Subscribe to our RSS Feed

အလှူငွေကောက်ပြီး ကမ်းခြေမှာ အပန်းဖြေနေသည့် ကိုနေမျိုးဇင်အား ကန့်ကွက်ခြင်း

From : ..https://www.facebook.com/969MDL


Myanmar Social Development Network ဆိုပြီး မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်တစ်ခုကို ကိုယ်ပိုင်တည်ထောင်ကာ အလှူငွေကောက်နေတဲ့ ကိုနေမျိုးဇင်ဟာ အခု ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေနဲ့ ဖူးခတ်ကမ်းခြေမှာ ပျော်ပါးနေပါနေပါတယ်။ တပ်ကထွက်ပြီး ကတည်းက ကိုနေမျိုးဇင်ဟာ ကိုယ်ပိုင်အလုပ်မရှိဘဲ မိန်းမလုပ်စာကို ထိုင်စားနေတယ်လို့ ကာယကံရှင် ကိုနေမျိုးဇင်ကိုယ်တိုင် ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ မိန်းမလုပ်စာစားပြီး အလုပ်မရှိသူ တစ်ယောက်အနေနဲ့ နိုင်ငံခြားကမ်းခြေမှာ အပန်းဖြေပျော်ပါးဖို့ဆိုတာ။ နေ့စဉ်အလုပ်လုပ်နေတဲ့ မိသားစုတွေတောင် ပြည်တွင်းက ကမ်းခြေတစ်ခုကို မသွားနိုင်သူတွေ အများကြီးရှိပါတယ်။ အလုပ်မရှိတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပြည်ပက ကမ်းခြေတွေကို သွားနိုင်တာက ယုံယုံကြည်ကြည် လှူဒါန်းထားတဲ့ အလှူငွေတွေကို အလွဲသုံးစားလုပ် ဖြုန်းတီးခြင်းသာ ဖြစ်ပါတယ်။

ကိုနေမျိုးဇင်ကို အရင်က လေးစားခဲ့ပါတယ်။ ကမ္ဘောဇဘဏ်အကောင့် 0681210009700 ကို ကျွန်တော် ၂ ကြိမ်တိုင်တိုင် အလှူငွေ ထည့်ပေးဖူးပါတယ်။  ဒါပေမယ့် အခုလိုလုပ်တာကို တော့ လုံးဝ ကန့်ကွက်ပါတယ်။ ဒိုနာတွေကို စော်ကားတာလို့ မြင်ပါတယ်။

လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဟာ ကိုနေမျိုးဇင်တည်ထောင်ထားတာ ဖြစ်ပေမယ့် ဒိုနာတွေ အကူအညီနဲ့ ရပ်တည်နေရတာဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ပက Facebook သုံးစွဲသူ များရဲ့ အကူအညီတွေက များပါတယ်။ ထိုင်းနိုင်ငံက အမျိုးစောင့်လူငယ်များက ရွှေ့ပြောင်း အလုပ်သမား မရှိဆင်းရဲသားများထံမှ အလှူငွေကောက်ပြီး ကိုနေမျိုးဇင်ကို ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဦးကိုနီရဲ့ ဗိုလ်စိန်မှန်ဟောပြာပွဲကို တားမြစ်တဲ့ သံဃာတွေကို ကိုနေမျိုးဇင်က အခြေအတင်ပြောဆိုပြီး အစ္စလာမ်ဘာသာဝင် ဦးကိုနီဘက်က ရပ်တည်ခဲ့ပါတယ်။
 


မြန်မာအလှူရှင်အများစုဟာ နယ်ဝေးက လိုအပ်သူတွေကို သွားရောက်ကူညီဖို့ ငယ်ငယ်ရွယ်ရွယ် အသက် ၄၀ ပတ်ဝန်းကျင် ကိုနေမျိုးဇင်ကို ယုံကြည်စွာ လှူဒါန်းလေ့ရှိကြ ပါတယ်။ အစပိုင်းက ဟုတ်မလိုလိုနဲ့ အခုအခါ ကိုနေမျိုးဇင်ရဲ့ ရပ်တည်ချက်က တဖြည်းဖြည်းနဲ့ မျောက်သစ်ကိုင်းလှုပ်သလိုဖြစ်နေပါတယ်။ ပရဟိတသမားလား၊ ငြိမ်းချမ်းရေးသမားလား၊ နိုင်ငံရေး သမားလားဆိုတာ ဝေခွဲလို့မရတော့ပါဘူး။ ရပ်တည်မှုက အရေးမကြီးပေမယ့် စေတနာရှင်တွေရဲ့ ချွေးနည်းစာအသုံးချမှုက အများကြီးအရေးကြီးပါတယ်။ ထိုင်းနိုင်ငံသွားပြီး ပရဟိတနဲ့ဆိုင်တဲ့ တခြားနေရာတွေကိုသွားတာ လက်ခံပေမယ့် ကမ်းခြေတွေသွားပြီး အချိန်နဲ့ ငွေဖြုန်းခြင်းကို လက်မခံနိုင်ပါ။ စေတနာရှင်တွေဟာ အလှူငွေဖြတ်ပိုင်း လက်မှတ်တစ်ခုရတာကလွဲပြီး ကျန်တာ ဘာမှမသိရပါဘူး။ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ကို ဘယ်နှစ်ဦးနဲ့ ဖွဲ့စည်းထားပြီး အလှူငွေ စုစုပေါင်း ဘယ်လောက်ရလဲ၊ ဘယ်လိုသုံးလိုက်လဲဆိုတာ ရှင်းရှင်းလင်းလင်း တိတိကျကျမထုတ် ပြန်နိုင်ပါဘူး။ နောက်တစ်ကြိမ် ကိုနေမျိုးဇင်ကို လှူဒါန်းဖို့တော့ စောင့်ကြည့် စဉ်းစားရပါအုံးမယ်။
 

.. www.MyanmarExpress.net
 

4 comments:


ေ၇ှ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ
နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်မှာ

(၈၈)ကျောင်းသားခေါင်းဆောင်ကြီးဆိုတဲ့ ကိုကိုကြီးကိုယ်တိုင်က (၈၈)အဖွဲ့အတွက် ဆိုးေ၇ာ့ လှုသွားတဲ့ ဒေါ်လာ(၂)သောင်းခွဲကိုခိုးပီး ကိုယ်ကျိုးအတွက်သုံးတယ်

ပီးတော့ ကိုကိုကြီး(၅၃နှစ်)က (၈၈)ပွင့်လင်းအဖွဲ့ပိုင်၇ံပုံငွေထဲကခိုးထားတဲ့ပိုက်ဆံနဲ့ သူ့သမီးအ၇ွယ် ခင်သူသူဝင်း(၃၂နှစ်)နဲ့ သိန်း(၅ဝဝ)အကုန်ခံပီးမင်္ဂလာဆောင်တယ်

အဲ့လို ကိုကိုကြီးလိုအကောင်တွေကိုယ်တိုင်က အေ၇ှ့ကနေခိုးပြနေတော့ နေမျိုးဇင်လိုအနောက်ကအကောင်တွေကလဲအတုယူပီး အလှုငွေ၇ံပုံငွေထဲက စားလိုက်သောက်လိုက် အလေလိုက်လိုက်ဖါချလိုက် လုပ်နေတော့တာပေါ့

ဒီမအေလိုးကဘယ်တုံးကကောင်းဖူးလို့လဲ။

အံ့သြ ပါရဲ့ အ​ခြေအမြစ်​မရှိတဲ့သူကိုများလှူရတယ်​လို့
ဟို​ကောင်​ ဖြုန်း​နေတာ နဲ​တောင်​နဲ​သေးတယ်

အောက်တန်းစားသူခိုး နေမျိုးဇင် .
လီးနဲ့ထိုး သတ်ပစ်မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်