Subscribe to our RSS Feed

ရှစ်လေးလုံး ပိတ်ကားနောက်မှ ဖြစ်ရပ်မှန်တစ်ခု

From : .. ကိုသန်းဝင်း (ဒလ)

လွန်ခဲ့တဲ့ ၂၅ နှစ်က ဒလမြို့မှာဖြစ်ခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ကျွန်တော်တို့ ဒလမြို့ဟာ ရန်ကုန်တဖက်ကမ်း မှာရှိပေမယ့် ၁၉၈၈ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာချိန်မှာ ဒလမြို့ကိုလည်း ရိုက်ခက်လာ ပါတယ်။ သြဂုတ်လအတွင်း ရန်ကုန်မြို့လယ် တစ်ခုလုံး အပျက်အဆီးပုံအောက် ရောက်ရှိသွားချိန်မှာ လမ်းပမ်း ဆက်သွယ်ရေးအားလုံးလည်း ပြတ်တောက်သွားပါတယ်။ အဓိကပြဿနာ ကတော့ ဆန်ပြဿနာပါ။ ဆန္ဒပြပွဲတွေက လည်း တစ်နိုင်ငံလုံးအနှံ့ ဖြစ်နေတာကြောင့် ကုန်ဈေးနှုံးကလည်း ဆက်တိုက်တက်လာပါတယ်။ နောက်ပိုင်းမှာ ဆန်ဂိုဒေါင်၊ ပဲဂိုဒေါင် နဲ့ ဂျုံဂိုဒေါင် တွေဖောက်ပြီး ခိုးယူတဲ့ဖြစ်စဉ် တွေကလည်း နေရာအနှံ့ပါ။ ဂိုဒေါင်ထဲက ပစ္စည်းတွေကုန်တော့ အရပ်ထဲက လူနေအိမ်ထဲက ပစ္စည်းတွေကို ပြဿနာရှာလာကြပါတယ်။ ဆန္ဒပြကျောင်းသား ခေါင်းဆောင်များက ရဲစခန်း တွေကို မီးရှို့လိုက်တာကြောင့် ရပ်ကွက်တွင်း လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ အလှည့်ကျ ကင်းစောင့်နေကြရ ပါတယ်။  

ရှစ်လေးလုံး ကောင်းမှုကြောင့် ဒလမြို့တွင်းက မရှိဆင်းရဲသားအများအပြားဟာ ဆန်ကွဲများကို ပြုတ်ပြီး သောက်နေကြရ ပါတယ်။ ငတ်မွတ်မှုဒဏ်ကို မခံနိုင်ကြတဲ့နောက်မှာ ဒလမြို့ခံ ၈ ဦးဟာ ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သမ္ဗန်များနဲ့သွားပြီး ဆန်သင်္ဘော တစ်စီးပေါ်က ဆန်တွေခိုးယူဖို့ ထွက်သွားချိန်မှာ အဲဒီနေရာမှာ လုံခြုံရေးယူထားတဲ့ အဖွဲ့က ဖမ်းဆီးလိုက်ပါ တယ်။ အဲဒီချိန်တုန်းက လူစိမ်းမြင်သမျှကို မီးရှို့မဲ့သူ၊ အကြမ်းဖက် မဲ့သူ၊ အဆိပ်ခက်မဲ့သူဆိုပြီး ဖမ်းဆီးသတ်ဖြတ်နေတဲ့ အချိန်ပါ။ ကံဆိုးစွာနဲ့ ဒလသား ငါးယောက်မှာ ဟာ ဗိုလ်တစ်ထောင်သား ၃၀ လောက်ရဲ့ ဖမ်းဆီးမှုကို ခံရလိုက်ပါတယ်။  


သုံးယောက်ကတော့ ရေထဲခုန်ချပြီးထွက်ပြေးသွားပါတယ်။ ဖမ်းခံရတဲ့ ဒလမြို့သား ငါးယောက်ကို သမ္မတကမ်းခြေ အနီးက ဆိပ်ခံဗောတံတားပေါ်မှာ စစ်မေးကြပါတယ်။ ဖမ်းမိသူ ငါးယောက်လုံးက ဒလမြို့သားများဖြစ်ကြောင်း၊ မီးရှို့ဖို့ လာသူ မဟုတ်ကြောင်း၊ မီးရှို့ဖို့ ဘာပစ္စည်းမှ မပါကြောင်း ပြောပေမယ့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက တစ်ယောက် တစ်မျိုးအော်လိုက်၊ တစ်ယောက်ပြီးတစ်ယောက် ခေါင်းကို ရိုက်လိုက်၊ ရင်ဘက်ကို ကန်လိုက်နဲ့ ဆူညံနေပါတယ်။ အစကတည်းက ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မေးရင်းမေးရင်း အလိုလိုဒေါသ ပိုထွက် လာပါတယ်။ အဲဒီနောက် တစ်ဦးက စ ပြီး ပါလာတဲ့ ရဲဒင်း နဲ့ စခုတ်လိုက်ချိန်မှာ နောက်လူတွေကလည်း ဓားနဲ့ ဝိုင်းခုတ်ကြပါတယ်။ မသေမရှင် ဖြစ်နေချိန်မှ တစ်ယောက်ချင်း တံတားစွန်း တရွတ်တိုက်စွဲသွားပြီး ခေါင်းကို သေသေချာချာ လှီးဖြတ်ပါတယ်။ အဲဒီနောက် ၅ ယောက်လုံးကို တံတားပေါ်က ပစ်ချပြီး ရေထဲချလိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီအလောင်း တွေထဲက အစိတ်အပိုင်းအများစုက ဒလဘက်က ကမ်းမှာ လာကပ်ပြီး ပုပ်ပွနေခဲ့ပါတယ်။  


အဲဒီချိန်တုန်းက ဒလမြို့သားတွေအားလုံး ဒီဖြစ်စဉ်ကို သိကြပါတယ်။ သူတို့တွေကို ရှစ်လေးလုံး အကြောင်းမေးရင် ပြန်မ ပြောချင်ကြပါဘူး။ ရှစ်လေးလုံးဆိုတာ တကယ့် အနိဌာရုံတစ်ခုလို့သာ မှတ်ချက် ပေးကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို အိပ်မက်ထဲမှာတောင် ပြန်မတွေ့လိုကြတော့ပါဘူး။ ဒီဖြစ်စဉ်မျိုးတွေဟာ အဲဒီကာလက နေရာအနှံ့မှာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ရန်ကုန်တစ်မြို့ လုံးမှာ ဖြစ်ခဲ့ပါတယ်။ ရှစ်လေးလုံးကာလက ထဲထဲဝင်ဝင် လှုပ်ရှားခဲ့ဖူးသူ အားလုံးက ဒီလိုဖြစ်စဉ်တွေကို ပိုသိကြပါတယ်။ ဒီလိုမေ့ပစ်စရာကောင်းတဲ့ အတိတ်ဆိုးမျိုးကို စာစီကုံးပြီး ခမ်းခမ်းနားနား ကျင်းပနေကြတဲ့ သူတွေကိုလည်း စိတ်ပျက်ပါတယ်။ ရှစ်လေးလုံးဆိုတာ အရေးတော်ပုံပဲဖြစ်ဖြစ်၊ အရေးအခင်းပဲဖြစ်ဖြစ် ဘယ်လိုပဲ ခေါင်းစဉ်တပ်ပါစေ ၊ ဘယ်လိုပဲ ပိတ်ကားလှလှတွေ ဆင်ထားပါစေ ပိတ်ကားနောက်မှာတော့ သွေးသံရဲနေတဲ့ အပြစ်မဲ့ပြည်သူများရဲ့ ခေါင်းပြတ်တွေ တန်းစီပြီး ရှိနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရ ပါဘူး…..။   

.. www.MyanmarExpress.net
 

2 comments:

ရှစ်လေးလုံးဆိုတာ အရေးတော်ပုံပဲဖြစ်ဖြစ်၊ အရေးအခင်းပဲဖြစ်ဖြစ် ဘယ်လိုပဲ ခေါင်းစဉ်တပ်ပါစေ ၊ ဘယ်လိုပဲ ပိတ်ကားလှလှတွေ ဆင်ထားပါစေ ပိတ်ကားနောက်မှာတော့ သွေးသံရဲနေတဲ့ အပြစ်မဲ့ပြည်သူများရဲ့ ခေါင်းပြတ်တွေ တန်းစီပြီး ရှိနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရ ပါဘူး…..။
This is true. Radical writers are glorifying their activities. But the truth is 8888 was the sickening event of the country

၈၈ မှာ ကျနော် (၁၀)တန်းအောင်ပါပြီ အရေးအ
ခင်းကိုမျက်ဝါးထင်ထင်တွေ့ကြုံဖြတ်သန်းခဲ့ရတာပါ
တကယ်တော့ အဲဒီအချိန်က ဒေါက်တာမောင်မောင်လက်ထက်
တော်တော်များများလိုက်လျောပေးခဲ့တာပါ
တောင်းဆိုသူလူတွေဟာပရမ်းပတာနဲ့ကွပ်ကဲမဲ့သူမရှိဖြစ်ခဲ့ကြလို့သာမင်းမဲ့စရိုက်တွေပေါ်လာခဲ့တာပါ
လူထုခေါင်းဆောင်
ကျောင်းသားခေါင်းဆောင်ဆိုပြီးလွယ်လွယ်နဲ့
ရာထူးရခဲ့သူတွေကလဲမထိမ်းနိုင်ထိမ်းလဲမထိမ်းတတ်
ဒေါက်တာမောင်မောင်အစိုးရရဲ့ကမ်းလှမ်းချက်တွေကိုလဲသွေး
နားထင်ရောက်ပြီးအသိအမှတ်မပြု
သေနတ်မှန်သေသူသေ ဂျင်ကလိမှန်သေသူသေ ခေါင်းဖြတ်
ခံသေသူသေ စားစရာဆန်မရှိ(ပိုက်ဆံရှိလဲမရ)သွားလာလို့မရလမ်းကြောင်းတွေပြတ်တောက် တစ်ရပ်ကွက်ထဲနှစ်ရှည်လများအတူတူနေလာ
ပြီးတက်ကြွသူနဲ့ မတက်ကြွသူစိတ်ဝမ်းကွဲ အချင်းချင်းရန်ရှာ
နေ့ရောက်မှာလဲကြောက်ရ ညရောက်မှာလဲကြောက်ရ
အဲဒါတွေကတကယ့်အဖြစ်မှန်
ကဲ အဲသလိုတွေဖြစ်အောင်လူထုခေါင်းဆောင်ဆိုသူတွေ
ကျောင်းသားခေါင်းဆောင်ဆိုသူတွေတမင်စီမံခဲ့တာလား
ဟုတ်တယ်ဆိုရင်ဦးသိန်းစိန်ဆင်းပေးလိုက်ပါ တကယ်တော်ကြလို့ပါ
အေး သူတို့စီမံခဲ့တာမဟုတ်ဘူး လူထုကပရမ်းပတာတစ်ဗိုလ်တစ်မင်းနဲ့ထင်ရာစိုင်းခဲ့ကြတာပါဆိုရင် အဲဒီခေါင်းဆောင်ဆိုတဲ့အချောင်သမားတွေ လစ်ဖို့ကောင်းပြီ မင်းတို့စွမ်းဆောင်ရည်ကဘာလဲ
အဲသလိုအဖြစ်သနစ်တွေကို ချောက်ထဲကျဖို့လက်နှစ်လုံးအလို
လို့ခေါ်တယ်ကွ ရာထူးအလကားရခေါင်းဆောင်တွေရဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်