From :
..mrtv4
..
www.MyanmarExpress.net
စန်းပွင့်လျှက်ရှိသော
မိုဘိုင်းဈေးကွက် အတွင်းရှိ Apple နှင့် Google တို့ကို စိန်ခေါ်ဖို့
ခြေလှမ်းတစ်ခု အနေဖြင့် Android စမတ်ဖုန်းများ၏"home" ဖြစ်လာမည့် Facebook software အသစ်ကို ဧပြီလ (၄) ရက်နေ့က ထုတ်ဖေါ်ပြသခဲ့သည်။
အဆိုပါ software သစ်သည် Android နောက်ဆုံးဗားရှင်း အသစ် အသုံးပြု မောင်းနှင်ထားသော HTC နှင့် Samsung စမတ်ဖုန်းများ၏ home screen များတွင် လူမှုကွန်ယက် တစ်ခုကို ပေါင်းစပ် ထည့်သွင်းပေးကာ apps များအပေါ်ထက် လူအများ၏ အတွေ့အကြုံများကို အဓိကထားမည် ဖြစ်ကြောင်း အမှုဆောင် အရာရှိချုပ် Mark Zuckerberg က ပြောကြားခဲ့သည်။ ၄င်းတို့က ဖုန်းတစ်ခုကို တည်ဆောက်ခြင်းမဟုတ် ၊ လည်ပတ်စနစ် (OS) တစ်ခုကိုလည်း ပြုလုပ် ဖန်တီးခြင်းမဟုတ် app တစ်ခုထက် ပိုမိုနက်ရှိုင်းသော အရာတစ်ခုကို တည်ဆောက် ဖန်တီးခြင်းသာ ဖြစ်ကြောင်း စီလီကွန်တောင်ကြားရှိ ကုမ္ပဏီ ဌာနချုပ်တွင် ပြုလုပ်သော တွေ့ဆုံပွဲ တစ်ခုတွင် Zuckerberg က ပြောကြားခဲ့သည်။ ၄င်း software ကို အမေရိကန်နိုင်ငံ Google's online Play shop တွင် ဧပြီလ (၁၂) ရက်နေ့မှ စတင်ကာ ဒေါင်းလုပ်ပြုလုပ် အသုံးပြုနိုင်မည် ဖြစ်သည်။

1 comments:
Moe Pyar gang belonged to Wirathu.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်