ဒေါ်အောင်ဆန်းစုကြည်ဟာ ၃ နှစ်နီးပါး ဂူပိတ်ကျင့်လာပြီးနောက် ခုဆိုရင် ကျင့်စဉ်တစ်ခုကို အောင်မြင်သွားပြီလို့ ဆိုတာပါတယ်။ ဒါကြောင့် အားလုံးက သူ့ကို ကြောက်ရွံ့ကိုးကွယ်နေကြတယ်လို့ တက္ကသိုလ် ရိပ်သာလမ်းအနီးမှ ရပ်ကွက်အချို့က ဆိုပါတယ်။ ဒီ သတင်းကို ကြားကြားချင်း ပထမဆုံး လာရောက် အကူညီတောင်းသူက ဦးကျော်သူ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဦးကျော်သူက သူနေတဲ့ သချိုင်းက သူရဲတွေကို ကြောက်လို့ အကျီအဖြူ အမြဲဝတ်ထားရတယ်လို့လည်း ဆိုပါတယ်။ သီရိလင်္ကာရောက် ဘုန်းတော်ကြီးများက ဒေါ်အောင်ဆန်းစုကြည်ကို ထေရဝါဒရဲ့ ကွိင်ရင်မယ်တော် လို့ ဆိုပါတယ်။ ပြည်တွင်း၊ ပြည်ပ မြန်မာ့ ဒီမိုကရေ စီလှုပ်ရှားသူ အားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ထွက်လာပြီးကတည်းက ဘာမှမလုပ်တော့ပဲ ဒေါ်အောင်ဆန်းစုကြည်လုပ်တာကိုပဲ ထိုင်ကြည့်ကြမယ်လို့ပြောနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တကယ်ပဲ ဖန်ဆင်းရှင်လားဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ခုလောလောဆယ် တစ်လ အတွင်းတော့ ဘာပါဝါမှတော့ မပြသေးဘူးလို့ NLD ရုံးနှင့် နီးစပ်သူများက ဆိုပါတယ်။
စွဲလန်းမှု နဲ့ မိုင်တိုင် ၃၀
-
******************
' သတ္တဝါတိုင်းကို ကယ်တင်လို့မရဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဖြစ်ရတယ်'
ပန်းဒေါင်းဝထ္ထုထဲမှာ တစ်ဖက်သားကို ကူညီချင်တဲ့ ခင်နွယ်စိုးကို ဦးေ...
9 years ago






10 comments:
ဒါပေါ့..ထမီခြုံဂိုဏ်း လေ..သိုင်းလောက မှာတော့..အာဂစူပါ ပဲ..ဂိုဏ်းချုပ် က မိစ္ဆာသိုင်းကျင့် ရင်း..အတွင်းအား ဗြောင်းဗြန် ဖြစ်သွားလို့ ..အမှန် နဲ့  အမှား ဘာမှ ခွဲခြား နားလည်နိုင်စွမ်း မရှိတော့ဘူး..တဲ့..။
သံဃာတော် နဲ့  သင်္ဃန်း ပဲ လိုက်ဖက် ကြောင်းပါ...။
စစ်အစိုးရ မကြိုက်တာနဲ့ ...ထမီခြုံဂိုဏ်း ထဲဝင်ချင်တာ..ရှေ့ကြောင်းနောက်ကြောင်း
တော့..အပြန်ပြန်အလှန်လှန် စဉ်းစားသင့်ပါတယ်..။
ဒီမိုကရေစီ ဆိုပြီး..မျိုးဖျက်..မယ့်ပေါ်လစီ
မျိုး..လက်သင့်မခံပါဘူး..။
သင့်မြတ်ရေးဆိုပြီး..တစစီပြိုကွဲရေး..လုပ်လာတာလဲ..သိနေပါတယ်နော...။
ဒီလိုပြောလိုက်တိုင်း..ရမ်း.မစွပ်စွဲလိုက်နဲ့ဦး...မျိုးဖျက်ထမီခြုံဂိုဏ်း ကို စောင့်ကြည့်ပြီး..မနှစ်မြို့အော့နှလုံးနာနေတဲ့...တိုင်းချစ်ပြည်ချစ် တွေ...ထုနဲ့ ဒေး
ဆိုတာ..ပြည်တွင်းပြည်ပ..အားလုံးသိထား
ကြပါ..။ ။
ဗူဇော်ထိုက်သူကိုဗူဇော်ပါ..ဆိုတာကြားဘူးပါတယ်နော်။ အဲလောက်ထိအသိတရားမခေါင်းပါးသေးဘူးထင်တယ်
(ပူဇော်ထိုက်သူကို ပူဇော် ရအောင် သူက ဘာတွေ အပူဇော် ခံလုပ်ခဲ့လို့လဲ )ခင်ဗျားအမေကို အဲ့လိုသာ ရိုသေခဲ့မယ်ဆို .သိကြားမင်းတောင် နေရာပေးနိုင်မှာ မဟုတ်ဘူး နတ်ပြည်မှာ နတ်တွေချည်းပြည့်နေမှာ (ကိုယ့်အမေ ကိုတောင် အဲ့လို ရိုသေခဲ့ရဲ့လား မသိဘူး ) မြန်မာနိုင်ငံကို တည်ထောင်ခဲ့သူလဲ ယောက်ျား . ပဲ .(ကမ္ဘာပေါ်မှာ . ဘာသာကြီးတွေကို တည်ထောင်ခဲ့ တာ လဲ ယောက်ျားတွေပါ .) . တီထွင်ဆန်းသစ်မှုမှာလဲ ယောကျာ်းချည်း ဦးဆောင်ခဲ့တာပါ . ဒါကို မိန်းမ တယောက်ရဲ့ ဦးဆောင်မှုမှာ နေနေတဲ့သူတွေ . ( အရမ်းရှက်ဖွယ်လိလိပဲ . ) (သီလရှင်က ဘုန်းကြီးကို ပဲ ရှိခိုးရတာပါ . ဘုန်းကြီးက သီလရှင်ကို ရှိမခိုးခဲ့ပါဘူး .) . သာသနာတော် ထွန်းလင်းအောင်လုပ်ခဲ့တာလဲ . ယောကျာ်းချည်းပါပဲ . (ဒီမို ငတုံးတွေက တော်တော်ဆိုးပါရဲ့ .. ) .
အော်.. အဲဒါက သူတို့ရဲ့ထမင်းရှင်ဆိုတော့လဲ ကန်တော့ကြမှာပေါ့.. ကန်တော့ကြပါစေ... တစ်လုပ်စားဖူးသူ့ကျေးဇူးတဲ့... အထင်ကြီးစရာ အကြောင်းမရှိပါဘူး..
... သတင်းထူးတစ်ခုပြောချင်ပါတယ် ... ၀ီကီလိခ်တော့ မဟုတ်ပါဘူး ... မြန်မာလိခ် ( မှတ်ချက် - ဘောလုံးပွဲစဉ်အကြောင်းမဟုတ် ) ...
ကိုဒေါ်လာစားတို့ အဖွဲ့ခမျာ သတင်းတွေလိုက်ရှာရနဲ့၊ စာတွေရေးရဲနဲ့၊ သတင်းတွေမရရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဟဲ့လုပ်ကြပါဦး သတင်းတွေရှာစမ်းပါဦးနဲ့ အချိန်တွေကုန် စိတ်ပင်ပန်း လူပင်ပန်းနေလိုက်ကြတာ၊ ဥပမာ NLD အဖွဲ့ကလူတွေကို ဝေဖန်ဖို့အရေး သူတို့ဘာလုပ်နေတယ် ဘာဖြစ်နေတယ် ဘယ်သွားနေတယ် သတင်းတွေယူ ၊ အကြောင်းအရာတွေစီ၊ စာတွေ ဘယ်လိုရေးရမလဲ စဉ်းစားပြီးရေးရတာနဲ့ အချိန်တွေကုန်နေလိုက်ကြတာ မနည်းပါဘူး ... ဘာပဲပြောပြော NLD က လူတွေကတော့ အချိန်မှန်စား၊ အချိန်မှန်အိပ်နဲ့ သာနေပါတယ် ... ဒေါ်လာစားတို့အဖွဲ့ခမျာတော့ ပင်ပန်းအချိန်ကုန်နေကြပါတယ် ... ကိုယ့်စာတွေကိုယ်ရေး ကိုယ့်ဟာကိုပြန်ဖတ် ကိုယ့်ဘာသာကိုယ် ကွန်မန့်တွေ ပြန်ပေးရနဲ့ ... ရယ်ရတယ်ဗျာ ...
ကျွန်တော်အစ်ကိုတစ်ဝမ်းကွဲက ဒေါ်လာစားတို့ရဲ့ဆိုဒ်မှာ သတင်းတွေတင်ဖို့အတွက် သတင်းကူရှာပေးတဲ့လူတစ်ယောက်ပါ ... အခုသူ့ကျွန်တော့်ကို ပြောပါတယ်၊ သူ့တို့အချိန်တွေ ကုန်တယ်တဲ့၊ ပြီးတော့ ထင်သလောက် ထိရောက်မှုမရှိဘူးတဲ့၊ ပြီးတော့ ဒီမိုဘက်ကလူတွေ စစ်အစိုးရအကြောင်းလာပြောရင်လည်း မှန်နေတာတွေကများတော့ မဟုတ်ဘူးဇွတ်ခံငြင်းနေရတာလည်း အရူးကြီးနဲ့တူတယ်တဲ့။ သူတော့ တဖြည်းဖြည်းစိတ်ကုန်နေတယ်တဲ့ပြောပါတယ်၊ သူတင်မကဘူး တစ်ခြားလူတစ်ချို့လည်း စိတ်ပျက်နေကြတယ်ပြောပါတယ်၊ အရည်မရ ၊ အဖတ်မရ၊ လူတိုင်း စစ်အစိုးရမကောင်းပါဘူးကို သိနေကြရဲ့သားနဲ့ ကောင်းပါတယ်လို့ လျှောက်ရေးနေရတာလည်း အလကားသက်သက် အချိန်တွေလိုက်ဖြုန်းနေတာလို့ပြောပါတယ်၊ ကျွန်တော့်အစ်ကိုတစ်ဝမ်းကွဲ အပါအ၀င် လူတစ်ချို့က ဆက်မလုပ်ချင်ကြတော့ပေမဲ့ ဒီဒေါ်လားစားဆိုဒ်ရဲ့ admin လို့ပြောရမယ့် ဦးဆောင်လုပ်နေသူကို အားနာလို့ ဘာမှသိပ်မပြောကြသေးပါဘူးတဲ့ ...
ကဲ ဒါဝီကီလိခ်တော့ မဟုတ်ပါဘူး၊ မြန်မာလိခ်ပါ၊
ကျွန်တော်အစ်ကို့ရဲ့နာမည်နဲ့ တစ်ချို့လူတွေရဲ့နာမည်ကိုတော့ မပြောတော့ပါဘူး... တစ်ယောက်နဲ့တစ်ယောက် ထသတ်နေကြမှာစိုးပါတယ် ...
( ဒေါ်လာစားရေ အရိပ်အမြွက်တော့ ပြောချင်ပါတယ်၊ ကျွန်တော့်အစ်ကိုဝမ်းကွဲနာမည်က နာမည် သုံးလုံးနဲ့ပါ၊ ပြီးတော့ သူမှန်တယ်လို့ အဓိက ထောက်ခံတဲ့လူတွေကတော့ ခင်ဗျားရဲ့ချစ်ဘော်ဒါကြီး “ရ” နဲ့ပေါင်းတဲ့နာမည်ပါတဲ့လူနဲ့ “ထ” နဲ့နာမည်ပေါင်းတဲ့လူ ဖြစ်ပါတယ် ခင်ဗျာ... ကျန်တဲ့လူရှိပါသေးတယ်ခင်ဗျ ... သူများတွေကို ဘာဖြစ်တယ် ညာဖြစ်တယ် လိုက်မပြောခင် ကိုယ့်လူတွေ ကိုယ်အရင်ပိုင်အောင် စည်းရုံးပါဦးလို့ ပြောချင်ပါတယ်ခင်ဗျာ )
ကဲ ကိုဒေါ်လာစားရေ ဘာတတ်နိုင်သေးလဲ မဟုတ်ရင်လဲအကျိုးအကြောင်းလေးတော.ဖြေရှင်းသင်.ပါတယ် လောကမှာ အမှန်တရားကိုဘယ်လိုမှဖုန်းကွယ်မရဘူးဆိုတာနားလည်လောက်ပါပြီနော် အမြင်မှန်ရကြပါတော.
အတော်ရီရတဲ့ ဟာသ
အော် ကွန်မင့်တွေစုံတော့မှ သဘောပေါက်မိတယ်
ကျွန်တော်က မြန်မာ့အလင်း ကြေးမုံ VOICE စတဲ့ မီဒီယာမှာမှ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တယ်မှတ်တာ တကယ်တော့ ဒီဘလောက်ကလဲ စိတ်ဓာတ်စစ်ဆင်ရေးက တင်ထားတဲ့ဘလောက်ပဲ ဒါကြောင့်ဖတ်ရင်းနဲ့တူပါတယ်မှတ်တာ။ အရင်တုန်းကဆို ပင်စင်ယူခါနီး ဗိုလ်မှူးကြီးတွေတောင် ဆောင်းပါးတွေရေးပေးနေကြတာလေ။ သမိုင်းကို ဟုတ်သလိုလိုနဲ့ ဟုတ်တာနဲ့မဟုတ်တာရောရေး မှိုင်းသွင်းကြတာ ဆယ်စုနှစ် နှစ်ခုနီးပါးရှိပြီလေ။ အစိုးရကထောက်ပံ့ထားတယ်ဆိုတော့လည်း လုပ်ပေါ့ဗျာ။ အရင်ကတော့ ဦးခင်ညွန့်ပေါ့။ အခုတော့ အရဖ ကပေါ့ ထောက်ပံ့ပေးထားတော့လည်း ကောင်းပါတယ်။ အဖွဲ့ဝင်တွေကိုလည်း ကိုယ်ချင်းစာပါတယ် ထမင်းတစ်လုပ်အတွက် အမျိုးသား သစ္စာကို ချရောင်းနေကြရတာ။ ဒါပေမယ့် လိပ်ပြာသန့်အောင် လုပ်နိုင်တာလေးတွေရှိရင် တိုင်းပြည်အကျိုးရှိအောင်လုပ်ကြပေါ့။ ဘ၀ပေးဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ စေတနာသည်သာလျင် ကံ ဖြစ်ပါတယ်။
ဘာလဲ အရဖ ??
လကျောလဲ လကျော်ချင်တေးတယ်.. လပီလည်းလပီဘူး..
To Anonymous ....
woo....how's silly man ! Next time Never say stupid words ...
u know Aa Ya Pa mean .... ???
That is stupid Government ..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်