၂၀၁၃
ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် နေပြည်တော်သို့ လေ့လာရေးခရီး လာရောက်ကြသော
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီဝင် (၁၉၆) ဦးအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ခန်းမဆောင်၌ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့်
ပါတီဗဟိုအလုပ်အမှုဆောင် မွန်ပြည်နယ်တာဝန်ခံ ဦးမောင်ရှိန်တို့က ရင်းနှီးစွာ
လက်ခံတွေ့ဆုံ နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။
မွန်ပြည်နယ်
ပြည်ခိုင်ဖြိုးပါတီမှ လေ့လာရေးအဖွဲ့ဝင်များအား ပါတီ ဒုတိယဥက္ကဋ္ဌ
ဦးဌေးဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးမောင်ရှိန် တို့မှ
နှုတ်ခွန်းဆက်စကားပြောကြားစဉ်
မွန်ပြည်နယ်မှ လေ့လာရေးအဖွဲ့ဝင် ပြည်ခိုင်ဖြိုးပါတီဝင်များ
မွန်ပြည်နယ်မှ
လေ့လာရေးပါတီဝင်များသည် လက်တွေ့စည်းရုံးရေးသင်တန်း အမှတ်စဉ် (၁) နှင့် (၂)
မှ သင်တန်းသားများ၊ ကျိုက်ထိုမြို့နယ် ပါတီကော်မတီဝင်များနှင့်
ရပ်ကျေးစည်းရုံးရေးမှူးများဖြစ်ကြပြီး ခရိုင်ပါတီ ကော်မတီဝင်
ဦးဝင်းချစ်အောင်နှင့် ကျိုက်ထိုမြို့နယ် ပါတီ အထွေထွေအတွင်းရေးမှူး
ဦးဝင်းနိုင်ဦးတို့ ဦးဆောင်ခဲ့ကြသည်။
အဆိုပါ
လေ့လာရေးအဖွဲ့သည် နေပြည်တော်ရှိ ငလိုက်ဆည်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊
လွှတ်တော်၊ ရေပန်းဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ တိုင်းရင်းသားကျေးရွာနှင့်
အားကစားရုံများသို့ (၂) ရက်ကြာ သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။

2 comments:
သင်္ကြန်မှာရေပက်တဲ့မူဆလင်တွေကိုမြင်ရင်ဝိုင်းသာရိုက်ကြပါသူတို့နဲ့သင်္ကြန်ဘာမှမဆိုင်ဘူး
Moe Pyar gang belonged to Wirathu.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်