Subscribe to our RSS Feed

စည်းကမ်းမလိုက်နာသည့်အတွက် နှင်ထုတ်ခြင်းအပေါ် အိမ်ရှင်ကိုအပြစ်မတင် သင့်ဟု ဦးရဲထွဋ်ဆို

From : .. YMG


မြန်မာနိုင်ငံ၌ ပညာဒါန လာရောက်ပြုလုပ်သည့် ဦးမောင် မောင်ဝမ်းကို ပြည်နှင်ဒဏ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဧည့်သည်များအနေနှင့် စည်း ကမ်းမလိုက်နာသည့်အတွက် နိုင်ငံမှ နှင် ထုတ်ခြင်းအတွက် အိမ်ရှင်ကို အပြစ်မတင် သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးရဲထွဋ်က ''ဦးမောင်မောင်ဝမ်းကို ပြန် မလာနဲ့လို့ မပြောပါဘူး။ အမြဲ တံခါးဖွင့် ထားပါတယ်။ ဒါပေမဲ့ ဧည့်သည်တွေက စည်းကမ်းလိုက်နာဖို့တော့ လိုတာပေါ့။ စည်း ကမ်းမလိုက်နာလို့ မောင်းထုတ်တော့မှ အိမ် ရှင်ကို အပြစ်မတင်သင့်ပါဘူး'' ဟု သြဂုတ် ၈ ရက်က မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြု လုပ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာနိုင်ငံ၌ အလည်အပတ် လာရောက်သော မြန်မာနိုင်ငံသားဖြစ်နေ ခြင်းကြောင့် မဟုတ်ကြောင်း၊ နိုင်ငံခြားသား ဖြစ်သော်လည်း ဗီဇာစည်းမျဉ်း မလိုက်နာ ပါက နှင်ထုတ်မည်ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

ပြည်နှင်ဒဏ်ပေးခံရခြင်းနှင့် ပတ် သက်၍ ဦးမောင်မောင်ဝမ်းအား ဆက်သွယ် မေးမြန်းခဲ့ရာ ''ဗီဇာသက်တမ်း
ကုန်နေလို့ နိုင်ငံကနေ ပြည်နှင်ဒဏ်ပေးတယ်ဆိုတာ ထမင်းရည်ပူလျှာလွှဲ စကားသာ ဖြစ်တယ်။ ဗီဇာသက်တမ်း လေးရက် ကျော်သွားတာမှန် တယ်။ ဒီလိုကျော်သူမှန်သမျှကို ဘယ်သူ့ကို မှ နှင်ထုတ်တယ်ဆိုတာ မရှိဘူး။ အင်အား သုံး ပြန်လွှတ်တာမရှိဘူး''ဟု တုံ့ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၌ ပညာဒါနပေး နေသော ဦးမောင်မောင်ဝမ်းကို ဗီဇာသက် တမ်း ကျော်လွန်နေသည်ဟုဆိုကာ သြဂုတ် ၄ ရက်က ရေနံချောင်းတွင် အင်္ဂလိပ်စာ သင် ကြားပို့ချသည့် သင်တန်းကို ဆက်လက်မ သင်ကြားရန် လဝကဦးစီးဌာနမှ အရာရှိ တစ်ဦးက ညွှန်ကြားခဲ့ကြောင်း ဦးမောင် မောင်ဝမ်းက ၄င်း၏လူမှုကွန်ရက်တွင် ရေး သားဖော်ပြခဲ့သည်။

ဦးမောင်မောင်ဝမ်းက ''အိုဗာ စတေးဖြစ်သူတိုင်း တိုင်းပြည်က နှင်ထုတ် သလားဆိုတာ မေးခွန်းထုတ်စရာပါ။ အိုဗာ စတေးဖြစ်ရင် တစ်ရက်သုံးဒေါ်လာ၊ ရက် ၂ဝ ထက်ကျော်ရင် တစ်ရက်ငါးဒေါ်လာနဲ့ နေနိုင်တယ်ဆိုတာ အားလုံးအသိပါ''ဟု သူ ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထား သည်။

ထို့အပြင် ရေနံချောင်းတွင် ဒုတိ ယရက် စာသင်ကြားအပြီးည၌ လဝကနှင့် ရဲများက မော်တော်ကားနှင့် တောက်လျှောက် ခေါ်ဆောင်ကာ လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသည်အထိ တာဝန်ယူလုပ်ဆောင် ခဲ့ကြောင်း ဦးမောင်မောင်ဝမ်း၏ ရေးသား ဖော်ပြထားချက်အရ သိရသည်။

ဦးမောင်မောင်ဝမ်းသည် အမေ ရိကန်နိုင်ငံတွင် နေထိုင်သူဖြစ်သလို ယင်း နိုင်ငံသား ခံယူထားသူလည်းဖြစ်ကာ မြန်မာ နိုင်ငံသို့ ပညာဒါန သင်တန်းပေးရန် ပြန်လာ ခဲ့သူဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့်လည်း အင်္ဂ လိပ်စာ ပို့ချပေးနေသူလည်း ဖြစ်သည်။
 

 .. www.MyanmarExpress.net
 

2 comments:

အေး ကွာစာသင်ပေးတာဆိုရင်လဲ အဖြူသက်သက်ဆိုရင်တော့
ဘယ် ဆောက်အစိုးရကမှ နှင်ထုတ်မယ်မထင်ဘူး
မင်းတို့ကပရဟိတဗန်းပြပြီးနိုင်ငံရေး(ပါတီတစ်ခုခုအတွက်)
မလိမ့်တပတ်ဆိုရင်တော့ နှင်တဲ့သူအပြစ်တော့မတင်
ဦးကျော်သူရဲ့လုပ်ရပ်တွေကိုအရမ်းလေးစားတယ်
သူ့ရဲ့စိတ်ဓါတ်နဲ့အတွေးခေါ်ကိုတော့ ရွံရှာတယ်
ပြသနာရဲ့အရင်းအမြစ်ဘာလဲဆိုတာသိရင်နားလည်ကြမှာပါ

စင်္ကာပူနိုင်ငံမှာဆို သူ့ဖင်မှာ ကြိမ် ၃ချက် တံဆိပ်ကပ်ပေးလိုက်မှာ သေချာတယ်.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်