Subscribe to our RSS Feed

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်မှုမထမ်း မနေရ ဥပဒေပြဋ္ဌာန်း သင့်ကြောင်း ရှမ်း တိုင်းရင်းသား ဒီမို ကရက်တစ်(ကျားဖြူ) ပါတီ ဥက္ကဋ္ဌ ဦးစိုင်း အိုက်ပေါင်းက ပြောကြား

From : ..Eleven
 
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှု ပြုလုပ်ပါက ဗဟိုချုပ်ကိုင်မှု များနေသော အချက်များကို လျော့ချရန် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်(ကျားဖြူ) ပါတီအနေဖြင့် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက The Daily Eleven သို့ ပြောကြားသည်။

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၅) အထွေထွေ ပြဋ္ဌာန်းချက်များပါ ဇယား(၁)မှ(၅)အထိ ပါဝင်သော ပြည်ထောင်စု၏ အခန်းကဏ္ဍများအား လျော့ချရန် ဖြစ်ကြောင်း သိရသည်။

ကျားဖြူပါတီ အနေဖြင့် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ အာဏာခွဲဝေရေး၊ မြေပေါ်မြေအောက် သံယဇာတ ခွဲဝေရေး၊ အခွန်အခများ၊ နယ်စပ်ကုန်သွယ်ရေး များမှရရှိသည့် အကျိုးအမြတ်များအား အချိုးကျ ခွဲဝေရေးကို အဓိက ပြင်ဆင်လိုခြင်း ဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ လုံခြုံရေး ကဏ္ဍများကို ပြည်ထောင်စုမှသာ ကိုင်တွယ်လိုခြင်း ဖြစ်သည်။

''ကျွန်တော်တို့က ဗဟိုချုပ်ကိုင်မှု များနေတဲ့ အချက်တွေကို အဓိက ပြင်ဆင်လိုတာပါ။ ဘဏ္ဍာရေးလို ကိစ္စတွေမှာ ပြည်ထောင်စုက ကိုင်တွယ်ရတာ ရှိသလို တိုင်းဒေသကြီး၊ ပြည်နယ်တွေက ကိုင်တွယ်ရတာတွေ ရှိပါတယ်။ အခွန်အခ တွေဆိုရင် ဗဟိုက ၅၀၊ ပြည်နယ်၊ တိုင်းဒေသကြီးတွေက ၅၀ အချိုးကျ ခွဲဝေယူပေါ့။ နောက်တစ်ခုက ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်တာ မဖြစ်သင့်ဘူး။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်ပြီး သမ္မတက အသိအမှတ် ပြုတာမျိုးပဲ လုပ်သင့်တယ်။ ဒါမျိုးတွေပြင်ရမယ်။ တကယ်လို့ ၀န်ကြီးချုပ် အလုပ်မလုပ်လို့ ပြန်ဖြုတ်ချင်ရင်လည်း အဲဒီကိုယ်စားလှယ် တွေကပဲ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချလိမ့်မယ်'' ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ယင်းကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ၀န်ကြီးချုပ်အား ရွေးကောက်တင်မြှောက်ခွင့် ရရေးအပြင် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်များ၏ ဥပဒေပြုခွင့် အာဏာကိုလည်း ပိုမိုခွဲဝေပေးရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ပြည်ထောင်စု တပ်မတော် ဖြစ်ပေါ်ရန် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းသင့်ကြောင်း၊ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း၍ စစ်မှုထမ်းခိုင်းမှသာ ပြည်သူအားလုံးသည် နိုင်ငံအပေါ် သစ္စာစောင့်သိစိတ်၊ မျိုးချစ်စိတ်များ ဖြစ်ပေါ်လာပြီး ပြည်သူနှင့် တပ်မတော်အကြား တစ်သားတည်းဖြစ်ကာ ပြည်သူ့တပ်မတော် ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ တပ်မတော်မှလည်း တိုင်းရင်းသား ပြည်သူများအပေါ် ယုံကြည်မှု ရှိနေမည်ဖြစ်ပြီး အဆိုပါ အချက်အား ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဋ္ဌာန်း သင့်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီတွင် ကော်မတီဝင်အဖြစ် ကျားဖြူပါတီမှ လွှတ်တော် ကိုယ်စားလှယ်များပါဝင်ပြီး အဆိုပါ ကိုယ်စားလှယ်များက ကော်မတီသို့ တင်ပြရန်အတွက် ပြင်ဆင်လိုသည့် အချက်များကို ပါတီတွင်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။


 .. www.MyanmarExpress.net
 

11 comments:

ကိုစိုင်းအိုက်ပေါင်။ ခင်ဗျားစစ်မှုထမ်းဘူးလား။ တပ်မိသားစုဝင်တွေက ပြန်ရောင်းတဲ့ တပ်မတော် ရိက္ခာဆန်နဲ့ ဆီကို စားဘူးလား။ စစ်မှုမထမ်း မနေရစနစ်ကို ပြဌာန်းစေချင်ရင် ခင်ဗျားသားသမီးတွေနဲ့ အမျိုးတွေကို တပ်ထဲရဲဘော်သစ်အဖြစ် အရင်သွင်းပြပါ့လား။ အဲဒါမှ ခင်ဗျားဘာကို အရင် တင်ပြရမယ် ဆိုတာ နားလည်လာလိမ့်မယ်။ ခင်ဗျားလို ကိုချင်မစာတတ်တဲ့ လူတွေကြောင့် အသက်နှင့်မိသားစု ဘဝကို ပဓာန မထားပဲ တိုင်ပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို သနားမိပါတယ်ဗျာ။ လူ့အဆင့်အတန်းမှီတဲ့ လစာနဲ့ ဝင်ငွေသာ ပေးမယ်ဆိုရင် အရည်အချင်းပြည့်ဝတဲ့သူတွေကို ခေါင်းခေါက် ရွေးလို့ ရပါတယ်။ စစ်မှုမထမ်းမနေရ စနစ်ကြောင့် စောက်သုံးမကျတဲ့ သူတွေ တပ်ထဲဝင်လာမှ တပ်မတော် အတွက်လည်းမကောင်း အဲဒီလူအတွက်လည်း မကောင်း ဖြစ်နေပါဦးမယ်ဗျာ။ သေချာပြန်စဉ်းစား သင့်တယ်လို့ ထင်ပါတယ်။ ခင်ဗျားလည်း လွတ်တော်အမတ် ဒီတစ်ဆက်လုပ်ပြီးရင် တပ်ထဲကို ရဲဘော်သစ်အဖြစ်နဲ့ ဝင်ပါ့လား။ တပ်မတော်သား ဘဝကို ကိုယ်ချင်းစာတတ်ပြီး တိုင်းပြည်ကို ပိုချစ်သွားအောင်လို့ပါဗျာ။

ကိုစိုင်းအိုက်ပေါင်။ ခင်ဗျားစစ်မှုထမ်းဘူးလား။ တပ်မိသားစုဝင်တွေက ပြန်ရောင်းတဲ့ တပ်မတော် ရိက္ခာဆန်နဲ့ ဆီကို စားဘူးလား။ စစ်မှုမထမ်း မနေရစနစ်ကို ပြဌာန်းစေချင်ရင် ခင်ဗျားသားသမီးတွေနဲ့ အမျိုးတွေကို တပ်ထဲရဲဘော်သစ်အဖြစ် အရင်သွင်းပြပါ့လား။ အဲဒါမှ ခင်ဗျားဘာကို အရင် တင်ပြရမယ် ဆိုတာ နားလည်လာလိမ့်မယ်။ ခင်ဗျားလို ကိုချင်မစာတတ်တဲ့ လူတွေကြောင့် အသက်နှင့်မိသားစု ဘဝကို ပဓာန မထားပဲ တိုင်ပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို သနားမိပါတယ်ဗျာ။ လူ့အဆင့်အတန်းမှီတဲ့ လစာနဲ့ ဝင်ငွေသာ ပေးမယ်ဆိုရင် အရည်အချင်းပြည့်ဝတဲ့သူတွေကို ခေါင်းခေါက် ရွေးလို့ ရပါတယ်။ စစ်မှုမထမ်းမနေရ စနစ်ကြောင့် စောက်သုံးမကျတဲ့ သူတွေ တပ်ထဲဝင်လာမှ တပ်မတော် အတွက်လည်းမကောင်း အဲဒီလူအတွက်လည်း မကောင်း ဖြစ်နေပါဦးမယ်ဗျာ။ သေချာပြန်စဉ်းစား သင့်တယ်လို့ ထင်ပါတယ်။ ခင်ဗျားလည်း လွတ်တော်အမတ် ဒီတစ်ဆက်လုပ်ပြီးရင် တပ်ထဲကို ရဲဘော်သစ်အဖြစ်နဲ့ ဝင်ပါ့လား။ တပ်မတော်သား ဘဝကို ကိုယ်ချင်းစာတတ်ပြီး တိုင်းပြည်ကို ပိုချစ်သွားအောင်လို့ပါဗျာ။

စစ်မှု မထမ်း မ နေရ မဟုတ် ဘဲ နိုင် ငံ သား တိုင်း စစ် မှု ထမ်း ရန် ဥပ ဒေ ဆို ရင် ပို သင့် မြတ် မယ် ယူဆ ပါ တယ်။ ဒါ ပြ ဌာ န်း ပြီး စစ် မှု ထမ်း စေ မယ် ဆို ရင်
၁ ။ တပ် သား သစ် စု ဆောင်း ရ ရှိ ရန် ခက် ခဲ သော ပြ ဿ နာ ပြေ လည် မည်။
၂ ။ တပ် ရင်း တပ် ဖွဲ့ များ ဖွဲ့ စည်း ပုံ အင် အား ပြည့် လာ မည် ဖြစ် ပြီး စစ် ရေး စည်း ရုံး ရေး အုပ် ချုပ် ရေး ဆို သော စွမ်း ရည် သုံး ရပ် ပို ၍ တိုး တက် အောင် ဆောင် ရွက် နိုင် မည်။
၃ ။ တပ် တည် ဆောက် ရေး လုပ် ငန်း ကြီး လေး ရပ် ကို ယ ခု ထက် ပို မို ဆောင် ရွက် နိုင် မည် ဖြစ် ၍ တပ် များ ၏ ဥပ ဓိ ရုပ် နှင့် အ နှစ် သာ ရ သ ဘော တို့ ပြောင်း လဲ ကောင်း မွန် လာ နိုင် မည်။
၎ ။ က လေး စစ် သား ပြ ဿ နာ မရှိ နိုင် တော့ ပါ။
၅ ။ တပ် မ တော် နှင့် ပြည် သူ ပွင့် လင်း မြင် သာ မှု ပို မို ရ ရှိ လာ နိုင် မည်။
၆ ။ တပ် မ တော် ၏ ပျက် စီး နေ သော စစ် သည် အိပ် ဆောင် များ လူ နေ လိုင်း ခန်း များ အား အကြီး စား ပြင် ဆင် ခွင့် ပြု ခြင်း အ သစ် ဆောက် လုပ် ခွင့် ပြု ခြင်း နှင့် ရေ မီး စ နစ် တို့ ကို ကောင်း မွန် အောင် ဆောင် ရွက် ပေး ရ တော့ မည် ဖြစ် ၍ GE လုပ် ငန်း များ သက် ၀င် လှုပ် ရှား လာ မည်။

ဆွေး နွေး ကောင်း ပါ တယ် ။ နိုင် ငံ သား တိုင်း စစ် မှု ထမ်း တာ က မွေး ရာ ပါ တာ ၀န် လို့ ခံယူ ပြီး ထမ်း ဆောင် နိုင် ရင် မွန် မြတ် ပါ လိမ့် မယ် ။ ၂ နှစ် တန် သည် ၃ နှစ် တန် သည် ပေါ့ လေ ။ နိုင် ငံ သား တိုင်း ရဲ့ အ ခွင့် အ ရေး နဲ့ တာ ၀န် တစ် ရပ် ပါ ။

စစ် မှု မ ထမ်း မ နေ ရ ပြ ဌာ န်း မယ် ဆို ရင် စဉ်း စား ရ မဲ့ အချက် အချို့တော့ ရှိပါတယ် လက် ရှိ တပ်မ တော် ရဲ့ အင် အား နဲ့ ခွဲဝေရ ရှိတဲ့ ဘတ်ဂျက် အ ခြေ အ နေ ကို ထည့် တွက် ရ ပါ မယ်။ တ မျိုး သား လုံး GDP ရဲ့ ၂၃ ရာခိုင် နှုန်း ကို လက် ရှိ ကာ ကွယ် ရေး အ သုံး စ ရိတ် ခွဲ ဝေ ပေး ထား ရ ပါ တယ်။ စစ် သည် အင် အား တွေ များ စွာ တိုး တက် လာ မှာ ဖြစ် လို့ ထပ် ပြီး လျာ ထား ရ မဲ့ စစ်သည် လစာ ရိက္ခာ စစ်ဝတ် ကိရိ ယာ တွေ စသ ဖြင့် ပေါ့ လေ။ ဒါ အ ဆောက် အဦး တွေ ယာဉ် တွေ မပါ သေး ဘူး ။

စစ်မှု မထမ်းမနေရ စနစ်ကြောင့် သူလျို့တွေ တပ်ထဲဝင်လာမှ မျိုးပြုတ်ကုန်မယ်။ ကို့နိုင်ငံက ပြည်တွင်း သောင်းကျန်းမှု ကင်းစင်တဲ့ နိုင်ငံဆိုတော့။ ကြည့်လည်း လုပ်ပါဦးဗျာ။ တော်ကြာ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော် ခံရမှ ကြည့်ကောင်းနေပါဦးမယ်ဗျာ။ တပ်သားသစ်စုရခက်တယ် ဆိုတာ ပြည်သူတွေက တပ်ကို မချစ်လို့ များထင်လို့လား။ လူ့အဆင့် မမီတဲ့ လစာ ဖြစ်နေလိုပါ။ တန်ရာတန်ကြေးပေးပြီး ကောင်းတာကို ခေါင်းခေါက်ရွေးပါ။ ပေါချောင်ကောင်းကြိုက်ရင်တော့ ခပ်ညံညံ လူတွေပဲ ရမှာပေါ့ဗျာ။ ဒီခပ်ညံညံ ပေါချောင်သမားတွေနဲ့ ခင်ဗျားတို့ပြောတဲ့ ခေတ်မီ တပ်မတော်ကြီး တည်ဆောက်လို့ ရမှာတဲ့လားဗျာ။ အရပ်ထဲမှာတောင် ဈေးချိုချိုနဲ့ ရတဲ့သူတွေက အရည်အချင်းကို အဓိကထားရတဲ့ အလုပ်ကို လုပ်ရင် စောက်သုံး သိပ်ကျတာ မဟုတ်ဘူး။ ကြည့်လည်း လုပ်ကြပါဗျာ။ တော်ကြာ ပေါချောင်ကောင်းတွေနဲ့ ဖွဲ့စည်ထားတဲ့ ဟာကြီးဖြစ်နေပါအုံး မယ်။

တပ် မ တော် ရဲ့ ရည် မှန်း ချက် က အင် အား တောင့် တင်း ပြီး စွမ်း ရည် ထက် မြက် သော ခေတ် မီ မျိုး ချစ် တပ် မ တော် ဖြစ် ရေး ပါ။ နိုင် ငံ တော် နိုင် ငံ သား နဲ့ အချုပ် အ ခြာ အာ ဏာ တည် တံ့ ရေး အ တွက် လို့ နား လည် ရ ပါ တယ်။ နိုင် ငံ သား တွေ ကို ယုံ ကြည် မှု မ ရှိ ရင် ဖြစ် လာ နိုင် စရာ မ ရှိ ပါ။ နိုင် ငံ သား အား လုံး ပါ ၀င် တဲ့ ပြည် သူ့ စစ် မ ဟာ ဗျူ ဟာ ကို ဖော် ဆောင် ရန် လည်း ရှိ နေ တယ် ဆို တာ သတိ ပြု ရ ပါ မယ်။ ပြည် သူ တစ် ရပ် လုံး ကို ယုံ ကြည် မှု ရ အောင် တည် ဆောက် သင့် တယ် လို့ မြင် မိ ပါ တယ်။ လတ် တ လော မှာ တော့ အမည် အ မျိုး မျိုး နဲ့ လက် နက် ကိုင် ထား တဲ့ အ ဖွဲ့ တွေ အား လုံး ဥပ ဒေ အောက် ကို ၀င် လာ ပါ။ နိုင် ငံ သား တစ် ယောက် ရဲ့ အ ခွင့် အ ရေး တွေ ကို ညီမျှ စွာ ရ ယူ ပါ။ သက် ဆိုင် ရာ က လည်း စစ် မှု ထမ်း ဥပ ဒေ ကို ရေး ဆွဲ ပြ ဌာန်း သွား ရင် အ ဆင် ပြေ နိုင် ပါ တယ် လို့ ဘဲ အကြံ ပြု ချင် ပါ တယ်။

ဘုရင့်နောင် မင်းတရားကြီးပြောတဲ့ စကားလေးများ မှတ်မိ သေးလားဗျာ။ စစ်ဆိုတာ အင်အားနည်းတာ များတာ အဓိက မဟုတ်။ လုပ်ရည်ကိုင်ရည် (အရည် အချင်း) နှင့် ရဲစွမ်းသတ္တိ သာအဓိကပါတဲ့။ အင်အားတော့ တောင့်တင်းပါရဲ့ အဆင့်မမီတဲ့ သူတွေနဲ့ အလုပ်လုပ်နေရရင် ခွေးကျိုးနဲ့ ယုန်လိုက်ရသလို ဖြစ်နေပါဦးမယ်။ ပြင်ပလောကမှာ ၁၀၀၀ တန်အောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိတဲ့သူက ၅၀၀ တန်အလုပ်ကို မလုပ်ဘူး။ အပြင်လောကမှာ ဝင်ငွေနဲတဲ့ တေလေ ကျပိုးတွေ ရှိသလို ဝင်ငွေကောင်းပြီး ထူးချွန် ထက်မြက်တဲ့ လူတွေလည်း ရှိပါတယ်။ ပြင်ပမှာ စက်ဘီးတစ်စီးနဲ့ ရေခဲချောင်း လိုက်ရောင်းတဲ့ သူးတွေ ဆိုင်ကယ် ကယ်ရီဆွဲတဲ့ သူတွေ သုံးဘီး တုတ်တုတ် မောင်းတဲ့ သူတွေရဲ့ ဝင်ငွေကို လေ့လာဘူးလား။ ကားစပယ်ယာ တစ်ယောက်က ဗိုကြီးတစ်ယောက်ရဲ့ လစာကို ပြောပြတော့ မျက်လုံးပျူးသွားတယ်။ အဲ့ဒိဝင်ငွေနဲ့ မိသားစု လောက်အောင် ဘယ်လိုသုံးလဲတဲ့။ ကျွန်တော်တိုက ရအောင်လည်းရှာတယ်။ သုံးလည်း သုံးတယ်။ ကျွန်တော်ဆိုရင် လောက်မှာ မဟုတ်ဘူးတဲ့။ ပြင်ပမှာ အရည်အချင်းနဲ့ လုပ်ကိုင် စားသောက် နေတဲ့ သူတွေရဲ့ ဘဝင်ငွေကို လေလာ သင့်ပါတယ်။ စစ်မှုမထမ်း မနေရ စနစ်ကြောင့် ဒီလူတွေ စစ်မှုထမ်းရရင် တိုင်းပြည် ချစ်ဖို့ထက် စီးပွားရေး ထိခိုက်လို စိတ်ပျက်သွားဖို့က ပိုများတယ်။ ပြီးရင် တပ်နဲ့ပတ်သက်ပြီး မကောင်း ပြောချင်တဲ့ သူတွေအတွက် ပြောစရာ ကုန်ကြမ်းတွေ ထွက်လာမယ်။ တပ်နဲ့ ပတ်သက်ပြီး ကောင်းကျိုးခံစား ရထားတဲ့ သူတွေကတော့ တပ်ကို ချစ်မှာပါ။ ဆိုးကြိုးကို ခံစားခဲ့ ရတဲ့သူတွေကတော့ ကြိုက်မှာ မဟုတ်ဘူ။ ဆိုးကြိုး ကောင်းကျိုး စဉ်စားဖို့ လိုပါတယ်။ လက်ရှိခေတ်က အင်အားက အဓိကမဟုတ် ပဲစွမ်းရည် ထက်မြက်တဲ့ စစ်လက်နက် ပစ္စည်းတွေကို တီထွင် အသုံးပြုနေတဲ့ ခေတ်ရောက်နေပါပြီ။ လူသားမဆန်သော လူအင်အားကို အရင်းပြုပြီး စတေးရမယ့်ခေတ် မဟုတ်တော့ပါဘူး။ သာယာနေသော လူသားတွေ ဘဝကို ကိုယ်ချင်းစာပါ။ ဝါသနာပါပြီး အရည်အချင်း ရှိသူများကိုသာ တန်ရာတန်ကြေး ပေးပြီး စည်းရုံးပါ။ အခြားစစ်မှု မထမ်းမနေရ နိုင်ငံတွေကို ထောက်ပြပြီး သူများချီးစားသလို ချီးစားဖို့ မစဉ်းစားသင့်ပါ။ ကိုယ်ပိုင် အတွေးအခေါ်ဖြင့်သာ လုပ်သင့် ပါကြောင်း အကြံပြုပါတယ်။

ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေက ခပ်ညံညံ နိုင်ငံတွေကို လူအင်အားနဲ့ လွမ်းမိုးချုပ်ကိုင်ခြင်း မဟုတ်ပါ။ မြင့်မားသော အရည်အချင်းနဲ့ နည်းပညာတွေကို သုံးပြီး ချုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ အင်အားကောင်းဖို့ထက် အရည်အချင်းကောင်းဖို့ပဲ လိုပါတယ်။ ထည့်သွင်းစဉ်းစား နိုင်ရန် အကြံပြုတာပါ။

တပ် မ တော် မှာ အင် အား ပြည့် မီ ဖို့ များ စွာ လို အပ် နေ သေး တယ် ဆို တာ ရယ် ခေတ် မီ ဖို့ လို အပ် နေ သေး တယ် ဆို တာ ရယ် ကို တာ ဝန် ရှိ သူ တွေ က ရော လေ့ လာ သူ တွေ က ပါ သုံး သပ် ထား တာ တူ ညီ မှု တွေ့ ရ ပါ တယ် ။ ခေတ် မီ ဖို့ က တော့ ဓန အင် အား နဲ့ လဲ သက် ဆိုင် နိုင် ပါ တယ် ။ national services လုပ် လိုက် မယ် ဆို ရင် ပညာ တတ် သူ တွေ ဘွဲ့ ရ တွေ ပညာ ရှင် တွေ လဲ ပါ ဝင် လာရ တော့ မှာ ပါ။ အခု လက် ရှိ စု ဆောင်း တဲ့ စ နစ် မှာ တော့ ပညာ တတ် အ လွှာ တွေ ပါ ဝင် မှု နည်း နေ တာ မ ငြင်း နိုင် တဲ့ အချက် ပါ ။ အဲ ဒါ စွမ်း ရည် ရှိ တဲ့ တပ် မ တော် ဖြစ် ရေး ကို သက် ရောက် မှု ဖြစ် စေ ပါ တယ် ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်