မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။
မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် '' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။
သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။
တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)
ဘုံပျောက်မှာစိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၎
ခရစ်သက္ကရာဇ် ၁၂ ရာစုအတွင်း အိန္ဒိယနိုင်ငံတွင် ဝင်ရောက်မွှေနှောက်သော အာဖဂန်တို့ကြောင့် ဗုဒ္ဓဘာသာသည်. အိန္ဒိယမှပျောက်ကွယ်ရသည်ဟု ဟိန္ဒူသမိုင်းပညာရှင်တို့ကဆိုကြသည်။ ဖော်ပြပါ အာဖဂန်စစ်သွေးကြွများသည် မူလကဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ပြီး၊ အစ္စလာမ်ဘာသာနှင့်စပ်လျင်း၍ သိမြင်နားလည်သူမဟုတ်ပါ။ အစဦးပိုင်းတွင် အိန္ဒိယသို့ရောက်ခဲ့သော အာရပ်တို့ကြောင့် အိန္ဒိယနိုင်ငံရှိဆင်းရဲသားတို့ မင်းမြောက်ခဲ့ရသည်။
အာရပ်မူစလင်တို့သည် အိန္ဒိယနိုင်ငံရှိဆင်းရဲသားများ၊ ဇာတ်နိမ့်များ၊ လယ်ကျွန်များ၏ ရပိုင်ခွင့်များကို ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အာရပ်တို့ပြန်သွားပြီး နှစ်ပေါင်း ၂၀၀ ကျော်မှ အာဖဂန်တို့က အိန္ဒိယသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် အိန္ဒိယတိုက်နယ်သို့ဝင်ရောက်လာသောအခါ မည်သည့်ဘာသာ၊ မည်သည့်လူမျိုးဟုသတ်မှတ်ခြင်းမရှိဘဲ၊ သူခိုးဓါးပြကဲ့သို့ အားလုံးကိုပြုကျင့်ခဲ့သည်ဟု မူစလင်သမိုင်းပညာရှင်တို့ကလည်း ရေးသားထားပါသည်။
မူစလင်သမိုင်းပညာရှင်တို့၏ဖော်ပြချက်အရ အိန္ဒိယတွင်အုပ်ချုပ်ခဲ့သော မူစလင်ဘုရင်များသည် အစ္စလာမ်ဘာသာကို မည်သို့မျှကူညီဖြန့်ချီပေးခဲ့ခြင်းမရှိပါ။ အစ္စလာမ်ဘာသာကို သာသနာပြုခဲ့သော ပုဂ္ဂိုလ်တို့မှာ ဆူဖီဟုခေါ်သော မူစလင်ရသေ့ ဘာဘာကြီးများသာဖြစ်ကြောင်းသိရသည်။
ထိုမူစလင်သမိုင်းပညာရှင်တို့က ကျွန်တော့အား '' ဒီလိုပြောကြကြေးဆိုရင်၊ ခင်ဗျားတို့ကကော ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ ဘုရားပုထိုးများကိုဖျက်ဆီးခဲ့တာဘာကြောင့်လည်း '' ဟုပြန်လည်၍မေးမြန်းခဲ့ပါသည်။
ယနေ့အထိ ထိုင်းနိုင်ငံတွင် အလောင်းဘုရားလက်ထက်က ဗမာတို့ဖျက်ဆီးခဲ့သော ဗုဒ္ဓဘုရားကျောင်းကန်များကို ထိုင်းလူမျိုးတို့သည် ပြင်ဆင်ခြင်းမရှိဘဲ ဗမာတို့၏ လက်ချက်ဟု ကမ္ဘာလှည့်ခရီးသည်များကို ပြသနေဆဲပင်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မူစလင်များကို အထူးအရေးပေးခြင်းခံနေရဆဲဖြစ်သည်။ ထိုင်းနိုင်ငံတောင်ဘက်ရှိ ပတ္တာနီ၊ နာရသီဝ၊ ယာလာဟူ၍ ပြည်နယ် သုံးခုတွင် မူစလင်များအများစုရှိသည်။ ထိုင်းဘုရင်သည် မူစလင်တို့၏ဘာသာရေးဂိုဏ်းချုပ်ကို တိုက်ရိုက်ခန့်ပေးသည်။ ဂိုဏ်းချုပ်သည် အာဏာအပြည့်အဝရှိသည်။ ထိုင်းနိုင်ငံ၏ကက်ဘိနက်တွင် ဝန်ကြီး ၃-၄ ဦးမှာအစဉ်အမြဲ မူစလင်များကိုခန့်လေ့ရှိသည်။
အာရပ်မူစလင်နိုင်ငံတို့၏ပံ့ပိုးမှုဖြင့် ထိုင်းနိုင်ငံအကျိုးရှိနေသည်။ မူစလင်တို့၏ ဘာသာရေးသက္ကသိုလ်မှာ ဘန်ကောက်မြို့တွင်ခမ်းနားစွာရှိနေသည်။
ဤကဲ့သို့ပင် ကမ္ဘောဒီးယားတွင်လည်း မူစလင်များကို အရေးပေးခြင်းရှိသည်။ ကွန်မြူနစ် ပိုပေါ့လက်ထက်တုန်းက မူစလင်များသိန်းနှင့်ချီအသတ်ခံခဲ့ရသည်။ ယင်းအကြောင်းကို နောက်တက်လာသည့်အစိုးရက ကမ္ဘာသိအောင်ဖြန့်ချီခဲ့သည်။ ဤနှစ်နိုင်ငံစလုံးသည် ဗုဒ္ဓဘာသာလူများစုရှိသော နိုင်ငံများဖြစ်သည်။
ယင်းနှစ်နိုင်ငံထက်ပိုမို၍စိတ်ဝင်စားဖွယ်ရာနိုင်ငံကား သီဟိုဠ်ကျွန်း သီရိလင်္ကာပင်ဖြစ်သည်။ သီရိလင်္ကာတွင် တိုင်းရင်းသားလူမျိုး ဆင်ဟာလီစ်တို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အိန္ဒိယပြည်တောင်ပိုင်းမှ လာရောက်သူတမီလ်များသည် ဟိန္ဒူများဖြစ်ကြသည်။ တမီလ်တို့သည် ၃၀ % မျှရှိသည်။ နောက်ထပအစုတစ်စုက မူစလင်များဖြစ်ကြသည်။ ၁၆ % မျှရှိသည်။ ဗုဒ္ဓဘာသာဝင်အုပ်ချုပ်သူတို့နှင့်
တမီလ်ဟိန္ဒူတို့စပ်ကြားတွင် စစ်ဖြစ်နေကြသည်မှာ ကြာပြီဖြစ်သည်။ တမီလ်ဟိန္ဒူတို့၏အဖွဲ့က တမီလ်ကျားအဖွဲ့ဖြစ်သည်။ သူတို့သည် စင်ဟာလစ် ဗုဒ္ဓဘာသာဝင်တို့ကို ခေါင်းဆောင်မှုပေးသာ ရဟန်းတော်များကို အလွန်ရွံရှာစက်ဆုပ်မှုရှိကြသည်။ သို့ဖြစ်၍အကြိမ်ပေါင်းများစွာအထိ ရဟန်းတော်များကို ဓါးဖြင့်ကိစ္စတုံးပစ်ခဲ့သည့် သာဓကရှိသလို သီဟိုဠ်ရှိစွယ်တော် မြတ်စေတီကိုပင်လျင် ဗုံးဖြင့်ဖောက်ခဲ့သည်။ သီရိလင်္ကာရှိ မူစလင်များသည် ဗုဒ္ဓဘာသာဝင်များနှင့် မဟာမိတ်ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်များနှင့်အတူ မူစလင်များမှာလည်း တမီလ်ကျားသူပုန်တို့၏ ထိုးနှက်သတ်ဖြတ်ခြင်းကိုအလူးအလဲခံနေရရှာသည်။
သီရိလင်္ကာနိုင်ငံသည် မူစလင်များနှင့်အလွန်ရင်းနှီးသောနိုင်ငံဖြစ်သည်။ ထိုမျှမက သီရိလင်္ကာနိုင်ငံကို မူစလင်နိုင်ငံအများအပြားက ကူညီထောက်ပံ့လျက်ရှိနေသည်။ ဤဖော်ပြချက်များသည် မျက်မှောက်ခေတ်ဘာသာရေးဆိုင်ရာများ၏ ဆက်နွယ်မှုဖြစ်သည်။
http://forshwemyanmar.blogspot.com/
17 comments:
Copy & Paste
နာမည်ကြီး စိတ်ဓာတ်လှုံ့ဆော်ရေး ဆရာတစ်ယောက်က သူ့ရဲ့ ပရိတ်သတ်ကို
ဖျော်ဖြေနေစဉ်မှာ ဖြစ်ပါတယ်...
“ကျွန်တော့ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့
အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်....”
ပရိတ်သတ်ကြီးလည်း အံ့သြမှင်သက်စွာ တတ်ဆိတ်သွားကြပါတယ်...
တဖန် သူက ဆက်၍ “ အဲဒီအမျိုးသမီးကတော့ ကျွန်တော့ မိခင်ပါပဲ”
လက်ခုပ်သံနှင့် ရီမောသံများ မိုးလုံးညံခဲ့ပါတယ်....
တပတ်ကြာပြီးနောက်... အဲဒီဆရာရဲ့ သင်တန်းသား ထိပ်တန်းမန်နေဂျာတစ်ယောက်ဟာ
ဒီဟာသကို သူ့အိမ်မှာ ပြန်ဖောက်သည်ချဖို့ ကြိုးစားပါတယ်... အဲဒီအချိန်က သူနဲနဲ မူးနေခဲ့တယ်...
သူအသံမြှင့်ပြီး ညစာပြင်ဆင်ပေးနေတဲ့ သူ့မိန်းမကို အော်ပြောလိုက်တယ်....
“ကျွန်တော့ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့
အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်....”
သူ့မိန်းမလည်း အံ့သြလွန်းလို့ ဘာမှမပြောနိုင်ပဲ ဆွံ့ အ သွားခဲ့တယ်...
သူလဲ သူ့ဟာသကိုဆက်ဖို့ စကားလုံးကို ကြိုးစားရှာဖွေပေမယ့် စက္ကန့် ၂၀ လောက်ကြာတဲ့အထိ
စဉ်းစားမရခဲ့ဘူး............. နောက်ဆုံးသူပြောလိုက်တာက
“အဲဒီ အမျိုးသမီးဘယ်သူလဲ ငါ မမှတ်မိတော့ဘူး”
သူပြန်သတိရလာတဲ့အခါ သူသိလိုက်တာက ရေနွေးပူလောင်တဲ့ဒဏ်ရာကြောင့်
ဆေးရုံပေါ်က ကုတင်ပေါ်မှာရောက်နေတယ် ဆိုတာပါပဲ။
ကဲ....... သူငယ်ချင်းတို့လဲ ....
Don't copy if you can't paste!
မပိုင်ဘူးထင်ရင် ခြင်မရိုက်ကြပါနဲ့...
paste လုပ်နိုင်မယ်မထင်ရင် အစထဲက copy မလုပ်ကြနဲ့နော်..........
“အရာရှိဖြစ်ရတာလည်းမနိပ်ပါဘူးဗျာ… ရဲဘော်ဘဝတုန်းကမှ အဆင်ပြေသေးတယ်။”
“ဘာဖြစ်လို့လဲဗိုလ်ကြီးရ …”
“ဘာဖြစ်ရမတုံး……ရဲဘော်ဘဝမှာတုန်းက ကျနော့်မိန်းမက တပ်ထဲမှာ အသုပ်စုံရောင်း တယ်။ ရတဲ့အမြတ်အစွန်းလေးနဲ့ အပိုမစုမိပေမဲ့ ဆွဲရေး (စားရေးသောက်ရေး) အဆင် ပြေတယ်။ ကလေးကျောင်းစရိတ်လည်း သိပ်မပူရဘူး။ ခုတော့ဗျာ… အရာရှိကတော် ဖြစ်နေတော့ အရင်ကလို အသုပ်ရောင်းလို့လည်း မသင်တော်ဘူး။ ရိပ်သာက အခြားအ ရာရှိကတော်တွေကြားမှာ မျက်နှာငယ်ရတယ်။ အဆင်မပြေတာကို ဒီအတိုင်းပဲ ကြိတ် မှိတ် နေရတယ်ဗျာ။”
ဒီလိုဒီလိုမျိုးမကြာခဏ ညည်းတွားပြောဆိုတတ်သူကတော့ တပ်မတော် (ရေ) အရာရှိ တဦး ဖြစ်တဲ့ ဗိုလ်ကြီးမျိုးသန်း (ရေ/ ၃၉၁၆) ဖြစ်ပါတယ်။ သူနဲ့ ကျနော် အရင်က မသိ ကျွမ်းဖူးခဲ့ပါ။ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုကို သူပြောင်းရွှေ့ရောက်ရှိလာတဲ့နောက် ပိုင်းမှာ သန်လျင်ဘက်ကိုသွားဖို့ ဘတ်စ်ကားစောင့်ရင်း မကြာခဏဆုံတွေ့ဖြစ်ရာက ရင်း နှီးလာတာပါ။ ရေတပ်မှာ ကြိုပို့ယာဉ်အလုံ အလောက်မရှိတာမို့ အောက်ခြေအရာရှိများ နဲ့ စစ်သည်အများစုဟာ လိုင်းကားစီးပြီး ရုံးတက်ရပါတယ်။
အဲဒီထဲမှာ ကိုယ်ပိုင်ကားမရှိတဲ့ ဗိုလ်မှူးအချို့လည်း ပါဝင်ပါတယ်။ တခါတရံ လိုင်းကား အဆက်ပြတ်တဲ့ အခါမျိုးမှာ ကျနော်တို့ နီးစပ်ရာလက်ဘက်ရည်ဆိုင် ထိုင်တတ်ကြပါ တယ်။ အဲဒီအခါမျိုးမှာ သူ့အကြောင်း ကိုယ့်အကြောင်း စပ်မိလို့ ပြောဖြစ်ကြတာတွေ ရှိ ပါတယ်။ လက်ဘက်ရည်သောက်တဲ့ အကြိမ်အများစုမှာ ကျသင့်ငွေကို ဗိုလ်ကြီး မျိုးသန်း က ဒိုင်ခံရှင်းပေး တတ်ပါတယ်။ အခြားသူကရှင်းပေးတာကို မလိုလားပါဘူး။
ကျနော်တို့ရေတပ်မှာ အချင်းချင်း understood ဖြစ်နေတဲ့ ထုံးစံတခု ရှိပါတယ်။ အဲဒါက လမ်းကြုံလို့ လက်ဘက်ရည်အတူသောက်ကြတဲ့အခါ ရာထူးကြီးသူက ကျသင့်ငွေ ကို ရှင်းပေးတတ်တဲ့ အလေ့အထပါ။ (သို့ပေမဲ့ ထုံးစံ မလိုက်နာသူ အချို့လည်း ရှိပါသေး တယ်)
ဗိုလ်ကြီးမျိုးသန်း ဟာ ရေငုပ်စစ်သည် ဘဝက အရာရှိဖြစ်လာသူပါ။ ၁၉၉၄-လောက်မှာ ခေတ်မီတပ်မတော်တရပ် ထူထောင်ဖို့ ရည်မှန်းချက်နှင့်အတူ (ကြည်း/ ရေ / လေ) တပ် ဖွဲ့စည်းပုံကို တိုးချဲ့လုပ်ဆောင်ပါတယ်။ အဲဒီအခါမှာ အရာရှိအင်အားပြည့်မီရေးအတွက် ရေတပ်ဗိုလ်လောင်း သင်တန်းဖြေဆိုခွင့် သတ်မှတ်ချက်ကို ယာယီလျှော့ချလိုက်ပါ တယ်။ ယခင်က သိပ္ပံဘွဲ့ (သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) နဲ့ ဝိဇ္ဇာဘွဲ့(ဥပဒေ) ရရှိပြီး အ သက် (၃ဝ) နှစ်အောက် စစ်သည်များသာ ဗိုလ်လောင်းသင်တန်း လျှောက်ခွင့်ရခဲ့ ပေမဲ့ ယာယီပြင်ဆင်ချက် အရ အသက် (၃၅) နှစ် အောက်ဘွဲ့ရပြီးသူအားလုံး ဗိုလ်သင်တန်း လျှောက်ခွင့် ရလာပါတယ်။
အထက်ပါစီမံချက်နဲ့အတူ ရဲဘော်မျိုးသန်း လည်း ဗိုလ်ကြီးမျိုးသန်းဖြစ်လာပါတယ်။ သို့ သော် ဗိုလ်မှူးမျိုးသန်း တော့ ဖြစ်ခွင့်မရှိပါ။ နဝတအစိုးရ လက်ထပ်မှာ ရဲဘော်ဘဝမှ အ ရာရှိဖြစ်လာသူတွေကို စစ်ရေယာဉ်မှူးငယ်သင်တန်း တက်ခွင့်မပြုတော့လို့ အဲဒီအရာရှိ တွေဟာ ဗိုလ်ကြီးဘဝမှာပဲ ကျောက်ချရပ်နားလိုက်ကြရပါတယ်။
တနေ့မနက်မှာတော့ ကားစောင့်နေတုန်း အံ့သြစရာ သတင်းတခုကို ကျနော် ကြားလိုက် ရ ပါတယ်။ လက်နက်ရောင်းဝယ်မှုနဲ့ ဗိုလ်ကြီးမျိုးသန်း အဖမ်းခံလိုက်ရပြီတဲ့။ စိတ်လှုပ် ရှားအံ့အားသင့်သွားရတဲ့အပြင် ကြားရတဲ့သတင်း ဖြစ်နိုင်ချေရှိမရှိ ဆက်စပ်စဉ်းစားမိပါ တယ်။ ဗိုလ်ကြီးမျိုးသန်းဟာ အနေအထိုင်အေးဆေးတည်ငြိမ်ပြီး သူတပါးအပေါ် စာနာ စိတ်ထားရှိသူတဦး ဖြစ်ပါတယ်။ ပိုပြီးထူးဆန်းတာက သူ့မှာ သေနက်တလက် ပိုင်ဆိုင် တယ် ဆိုတဲ့ကိစ္စပါ။ နောက်တော့မှ ဟိုတစဒီတစနဲ့ အကြောင်းစုံကို သိရပါတော့တယ်။
ပစ္စတိုသေနက် တလက်ကို ငွေကျပ်သိန်း (၅ဝ) နဲ့ ရောင်းဖို့ရှိတယ်လို့ ဗိုလ်ကြီးမျိုးသန်း က အရပ်သားတဦးကို ကမ်းလှမ်းတဲ့အခါ အဲဒီအရပ်သားက စံပြဈေးအနီးမှာရှိတဲ့ စား သောက်ဆိုင်တခုမှာတွေ့ဆုံဖို့ ချိန်းပါတယ်။ ချိန်းဆို ထားတဲ့နေရာမှာ အရောင်းအဝယ် ကိစ္စပြောဆိုနေစဉ် ရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ဖမ်းပါတယ်။
နောက်တော့ ထောက်လှမ်းရေး (၂၆) ကို လွှဲပေးလိုက်ပြီး ဗိုလ်ကြီးမျိုးသန်း က ဟုတ်မှန်း ကြောင်းဝန်ခံကာ သေနတ်ထည့်ထားတဲ့ သေတ္တာသော့ကို ထောက်လှမ်းရေး အရာရှိထံ အပ်နှံလိုက်ပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ အဏ္ဏဝါ အရာရှိရိပ်သာမှာရှိတဲ့ ဗိုလ်ကြီးမျိုးသန်း ရဲ့ အခန်းကို ရောက်ရှိသွားတဲ့အခါ ဗိုလ်ကြီးမျိုးသန်းရဲ့ ဇနီးက အခန်း တံခါးဝမှာရပ်နေတဲ့ သူစိမ်းတွေကို အတန်ကြာအောင် ငေးကြည့်နေပြီးမှသမီးဖြစ်သူကို ဖျာတချပ်ခင်းစေကာ ဧည့်သည်တွေကို ထိုင်ဖို့ ပြောရပါတယ်။
အထင်နဲ့အမြင် တက်တက်စင်လွဲ နေပြီဖြစ်တဲ့ အိမ်ခန်းအဆင်အပြင်ကို တွေ့ရတော့ ထောက်လှမ်းရေးတွေလည်း စိတ်မကောင်းနိုင်ကြတော့ပါ။

အခန်းထဲမှာ အရာရှိအဆောင် အယောင်ဆိုလို့ တန်းမှာချိတ်ထားတဲ့ ယူနီဖောင်းတစုံက လွဲပြီး ဆက်တီမရှိ၊ အပေါ်စက်အောက်စက်မရှိ၊ ရေခဲသေတ္တာမရှိ၊ အဝတ်အစား ကောင်း ကောင်းမရှိ ယုတ်စွအဆုံး ဆန်ပုံးထဲမှာ ဆန်အလုံအလောက် မရှိ။ ထောက်လှမ်းရေး အ ရာရှိက အိမ်ရှင်ထံခွင့်ပန်ပြီး “ဒုဗိုလ်မျိုးသန်း (ရေ-၃၈၁၆)” လို့ စာရေးထားတဲ့ ထင်းရှူး သေတ္တာကို ဖွင့်လိုက်တဲ့အခါ ယူနီဖောင်းအသစ်တစုံနှင့် အရပ်ဝတ်နှစ်စုံခေါက်ပြီး ထည့် ထားတာကို တွေ့လိုက်ရပါတယ်။ အဝတ်တွေရဲ့အောက်မှာတော့ ပလပ်စတနဲ့ အသေအ ချာထုပ်ထားတဲ့ ပစ္စတိုသေနတ်တလက်ကနေ ရာယူထားပါတယ်။
အဲဒီသေတ္တာရဲ့သော့ကို ဗိုလ်ကြီးမျိုးသန်း က အမြဲသိမ်းထားပြီး ဇနီးဖြစ်သူကိုလည်း သေတ္တာသန့်ရှင်းရေးလုပ်ခွင့် မပြုပါ။ ဇနီးသည်လည်း သူတလျှောက်လုံး သံသယဖြစ်နေ ခဲ့တဲ့ သေတ္တာရဲ့လျှို့ဝှက်ချက်နဲ့ ပတ်သတ်ပြီး ဇာတ်ရည်လည် သွားပါတော့တယ်။
အမှုကိစ္စဆက်လက်ဆောင်ရွက်ဖို့ ထောက်လှမ်းရေးတပ်မှူးနဲ့ ဗျူဟာ စစ်ရေယာဉ်စုမှူး ဗိုလ်မှူးကြီး သက်တင်လှိုင် တို့ ဆွေးနွေးပြီး ညတွင်းချင်း အစီရင်ခံစာ တင်ပါတယ်။ တပ် မတော်သားချင်း ကိုယ်ချင်းစာ၍ ထင်ပါရဲ့ထောက်လှမ်းရေး အစီရင်ခံစာထဲမှာ ဗိုလ်ကြီး မျိုးသန်း ထံမှ သိမ်းဆီးရမိသော သေနတ်အကြောင်းကို ချန်လှပ်ကာ လိမ်လည်ကြံစည် မှုအဖြစ်သာ တင်ပြထားပါတယ်။
အမှုပေါ့စေရန် ဖြစ်ပါတယ်။ သို့သော် အမှုဖြစ်စဉ်ကို သိရှိသွားတဲ့ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်စိုးသိန်းက အမှုဖြစ်စဉ်မှန်ကို ပြန်လည်တင်ပြရန် တောင်းဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်စိုးသိန်း ကိုယ်တိုင်လည်း တပ်မှုးဘဝမှာတုန်းက တပ်ရင်းကင်းမှ သေနတ်တ လက် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး တရားမဝင်အစားထိုး ဖြေရှင်းနိုင်ခဲ့လို့သာ ဗိုလ်ချုပ်အ ဆင့်ထိ ရာထူးမြဲခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ကြီးမျိုးသန်း သင်တန်းသား အရာရှိဘဝမှာ စစ်ရေယာဉ်- ၅၅၂ ၏ ပဲ့စင်အရာရှိငယ် အဖြစ်နဲ့ ပင်လယ်ပြင် လုံခြုံရေးတာဝန် ထမ်းဆောင်ရပါတယ်။ အဲဒီမှာ တရားမဝင် ထိုင်း ငါးဖမ်းလှေများကို ဖမ်းဆီးရင်း ငါးဖမ်းလှေတစီးပေါ်မှ ပစ္စတိုသေနတ်တလက်ကို အမှတ် မထင် ရရှိလိုက်ပါတယ်။
သူက သေနတ်ကို စစ်ရေယာဉ်မှူးထံ မအပ်ဘဲ သိမ်းထားလိုက်ပါတယ်။ နှစ်ပေါင်းများစွာ တယုတယ သိမ်းထားပြီးမှ မိသားစုဝမ်းရေး အခက်အခဲနဲ့ သားသမီး ပညာရေးအတွက် လုပ်မိလုပ်ရာ လုပ်လိုက်ပုံ ရပါတယ်။ အဲဒီအချိန်မှာ သူ့သမီးအကြီးဆုံးက အင်္ဂလိပ်စာ အဓိကနဲ့ တက္ကသိုလ် တက်နေပါတယ်။
နောက်ဆုံးမှာတော့ ဗိုလ်ကြီးမျိုးသန်း ထောင်တနှစ်ခွဲ ကျသွားပါတယ်။ မူလပြစ်ဒဏ်က ထောင် ငါးနှစ်ဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့် အမိန့်နဲ့ တနှစ်ခွဲ ဖြစ်သွားတာလို့ သိရပါတယ်။
အမှုနဲ့ပတ်သတ်ပြီး မှန်တယ်မှားတယ် တရားတယ် မတရားဘူး စသည်ဖြင့် ပြောဆိုမှု တွေ သိပ်မကြားရပေမဲ့  မိသားစုချင်းကိုယ်ချင်းစာနာပြီး စိတ်မကောင်း ဖြစ်ကြရပါတယ်။
သူ့ရဲ့လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေတချို့က သူ့မိသားစုကို တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ ထောက်ပံ့ကြပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေကလည်း ထောက်ပံ့တယ် လို့ သိရပါတယ်။
အမှန်တကယ်တော့ တပ်မတော်သားဆိုတာ နိုင်ငံ့ဝန်ထမ်းတွေပါပဲ။ နောက်ခံအလွှာ အ သီးသီးကနေ အကြောင်းအမျိုးမျိုးနဲ့ တပ်ထဲကို ရောက်လာကြတာပါ အခြားအရပ်ဖက် ဝန်ထမ်းတွေနဲ့ မတူတာက တပ်ထဲကို အဝင်လွယ်ပြီး အထွက်ခက်တဲ့ ကိစ္စပါ။ တပ်မ တော်သား အများစုဟာ လူ့ဂုဏ်သိက္ခာတရားနှင့်အညီ နေထိုင်လိုကြပါတယ်။
ဒါပေမဲ့ ပြောမယုံကြုံဖူးမှသိဆိုသလို ဘဝတွေက ကြမ်းတမ်းခက်ထန်လှပါတယ်။ တပ် မိ သားစုတွေကို ထုတ်ပေးတဲ့ရိက္ခာဟာ ဒုက္ခသည်စခန်းမှာပေးတဲ့ ရိက္ခာရဲ့ ငါးပုံတပုံ လောက်ကောင်းမွန်မယ်ဆိုရင် စစ်သည်တွေ အတော်ဝမ်းသာရမှာပါ။ မိသားစု စားဝတ် နေရေး မပြေလည်ပေမဲ့ နှုတ်ထွက်ခွင့်လည်းမရ တပ်ကထွက်ပြေးရင်လည်း ရာဇဝတ်မှု ကျုးလွန်မိသလို ထောင်ဒဏ်ကျခံရမှာဖြစ်တာကြောင့် မိသားစုအသိုင်းအဝိုင်း မျက်နှာ ကိုထောက်ထားပြီး အခက်အခဲတွေကို ကျိတ်မှိတ်ခံနေသူတွေ အများစုရှိနေဆဲ ဖြစ်ပါ တယ်။
အဲဒီတော့ မိသားစုဝမ်းရေးအတွက် ဆိုက်ကားနင်း၊ ညစောင့်လုပ်၊ ချဲထီရောင်း၊ လူမှောင် ခိုလုပ် စတဲ့နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းနေကြရပါတယ်။
အတ္တကိုဗဟိုပြုလွန်းတဲ့ အာဏာရှင်စနစ်မှာ အကျိုးအမြတ်ခံစားခွင့်ဆိုတာ ဗိုလ်မှူးကြီး အဆင့်ကနေ အထက်မှာပဲ စုပြုံနေတာပါ။ အောက်ခြေက လူအများစုအတွက်တော့ လူ တန်းစေ့နေထိုင်ရေးနဲ့ လူ့ဂုဏ်သိက္ခာ တရားဆိုတာ ပြောင်းပြန်အချိုးကျနေပါတယ်။ ဒီ လိုဖြစ်အောင် အာဏာရှင်ကြီးတွေက တမင်ဖန်တီးထားတာပါ။ ရဲဘော်တွေရဲ့ဘဝဟာ တုံးအောက်က ဖား ဆိုတော့လည်း ပြားနေ အောင်ခံရတာပေါ့။
ဒါပေမဲ့ အထက်မှာ ဆိုခဲ့သလို တပ်မတော်သားအများစုဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အမှောင်ထု အတွင်းကနေ တဦးချင်းလည်း ရုန်းမထွက်နိုင်။ အားလုံး လွတ်မြောက်ရေး အတွက် ထွက်ပေါက်ကိုလည်း မမြင်နိုင်ကြရှာသေးဘဲ အာဏာရှင် ဝန်ထုပ်ဝန်ပိုးကြီးကို မနိုင်မနင်းထမ်းကာ နေဝင်ရာအရပ်ဆီကို တရွေ့ရွေ့ လျှောက်လှမ်းနေကြတုန်း ဆိုလေ တော့ …။

... တစ်ကယ်ဆိုရင် စစ်တပ်ကလူဆိုရင် မုန်းတယ်ဆိုတဲ့စကားဟာ အမြဲတမ်းမဖြစ်သင့်လှပါဘူး ... ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်ပါတယ် ... စစ်တပ်ထဲမှာလည်း တစ်ကယ်စိတ်ရင်းကောင်းတဲ့လူတွေ ရှိပါတယ် ... ဒါပေမဲ့ အထက်က အမိန့်လာရင် လွန်ဆန်ဖို့ခက်ခဲလှပါတယ် ... အထက်အရာရှိမဟုတ်တဲ့ အောက်ခြေအမှုထမ်းတွေဆို ပြသာနာ အများကြီး ကြုံတွေ့နေကြရတာပါ ...
တပ်ထဲကို ၀င်ချင်လွန်းလို့ မဟုတ်ဘဲ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတာ အများကြီးပါ ...ခက်တာက တပ်ဆိုတာ ၀င်ဖို့သာလွယ်ပါတယ်၊ ထွက်ဖို့က ခက်ခဲလွန်းပါတယ်၊ ကိုယ့်သဘောနဲ့ကိုယ်ထွက်ရင်လည်း ရာဇ၀တ်မှုမြောက်တယ်ဆိုပြီး ဖမ်းပါတယ် ... ဒါတွေကို စာနာပေးစေလိုပါတယ် ... စစ်တပ်ကလူဆိုရင် အမြင်ကတ်တာမျိုးမဖြစ်စေချင်ပါဘူး ... စစ်တပ်ထဲမှာလည်း တရားနဲ့ သွားတဲ့လူတွေရှိပါတယ် ... မလုပ်ချင်ဘဲ လုပ်နေရတဲ့ အရာတွေ အများကြီးရှိပါတယ် ... လွတ်မြောက်မှုကို မျှော်လင့်နေကြသူတွေလည်း အများကြီးရှိပါတယ်ဗျာ၊ တပ်ထဲကလူလို့ ဆိုလိုက်တိုင်း လူဆိုးလို့ မမြင်မိဖို့ ပြောလိုပါတယ်ခင်ဗျာ ... ... ...
... တစ်ကယ်ဆိုရင် စစ်တပ်ကလူလို့ဆိုလိုက်တိုင်း မုန်းတယ်ဆိုတာ မဖြစ်သင့်ပါဘူး ... ဘာလို့လဲဆိုတော့ ဘယ်နေရာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်တဲ့အတွက် စစ်တပ်ထဲမှာလည်း တစ်ကယ်စိတ်ရင်းကောင်းတဲ့လူတွေရှိပါတယ် ... သူတစ်ပါးအပေါ်စိတ်ထားကောင်းတဲ့လူတွေရှိပါတယ် ... ခက်တာက အထက်ကအမိန့်လာရင် လွန်ဆန်ဖို့ မလွယ်လှပါဘူး ... မလုပ်ချင်ဘဲနဲ့ လုပ်နေရတဲ့အရာတွေ အများကြီးရှိပါတယ် ... ဒါတွေကို နားလည်ပေးစေချင်ပါတယ် ...
စစ်တပ်ထဲကို ၀င်ချင်လွန်းလို့မဟုတ်ဘဲနဲ့ အကြောင်းအမျိုးမျိုးနဲ့ရောက်လာကြတဲ့လူတွေ အများကြီးရှိပါတယ် ... ခက်တာက စစ်တပ်ထဲကို ၀င်ဖို့သာ အရမ်းလွယ်တာ ထွက်ဖို့ကျတော့ ခဲယဉ်းလွန်းပါတယ် ... ထွက်ခွင့်တောင်းရင်လည်း ခွင့်မပြုပါဘူး၊ ကိုယ့်သဘောနဲ့ကိုယ်ထွက်သွားရင်လည်း ရာဇ၀တ်မှုမြောက်တယ်ဆိုပြီး ဖမ်းပါတယ်ခင်ဗျာ ... တစ်ကိုယ်တော်လူလွတ်သမားတွေကျတော့ အခွင့်သာခဲ့ရင် စွန့်စားပြီး ပြေးကြတာပေါ့ ... တစ်ချို့အိမ်ထောင်နဲ့ သားနဲ့မယားနဲ့ တပ်ထဲမှာနေကြရတဲ့လူတွေကြတော့ ပြေးလို့ဘယ်လွယ်ပါ့မလဲ ... ... စစ်တပ်ထဲမှာက ရာထူးကြီး အထက်အရာရှိတွေလောက်ပဲ အဆင်ပြေကြတာပေါ့ ... အောက်ခြေအမှုထမ်းတွေကတော့ အဆင်မပြေလှပါဘူး၊ အပိုငွေဆိုတာလည်း မရှိလှပါဘူး ... အထူးသဖြင့် အိမ်ထောင်သည် အမှုထမ်းတွေဆို ခဏခဏ ညည်းကြပါတယ်၊ ရတဲ့ဟာနဲ့ သုံးဖို့လိုတဲ့ဟာက မလောက်ကြပါဘူး ... အဲဒီအခါ ရရင်ရသလိုငွေရှာကြရတာပါ ... အဲဒီလိုမှ မရှာရင်လည်း ပြသာနာတွေက ၀ိုင်းဝိုင်းလည်နေမှာပါ ... ဒါတွေက ကိုယ်တိုင်ရောက်ဖူး နေဖူး ကြုံဖူးမှ သိကြမှာပါ ...
စစ်တပ်ထဲကအောက်ခြေအမှုထမ်းတွေမှာလည်း ကိုယ့်ပြသာနဲ့ကိုယ်တွေ ပါပဲ ... ... ... စိတ်ညစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး၊ အထက်က အုပ်ချုပ်မှုအောက်မှာ ကိုယ်လွတ်ရုန်းဖို့လည်း မလွယ်လှပါဘူး ... ဒါတွေကိုလည်း နားလည်ပေးစေချင်ပါတယ် ... စစ်တပ်ထဲကလူလို့ဆိုလိုက်တိုင်း မမုန်းကြပါနဲ့၊ ကောင်းတဲ့လူတွေ ရှိပါသေးတယ်၊ မလွန်ဆန်နိုင်လို့ ဆက်ရုန်းနေကြရတာပါ၊ တစ်ကယ်ပဲ လွတ်မြောက်မှု ငြိမ်းချမ်းမှုကို မျှော်လင့်နေကြသူတွေ အများကြီးပါ ... စာနာ နားလည်ပေးစေလိုပါတယ် ...

ဆောက်ရူးဘလော့ကိုရောက်လို့ ဆောက်ရမ်းစိတ်ညစ်သွားပါတယ်
အဟောင်ဆုံးစစ်ခွေးကို ခွေးချုပ်သန်းရွှေက
ဘာအမဲရိုးပေးမှာမို့ ဒီလောက် ဟောင်နေကြလဲ မသိပါ
တိုင်းပြည်ကြီးနွံထဲမြုပ်နေတာတောင်
ငါကယ်ထားလို့ ငါပဲကယ်မယ် ငါထပ်ကယ်မယ်တွေနဲ့ တွေ့နေတယ်
wqhig wielilj wilja
1556
သက်ထူးအောင်<< i think you are right about soldiers. thanks for pointing it out.not only soldiers, there are other people who work for government in lower status suffer as bad as the soldiers.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်