲ့..နိမိတ်ပုံရုပ်
ထထိုင်နေတဲ့ ဘီလူးငုတ်တုတ်
အယုတ်တကာ..ထိပ်ခေါင်..
မွေးမေ့ အသည်းနာစေခဲ့..ခွေးကောင်..

လူမျိုးမြိုမှ လူမျိုးပြုတ်..
သာသနာ.ဘာသာကိုချိုးဖြုတ်..
ဒီဂုဏ်ယုတ်နဲ့ ကျမသား..ရှက်လွန်းအားကြီးလှပါချည့်
ဒီအတိုင်းမကြည့်ထားနဲ့အရပ်ကတို့ ရေ..
သားသမီးမကောင်းရင်မိဘခေါင်း..
ကျမတို့ဟာ..မိဘကောင်း..
မွေးထားတဲ့ သားမိုက်ကို..လက်နဲ့သတ်ပစ်ချင်ငြား
မလုပ်ရက်အားနိုင်တာမို့ ..
အရပ်ကောင်းရင်အလောင်းလှ..
ဒင်းကိုသာ..အ၀ီဇိငရဲကို ဆွဲပဲချကြပါတော့..
ကျမတို့ အပြစ်မမြင်..ကျေးဇူးဥပကာရတင်.
သာဓုသာခေါ်လိုက်ချင်။



မသဒ္ဓါ (၉။၂၁။၂၀၀၇)
(ဦးသန်းရွှေ၏ မိခင်ကြီးထံမှ အိတ်ဖွင့်ပေးစာဖြစ်ပါသည်၊၊)

နှစ်ယောက်လုံးမှန်တယ်..မှားတာ က ငါ..

နှစ်ယောက်လုံးမှန်တယ်ပြောတော့
မှားတာက ငါပဲထားတော့..


တစ်ယောက်ကိုအမှန်ပေးရင်
ငါကိုလူတွေက ထင်မယ်
ငါ က ငဖားကောင်..
နောက်တစ်ယောက်ကို အမှန်ပေးတော့..
သူတို့က ထင်မယ် ငါသည်ဒေါ်လာစား..
အင်း ပါ..


မှန်ပါတယ် အကုန်လုံးမှန်တယ် မှားတာ က ကျွန်တော် ဗျ..သိလား..
စာလာဖတ်တဲ့ ငါ့အမှား

ကောင်းလိုက်တဲ့ ကဗျာ။
ရန်သူငါးပါးထဲ လက်ရှိမြန်မာပြည်အုပ်ချူပ်နေတဲ့ အစိုးရ မင်းစိုးမင်းညစ်က ထိပ်ဆုံးကပါနေပါကောလားကွယ်တို့...

.... ကဗျာက အတော်လက်ရာမြောက်လှပါတယ် ...


ကဗျာတင် မကပါဘူး ၊ အပေါ်က မောင်ပိုင်စိုးပေးသွားတဲ့ ကွန့်မန့်ကိုလည်း အတော်လေး သဘောကျမိပါတယ် .....

အော်...
အဲ့ဒါ ကဗျာတဲ့လား
မသိလို့မေးပါရစေ
မြန်မာစာပေမှာ
ကဗျာအမျိုးအစား ဘယ်နှမျိုးရှိလဲ
အဲ့ဒီကဗျာက ဘယ်အမျိုးအစားထဲမှာပါလဲ


ဒီမိုများ ပေါချက်၊ အသိဥာဏ်နည်းချက် ကတော့ ကမ်းကုန်

အဲဒါပဲ ကိုယ်ကိုတိုင်က ဘာမ မသိမတတ်ပဲ ပြန်မေးနေရတဲ့အဆင့်က ဝေဖန်ရေးလုပ်ချင်နေသေးတယ်
မြန်မာစာပေကဗျာအကြောင်းသိချင်ရင် စတိတ်ကျောင်းပြန်တတ်ပြီးမှ ပြန်လာခဲ့ ဟုတ်ပြီလား
အိုကေ???..

အရူးလားကွာ ... ကွန့်မန့်ပေးရင်လည်း သေချာစဉ်းစားပြီးမှ ပေးပါကွာ ... မင်းဟာက အထက်က အကြောင်းအရာတွေနဲ့ မဆိုင်တဲ့ဟာ လာကွန့်မန့်ပေးနေတယ် ... အပေါ်ကလူတွေကို ဦးသန်းရွှေအကြောင်းရေးထားတဲ့ဟာကို အဓိကထားပြောတယ် ... မင်းအခုလာပြောတဲ့ဟာက ဦးသန်းရွှေအကြောင်းလည်းမဟုတ်ဘူး ၊ အဓိကအကြောင်းအရာ မဟုတ်တဲ့ ကဗျာ ဆိုတာ ဘာလဲ ငြာလဲနဲ့ လာမေးနေရသေးတယ်၊ မပေါနဲ့ကွာ ... မဆိုင်တဲ့ဟာ လာကွန့်မန့်မပေးနဲ့ကွာ ... အဓိက အကြောင်းအရာကို မရှင်းဘဲနဲ့ မဆိုင်တာ လာရှုပ်နေကတည်းက မင်းက ပညာမရှိဘဲနဲ့ တစ်မင်သက်သက် လာတိုက်ခိုက်နေတာ အရှင်းကြီးကွ၊ အသိသာကြီးကွ ..

မင်းပဲ မေးရသေးတယ် ... ကဗျာ ဆိုတာဘာလဲ ... အပေါ်ကဟာကို ကဗျာမဟုတ်ဘူးလို့မင်းထင်ရင်တော့ မင်းအခြေအနေကတော့ ဆိုးပါ့ကွာ... မင်း ကျောင်းကော တစ်ကယ်တက်ခဲ့ရဲ့လားကွာ ... ငါမင်းကို တစ်ခုပဲ မေးချင်တယ်၊ အခုအပေါ်က ရေးထားတဲ့ကဗျာက ကာရံလည်းမညီလှဘူး၊ ထပ်သွားပုံစံလို့လည်း ပြောလို့လည်းမရဘူး၊
လေးချိုးနဲ့ရေးထားတာလည်းမဟုတ်ဘူး၊ တေးထပ်ပုံစံနဲ့လည်း မဟုတ်ဘူးဆိုတော့ ကဗျာအကြောင်းကျွမ်းကျင်တဲ့သူကြီးရေ အပေါ်က ကဗျာပုံစံကို ဘယ်လိုခေါ်ပါသလဲလို့ပဲ မင်းကို မေးချင်ပါတယ် ... ဖြေပါကွာ ...ငါတို့က မင်းလောက်မတော်တော့ မသိလို့ပါကွာ ...

စစ်ကျွန်တွေ ... အစိုးရငဖါးတွေပြောလိုက်ရင်တော့ နိုင်ငံခြားသားဆိုဘာဖြစ်လို့ ညာဖြစ်လို့ ... ဘာလဲဟ .... ပြောတာကတစ်မျိုး ... လုပ်တာကတစ်မျိုး ...

အခုလည်းကြည့် အပေါ်မှာ လာရေးထားတယ်. ( မြန်မာစာပေကဗျာအကြောင်းသိချင်ရင် စစိတ်ကျောင်းပြန်တက်တဲ့ ) ... ဟဲ့ ဘိုရူး၊ ဘာလဲဟ စတိတ်ကျောင်း၊ မြန်မာလိုပဲ ပြောပါလားဟဲ့ ... ဒေါ်စုကိုတော့ ဘိုကိုယူလို့ အပြစ်ပြောတယ်၊ သူကျတော့ မလိုအပ်ဘဲ ဘိုလိုလာမှုတ်နေတယ်၊ ... ပြီးတော့လည်း လုပ်သေးတယ် နောက်ဆုံးမှာ ... (အိုကေတဲ့ ) ... ဟဲ့ကောင်ကြီး ကိုယ့်အမျိုးကိုယ့်ချစ်ဟဲ့၊ ကြွေးကြော်နေလိုက်ကြတာ ... ဘိုတို့ကပြားတို့ဆို ကြည့်မရဘူးပြောတယ်၊ အခုကျတော့ ဘိုလိုလာမှုတ်နေပါလား ... ဟာသပဲ ... ဘာလဲဟ ( အိုကေတဲ့ ) ဘိုဆိုမကြိုက်တဲ့လူတွေ ဘိုလိုတော့ လာမှုတ်နေကြတယ်ခင်ဗျ ... ပြောတော့တစ်မျိုး လုပ်နေတာကတစ်မျိုး .... ဘာတွေလဲဟ ... ... ...

(ဒေါ်စုကိုတော့ ဘိုကိုယူလို့ အပြစ်ပြောတယ်၊ သူကျတော့ မလိုအပ်ဘဲ ဘိုလိုလာမှုတ်နေတယ်) ဦးဏှောက်ပဲ ရူးများရူးနေသလားမသိဘူး တစ်ခါတစ်လေ အင်္ဂလိပ်လိုပြောတာ မျိုးဆက်မတုန်းဘူးဟဲ့ ဒီမိုငတုန်းရဲ့ ဒေါ်စုဘိုအလိုးခံတာ မျိုးဆက်တုန်းသဟဲ့.. မသိရင်မှတ်...

.... မော်စကိုက ကောင်တစ်ကောင်ကတော့ ပေါပါ့ကွာ ...

ဒါနဲ့ ကိုယ်တော်ချောခမျာ အဘယ်ကြောင့်များ မော်စကိုကို ရောက်နေပါသလဲ ...

နိုင်ငံတော်က အသုံးမကျလို့လား ..
လိုအပ်တာ မထောက်ပံ့နိုင်လား ...
အဆင်မြင့် ပညာရေး မသင်ပေးနိုင်လို့လား ...

သတိလည်းထားဦး၊ ရှရှားမတွေပဲ လျှောက်ငမ်းမနေနဲ့ဦး ...

.... မော်စကိုက ကောင်တစ်ကောင်ကတော့ ပေါပါ့ကွာ ...

ဒါနဲ့ ကိုယ်တော်ချောခမျာ အဘယ်ကြောင့်များ မော်စကိုကို ရောက်နေပါသလဲ ...

နိုင်ငံတော်က အသုံးမကျလို့လား ..
လိုအပ်တာ မထောက်ပံ့နိုင်လား ...
အဆင်မြင့် ပညာရေး မသင်ပေးနိုင်လို့လား ...

သတိလည်းထားဦး၊ ရှရှားမတွေပဲ လျှောက်ငမ်းမနေနဲ့ဦး ...
မော်စကို ကိုရောက်ရတဲ့အကြောင်းရင်းကတော့ သိပ်တော့ရှင်းမပြတော့ဘူးစာလုပ်ရဦးမှာမို့ အဲလောက်ဆိုသဘောပေါက်တယ်နော်...ရှရှားမတွေကိုတော့ လျှောက်မငမ်းပါဘူးကွာ ဘာလို့လဲဆိုတော့ ဒေါ်စုလို မိုက်မဲတဲ့ သူမဖြစ်စေချင်လို့ ပါ ...

... ငါတော့ မယုံဘူးကွာ ...

ယောက်ျားမဟုတ်ရင် ဂန်ဒူးတဲ့ ...

မင်း စိတ်ကွယ်ရာအရပ်မှာ လျှော့မှာပဲ၊ ထုမှာပဲ၊ ရှရှားမချောချောလေးတွေ တွေ့ပြီး မှန်းမှာပဲ ။။။ စိတ်မှန်းနဲ့ ဆွဲမှာပဲ ...

မမှန်းဘူးဆိုရင် ဘုရားမှာတိုင်တည်ပြီး သစ္စာဆိုပြကွာ ... ကွန့်မန့်မှာ စာနဲ့ရိုက်ပြီး သစ္စာဆို ... တပည့်တော် နိုင်ငံခြားသူများကို စိတ်နှင့် မပြစ်မှားဖူးပါဘူး၊ မှန်းပြီး ကိလေသာမကျူးလွန်ဖူးပါဘူး၊
( မင်းရေးထားတဲ့အတိုင်းလေ၊ ရုရှားမလေးတွေ မငမ်းဘူးတဲ့ ဒေါ်စုလိုဖြစ်မှာစိုးလို့တဲ့ ) ...
ကျွန်တော် အဲဒါတွေ မလိမ်ပါဘူးလို့ ဘုရားရှေ့မှာ သစ္စာဆိုပါတယ်ခင်ဗျာ၊ လိမ်လည်မိပါက အသေဆိုးနဲ့ သေပါစေ၊ အနှစ်ရှစ်သန်းငရဲကျပါစေလို့ တိုင်တည်ကွာ ...

ဟေ့ကောင် မဟုတ်ဘဲနဲ့ တဲ့ မတိုင်တည်နဲ့နော် ... ရေးတဲ့ငါတောင် နည်းနည်းလန့်တယ်... သစ္စာတိုင်တည်ဆိုတာ ကစားစရာမဟုတ်ဘူး ... ကိုယ်ပြောတာ တစ်ကယ်မှန်မှ သက်သေထူတဲ့အခါ သုံးရမှ ... မင်း ပြစ်မှားဖူးရင် ပြစ်မှားဖူးတယ်ဝန်ခံကွာ ... အခုလို ကွန်မန့်မှာ သူတော်စင်အထာလာမလုပ်နဲ့ ...

သစ္စာဆိုရင်လည်း ကြည့်လုပ်ဦး ... တော်ကြာ နားကားနေဦးမယ် ...

( မင်း စိတ်ကွယ်ရာအရပ်မှာ လျှော့မှာပဲ၊ ထုမှာပဲ၊ ရှရှားမချောချောလေးတွေ တွေ့ပြီး မှန်းမှာပဲ ။။။ စိတ်မှန်းနဲ့ ဆွဲမှာပဲ )ဟဟဟ.. အဲလိုဆွဲလို့ကတော့ အမေရိကန်က လူတွေတောင် ပေးဆွဲဦးမယ်ကွာ... ငါကတော့ ဗိုလ်ချုပ်သမီးထွေးလေး မိစုလေးကို အမျိုးပျောက်အောင် ဆွဲပေးခဲ့တာ တန်သကွာ ဒီမိုတွေ လိုက်မှတ်ထားကြနော်... အဲရစ်အကြောင်းပြောပြမယ် အဲရစ်ယောက္ခထီးကြီးက မြန်မာရဲ့အမျိုးသားဖခင်... အဲရစ်မိန်းမက ဒီမိုခေါင်းဆောင်နိုဗယ်ဆုရင် အဲရစ်သားတွေကတော့ ကဗြားလေးတွေပေါ့ကွယ်... အဲရစ်က သူတော်စင်မဟုတ်ပါဘူး မှန်ရာကိုဝန်ခံပါတယ်... အဲရစ်လဲဒေါ်စုအပြင် အရင်ကကြိတ်ဆွဲတွေ ကပ်ဆွဲတွေ လစ်ဆွဲတွေ ညိုဆွဲတွေ အများကြီးပဲ မိစုလေးကိုလဲ ညိုဆွဲဆွဲတာပဲကွာ.. ဒါပေမယ့် သိတယ်မဟုတ်လား နည်းတာမှမဟုတ်တာ ငါ့အတွေ့အကြုံ နဲ့ ပစ္စည်းက... ဘာဘာ ပလေးလိုက်၊ ဖုတ်လိုက်သုတ်လိုက်နဲ့ မနူးမနံ့မိစုလေးက ကအသဲခိုက်ပြီး... ဖုတ်လိုက်ဖုတ်လိုက်နဲ့ မြန်မာပြည်ကြီးကို မေ့သွားတဲ့ အထိပေါ့ကွယ်.. ငါကလဲရည်မှန်းချက်နဲ့ဆိုတော့ မိစုကလဲ အာဇာနည်းအမျိုးဆိုတော့ ဖလန်းဖလန်းကို ထနေတော့တာပဲကွာ.. ကောင်းမကောင်း.... ဟဟဟဟဟ....
ကဲကဲ အပေါ်က ကိုဒီမိုကြီးကို အားပေးပါတယ် မှန်းရုံပဲမှန်းပါ၊ ညီမအစ်မများရှိရင်လဲ ငါ့သူငယ်ချင်းသား နီကရိုး တိုနီဘလဲ ရဲ့သား တုတ်ကြီးငနဲ ကိုပေးဆွဲလိုက်ကြပါ... ဟားဟား...ဟားဟား...

ဟိုလဒ ဘာတွေလျှောက်ပြောနေတာလဲမသိဘူး ... ဟိုကောင်က သူ့ကို သစ္စာဆိုခိုင်းတာ ... ကျွတ်ကြဲပြီး သစ္စာမဆိုရဲဘဲနဲ့ ဘာတွေ လျှောက်လေဖေါနေတာလဲ ... သတ္တိလည်း မရှိဘူး ၊ လေပဲ ရှိတယ် ... ပေါတောတောနဲ့ ...

ကိုယ့်ကိုယ်ကို သတ္တိရှိပါတယ်ဆိုသော ဒီမိုကရေဆီ သူရဲကောင်းများ ဤနေရာတွင် နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် ဓာတ်ပုံထားခဲ့လို့ရသည်....။

(မင်း စိတ်ကွယ်ရာအရပ်မှာ လျှော့မှာပဲ၊ ထုမှာပဲ၊ ရှရှားမချောချောလေးတွေ တွေ့ပြီး မှန်းမှာပဲ ။။။ စိတ်မှန်းနဲ့ ဆွဲမှာပဲ ..) ဒါတော့ မင်းကလည်း ယောင်္ကျားပဲကွာ မဟုတ်ဘူးလား ရုရှားမ ထက် မြန်မာနိင်ငံ က ကို့ချစ်သူပဲကို မှန်းတာပေါ့ ဟုတ်ဘူးလား ..တစ်ခုတော့ရှိတယ်ကွာ ရှရှားမတွေ က လူမျိုးစွဲရှိတယ် အခြားနိင်ငံ က လူတွေနဲ့ အိမ်ထောင်ပြုတယ်ဆိုတာ ရှားတယ် ဒိုးလေး ခု လက်ရှိတွဲနေတဲ့ရှရှား မ သိ့တယ်မလား သူ့ကိုတောင် ရှရှားက သူတွေက စောက်ထင်မကြီးတော့ဘူး ..ဘာလို့လဲဆိုတော့ စာသင်ခန်းထဲမှာ ရှရှားက သူငယ်ချင်းနဲ့စကားမစပ်ပြောမိ့တာ ပါ အာဆင်နယ် မှာ ကန်နေတဲ့ အာရှာဗင် က မင်းတို့ရှရှားက ဘောလုံးသမား ကောင်းတယ်လို့ ပြောလိုက်ခါရှိသေးတယ် အေးဟုတ်တယ် ဘာညာနဲ့ အားရပါးရကြွားနေတာ ဘယ်မြို့က ပေါ့သူက ဘာညာနဲ့ နောက် ငါက ဒိုလေး ရောသိ့လားလို့မေးတော့ သိ့တယ် တဲ့ ဒိုလေး ခု တွဲနေတဲ့ ဆော်ကလို့ မင်းတို့ရှရှားက လို့ ငါ ကပြောလိုက်ခါရှိသေးတယ် အဲကောင် မျက်နာ မကောင်းတော့ဘူး ထပ်မပြောတော့နဲ့တဲ့ တကယ်ဆို အဲကောင်တွေ ဂုဏ်တောင်ယူရဦးမယ် ဒီလောက်နာမည်ကြီးတဲ့ ဒိုလေးကို သူတို့ နိင်ငံသူက ယူထားတာ တို့အောင်စန်းစုကြည်များ စောက်ရုပ်ကလည်း ရရက်လောက်ထမင်းမစားထားတဲ့ ရုပ်နဲ့ ယောင်္ကျားချင်းတောင် အန်ချင်စရာ ရုပ်ကို ယူထားတာ ဒါတောင် တို့ ဒေါ်လာစားများက ထောက်ပံငွေမရမှာဆိုးပြီး နိင်ငံခြားသားကိုလည်း အဖေခေါ်နေကြတာ လက်လန်တယ်....

အနော်..သတ္တိရှိပါတယ်ဗျို့ အနော်လိပ်စာထားခဲ့ပြီဗျို့..
အနော့်လိပ်စာက အိမ်နံပါတ်က $1.. ဒေါ်စုလမ်း.. ဒီမိုတို့ရပ်ကွက်(၇ပ်ကွက်လူကြီးကအမေစု)၊ ဒုတ်ထိုးရုပ်များမြို့၊ ပထွေးနိုင်ငံ လာလေ သတ္တိရှိရင်လာဖမ်းလေ... ငှဲငှဲငှဲ... လာမဖမ်းရဲဘူးမလား... ငှဲငှဲ... ဒါတောင် အမေစုယောက်ျား(အဖေအဲရစ်) သေတွားလို့နော်.. ဟင်း...

( ၂၀၁၁ ) ခေတ်သစ် သူငယ်တန်း ဖတ်စာ

က................ကလိမ်စေ့ ငြမ်းစင် သူတို့ပင်

ခ..................ခဏခဏ အယောင်တွေပြ

ဂ...................ဂတိ အလွန်ပျက်၏

င...................ငါတို့အား အသေဖိထား

စ...................စစ်တပ် ပြည်သူတွေကိုသတ်

ဆ..................ဆရာတော်များ အသက်စွန့်သွား

ဇ....................ဇစ်မြစ် ဘယ်ကမှန်းမသိ

ည..................ညှင်းဆဲ ပြည်သူတွေမှာ သူတို့လက်ထဲ

တ................တရားဥပဒေ စာအုပ်ထဲမှာနေ

ထ.................ထင်ရာစိုင်း လူ့ငရိုင်း

ဒ..................ဒလိမ့်ကောက်ကွေး အမြန်ဆင်းပေး

ဓ.................ဓန သူတို့ လက်ထဲမှာဗျ

န.................နိုင်ငံခြား အဆက်ဖြတ်ထား(အဆက်အသွယ်)

ပ................ပုန်းနေ သချိုင်းကုန်းမြေ

ဖ...............ဖွံ့ဖြိုးမူမှာ နောက်ဆုံးကပါ

ဗ..............ဗိုလ်ချူပ်မူးကြီး အချိန်မစီး(ဟီးးးးးးးး ဘယ်ဒူပါလိမ့်)

ဘ............ဘယ်သူမှ အထင်မကြီးပါဗျ

မ.............မြုံနေရ သေနတ်ကြောက်လို့ပါကွ

ယ............ယတြာ ခြေလွန်းတယ်ဗျာ

ရ..............ရူးနေ ဘုရင်ရူးပေ

လ............လူတိုင်း ဘုရားထူးခိုင်း

ဝ..............၀ဋ်ရယ် လည်ပါတော့ကွယ်

သ............သက်တမ်း အမြန်ကုန်စမ်း

ဟ..............ဟိုမှာ လေဖြတ်နေပြီကွာ :D

အ...............အမင်္ဂလာ ဆိုက်ပြီဗျာ တဲ့ သူငယ်ချင်းတို့ရေ.............:P

အဆင့်တန်းရှိရှိ ပြောတတ်ဖို့ မကြိုးစားဘူး... ပေါက်ကရ ပြောဖို့ပဲတတ်တယ်... မင်းတို့လို ပညာမဲ့ ပေါက်ကရပြော အတိုက်အခံတွေနဲ့တော့ ဒီမိုကရေစီကြီး ရအုံးမယ်

ကောင်းလိုက်တဲ့ သင်ပုန်း...ဒီကောင်တွေ..သင်ခဲ့ တာကိုပြန်ချပြနေတာအကိုရ...အဲဒါခေတ်သစ်မဟုတ်ဝူး...ခေတ်ကျန်တွေလေ...သူ့ အဖေသင်ပေးတဲ့ အတိုင်း..လိုက်ရွတ်ပြနေတာလေ...ထားလိုက်ပါအကို....အိပ်ရေးပျက်တယ်...အချိန်တန်တော့လည်း...အမြုပ်တစီစီနဲ့ ...ညိမ်သွားမှာပါ...အဲခါကျဘာသံထွက်မလည်းကြည့် လိုက်မယ်လေ...သားကြီးရာ...အသင့်ပြင်ထားပေါ့...အမြုပ်တွေသိပ်မထွက်ဖို့ လေ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်