Subscribe to our RSS Feed

ပညာမဲ့ (သို့) မြန်မာအတိုက်အခံများ နှင့် ပညာရှိ

ဒီမိုကရေစီ ခေါင်းစဉ်တပ် မြန်မာ့နိုင်ငံရေး အတိုက်အခံတို့ရေ.... ကိုယ့်စိတ်မှာဖြစ်နေတဲ့ စိတ်တွေနဲ့တိုက်ကြည့်ပါ။ ဒေါ်လာစား အတိုက်အခံတွေရော ကိုယ့်ထမင်းကိုယ်စား အတိုက်အခံတွေရော ဒီစာလေးကိုဖတ်ပြီးတော့ အားမနာတမ်း ကိုယ့်ကိုကိုယ် ဝေဖန်လိုက်ပါ။ ပြီးရင်တော့ ပညာရှိဖြစ်အောင်ကျင့်ရမဲ့ အချက်တွေကို လိုက်နာကျင့်ကြံရင်းဖြင့် ပညာရှိဖြစ်အောင် ကြိုစားနိုင်ကြပါ…။။။


ပညာမဲ့ (သို့) မြန်မာအတိုက်အခံများ နှင့် ပညာရှိ

ပညာရှိက သာသနာပူဇော်ဖို့ ဒါန ပြုတယ်။
ပညာမဲ့က ငါကောင်းစားဖို့ ဒါန ပြုတယ်။

(နာမည်ရဖို့ HIV ပိုးရှိ လူနာများနှင့် ဆက်ဆံတဲ့ မစ်စစ်အဲရစ်လို မလုပ်ကြနဲ့ ပညာရှိတစ်ယောက်လို သာသနာပူဇော်ဖို့ ဒါန ပြုချင်ရင် တခြား လုပ်စရာတွေ အများကြီးရှိတယ်)


ပညာရှိက မမြဲသောခန္တာကို အမိုက်ခံ၍ မကျွေးလိုသဖြင့် ငါးပါးသီလမြဲတယ်။
ပညာမဲ့က ငရဲကျမှာကြောက်လို့ ငါးပါးသီလမြဲတယ်။

(သရဲကြောက်လို့ ဝတ်စုံဖြူနဲ့ မုတ်ဆိပ်ရှည်ထားတဲ့ မင်းသား ကြားဖူး၊ မြင်ဖူးတယ်မဟုတ်လား)


ပညာရှိက သံဃာအစစ်မှ ဂစ္ဆာမိတယ်။
ပညာမဲ့က ငါတို့ဘုန်းကြီးမှ ဂစ္ဆာမိတယ်။

(သံဃာအစစ် တွေ အများကြီးရှိတဲ့ ကြားက တော်လှန်ရေးဘုန်းကြီးတွေကိုမှ ထောက်ခံ အားပေး ချီးမွှမ်း စာဖွဲ့ကြတာ ဘယ်သူတွေလဲ??)


ပညာရှိက မဂ်ဥာဏ်ဖိုဥာဏ်ကို လေးစားတယ်။
ပညာမဲ့က ထုံးစံကို လေးစားတယ်။

(””ဘယ်တုန်းက ဘာဖြစ်ခဲ့တယ်၊ ဘာဖြစ်ရင် ဘာဖြစ်တယ်”” ဆိုတဲ့ အစဉ်အလာနဲ့ ထုံးစံ အကြောင်း စကားတွေကို ပြောရေးဆိုခွင့်ရှိသူ ဆိုသူတွေနဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဆိုသူများ အပြောဆုံး)


ပညာရှိက အများကောင်းတိုင်းလိုက်မကောင်းပါ။
ပညာမဲ့က အများကောင်းရင်လိုက်ကောင်းတယ်။

(ဒါတော့ ပြောစရာကို မလို၊ ဘုမသိ ဘုမသိနဲ့ ဘာပြောပြော လက်ခုပ်လိုက်တီးနေတဲ့လူတွေက တပုံကြီး)


ပညာရှိက နာမည်ကြီးတိုင်း လိုက်၍မယုံပါ။
ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံတယ်။

(ဒါကတော့ အားလုံး မျက်မြင်ပါပဲ)


ပညာရှိက သဘောမှန်ကို မြတ်နိုးတယ်။
ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်။

(အမျိုးမျိုးပြောင်းနေကြတာ၊ ပြောင်းချင်နေကြတာ၊ အထူးအဆန်းလေးတွေ မျှော်နေကြတာ။ အထူးဆန်းကြီးတွေနဲ့ တွေ့မှာကိုတော့ ကြောက်ရမှန်းမသိဘူး)


ပညာရှိက ဘုရားနှစ်မျိုးမထားပဲ တစ်မျိုးတည်းထားတယ်။
ပညာမဲ့က ရွှေထူတဲ့ဘုရားမှ မြတ်နိုးတယ်။

(ရွှေထူရမယ်၊ လူစည်ကားရမယ်၊ နာမည်ကြီးရမယ်။ အဲ့လို ဘုရားမျိုးကိုမှ လူသိရှင်ကြား သွားဖူးမယ်။
အိမ်နားက ဘုရားတွေ အများကြီးကို ကျော်ပြီးတောင် သွားသေးတယ်)


ကဲ ပညာရှိသူတို့ရဲ့ စရိုက်တွေ တစ်ခုမှ မလုပ်ကြပဲ ပညာမဲ့သူတို့ရဲ့ စရိုက်တွေကို အဟုတ်ကြီးထင်မှတ်နေကြတဲ့ အတိုက်အခံအပေါင်းတို့ သံဝေဂ နောင်တ အမြန်ရကြကုန်လော့.....။


Myanmar Express

5 comments:

"""ပညာရှိက နာမည်ကြီးတိုင်း လိုက်၍မယုံပါ။
ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံတယ်။"""
"""(သံဃာအစစ် တွေ အများကြီးရှိတဲ့ ကြားက တော်လှန်ရေးဘုန်းကြီးတွေကိုမှ ထောက်ခံ အားပေး ချီးမွှမ်း စာဖွဲ့ကြတာ ဘယ်သူတွေလဲ??)"""

သွေးထွက်အောင် မှန်လေသည်...။

ဒီစာတွေက နအဖ အာဏာရူးကိုများ စောင်းပြောနေသလားပဲ ကွယ် မှန်လိုက်တာ နအဖ အတန်းမရှိပညာတတ်ကြီးတွေရယ်

((မှန်လိုက်တာ နအဖ အတန်းမရှိပညာတတ်ကြီးတွေရယ်))
ဟားဟား.. ဟားဟား... ရယ်ရတယ်ဟေ့ ဟားဟား.. ဟုတ်ပါ့မလား အတန်းရှိ ဒီမိုကြီးရယ်..
ဟားဟား... ဒီမိုတွေအတန်းရှိမရှိ သိသာပါတယ်ဗျို့.. ဟားဟား.. လန်ကွန်တီနဲ့ ဒီမိုကရေစီတောင်းလို့တောင်း.. အထွဋ္ဋ်အမြတ်ထားရာ နိုင်ငံတော်အလံကိုချနှင်းလိုနှင်း၊ ပေ ၁၆၀ ပေါ်က အလွတ်မဟုတ်ပဲခုန်ချလို့ ခုန်ချနဲ့ (ဒါတောင်ကျန်သေးတယ် လက်ညောင်းလို့ ပေါက်ကရတွေ မပြောချင်တော့ဘူး).. အော် ဒီမိုတွေ တော်တော်အတန်းပညာပဲ ရှိတာပါတကား.. ဟားဟား......

၅။၆ရက်နေ့ က သတင်းစာမှာ ပါတဲ့ စိုင်းသိန်းဝင်းပြည်ပြေး သစ္စာဖောက် ကြောင့် စွပ်စွဲခံခဲ့ရတဲ့ အဏုမြူဗုံး စွပ်စွဲချက်ကို အဏုမြု စွမ်းအင်အေဂျင်စီနဲ့ ဂျာမဏီ အစိုးရက မဟုတ်ကြောင်း ရှင်းထားပါတယ်။အဲဒါကို ဘယ်ပြည်ပမီဒီယာ ဒေါ်လာစားက မှ တင်မထားပါဘူး။ဒါကို တင်ပေးစေချင်ပါတယ် အများပြည်သူသိအောင် သတင်းစာမဖတ်ဖြစ်တဲ့ လူတွေသိအောင် ရေးပေးပါလို့ အထူး မေတ္တာရပ်ခံပါတယ်။မေးလ်ထဲမှာ လည်း ပို့ထားပါတယ်။mm.exps ကို မေးလ်ပို့ထားပါတယ်။ဖွင့်ကြည့်ပါဦးခင်ဗျာ

နအဖ အာဏာရူးတွေကလေ နေ့ဖက်တိုင်းပြည်ကို အခွံနွှာပြီး စားသောက် ဟော ညရောက်တော့ ကာရာအိုကေဆိုင်သွားပြီး နှိုက်ကြတာလေ။ သူတို့ပဲအဲလိုဆိုင်မျိုးအများဆုံးသွားကြ သွားနိုင်ကြတာမဟုတ်လား။ လုပ်ရပ်ကတော့ စုတ်ပဲ့တာ ယနေ့တိုင်းပြည်အခြေအနေက သက်သေပါပဲနော်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်