From : .... Eleven
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ် တို့ ယမန်နေ့က ထိုင်းအစိုးရ အိမ်တော်မှာ တွေ့ဆုံစဉ် (ဓာတ်ပုံ – Chanat Katanyu / Bangkok Post)
မြန်မာနိုင်ငံတွင် ယခုအခါ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေပြီ ဖြစ်သောကြောင့် စစ်တပ်၏ အခန်းကဏ္ဍကို လျော့ချထားပြီ ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ်ရှင်နာဝပ်ထရာနှင့် စက်တင်ဘာ ၁၇ ရက်က ဘန်ကောက်မြို့ရှိ အစိုးရ အိမ်တော်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
ထို့ပြင် မိမိတို့နိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုအပေါ် အာမခံချက် ပေးကြောင်းနှင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားသည်။မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှုတွင် အရပ်သားများ၏ အခန်းကဏ္ဍသည် ပိုမိုပါဝင် လာကြောင်းလည်း ၎င်းကပြောကြားသည်။
ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၁ ခုနှစ်က စတင်ပြီး ဒီမိုကရေစီစနစ်ဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိရာ တပ်မတော် အနေဖြင့် အောင်မြင်အောင် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်လက် တိုးတက်ရန်သာရှိပြီး နောက်ဆုတ်ရန် မရှိဟု ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက် မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်ခဲ့သည်။
နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးတန်း အရာရှိကြီးများ တွေ့ဆုံဆွေးနွေးသည့် ပထမအကြိမ် အဆင့်မြင့် ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
နှစ်နိုင်ငံအကြား နယ်နိမိတ် အတိအကျ သတ်မှတ်ရန် ကျန်ရှိနေသေး မှုများကိုလည်း အမြန်ဆုံး အပြီးသတ် ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းမှုအပေါ် ၀န်ကြီးချုပ်ယင်လတ်ခ်က သဘောတူညီခဲ့ကြောင်း သိရသည်။
သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံနှင့် လုပ်ဆောင်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးကြီးမှုကို လက်ခံထားပြီး အဆိုပါစီမံကိန်း အောင်မြင်စွာ ပြီးမြောက်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဝန်ကြီးချုပ်ယင်လတ်ခ်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ကြီးမားသည့် စီမံကိန်းဖြစ်ခြင်းနှင့် မိမိတို့နှစ်နိုင်ငံ အစိုးရများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြန်လည် ပြောကြားသည်။
ထို့ပြင် သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော မြန်မာနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား များနှင့်ပတ်သက်သည့် ပြဿနာကို ပူးပေါင်းဆောင်ရွက် လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ယင်လတ်ခ်ကလည်း စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းများနှင့် နယ်စပ် ကုန်သွယ်ရေးတို့ကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်လိုကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။
ယခုကျင်းပသည့် ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကာ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါး နှိမ်နှင်းရေးနှင့် တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများ အရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
5 comments:
အင်း အ ပေါ် ကော မက် က မြေ မြုတ် မိုင်း ရှင်း တာ ကို လက် မ ခံ အောက် ကော မတ် တွေ က စစ် သား တွေ သေ
မီဒီယာ က တောင် ရေး မြောက် ရေး ဝ က နိုင် ငံ ထောင် ချင် က ချင် က မဲ မဲ မြင် ရမ်း ပစ် စီး ပွါး လည်း လုပ် မ ရ အော် ဘယ် ချန် က တည် ငြိမ် သွား တာ လဲ
အင်း ငါ အိပ် ပျော် သွား တာ ကြာ သွား လို့ မ သိ လိုက် တာ နေ မှာ ပါ ဆော ရီး နော်
PKU THER THRR
ကာချုပ်ကြီးကတော့နိုင်ငံတိုးတက်ဖို့အတွက်ရှေ့ကိုပဲသွား
မယ်လို့ခိုင်မာတဲ့ကတိစကားပြောလိုက်ပြီ
နောက်ပြန်လှည့်မယ်ဘာညာနဲ့ပြောနေတဲ့သူတွေဆင်ခြင်
သင့်ပြီထင်တယ် ဒီတစ်ကြိမ်တပ်မတော်ကို
နားကျည်းအောင်မလုပ်ကြနဲ့တော့ ခွင့်လွှတ်နိုင်
စွမ်းမရှိရင်နိုင်ငံ့အရေးကိုမလုပ်တာပိုကောင်းတယ်
ဘာလို့လဲဆိုတော့အမုန်းတရားစွက်တဲ့နိုင်ငံရေးဟာ
ပြည်သူအတွက်မကောင်းနိုင်လို့ပဲဖြစ်တယ်
ကိုင်းနိုင်ငံ့အရေးလုပ်ကြမှာလားကိုယ့်အရေးကိုလုပ်ကြမှာ
လား
Yes the country is apparently stable but conflict is brewing in Parliament due to some egoistic MPs and idiotic MPs who support them. President is trying to calm down. So far they won't listen. On the other side foolish Aung San Su Kyi is claiming Presidential power by amending the Constitution, and armed insurgents and other oppositions are trying to scrap the Constitution so that they can break away from the Union. All of us, reasonable people must stay behind the President and Tat-Ma-Daw.
တပ်ချုပ်ကြီးလက်ထက်တပ်ထဲမှာအများကြီးပြန်ပြီးတိုးတက်လာတာကိုယ်တွေ့ပါ။ဒါပေမယ့်တပ်ချုပ်ကြီးကိုယ့်လက်အောက်ကဗိုလ်ချုပ်တွေအကြောင်းလဲသေသေချာချာသိမှ တပ်အားလုံးတိုးတက်မှာပါ။ကကသံက ဗိုလ်ချုပ်လှမြင့်ဆိုရင် လင်မယားလိုက် ယုတ်မာကြတာတပ်တွေအားလုံးသိကြပါတယ်။ ပေးနိုင်ရင်တမျိုး ၊ မပေးနိုင်ရင် ဘယ်လောက်တော်တော် အညှိုးကြီးကြီးနဲ့နှိပ်စက်တတ်တယ်၊ ခေါင်းဆောင်တယောက်ရဲ့စိတ်ထားမျိုးတစက်မှမရှိဘူး၊သာမာန်စစ်သားလေးတစ်ယောက်ရဲ့ ရဲဘော်စိတ်မျိုးတောင်သူတို့မှာမရှိဘူး၊တပ်မှူးအားလုံးကစစ်တပ်မို့လို့ပြန်မပြောရဲကြတာ၊အခုသူ့ကိုအကြံပေးဆိုပြီးပြန်ထားထားတော့ တပ်အားလုံးစိတ်ညစ်ကြရပါတယ်။ဒီလူဘယ်လိုလူလဲဆိုတာပြန်စိစစ်စေချင်တယ်။
နိုင် ငံအတွင်း မှာတည်ငြိမ်မှု အပြည့် အဝ မရှိ ဘူးဆိုတာ ကိုတော့ ငြင်းမရ ပါဘူး လတ် တ လောမှာ KIA ရွက်ဆစ် နဲ့ ဘာသာ ရေး အစွန်းရောက်တွေ ကိစ္စ ရှိပါတယ် ။ လွှတ်တော် နဲ့ အစိုးရ တို့ရဲ့ အားပြိုင် မှု ဘဲပြောပြော သ ဘောထား မညီညွှတ် မှုဘဲ ဆိုဆို ဒါကလည်းဒီမိုကရေစီ နိုင် ငံမှာ ပြည်သူ လွှတ်တော် အစိုးရ တို့ရဲ့ ဖြစ် ရိုးဖြစ် စဉ် မျှသာ ဖြစ်ပါတယ် ။ ပြဿနာက အစိုးရက ဘာပဲလုပ်လုပ် အမြဲ ဆန့်ကျင် နေချင် တဲ့ စရိုက် ရှိသူတွေ ပါ။ အစိုးရ ကလည်း ပြည်သူ့ လိုအပ်ချက် တွေကို တတ်နိုင် သမျှဖော်ဆောင် နေတာ တွေ့ရပါတယ်။ လက် ရှိအစိုးရ မူဝါဒ နဲ့ လုပ်ကိုင် နေတာ တွေ့ရပါတယ်။ သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အုပ်ချုပ်ရေး ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ထာဝရငြိမ်းချမ်းရေး စသဖြင့် ပေါ့လေ ။ မ အောင်မြင်သေးသော် လည်း လုပ်ဆောင်နေဆဲပေါ့ ။ နိုင် ငံ ရေးပါတီတွေ ကလည်း ဒါထက် ကောင်းပြီး ဖော်ဆောင် နိုင် မဲ့ မူဝါဒ တွေ ချမှတ် ထုတ်ပြန်သင့်တယ်။ အ ခြေခံ ဥပဒေ ပြင် ရေးဆိုတာ လူတစ်ယောက် အတွက် ကိုရည် ရွယ်ပြီး လုပ်တာမျိုး ဖြစ်နေလှို မူဝါဒ မဖြစ်ထိုက်ပါဘူး။ သူတို့ ပြောနေကြတဲ့ ပုဒ်မခွဲ (စ) ကိုပြင် လိုက် ရင် ကျန်တဲ့ နိုင် ငံခြားသား တွေ အားလုံး ကိုပါ သမ္မတ အဖြစ်ရွေးချယ် ခံခွင့် ပေးရ တော့ မယ်။ ဒါတွေကိုလည်း ရေးစေချင် တယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်