From :
.. DT
ရန်ကုန်၊ ဩဂုတ် ၁၇- ဓမ္မစေတီ ခေါင်းလောင်းတည်ရှိသောနေရာကို ဩဂုတ်၁၆ ရက် ကစတင်တွေ့ရှိထား ပြီဖြစ်ကြောင်း နတ်စင် တစ်ရာ ဆရာတော် က ပြည်တွင်း မီဒီယာအချို့ ကို မိန့်ကြားလိုက်သည်။
''ဓမ္မစေတီခေါင်းလောင်းရှာ တဲ့နေရာမှာ သူတို့က ခေါင်းလောင်း ကြီးကို သင်္ဘောပျက်ကြီးအောက် မှာလို့မိန့်တယ်။ ဆရာတော့်အမြင်က သင်္ဘောပျက် နဲ့ပေ၂၀ ၊ ၃ဝအကွာမှာ ရှာပါဆိုတော့ ဩဂုတ်၁၆ရက်နေ့က ဓမ္မစေတီခေါင်းလောင်း ကို တွေ့ထား ပါပြီ။ သို့သော်လဲ ဓမ္မစေတီခေါင်း လောင်း ရဲ့အသေးအကြီးကို ဆရာ တော်မခွဲနိုင်ပါဘူး။ နောက်လေးငါး ဆယ်ရက်အတွင်း မှာဆိုရင် ထင်ထင် ရှားရှားပေါ်လွင်လာပါလိမ့်မယ်''ဟု နတ်စင်တစ်ရာ ဆရာတော် က မိန့် ကြားသည်။
ဘုရားပစ္စည်း ဆိုသည် တကယ် တမ်းကြည့်မည်ဆိုလျှင် ငရဲမီးဖြစ် ပြီး အတ္တဝိသမလောဘ စိတ်များဖြင့် ဓမ္မစေတီခေါင်းလောင်း ကြီး ကို ပေါ် အောင်ဖော်မည် ဆိုပါက မည်သည့် အခါမှရရှိမည်မဟုတ်ကြောင်း ရဟန်း၊ ရှင်လူပြည် သူများအနေဖြင့်လည်း ယခု တစ်သက်ဖူး မြော်ခွင့်ရရှိမည် မဟုတ်ကြောင်း၊ မွန်အဖွဲ့နှင့်ဦးစံလင်း တို့အဖွဲ့သည် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ရဟန်းရှင် လူပြည်သူအများ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်သို့ လှူဒါန်းမည့်အဖွဲ့ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။
မွန်ဓမ္မစေတီမင်းခေါင်းလောင်း တော်ကြီး အမြန်ဆုံးအောင်မြင်စွာ ဆယ်ယူနိုင်ရန်အတွက် ဩဂုတ် ၁၇ ရက်တွင် နတ်စင်တစ်ရာ ဆရာတော် ကြီးနှင့် သံယာတော်များ၊ မယ်သီလရှင် ဆရာလေးများနှင့် ဓမ္မစေတီမွန် ခေါင်းလောင်းတော်ကြီး ဆယ်ယူ ရေး အထောက်အကူပြု ဆပ်ကော် မတီ အဖွဲ့တို့မှ မြစ်အတွင်းဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ် ယူနေရာ ပတ်ပတ်လည်လှည့်၍ ပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။
မြစ်အတွင်းတွင်နတ်စင်တစ်ရာ ဆရာတော်မှ သမ္ဗန်တစ်စင်း၊ နေ့ နာမ်အလိုက် သံယာတော်သုံးပါးစီမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်ရှစ်စင်း၊ မယ်သီလရှင် ဆရာလေးလေး ပါးမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်နှစ်စင်း၊ ဓမ္မစေတီ မွန်ခေါင်းလောင်းတော် ကြီး ဆယ်ယူရေးအထောက်အကူပြု ဆပ် ကော်မတီ အဖွဲ့တို့မှလည်း သမ္ဗန်များ ဖြင့် မြစ်အတွင်း ပရိတ်တရားတော် များ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ပြီး ဆု တောင်းမေတ္တာပို့ခဲ့ကြကြောင်း သိရ သည်။
သမ္ဗန်များဖြင့် ဆုတောင်း မေတ္တာ ပို့ခဲ့ကြသည့်အချိန်တွင် ရာသီ ဥတု သည် ကောင်း မွန်လျက်ရှိပြီး မိုးရွာသွန်းမှုလည်း မရှိခဲ့ကြောင်းသိ ရသည်။
''အခုလက်ရှိနုန်းတွေ အောက် ကသောင်ကို သောင်တူးစက်တွေ နဲ့ စုပ်ထုတ်နေ တယ်။ ရေကတော့ ငုပ်နေသေးတယ်။ ဘယ်နေရာမှာ ဆိုတာကတော့ပြော လို့မရသေးဘူး'' ဟု ခေါင်းလောင်းဆယ်ယူရေးအ ဖွဲ့၏ ဘဏ္ဍာရေးမှူးဦးသန်းစိန် က ပြောသည်။
ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းလုပ်ငန်းများကို ဩဂုတ်၈ ရက်နေ့မှစတင် ခဲ့ပြီး ဩဂုတ် ၂၆ ရက်တွင် အပြီးသတ်ဆောင်ရွက် မည်ဖြစ်ကြောင်း ခေါင်းလောင်း ဆယ် ယူသူ ဦးစံလင်းက ပြောသည်။
.. www.MyanmarExpress.net

14 comments:
အလွန်ပင်ဝမ်းသာဖွယ်ကောင်းသောသတင်းဖြစ်ပါသည်။ စိတ်ထဲတွင်မယုံမရဲဖြစ်နေရာမှ အလွန်ပင်ကြည်နူးဝမ်းသာမိပါသည်။ ရှေးဟောင်းအမွေအနှစ်ဆိုသည်မှာ မြန်မာပြည်သားအားလုံးအတွက် သမိုင်းပင် ဖြစ်သည်ဟု ခံစားမိပါသည်။ ခေါင်းလောင်းကြီး ရှာဖွေရေးနှင့်ပတ်သက်သည့်အဖွဲ့များအားလုံးကို အထူးပင်ကျေးဇူးတင်မိပါသည်။
ဒီခေါင်းလောင်းဆယ်လို့ရော်ဘာထူးမှာလည်းငွေကုန်တာအဖတ်
တင်တယ်နိုင်ငံဖွံ့ဖြိုးရေးမှာသုံးရင်အကျိုးရှဦးမယ်မြုတ်နေတာ
မြုတ်ပစေပေါ့ဘယ်သူအခွင့်အရေးရဦးမလဲမသိဘူး
you are stupid .
ငရဲကြီး မဲ့သူပဲ
ဖြုတ် ဦး နှောက် နဲ့ မ ပြော နဲ့ နလ ပိန်း တုံး ဒါ မြန် မာ ယ ဉ် မှု အ မွေ နစ် မြန် မာ ကို ကမာက လေး စား ရ မယ် အ ဖိုး မဖြတ် နိုင် ဘူး
သမိုင်းအမွေအနှစ်ဆိုတာတန်ဘိုးထားရတယ်။ တန်ဘိုးမထားတတ်ရင်မင်းအဖေနဲ့အမေဓာတ်ပုံကိုချီးကုန်းစက္ကူလုပ်ပြီးချီးသုတ်သလိုပဲ။မှတ်ထား
ခေါင်းလောင်းကြီးကိုလုယူခဲ့တဲ့အဲဒီငဇင်ကာပေါ်တူဂီနယ်ချဲ့ဟာမြန်မာပြည်ကိုခရစ်ယာန်ဘာသာအောက်အတင်း အကြပ်သွတ်သွင်းဖို့ဆောင်ရွက်ခဲ့တယ်ဆိုတာလဲမမေ့ကြဖို့လိုပါတယ်။
နှစ်ပေါင်း ၄၀၀ ကျော်ကမြန်မာ့အမွေအနှစ်
လက်ရာကိုတွေ့မြင်ကြရတော့မှာပါ
ဘာနဲ့မှလဲးလို့မရတဲ့ အရာတစ်ခုပါဘဲး
ဂုဏ်ယူစရာပါဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်
1-IT IS A GREAT NEWS IF REALLY FIND THE
DHAMMAZEDI BELL.HOPING TO SEE VERY SOON.
2-BEST WISHES TO THE SALVAGE TEAM LEADERS AND MEMBERS.
3-HOPING THE RECORDED HISTORY IS RIGHT.
4-LIKE TO GIVE SHORT MESSAGE IS WE ALL BETTER BELIEVE OUR"KAN,NYAN AND WADIYA"
BUT NOT THE SUPER NATURAL POWER".
5-WE ALL BETTER THROW AWAY THE FAITH AND BELIEVE IN SUPER NATURAL POWER BECAUSE IT IS USELESS AND AGAINST THE LORD BUDDHA TEACHING FOR BETTER UNDERSTANDING
AND WISDOM.
6- ONLY "KAN,NYAN AND WADIYA" WILL PROMOTE
FOR MOVING FORWARD,UP WARD AND PROMOTE FOR BETTER IN OUR
DAILY LIFE, FUTURE LIFE OF OUR NATION AND
MYANMAR NAING GAN DAW.
7-THIS KIND OF DHAMMAZEDI BELL PROBLEM AND MANY OTHER PROBLEM IN MYANMAR.WILL NEVER HAPPEN IF OUR KINGS,RULERS,LEADERS AND POLITICIANS
KNOW HOW TO DO DEALING AND WHEELING
WITH FOREIGN VISITORS AND IMMIGRANTS.
8-HOPING OUR RELIGIOUS LEADERS,COUNTRY
LEADERS AND POLITICIANS LEAD OUR MYANMAR NAING GAN TAW AND THE PEOPLE IN RIGHT
DIRECTION.
If this en-devour were successful it would be on of Myanmar pride.
မဖြစ်နိုင်ဘူး
Nothing to do with Kalars.
All kalars fuck out.
ဘာလို့မဖြစ်နိုင်ရမှာလဲ ဆယ်ယူနိုင်ပြီဆိုမှ ငါပြောသားဘဲ ရမှာပါလို့ပြောမယ့်သူ သာကူးတွေ ဘာသာမဲ့တွေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်