Subscribe to our RSS Feed

အခြေခံဥပဒေပြင်ရေးအတွက် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့ ကို NLD မှ ဖိတ်ကြားခဲ့ ရာ အချိန်မမီ ဟု အကြောင်းပြကြပြီး ခြောက်ဖွဲ့သာ တက်ရောက်

From : ..eleven

V-8-9
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့်အတူ လာရောက်ဆွေးနွေးသော တိုင်းရင်းသားပါတီ ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-NLD)
NLD ပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့အား ဖိတ်ကြားခဲ့သော်လည်း ဖိတ်ကြားသည့် အချိန်မှာ နီးကပ်လွန်းသဖြင့် ပါတီခြောက်ဖွဲ့သာ တက်ရောက်ခဲ့ကြောင်းကို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စက်တင်ဘာ ၇ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် ပြောကြားသည်။
ဦးဥာဏ်ဝင်းက "ကျွန်တော်တို့ ၁၄ ဖွဲ့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒီနေ့ခြောက်ဖွဲ့တက်ပြီး ကျန်တဲ့အဖွဲ့တွေက နယ်ကအဖွဲ့တွေ ဖြစ်တယ်။ စောစောက တင်ပြသလို Short Notice ပဲ၊ အချိန်နည်းနည်းလေး အတွင်းမှာ ဖိတ်လိုက်ရတာ။ တစ်ပတ်၊ ၁၀ ရက် အချိန်ယူပြီး ဖိတ်ရတာ မဟုတ်ဘူး။ အချိန်နည်းနည်းလေး အတွင်းမှာ ဖိတ်ရလို့ပါ" ဟု ပြောကြားသည်။
 
NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး ရရှိလာမည့် ရလဒ်များကို NLD ပါတီမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရုံးခန်းတွင် စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီမှ ဗဟိုအလုပ် အမှုဆောင်များနှင့် တိုင်းရင်းသားပါတီ ခြောက်ပါတီမှ ကိုယ်စားလှယ်များ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရာတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် တိုင်းရင်းသားများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မည်ကဲ့သို့ လုပ်ဆောင်မည်၊ မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်ကြမည်ကို ဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အားလုံးက NLD နှင့် ပူးပေါင်းညှိနှိုင်း ဆွေးနွေးပွဲများကို ထောက်ခံခဲ့ကြောင်း တွေ့ဆုံပွဲအပြီးတွင် NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
"ပြည်သူ့လွှတ်တော်မှာလည်း သုံးသပ်ရေး ကော်မတီ ဖွဲ့နေတယ်။ အဲဒီကော်မတီတွေကလည်း တစ်လနှစ်လအတွင်း Report Back လုပ်တော့မှာဖြစ်လို့ ကျွန်တော်တို့မှာ အချိန်အများကြီး မရပါဘူး။ ဒါကြောင့် အပတ်စဉ် စနေနေ့တိုင်း အဖွဲ့ချုပ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ ခုနစ်ဦးနဲ့ တိုင်းရင်းသား ပါတီတွေက နှစ်ဦးစီ တက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံ ထားပါတယ်။ ဒီအခြေခံ နားလည်မှုကိုလည်း သဘောတူကြပါတယ်" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ချင်းတိုးတက်ရေးပါတီ စသည့်ခြောက်ပါတီမှ ကိုယ်စားလှယ်များသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
"NLD ရော၊ အခြားပါတီတွေပါ ပြောနေကြတာက ဖက်ဒရယ်စနစ်ပဲ။ ဖက်ဒရယ်စနစ်ဆိုတာ အများကြီး ရှိတယ်။ ဘယ်လိုစနစ်မျိုး၊ ဘယ်လိုဖက်ဒရယ်လဲ။ ဒါကို ကျွန်တော်တို့က အဖြေထုတ်ဖို့ ဆွေးနွေးတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ တိုင်းရင်းသား ပါတီတွေကြား တစ်စုံတစ်ရာ နားလည်မှုရအောင် ဆွေးနွေးမယ်။ အသေးစိတ်ကိုတော့ လာမယ့်စနေနေ့မှ ဆွေးနွေးမှာပါ" ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သောကြောင့် နောက်လာမည့် ဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များတွင် ပြည်သူများသိရန် လိုအပ်သည့်အချက်များ ပါဝင်ပါက ချပြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ပြည်သူများပါဝင်ပြောဆို ဆွေးနွေးနိုင်ရန် လိုအပ်သည်ဟုလည်း ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
"ပင်လုံစိတ်ဓာတ်ဆိုတာ အေးအတူပူအမျှ အတူတကွ နေထိုင်နိုင်ဖို့ဆိုတာ ဘာဥပဒေက အကောင်းဆုံးလဲ၊ ဘယ်လိုနေထိုင်မှ အကောင်းဆုံးလဲဆိုတာ အားလုံးဆွေးနွေးပြီးတော့မှ သဘောတူခဲ့တယ်။ ငြိမ်းချမ်းရေး ပြေလည်သွားမှ ဒီအခြေခံ ဥပဒေက ရေးလို့ကောင်းမယ်။ ငြိမ်းချမ်းရေး မရသေးဘဲနဲ့ ငြိမ်းချမ်းရေးအတွင်းက လူတွေကချည်းပဲ သူ့သဘောနဲ့သူ ရေးဆွဲနေမယ်ဆိုရင်တော့ အပစ်အခတ် ခံစားနေရတဲ့သူတွေရဲ့ လျှာမပါတဲ့ သဘောမျိုး ဖြစ်နေတာပေါ့" ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဓိက ရည်ရွယ်ချက် ခြောက်ချက်အား မည်သည့်အခါမျှ လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်းလည်း ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။
"ကျွန်တော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျွန်တော်တို့ လူမျိုးစုတွေအတွက် အာမခံချက် မရှိတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြင်ဖို့အတွက် မူကြမ်းအနေနဲ့ ရေးဆွဲထားတာ ရှိတယ်။ နောက်လာမယ့် အပတ်တွေမှာ ဒီမှာပဲ တခြားတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ ပြင်ချင်တဲ့ အချက်တွေကို အကြိုဆွေးနွေးပြီး လွှတ်တော်ကိုတင်မယ်။ ပြည်သူလူထုကို ချပြမယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ လက်ခံမှုပဲ။ လက်ရှိဖွဲ့စည်းပုံကတော့ ကျွန်တော်တို့လိုချင်တဲ့ အဆင့်ကို မှုန်ဝါးဝါးပဲ ရှိတယ်" ဟု ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။

.. www.MyanmarExpress.net
 

6 comments:

These people are talking for nothing. People get confused because of them. All fools.

It is much funny for me because the head of NLD party is colonialist's wife, a foreigner's relative who holds meeting with ethnic party-leaders and discusses the state matter. How can the Myanmar nation trust them? The ethnic leaders should make meeting with a nice politicians who have no foreign involvements for their dignities.

ဖွဲ့ စည်း ပုံ ဥ ပ ဒေ ရေး ဆွဲ တာ လူ သား

တွေ ဥာဏ် မီ သ ၍ ဆွဲ ထား တာ ဆို

တော့ အ မြဲ တမ်း ပြင် ဖို့ လို နေ မှာ ပေါ့ ။

ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ကို ပြင် ဖို့

အ ရမ်း လွယ် နေ ရင် ပြင် ချင် တဲ့ သူ

နေ့ တိုင်း ပေါ် နေ မယ် ထင် တယ် ။ ဒါ ဆို မ ခက်

ဘူး လား ?။ မြန် မာ ပြည် ၏ မ တူ ကွဲ ပြား မှု

တွေ နှင့် တိုင်း ရင်း သား အ မျိုး (၁၃၅ ) မျိုး

ကို အ ခြေ ခံ ပြီး ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ

ရေး ဆွဲ ရင် အ ရမ်း ခိုင် မာ ပြီး အ ကြမ်း ဖက် မှု

ကို အ မြစ် ပါ မ ကျန် ချေး မှုန်း နိုင် သည် ကို

တွေ့ ရှိ ရ ပေ သည် ။

" အ ကြမ်း မ ဖက် ရေး သည် ဒီ မို က ရေ စီ အ

ရေး မ ဟုတ် ပါ လော "

" တန်း တူ ညီ မျှ ရေး သည် ဖက် ဒ ရယ် မူ

အ ရေး မ ဟုတ် ပါ လော "

အောက် ဖေါ် ပြ ပါ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ

သည် ပြ ဆို ခဲ့ ပြီး အ ရည် အ သွေး နှစ် ရပ် လုံး

ကို ပေး စွမ်း နိုင် ပေ မည် ။

" အ နာ ဂတ် မြန် မာ ပြည် ၏ ဖွဲ့ စည်း ပုံ

အ ခြေ ခံ ဥ ပ ဒေ " မူ ကြမ်း

၁။ တိုင်း ရင်း သား လူ မျိုး စု မှ တိုင်း ရင်း သား

ကိုယ် တိုင် ကိုယ် စ လှယ် နှစ် ဦး စီ ရွေး ချယ်

ခြင်း ( မြန် မာ ပြည် ၏ မည် သည့် အ ရပ်

ဒေ သ နေ နေ ) တိုင်း ရင်း သား အ ကြမ်း

ဖက် မှု ကို တာ ဝန် ယူ ဖြေ ရှင်း နိုင် သော သူ

( ၁၃၅×၂= ၂၇၀ ဦး ဒု သ မ္မ တ တစ် ဦး

ရွေး ခွင့် ) အ မျိုး သား လွှတ် တော် ကို

ဖွဲ့ စည်း ခြင်း ။

၂။ ပြည် သူ့ ပြန့် ကျဲ ပုံ ကို အ ခြေ ပြု သော

ရပ် ကွက် အုပ် ချုပ် ရေး မှုး ကို အ ခြေ ပြု

သော အ စု အ ဖွဲ့ ( လွှတ် တော် နှစ် ရပ်

၏ ကိုယ် စား လှယ် ၅၀% ) ဒု သ မ္မ တ တစ် ဦး

၃။ ကာ ကွယ် ရေး ဦး စီး ချုပ် ကိုယ် တိုင် ရွေး

ချယ် ခြင်း မ ဟုတ် ပဲ တပ် မ တော် မိ သား

စု ကိုယ် တိုင် ရွေး ချယ် ခြင်း အ စု အ ဖွဲ့

(ဒု သ မ္မ တ တစ် ဦး ) ။


အ ထက် ပါ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ

အ ရ အား သာ ချက် တစ် ချို့ ကို ရ ရှိ ပေ

မည် ။ အ ကြမ်း ဖက် မှု ကို လွယ် လွယ်

ကူ ကူ ဖြစ် ခွင့် မ ရ သည့် အ ပြင် ဖြစ်

လာ သော အ ကြမ်း ဖက် မှု ကို ဒီ မို က ရေ စီ

နည်း ကျ ကျ မျက် နှာ လိုက် စ ရာ မ လို ပဲ

ဖိ အား ကင်း ကင်း နှင့် မြန် မြန် ဆန် ဆန်

လွယ် လွယ် ကူ ကူ ဖြေ ရှင်း နိုင် သော အ

ကျိုး တ ရား ကို ရ ရှိ စေ ပါ တယ် ။

တော သွင်း လက် နက် ကိုင် အ ဖွဲ့ ဆို ပြီး

ညှာ တာ စ ရာ မ လို မြို့ သွင်း ဆူ ပူ ဆန္ဒ

ပြ ပြည် သူ ဆို ပြီး ခွင့် ပြု စ ရာ မ လို ။

တည် ငြိမ် မှု ကို ချီ တိုင် ပ မာ သ ဘော

ထား ပြီး တည် မှု ကို ထိ ပါး စော ကား

သော မည် သည့် လုပ် ရပ် ကို မ ဆို

အ မျိုး သား လွှတ် တော် က ချက် ချင်း

ဆုံး ဖြတ် နိုင် သော အ ခွင့် အာ ဏာ ပေး

အပ် ပြီး ကာ ကွယ် ရေး ဦး စီး ချုပ် ကို ချေ

မှုန်း ခွင့် အာ ဏာ အပ် နှင်း သည့် ပေ သည်

ဤ အ ခန်း ကဏ္ဍ သည် သ မ္မ တ နှင့် မ

သက် ဆိုင် စေ ရ ။

သ မ္မ တ သည် အ မိ နှင့် တူ ၍

တပ် မ တော် သည် အ ဖ နှင့် တူ အပ် ပေ သည် ။

တိုင်း ရင်း သား ညီ အစ် ကို များ လို ချင် သော

ဖက် ဒ ရယ် ပုံ စံ နှင့် ကျွန် တော် တင် ပြ သော

ဖက် ဒ ရယ် ပုံ စံ သည် ကွဲ ပြား ကောင်း ကွဲ ပြား

ပေ မည် ။ တိုင်း ရင်း သား ညီ အစ် ကို များ ၏

ဖက် ဒ ရယ် ပုံ စံ က ဒေ သ ကို ကိုယ် စား ပြု

သည် ။ နယ် ပယ် ကျင်း သည် ။ ကိုယ့် လူ မျိုး

တစ် ရပ် လုံး တိုင်း နိုင် ငံ အ နှံ့ က မ္ဘာ အ နှံ့

ကာ ကွက် နိုင် မည် မ ဟုတ် ပေ ။

" ကိုယ့် လူ မျိုး တစ် ရပ် လုံး ကို ကိုယ် စား

ပြု မ ထိုက် ပေ လော "

" တိုင်း ရင်း သား ညီ အစ် ကို ချင်း ချင်း

ပါး ရိုက် နား ကိုက် ရပ် ပြီး ဤ ဖေါ် ပြ ပါ

ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ဖြင့် နောက်

ထပ် တိုး တိုင်း ရင်း ဖြစ် ချင် သော ရန် မှ

မ ကာ ကွယ် နိုင် ပေ လော "

တိုင်း ရင်း သား ညီ ငယ် မွန် လူ မျိုး တစ် ဦး






OOOOOOOOOOO { နောက်ဆုတ်ပါလော့ အသင်လူသား } OOOOOOOOOOO


....မျိုးေ စ့ မ မှ န်...ပင်မသန်ဟု.......................ဆိုရိုးစကား...ရှိသော်ငြားလည်း....

..........မျိုးစေ့မှန်လျှက်...အပင်ပျက်၍...........ပြည်ဖျက်လာသူ...ထိုထိုလူကို............

..................ရ န် သူ သ မု တ်...........................ငါမောင်းထုတ်မည်...................

.........................နောက်ဆုတ်ပါလော့......အ သ င် လူ သား.............................


....အလုပ်ဟူသမျှ...ဂုဏ်ရှိစွဟု...........................ဆိုရိုးစကား...ရှိသော်ငြားလည်း....

..........ဒို့မျိုးမြန်မာ...ကျင့်သိက္ခာနှင့်................ဖီလာဆန့်ကျင်...မိန်း မ ရွှင် ဟု..........

.................ပေါ်လွင်ပြုသူ..........................................ထို ထို လူ ကို..................

.......................ငြူ စူ ထိ န်း ချု ပ်.....................ငါမောင်းထုတ်မည်.....................

............................နောက်ဆုတ်ပါလော့.......အ သ င် လူ သား...........................


....ရ န် ကို ရ န် ချ င်း...မတုန့်နှင်းနှင့်.....................ဆိုရိုးစကား...ရှိသော်ငြားလည်း....

..........ဌာေ န မဲ့ စွာ...ခိုး ၀ င် လာ ပြီး.............ဘာသာဖျက်သူ...ထိုထိုလူကို..........

........................ရ န် မူ သ တ် ပု တ်....................ငါမောင်းထုတ်မည်....................

............................နောက်ဆုတ်ပါလော့.......အ သ င် လူ သား............................


....ငါသာငါထက်...မာန် မ တက် နှင့်.......................ဆိုရိုးစကား...ရှိသော်ငြားလည်း....

........ငါ့တိုင်း...ငါ့ပြည်.....................ငါ့လူ...ငါ့မျိုး.......................ငါ့အိုး...ငါ့အိမ်........

...........ရောင်ဝါမှိန်အောင်.............ကြိမ်ကြိမ်ဖန်ဖန်............သင် ပြု ပြ န် သော်..........

..............ငါ့မာန်လျှံထွက်...မိုးသို့တက်၍........ထိုးနှက်ရန်သူ...ထို ထို လူ ကို...............

................ဇမ္မူတစ်ခွင်...လူမထင်ပဲ..................သူ တ င်...ကို ယ် တ က်.................

..................သူဖျက်...ကိုယ်ချိုး..............................သူတိုး...ကိုယ်ဝင်....................

.....................တိုင်းရှစ်ခွင်မှာ..........နှိုင်းယှဉ်အံတု..........ငါ မ မှု ဘူး.......................

........................သံထုကျောက်သား..................သင်ဖြစ်ငြားလည်း.........................

...................ငါကားမြန်မာ...ခေါင်းမခါဟေ့.....စဉ်လာမျိုးရိုး...ထပ်မညိုးဖို့....................

...............ဆင့်တိုးကျားကုတ်.......................................ငါအားထုတ်မည်...............

............................နောက်ဆုတ်လိုက်ပါ.......အ သ င် လူ သား.............................


.....{ မျိုးရိုးဂုဏ်အတွက် အသက်ပေးဝံ့ကြသော မျိုးချစ်ပုဂ္ဂိုလ်များကိုယ်စား = စွတ်ဖဲ့ }.....

သူ ပုန် တွေကို ဘဲ မြန် မာ့ တပ် မ တော် တ စု ထဲ ဖြစ် အောင် လုပ် ပါ အုးံ NLD

သူ ပုန် တွေ က ဘာ ကို ရည် ရွယ် သ လဲ လက် ရှိ အ ခြေ အ နေ တိုင်း ပြည် ဘာ ဖြစ် နေ လဲ လူ မ သိ သူ မ သိ ကွဲပြဲ နေ လား လေ့ လာ ပါ အုးံ NLD

ဝ က ချင် က ရင် နယ် တွေ သွား ကြည့် ပါ အုးံ NLD


ခင် ဗျား တို့ မ သိ တာ လား မ မြင် ချင် ယောင် ဆောင် တာ လား ယ ခု ပြို ကွဲ နေ တာ ကို

ဖွဲ့ စည်း ပုံ အ ခြေ ခံ ပြင် ရင် တော့ လုးံ လုးံ ပြို ကွဲ သွား ပြိး သ မိုင်း တ ရ ခံ ဟာ NLD ပါ
ပခက တာ တီး

NLD and the six allied parties are the bane of the country.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်