Subscribe to our RSS Feed

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ ပုံမှန်ထက်ပိုပြီး ရေကြီးရေလျှံ ဖြစ်ပေါ်နေ

From : ..mrtv4

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ ပုံမှန်ထက်ပိုပြီး ရေကြီးရေလျှံ ဖြစ်ပေါ်နေတဲ့အတွက် ပျိုးစပါးတွေ ရေနစ်သေဆုံးမှာကို လယ်သမားတွေက စိုးရိမ်နေကြပါတယ်။ ဒိုက်ဦးမြို့နယ် ပတ်ဝန်းကျင်ကျေးရွာအချို့မှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး စပါးစိုက်ပျိုးထားချိန် ရက်ပိုင်းသာရှိသေးတဲ့အတွက် လယ်သမားတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

ဒိုက်ဦးမြို့နယ်ပတ်ဝန်းကျင်က ကျေးရွာတွေဟာ စပါးကိုပျိုးစပါးနဲ့ စိုက်ပျိုးမှုများပြားပြီး ကျဲခင်းစိုက်ပျိုးမှု နည်းပါးတဲ့အတွက် အခုလိုစိုးရိမ်နေကြတာဖြစ်ပါတယ်။ ဒိုက်ဦးမြို့နယ်အတွင်းက ဖအောင်ဝဲကျေးရွာဟာ ရေကြီးမှုဒဏ်ခံနေရပြီး စပါးစိုက်ပျိုးထားတဲ့ လယ်ကွင်းတွေ ရေနစ်မြုပ်မှုကြုံတွေ့နေရပါတယ်။ အခုစိုက်ပျိုးထားတဲ့ စပါးမျိုးစိတ်တွေဟာ သက်လတ်စပါးတွေဖြစ်ပြီး တကယ်လို့ မြေမြုပ်မှုဒဏ်ကြောင့် ပျက်စီးသွားမယ်ဆိုရင် သက်ငယ်စပါး အစားထိုးစိုက်ပျိုးကြရမှာပါ။

ဒါပေမယ့် ရေမြုပ်ဧရိယာက လယ်သမားတွေကတော့ သက်ငယ်စပါးပြန်လည်စိုက်ပျိုးဖို့ ငွေကြေးအခက်အခဲ ရှိနေတယ်လို့ ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးနဲ့ရန်ကုန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လယ်မြေဧက သိန်းနဲ့ချီရေနစ်မြုပ်မှု ကြုံနေရတယ်လို့ သိရပါတယ်။


.. www.MyanmarExpress.net
 

1 comments:

သံတောင်မြောက်ပိုင်းငြိမ်းချမ်းရေးအဖွဲ.ညည် ငုင်းတို.ထိန်းချုပ်နယ်မြေမဟုတ်သော တောင်ငုမြို.နယ်ဆိတ်ဖူးတောင်ကျေးရွာအတွင်းရှိ ကျောက်လုပ်ကွက်အမှတ် ၄၈၉ (ခ) ဥသျှစ်ပင် လုပ်ကွက်အား ဘက်ဖိုးယဉ်၃စီးဖြင်.လက်နက်အားကိုးဖြင်.ဒေသခံများအနိုင်ကျင်ံ.ကိုဝင်ရောက် လုပ်ကိုင်နေပါညည်။ သက်ဆိုင်ရာမှတားဆီးပေးဝကပါရန်တင်ပါအပ်ပါညည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်