Subscribe to our RSS Feed

ဘုံပျောက်မှာစိုးကြောက်မိရှာ

နမောတသ ဘဂ၀တော အရဟတော သမ္ဗာသမ္ဗုဒ္ဓဿ

အပိုင်း ၁

မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကို မူရင်းအတိုင်းတင်ဆက်လိုက်ပါသည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် '' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ''
ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။
(ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ကျွန်တော်သည်ဗုဒ္ဓဘာသာဝင်အငြိမ်းစား သံအမတ်ကြီးတစ်ဦးဖြစ်ပါသည်။ သက်တမ်းအားဖြင့် နိုင်ငံဝန်ထမ်းတာဝန်ကို ၃၅ နှစ်မျှ နိုင်ငံရပ်ခြားတွင်ထမ်းဆောင်ခဲ့ပါသည်။ ကံအားလျှော်စွာ ယင်းနိုင်ငံများသည် အများအားဖြင့်မူစလင်များရှိသော နိုင်ငံများဖြစ်နေပါသည်။ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ အီဂျစ်ပြည်၊ ယူဂိုစလပ်နှင့် အိန္ဒိယနိုင်ငံများသို့ ကျွန်တော်ရောက်ခဲ့ရပါသည်။ ဤသို့အားဖြင့် ယင်းဒေသရှိမူစလင်များအကြောင်းကို အနီးကပ် လေ့လာခွင့်ရရှိခဲ့ပါသည်။ များမကြာမီက ဖြန့်ချီနေသော '' မျိုးပျောက် မှာစိုးကြောက်ရ '' အမည်ရှိ မူစလင်ဆန့်ကျင်ရေး (ဝါ) ကုလားမူစလင်ဆန့်ကျင်စာတမ်းတစ်ခုကို ရရှိခဲ့ပါသည်။

ဤစာတမ်းပါအချက်အလက်များကိုလေ့လာကြည့်သောအခါ အိန္ဒိယနိုင်ငံတွင်တရားဝင်ဖြန့်ချီနေသော အာရိယာစမာခ်ျ (ခေါ်) အာရိယာသမဂ္ဂအဖွဲ့၊ R.S.S ၊ ဂျန်နဆင်းစသည်ဖြင့် ဟိန္ဒူတယူသန်အဖွဲ့အစည်းများ၏ စာတမ်းပါအချက်အလက်များ ဖြစ်နေကြောင်းတွေ့ရသည်။ ဤအဖွဲ့အစည်းများသည် လွန်ခဲ့သော ၁၉၂၀ ပြည့်နှစ်လောက်ကစ၍ မူစလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကိုပြုလုပ်လာခဲ့ရာ အိန္ဒိယတိုက်နယ်ဒေသတွင် ပါကစ္စတန် နှင့် အိန္ဒိယဟူ၍ နှစ်နိုင်ငံပေါ်ထွန်းလာခြင်းသည်သာ အမှတ်ထင်ခဲ့ရသည်။ မူစလင်လူမျိုးများရှိရာဒေသသည် ပါကစ္စတန်နိုင်ငံအဖြစ်ခွဲထွက်သွားသော်လည်း ယနေ့အထိ အိန္ဒိယနိုင်ငံတွင်မူစလင်တို့ အင်အားကားကြီးထွားဆဲပင်ဖြစ်သည်။

အိန္ဒိယနိုင်ငံကိုအုပ်ချုပ်လိုသော နိုင်ငံရေးအဖွဲ့အစည်းများသည် မူစလင်တို့နှင့် အပေးအယူပြုလုပ်ရလေ့ရှိသည်။ အရင်အုပ်ချုပ်ခဲ့သော V.I.P ဟိန္ဒူအစွန်းထွက်နိုင်ငံရေးအဖွဲ့အစည်းသည်ပင် အာဏာရရှိရန် သူတို့၏ မူစလင်ဆန့်ကျင်ရေးကြွေးကြော်သံများနှင့် ခံယူချက်စောင်ပုဒ်များကို ရုပ်သိမ်းခဲ့ရသည်။

'' မျိုးပျောက်မှာစိုးကြောက်ရ '' စာတမ်းတွင်ပါဝင်သကဲ့သို့ အိန္ဒိယနိုင်ငံတွင် ဟိန္ဒူများသည် မူစလင်များကိုမုန်းတီးသည်။ အတိတ်ကခဲမှန်ဖူးသည်ဟူသော ရေးသားချက်ကား လုံးဝပင်မှားယွင်းနေသော ဖော်ပြချက်ဖြစ်နေသည်။ တခါတရံဖြစ်လေ့ဖြစ်ထရှိသော ဘာသာရေး အဓိကရုဏ်းမှအပ အိန္ဒိယသားတို့သည် တူညီသောအမျိုးသားရေးစိတ်ဓါတ် ထားရှိကြသည်ကိုတွေ့ရသည်။


မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည်
'' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ''
ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။ သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာ စိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၂

တခါတရံတွင်မူ အိန္ဒိယ၏ရိုးရာဓလေ့များ၊ အနုပညာများကို မူဆလင်တို့က ပိုမိုစွဲမြဲစွာထိန်းသိမ်းထားကြောင်းတွေ့မြင်နိုင်သည်။ အိန္ဒိယနိုင်ငံတွင် နိုင်ငံရေးအဖွဲ့များသည် သူတို့အာဏာရရှိရေးအတွက် အသုံးချလေ့ရှိသည်။ အယုဒ္ဓယဗလီကျောင်းမြေနေရာသည် ဟိန္ဒူဘုရားပွင့်ရာ နေရာဖြစ်သည်ဟု အတိုက်အခံတို့က နိုင်ငံရေးအရအသုံးချခဲ့သည်။

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဟိန္ဒူအစွန်းထွက်များက အယုဒ္ဓယဗလီကျောင်းကိုဝင်ရောက်ဖျက်ဆီးသိမ်းပိုက်ခဲ့ရာ ယင်း၏နောက်ဆက်တွဲအဖြစ် ဟိန္ဒူဘုရားကျောင်းမြောက်များစွာ ဖျက်ဆီးခံခဲ့ရသည်။ ယင်းအယုဒ္ဓယဗလီကိစ္စကြောင့်အိန္ဒိယနိုင်ငံသည် ရူပီငွေကုဋေပေါင်း ၄၀၀၀ ကျော်ဆုံးရှုံးပြီး၊ လူပေါင်း တစ်သိန်းနီးပါးသေခဲ့ရသည်။ နိုင်ငံရပ်ခြားရှိ အိန္ဒိယနိုင်ငံ၏ကုန်သွယ်ဖက် မူဆလင်နိုင်ငံများဝယ် ဈေးကွက်လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ယင်းသည် အိန္ဒိယနိုင်ငံ၌သာမဟုတ် ဥရာပတိုက်ရှိ ဗြိတိန်နိုင်ငံအထိဖြစ်ခဲ့ရသည်။ မူဆလင်တို့သည် သူတို့ဘာသာဝင်များကို ကမ္ဘာ၏ဘယ်အရပ်ဒေသတွင်မဆိုထိခဲ့လျှင် သူတို့ဘက်ကတန်ပြန်ကလဲ့စားချေသည့်အလေ့ရှိသည်။

၁၉၈၇ ဝန်းကျင်တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့တွင် ဗလီဘုရားကျောင်းနှင့် မူဆလင်တို့၏ အိမ်ယာများဖျက်ဆီးခံခဲ့ကြရသည်ကို အကြောင်းပြု၍ အင်ဒိုနီးရှားနိုင်ငံရှိ ဗောရောဗုဒ္ဓောဘုရားကျောင်း၏ အရံစေတီတစ်ဆူကိုဖျက်ခဲ့သည်တို့ကိုမမေ့အပ်ပေ။

၁၉၉၆ ခုနှစ်၊ မတ်လတွင် ရန်ကုန်မြို့တွင် ဗလီဘုရားကျောင်းများကို မြန်မာတို့မှဝင်ရောက်ဖျက်ဆီးခဲ့ကြသည့် သတင်းကြောင့် ကမ္ဘာ့မူစလင်တို့ မကျေမနပ်ဖြစ်ခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်တို့က သူတို့နိုင်ငံရှိတောင်ကြီးထက်တွင် ထုလုပ်ထားသည့် ရှေးဟောင်းဗုဒ္ဓဘုရားရုပ်ထုကို ဖောက်ခွဲဖြစ်မည်ဟု ခြိမ်းခြောက်သေးသည်။ ဤကိစ္စကို ကုလသမဂ္ဂယူနက်စကိုက မေတ္တာရပ်ခံမှ သူတို့လက်လျော့လိုက်ခြင်းဖြစ်သည်။ ယနေ့ဗုဒ္ဓအထိမ်းအမှတ် အဆောက်အဦးအများအပြားသည် အာဖဂန်နစ္စတန်နှင့် ပါကိစ္စတန်နိုင်ငံတွင် အများအပြားရှိနေသည်။

သူတို့သည် ယင်းအထိမ်းအမှတ်များကို သူတို့၏ရှေ့ဟောင်းအမွေအနှစ်အဖြစ်ဂုဏ်ယူဖောပြလေ့ရှိသည်။ ပါကိစ္စတန်နိုင်ငံသည် တက္ကသီလာအပါအဝင် ယင်းရှေးဟောင်းဂန္ဓာရ ယဉ်ကျေးမှုကိုအကြောင်းပြု၍ နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်များထံမှ နိုင်ငံခြားငွေအများအပြား သန်းချီရရှိနေသည်။

ကျွန်တော်မူစလင်နိုင်ငံတွင် မူစလင်တို့စပ်ကြားတွင်နေထိုင်ခဲ့စဉ်က ဘာသာရေးဆိုင်ရာကျွမ်းကျင်သော ပါရဂူများနှင့် ဆွေးနွေးခဲ့ဘူးပါသည်။ သူတို့အဆိုအရ မူစလင်တဦးသည် အခြားဘာသာဝင်တဦးကို တနည်းနည်းဖြင့်ဒုက္ခပေးခဲ့လျှင်လည်းကောင်း၊ အခြားဘာသာတို့၏ ဘုရားကျောင်းများကို ဖျက်ဆီးခဲ့လျှင်လည်းကောင်း၊ သူတို့၏အလ္လာဟ်ဘုရားက အပြစ်ပေးမည်ဖြစ်ကြောင်း၊ ယင်းသူသည် ငရဲကျမည့်အကြောင်း သူတို့ဘုရားစာကိုရမ်ကျမ်းတွင် ပညတ်ထားကြောင်းပြောပြကြသည်။ ကျွန်တော်ကလည်းအတိတ်ကာလက မူဆလင်တို့မှာ ဗုဒ္ဓဘုရားကျောင်းများကို ဖျက်ဆီးခဲ့ကြောင်းပြောပြရာ ထိုပါရဂူပညာရှင်တို့က အကိုးအကားဖြင့် အောက်ပါအတိုင်း ယင်းစွပ်စွဲချက်များကိုရှင်းပြခဲ့သည်။

BC 6 ရာစုခေတ်မှစ၍ အိန္ဒိယနိုင်ငံ ဘာသာကိုးကွယ်မှုသမိုင်းတွင် ဗုဒ္ဓသာသနာသည် သူ၏ဇာတိမြေတွင် နှစ်ပေါင်း ၁၆၀၀ ခန့်တိတိ တည်တံ့ခဲ့သည်။ ခရစ်သက္ကရာဇ် ၁ မှ ၈ ရာစုနှစ်များတွင် ဗုဒ္ဓသာသနာသည် အိန္ဒိယမြေမှလုံးဝပြောက်ကွယ်ခဲ့ရသည်။ ဤသို့ပျက်သုဉ်းရခြင်း၏ အဓိကအကြောင်းရင်း သုံးခုမှာ -

ရှင်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခဲ့သော ဘီစီ ၅ ရာစု ကုန်လုနီးကာလအတွင်း ရှင်ဗုဒ္ဓထူထောင်ခဲ့သော ဓမ္မဝါဒီတို့အားကောင်းနေသည်ဖြစ်၍ တလုံးတစည်းတည်းဂုဏ်ရောင်ထွန်းပြောင်ခဲ့ရသည်။ သို့သော် ဒုတိယသင်္ဂါယနါတင်ပွဲ (ဘီစီ ၄ ရာစု) နှင့် တတိယ သင်္ဂါယနါတင်ပွဲ (ဘီစီ ၄ ရာစု)တို့ ကျင်းပချိန်တွင်ဗုဒ္ဓသံဃအဖွဲ့သည် ဂိုဏ်းကွဲ (၁၈) ခုအထိကွဲခဲ့ရသည်။ မူလပင်မအုပ်စုကြီးအသွင်မှ ထေရဝါဒဂိုဏ်း၊ သဗ္ပတ္တိဝါဒဂိုဏ်း၊ မဟာသံယိတဂိုဏ်းကြီးများအဖြစ် အပြိုင်အဆိုင်နယ်ဖြန့်၍ သာသနာပြုခဲ့သည်။ ဤခေတ်တွင် သဗ္ပတ္တိဝါဒဂိုဏ်း နှင့် သံယိတဂိုဏ်းတို့၏အယူဝါဒသည် မူလထေရဝါဒဂိုဏ်းနှင့် သိသိသာသာကွဲပြားသွား၍ အများကြိုက်ဘာသာရေးအသွင် ကူးပြောင်းပုံပျက်သွားကာ မဟာယာနဗုဒ္ဓဘာသာဟူ၍ တသီးတခြားထွက်ပေါ်လာခဲ့သည်။


မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည်
'' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာ စိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၃

ဤသို့ဗုဒ္ဓ၏ သံဃာ့ဂိုဏ်းသည် အတွင်းပြိုကွဲမှုများအထပ်ထပ်ဖြစ်ပေါ်လာခြင်းဖြင့် တဖြည်းဖြည်းအင်အားဆုတ်ယုတ်သွားခဲ့သည်။

(၁) သံဃာဂိုဏ်းအတွင်း ဂိုဏ်းငယ်အသီးသီးခွဲထွက်ခဲ့၍ စည်းလုံးသိပ်သီးမှုပြိုကွဲခဲ့ရသည်။
(၂) ဗုဒ္ဓမတိုင်ခင်က အိန္ဒိယနိုင်ငံတွင် အထင်အရှားရှိနေသော ဟိန္ဒူဝါဒ၊ ဗြဟ္မာဏဝါဒနှင့်ဂျိန်းဝါဒတို့၏ ထိုးနှက်မှုကို အလူးအလှဲခံရခြင်း၊

ဘီစီ ၃ ရာစု အတွင်း မောရိယလက်နက်နိုင်ငံကိုအုပ်ချုပ်ခဲ့သော ဧကရာဇ်ဘုရင်အာသောကမင်းကြီး (ဘီစီ ၂၇၃ - ၂၃၂ ခန့်) သည် ဗုဒ္ဓသာသနာကို အလွန်အကျူးချီးမြှောက်ခဲ့ပြီး၊ မောရိယနိုင်ငံတော်တစ်ဝန်းလုံးဗုဒ္ဓသာသနာနှင့် ဗုဒ္ဓဝါဒပြန့်ပွါးရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ ဤခေတ်သည် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် ဗုဒ္ဓသာသနာအထွတ်အထိပ်ကိုရောက်ခဲ့သော ခေတ်ဟုဆိုရပါမည်။ (သို့သော် အာသောကမင်းကြီးကို ဆက်ခံခဲ့သော သူ၏မြေးဖြစ်သောမင်းများသည် ဂျိန်းဝါဒီများဖြစ်ကြ၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ချီးမြှောက်ခြင်းမရှိခဲ့ပါ။ မောရိယမင်းဆက်ပျက်သုဉ်း၍ သုင်္ဂမင်းဆက်ကိုတည်ထောင်ခဲ့သော ပုရှ်မိတြဟိန္ဒူမင်း (ဘီစီ ၁၅၀ - ၁၈၅) သည် ဘီစီ ၂ ရာစု ကုန်လုနီးအတွင်း ဗုဒ္ဓဝါဒီအကြီးအကျယ်နှိပ်ကွပ် ညှဉ်းပမ်းခဲ့သည်။ ရဟန်းကျောင်းများ၊ စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများကိုလည်း မီးတိုက်ဖျက်ဆီးခဲ့သည်။ ဗုဒ္ဓရဟန်းတော်အများအပြားတို့သည် အိန္ဒိယပြည်အလယ်ပိုင်းဒေသမှ ယခုပါကစ္စတန်ရှိရာ ပန်ဂျပ်နယ်မြေကို ပြေးဝင်ခိုလှုံခဲ့ရသည်။

ထို့အပြင် ခရစ်နှစ် ၇ ရာစုတွင်အုပ်စိုခဲ့သော ဂုပ်တာနန်းဆက်မှ သလက်မင်းကလည်း ဟိန္ဒူဝါဒကိုမြှောက်စားလို၍ ဗုဒ္ဓဝါဒီများနှင့် သာသနိက ကဆောက်အအုံများကို ဖျက်ဆီးရုံသာမက မဟာဗောဓိပင်ကိုပါ အမြစ်မှတူးဖြတ်ဖြိုလှဲချခဲ့သည်။ တရုတ်ရဟန်းကြီး ဖာတီယန်အစ်စင်နှင့် ဟိယန်ဆင်တို့၏ မှတ်တမ်းများအရ ဗုဒ္ဓသာသနာသည် ကျယ်ပြန့်ခိုင်မာမှုမရှိတော့ဘဲ၊ အိန္ဒိယအလယ်ပိုင်း၊ အရှေ့ဘက် ဘင်္ဂလားနယ်၊ တောင်ဖက် ဒက်ခန်ကုန်းမြင့်တဝိုက်၌သာ ကြိုကြားကြိုကြားသာကျန်ရှိတော့ကြောင်း ဆိုထားသည်။

(၃) ခရစ်သက္ကရာဇ် ၃ ရာစု အတွင်းက ကသ္မီရနယ်ရှင် ဟန်မင်းဆက်မှ ဟိန္ဒူဘုရင် မဟိရကုလသည် ယနေ့ပါကစ္စတန်နိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသော ဂန္ဓာရတိုင်းကို မွှေနှောက်ချေမှုန်းခဲ့ရာ၌ ဗုဒ္ဓဝါဒီအများအပြားကို သုတ်သင်ခဲ့သည်။ ဤ အချက်များသည် သမိုင်း၏ဖျောက်ဖျက်မရနိုင်သော အမှန်တရားများဖြစ်သည်။ (ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ်ဆိုင်ရာ စာပေစဉ်များတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။)

မူစလင်တမာန်တော် မိုဟာမက်သည် ခရစ်သက္ကရာဇ် ၅၇၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာသည် မိုဟာမက် မမွေးခင်ကပင် ပျောက်ပျက်နေပြီးဖြစ်သည်။ မိုဟာမက် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၃၀၀ လောက်တွင် အစ္စလာမ်ဘာသာသည် အိန္ဒိယသို့ ရောက်ရှိခြင်းဖြစ်သည်။

http://forshwemyanmar.blogspot.com/




Myanmar Express

2 comments:

... သတင်းထူးတစ်ခုပြောချင်ပါတယ် ... ၀ီကီလိခ်တော့ မဟုတ်ပါဘူး ... မြန်မာလိခ် ( မှတ်ချက် - ဘောလုံးပွဲစဉ်အကြောင်းမဟုတ် ) ...

ကိုဒေါ်လာစားတို့ အဖွဲ့ခမျာ သတင်းတွေလိုက်ရှာရနဲ့၊ စာတွေရေးရဲနဲ့၊ သတင်းတွေမရရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဟဲ့လုပ်ကြပါဦး သတင်းတွေရှာစမ်းပါဦးနဲ့ အချိန်တွေကုန် စိတ်ပင်ပန်း လူပင်ပန်းနေလိုက်ကြတာ၊ ဥပမာ NLD အဖွဲ့ကလူတွေကို ဝေဖန်ဖို့အရေး သူတို့ဘာလုပ်နေတယ် ဘာဖြစ်နေတယ် ဘယ်သွားနေတယ် သတင်းတွေယူ ၊ အကြောင်းအရာတွေစီ၊ စာတွေ ဘယ်လိုရေးရမလဲ စဉ်းစားပြီးရေးရတာနဲ့ အချိန်တွေကုန်နေလိုက်ကြတာ မနည်းပါဘူး ... ဘာပဲပြောပြော NLD က လူတွေကတော့ အချိန်မှန်စား၊ အချိန်မှန်အိပ်နဲ့ သာနေပါတယ် ... ဒေါ်လာစားတို့အဖွဲ့ခမျာတော့ ပင်ပန်းအချိန်ကုန်နေကြပါတယ် ... ကိုယ့်စာတွေကိုယ်ရေး ကိုယ့်ဟာကိုပြန်ဖတ် ကိုယ့်ဘာသာကိုယ် ကွန်မန့်တွေ ပြန်ပေးရနဲ့ ... ရယ်ရတယ်ဗျာ ...

ကျွန်တော်အစ်ကိုတစ်ဝမ်းကွဲက ဒေါ်လာစားတို့ရဲ့ဆိုဒ်မှာ သတင်းတွေတင်ဖို့အတွက် သတင်းကူရှာပေးတဲ့လူတစ်ယောက်ပါ ... အခုသူ့ကျွန်တော့်ကို ပြောပါတယ်၊ သူ့တို့အချိန်တွေ ကုန်တယ်တဲ့၊ ပြီးတော့ ထင်သလောက် ထိရောက်မှုမရှိဘူးတဲ့၊ ပြီးတော့ ဒီမိုဘက်ကလူတွေ စစ်အစိုးရအကြောင်းလာပြောရင်လည်း မှန်နေတာတွေကများတော့ မဟုတ်ဘူးဇွတ်ခံငြင်းနေရတာလည်း အရူးကြီးနဲ့တူတယ်တဲ့။ သူတော့ တဖြည်းဖြည်းစိတ်ကုန်နေတယ်တဲ့ပြောပါတယ်၊ သူတင်မကဘူး တစ်ခြားလူတစ်ချို့လည်း စိတ်ပျက်နေကြတယ်ပြောပါတယ်၊ အရည်မရ ၊ အဖတ်မရ၊ လူတိုင်း စစ်အစိုးရမကောင်းပါဘူးကို သိနေကြရဲ့သားနဲ့ ကောင်းပါတယ်လို့ လျှောက်ရေးနေရတာလည်း အလကားသက်သက် အချိန်တွေလိုက်ဖြုန်းနေတာလို့ပြောပါတယ်၊ ကျွန်တော့်အစ်ကိုတစ်ဝမ်းကွဲ အပါအ၀င် လူတစ်ချို့က ဆက်မလုပ်ချင်ကြတော့ပေမဲ့ ဒီဒေါ်လားစားဆိုဒ်ရဲ့ admin လို့ပြောရမယ့် ဦးဆောင်လုပ်နေသူကို အားနာလို့ ဘာမှသိပ်မပြောကြသေးပါဘူးတဲ့ ...

ကဲ ဒါဝီကီလိခ်တော့ မဟုတ်ပါဘူး၊ မြန်မာလိခ်ပါ၊
ကျွန်တော်အစ်ကို့ရဲ့နာမည်နဲ့ တစ်ချို့လူတွေရဲ့နာမည်ကိုတော့ မပြောတော့ပါဘူး... တစ်ယောက်နဲ့တစ်ယောက် ထသတ်နေကြမှာစိုးပါတယ် ...

( ဒေါ်လာစားရေ အရိပ်အမြွက်တော့ ပြောချင်ပါတယ်၊ ကျွန်တော့်အစ်ကိုဝမ်းကွဲနာမည်က နာမည် သုံးလုံးနဲ့ပါ၊ ပြီးတော့ သူမှန်တယ်လို့ အဓိက ထောက်ခံတဲ့လူတွေကတော့ ခင်ဗျားရဲ့ချစ်ဘော်ဒါကြီး “ရ” နဲ့ပေါင်းတဲ့နာမည်ပါတဲ့လူနဲ့ “ထ” နဲ့နာမည်ပေါင်းတဲ့လူ ဖြစ်ပါတယ် ခင်ဗျာ... ကျန်တဲ့လူရှိပါသေးတယ်ခင်ဗျ ... သူများတွေကို ဘာဖြစ်တယ် ညာဖြစ်တယ် လိုက်မပြောခင် ကိုယ့်လူတွေ ကိုယ်အရင်ပိုင်အောင် စည်းရုံးပါဦးလို့ ပြောချင်ပါတယ်ခင်ဗျာ )

ဒိထိတို့ ကမ်ဘာမှာလဲ ဘု၇ားတ၇ားလေးတွေ တင်ထားသာပဲနော်
ကျေးဇူးပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်