Subscribe to our RSS Feed

မိမိနိုင်ငံတော်ကိုထိပါးမည်မပြောနဲ့ အသံကြားရုံမျှဖြင့် အမြဲတမ်း အဆင်သင့်ရှိနေသည့်တပ်မတော်....


From : .... Eleven



(မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)


ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း မတည်ငြိမ် မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းနှင့် ငါးမိုင်အကွာအဝေးတွင် တပ်မတော် တပ်ရင်းသုံးရင်းက ၀ိုင်းရံထားပြီး လုံခြုံရေး ယူထားကြောင်း သတင်းရရှိသည်။

ယင်းသို့ လုံခြုံရေး ယူထားရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်တိုင်းမှူး အစီအစဉ်ဖြင့် နေရာယူထားခြင်းဖြစ်ပြီး နောက်ထပ် လုံထိန်းရဲတပ်ရင်း နှစ်ရင်းကိုလည်း ထပ်မံတိုးချဲ့ ချထားပေးရန် စီစဉ်ဆဲဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးရှိကြောင်း၊ (န-စ-က) ရုပ်သိမ်းပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေးကို ၀င်ရောက်တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ မောင်တော မြောက်ပိုင်းတွင် (F.I.R) ဖွင့်နိုင်သော ရဲစခန်းတစ်ခု တောင်ပိုင်းတွင်လည်း အလားတူ ရဲစခန်းတစ်ခု ဖွင့်ပေးရန် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၃-၁၄ ဒုတိယ လေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တင်ပြခဲ့သည်။

မောင်တောနယ်စပ် လုံခြုံရေးအတွက် လက်ရှိတွင် လုံထိန်းရဲတပ်ရင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များကို လုံလောက်သော လက်နက်၊ လူအင်အားဖြင့် တာဝန်ချထားကြောင်း၊ ရဲက ရဲအလုပ်၊ အကောက်ခွန်က အကောက်ခွန်အလုပ်၊ (လ၀က)က လ၀ကအလုပ်ကို လုပ်ကိုင်ရင်းဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ဒေသ၏ လုံခြုံရေးဖြန့်ကြက် ဆောင်ရွက်မှု ကောင်းမွန်သဖြင့် ပြည်သူများ အနေဖြင့် စိုးရိမ်စရာ မရှိကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက တင်ပြခဲ့ကြောင်း သိရသည်။

နစကအဖွဲ့အား ဖျက်သိမ်းပြီးနောက် လုံခြုံရေးအင်အား လျော့နည်းသွားသဖြင့် အကြမ်းဖက်သမားများ နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာမည်ကို လည်းကောင်း၊ တစ်ဖက်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လည်းကောင်း၊ ယခုလပိုင်းအတွင်း ဒေသအတွင်း ဓားပြတိုက်မှုများ တိုးပွားလာနေသဖြင့် ဒေသခံများ အနေဖြင့် စိုးရိမ်လျက် ရှိကြောင်းလည်း သိရသည်။


9 comments:

တာဝန်သိစိတ်ဖြင့် တာဝန်ကျေအောင် ထမ်းဆောင်ပါ။ စေတနာနဲ့ ဆိုရင် ကျေးစူးတင်ပါလို့  ပြောနေရအုံးမယ် ။

တာဝန်ရှိသူအားလုံး တာဝန်ကျေရမည်။

တာဝန်ရှိသည်။ တာဝန်ကျေရမည်။

KIA, SSA, even KNU and NLD and other armed insurgents will take advantage of this situation. Beware guys.

mi mi naing nyan ko mi mi chit myat noe kya ber,,
all armt .all goverment servents..

this is we mean,,,,,,
natives peoples

Many Rohingha in Yangon were illegally arrived to Yangon that Myanma Tat Ma Taw, police and immigration officers took money from them and brought them to Yangon. If you do not believe, ask any Rohingha and they will tell you true story.

မြန်မာပြည်သည် တို့ပြည် တို့အားလုံး တာဝန်ရှိသည်

မြန်မာဇာနည်အချင်းတို့ဒါမြန်မာပြည်
မဟာသာကီမင်းမှမျိုးနွယ်ဆင်းသည်
ကမ္ဘ္ဘာတာရှည်လင်း၍အာဏာပိုင်နန်းအတည်
ဒါမြန်မာပြည်သိစေမည်
စိန်မှန်ကင်းအစစ်ထမ်းဆောင်ရန် တိုင်းဌာနည်ဖြစ်သည်
နိုင်ငံသစ်အတွက်တို့တာဝန်လမ်းစဉ်တွေချမည်
ကမ္ဘာတည်စိုးမိုးအုပ်ချုပ်မည်

မြန်မာတွေ စည်းကမ်းဖေါက်လို့  ထိးနန်းပျောက်ဖူးပြိ။

ဒိတစ်ခါစည်းကမ်းဖေါက်ရင် လူမျိုးပါပျောက်လိမ့မည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်