Subscribe to our RSS Feed

မြန်မာအစိုးရအပေါ် လူ့အခွင့်အရေးကိစ္စ ဖိအားမပေးဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

From : .. the voice


 မြန်မာနိုင်ငံတွင် ဘာသာရေးဆိုင်ရာ လူ့အခွင့်အရေး ဆုံးရှုံးမှုများ ရပ်တန့်ရန် အမေရိကန် လွှတ်တော်အမတ် ၇၀ ကျော်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ မြန်မာနိုင်ငံခရီးစဉ်တွင် တောင်းဆိုထားသော်လည်း လက်ရှိအချိန်တွင် လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရအပေါ် တင်းတင်းကျပ်ကျပ် ဖိအားပေးရန် မရှိကြောင်း သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တိုင်းရင်းသား လူမျိုးများ၏ ယုံကြည်ရာ ကိုးကွယ်ခွင့်တို့သည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် အကြီးမားဆုံး စိန်ခေါ်မှုများ ဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံအပေါ် ယင်းကဲ့သို့ အတင်းအကျပ် ဖိအားပေး၍ မရကြောင်း ၎င်းက ရှင်းပြသည်။

မီဒီယာလွတ်လပ်ခွင့်၊ လယ်ယာမြေ ပြဿနာနှင့် အခြေခံ လူ့အခွင့်အရေးပိုင်းတွင် အပြုသဘော ပြောင်းလဲမှုများ တွေ့ရသော်လည်း ပြုပြင်ပြောင်းလဲရေး ခိုင်မာစေရန် ဥပဒေများလည်း ပြဋ္ဌာန်းသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆက်လက်ပြောဆိုသည်။

“ရခိုင်ပြည်နယ်အရေးက နိုင်ငံဖွံ့ဖြိုးရေးမှာ အကန့်အသတ် ဖြစ်နိုင်တယ်။ လူမျိုးခြား ပြဿနာတွေက မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေ ဖြစ်တယ်” ဟု ၎င်းက ထည့်သွင်း ပြောကြားသည်။

အလားတူ ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး မျှတမှု ရှိစေရန် လိုလားကြောင်း၊ မြန်မာအစိုးရအပေါ် အပြည့်အဝ ယုံကြည်မှု မရှိသေးသော်လည်း လတ်တလော ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်အစိုးရက လက်တွဲကူညီပေးမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် သြဂုတ်လ ၉ ရက်နေ့တွင် တံခါးပိတ် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် မြန်မာအစိုးရကို အမေရိကန်ဘက်မှ လူ့အခွင့်အရေးဆိုင်ရာ ဖိအားပေး ပြောဆိုမှုများ ရှိနိုင်ကြောင်း သုံးသပ်သူများ ရှိသော်လည်း ရခိုင်ပြည်နယ် ပဋိပက္ခ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် Unity ဂျာနယ် ပြဿနာအရေးတို့သာ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

အမေရိကန်အစိုးရ အနေနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် သိသိသာသာ ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းနှင့် အစိုးရ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့တွင် အထောက်အပံ့များ တိုးမြှင့်ပေးခဲ့သည်။


.. www.MyanmarExpress.net
 

2 comments:

``ရှူးးးးးးးးး မပြောနဲ့ ငါတို့လုပ်ဇာတ်တွေ ပေါ်ကုန်လိမ့်မယ်´´

မြန်မာအစိုးရအပေါ် အပြည့်အဝ ယုံကြည်မှု မရှိသေးသော်လည်း လတ်တလော ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်အစိုးရက လက်တွဲကူညီပေးမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။Just as Mr. John Kerry has doubts about us, we have doubts about the sincerity of USA. Remember that to every action (physically or mentally) there is equal and opposite reaction.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်